fbpx

ကမ္ဘာကြီးက နှလုံးခုန်နေတယ်ဆိုတာကို သင်သိပါသလား

ဒီလိုအံ့ဩစရာကောင်းလှတဲ့ သိပ္ပံနည်းကျအချက်အလက်ကို ကျွန်တော်တို့၏ ရည်မှန်းချက်ဖြစ်တဲ့  သဘာဝပတ်ဝန်းကျင်ကို အကျိုးပြုတဲ့ စားနပ်ရိက္ခာအနာဂတ် တစ်ခု (Growing a Nature – Positive Food Future ) ဖြစ်လာစေဖို့အတွက်အတွက် အမှတ်သင်္ကေတတစ်ခုအနေဖြင့် ယာရာ က သတ်မှတ်ထားပါတယ်။

Fertilizer Products

ကတိကဝတ်ပြုခြင်း

ကျွန်တော်တို့အားလုံးက ငတ်မွတ်ခေါင်းပါးမှု၊ မြေဆီလွှာပျက်စီးယိုယွင်းမှု၊ ရာသီဥတု ပြောင်းလဲမှုနှင့် အစားအစာကွင်းဆက်ကို နှောင့်ယှက်ဖျက်ဆီးမှုတွေရဲ့ တစစ ကြီးထွား လာသော စိန်ခေါ်မှုတွေကို ချက်ချင်းလက်ငင်း ရင်ဆိုင်ဖြေရှင်းရန် လိုအပ်လာနေပါ တယ်။ ယာရာ အနေဖြင့်လည်း ဒီကိစ္စရပ်တွေမှာ ပါဝင်ဆောင်ရွက်ဖို့ လိုအပ်နေ တယ်ဆို တာကိုလည်း နားလည်သဘောပေါက်ပါတယ်။ ကမ္ဘာ့မြေဆီလွှာ ပြန်လည်ကောင်းမွန် လာစေရန်၊ ဓာတ်ငွေ့ထုတ်လွှတ်မှုကို ရပ်တန့်ပစ်ရန်နှင့် ကျန်းမာရေး နှင့် ညီညွတ်သော အစားအစာတွေကို ပိုမိုရရှိနိုင်စေရန် အစားအစာစနစ် အသွင်ပြောင်းလဲမှု တစ်ခုကို ဦးတည်လာစေမယ့် ကိစ္စရပ်အားလုံးကို အစွမ်းကုန် ကြိုးပမ်း အားထုတ်ပြီးဆောင်ရွက် သွားရမှာပဲ ဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်ကောင်းဖြင့် သိပ္ပံနည်းကျ နှစ်ပေါင်း ၁၀၀ ကျော်ကြာ စိုက်ပျိုးရေး နည်းစနစ်တွေနဲ့ ပိုမိုကောင်းမွန်သော ကမ္ဘာကြီးကို ပြန်လည်တည်ဆောက် နိုင်မယ်လို့ အခိုင်အမာ ယုံကြည်ထားပါတယ်။ ကျွန်တော်တို့ရဲ့ မျှော်မှန်းချက်အသစ် ဖြစ်တဲ့ Growing a Nature – Positive Food Future ဆိုတာ ရင်ဆိုင်ကြုံတွေ့နေရတဲ့ ပြဿနာတွေကို ဖြေရှင်းရာမှာ တစိတ်တပိုင်းအနေဖြင့် ပါဝင်မယ်လို့ ကျွန်တော်တို့က ကတိပေးပြီး ကမ္ဘာကြီးမှာ အစာရေစာပေါများစေပြီး ကမ္ဘာမြေကို ကာကွယ်လိုတဲ့ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်ကို တွန်းအားပေး ဆောင်ရွက်မှာပဲဖြစ်ပါတယ်။

ကမ္ဘာကြီး၏ နှလုံးခုန်သံနှင့် ကျွန်တော်တို့ချိတ်ဆက်ခြင်း

ကမ္ဘာကြီး၏ နှလုံးခုန်သံကို ကမ္ဘာမြေပေါ်ရှိ သက်ရှိအားလုံးအတွက် စည်းချက်ညီညီ လှုပ်ရှားနေတဲ့ သင်္ကေတတစ်ခုဖြစ်တဲ့ ကမ္ဘာကြီး၏ “ရင်ခုန်သံ” လို့ Yara က တင်စားပြောဆိုထားပါတယ်။ ဒီနှလုံးခုန်သံက ကမ္ဘာမြေကြီးနှင့် လူသားမျိုးနွယ်တို့၏ ဆက်နွှယ်မှုကို သတိရစေပြီး သဘာဝတရားကို ကာကွယ်စောင့်ရှောက်ဖို့ ကျွန်တော်တို့အားလုံးမှာ တာဝန်ရှိတယ်ဆိုတာကိုလည်း အမှတ်ရစေနိုင်ပါတယ်။ ကျွန်တော်တို့ရဲ့ မျှော်မှန်းချက်ဖြစ်တဲ့ Growing a Nature – Positive Food Future အတွက်လည်း အမှတ်သင်္ကေတတစ်ခု ဖြစ်လာစေချင် နေပါတယ်။

ကျွန်တော်တို့အားလုံးကို အချင်းချင်းဆက်သွယ်ပေးထားတဲ့ အဖြစ်အပျက်တွေ အကြောင်းကို ရုပ်ရှင်တွင် ကြည့်ရှုနိုင်ပါတယ်။

ပိုမိုသိရှိနိုင်ဖို့ ဒီလင့်ကို နှိပ်ပါ

ဓာတ်ငွေ့ထုတ်လွှတ်မှုများကို လျှော့ချရန်၊ သဘာဝပတ်ဝန်းကျင်ကို ကာကွယ်စောင့်ရှောက်ရန်နှင့် သက်မွေးဝမ်းကျောင်းလုပ်ငန်းတွေကို တိုးတက်စေရန် ဆောင်ရွက်မယ့် လုပ်ဆောင်ချက်တွေက တဆင့် စားသောက်မှုပုံစံ ပြောင်းလဲလာစေမယ့် ကိစ္စရပ်အားလုံးကို Yara က အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်သွားမှာပဲဖြစ်ပါတယ်။

 

Climate_Neutrality

ဓာတ်ငွေ့ထုတ်လွှတ်မှုများကို
လျှော့ချရန်

လယ်ယာစိုက်ပျိုးရေး၊ ကုန်စည်ပို့ဆောင်ရေးနှင့် စွမ်းအင်လုပ်ငန်းများမှ

Regenerative_Agriculture

သဘာဝပတ်ဝန်းကျင်ကို ကာကွယ်စောင့်ရှောက်ရန်

ကမ္ဘာမြေကြီးအား ပိုမိုအကျိုးရှိစေသည့် လယ်ယာစိုက်ပျိုးခြင်း အလေ့အထများနှင့် ထုတ်ကုန်များကို တိုးမြှင့်ခြင်းဖြင့်

Prosperity

သက်မွေးဝမ်းကျောင်းလုပ်ငန်းများကို မြှင့်တင်ရန်

တောင်သူလယ်သမားများ ချမ်းသာကြွယ်ဝ လာခြင်းနှင့် ကျန်းမာရေးနှင့်ညီညွတ်သော အစား အစာကို ထုတ်လုပ်နိုင်သည့် နည်းလမ်းများစွာ တိုးတက်လာခြင်းတို့ဖြင့်

ကျွန်ုပ်တို့၏ ရည်မှန်းချက်များနှင့် ပူးပေါင်းဆောင်ရွက်မှုဗျူဟာ၏ မဏ္ဍိုင်များအကြောင်းကို လေ့လာပါ

စိုက်ပျိုး‌ရေးထုတ်ကုန်များ ပိုမိုကောင်းမွန်လာစေရန် မြေဆီလွှာကိုလည်း ဟန်ချက်ညီညီ ထိန်းသိမ်းကြဖို့ လိုအပ်

"နွေရောမိုးရောစိုက်တော့ လူလည်းမနားရဘူး၊၊ မြေလည်းမအားရဘူး၊၊ စိုက်တာတွေကများလာတော့ မြေသြဇာဆုံးရှုံးမှုတွေကလည်း များလာတယ်၊၊ ဒါကြောင့် မြေကိုပြုပြင်မှရတော့မယ်၊ သီးနှံကိုပဲ အစာကျွေးနေလို့မရတော့ဘူး၊၊ မြေကိုအရည်အသွေး တစ်ခုရအောင် ကောင်းမွန်တဲ့မြေမျိုးရရှိအောင် တောင်သူတွေကလုပ်မှရတော့မယ်"

ကိုလှမျိုး စပါးစိုက်တောင်သူ၊ တိုက်ကြီးမြို့နယ်၊ ရန်ကုန်တိုင်း

အပြည့်အစုံ ဖတ်ရန်

သီးနှံစိုက်ပျိုးရေးကဏ္ဍရှိ အမျိုးသမီးများ

သီးနှံစိုက်ပျိုးရေးကဏ္ဍရှိ အမျိုးသမီးများ

အမျိုးသမီးများက ကမ္ဘာ့ စိုက်ပျိုးရေး လုပ်သားအင်အားရဲ့ တဝက်နီးပါးခန့်ရှိနေပါတယ်။ ဒါပေမယ့် အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍကို ဖော်ထုတ်ပြသမှု နည်းပါးတာကြောင့် အရင်းအမြစ်တွေ ရရှိရေးကို ထိခိုက်စေပါတယ်။

ယာရာ ရဲ့  Women in Agronomy အစီအစဉ်က ဒီနယ်ပယ်မှာ အမျိုးသမီးများ ပါဝင်လာနိုင်အောင် ဆွဲဆောင်ပြီး စွမ်းဆောင်ရည်မြင့်မား၍ ရေရှည်လုပ်ကိုင်နိုင် တာကြောင့် စိုက်ပျိုးရေးကဏ္ဍမှာ အမျိုးသမီးတွေရဲ့ အသိပညာနှင့် ရပ်တည်နိုင်မှုကို မြှင့်တင်ရန် ရည်ရွယ်ထားပါတယ်။

ရည်ရွယ်ချက်ကတော့ လယ်ယာ စီးပွားရေးမှာ အမျိုးသမီးတွေ ပါဝင်လာနိုင်အောင် လမ်းဖွင့်ပေးဖို့ပဲဖြစ်ပါတယ်။

ပိုမိုသိရှိနိုင်ဖို့ ဒီလင့်ကို နှိပ်ပါ

စိုက်ပျိုးရေးလုပ်ငန်းတွေမှာ စနစ်တကျစီမံခန့်ခွဲတက်စေဖို့ ယာရာနဲ့ Strategy First တို့ ပူးပေါင်းပြီး တောင်သူအကျိူးပြုသင်တန်းဖွင့်

စိုက်ပျိုးရေးလုပ်ငန်းတွေမှာ စနစ်တကျစီမံခန့်ခွဲတက်စေဖို့ ယာရာနဲ့ Strategy First တို့ ပူးပေါင်းပြီး တောင်သူအကျိူးပြုသင်တန်းဖွင့်

မြန်မာနိုင်ငံတစ်၀ှမ်းရှိတောင်သူများ စိုက်ပျိုးရေးအသိပညာ ပိုမိုတိုးတက်လာစေရန်အတွက် ယာရာြမန်မာနဲ့ Strategy First Universityတို့ ပူးပေါင်းပြီး တောင်သူအကျိုးပြု စိုက်ပျိုးစီးပွားစီမံခန့်ခွဲမှုသင်တန်းကို စတင်ဖွင့်လှစ်လိုက်ပြီဖြစ်ပါတယ်၊၊

ပိုမိုသိရှိနိုင်ဖို့ ဒီလင့်ကို နှိပ်ပါ

ကျွန်တော်တို့ရဲ့ မဟာဗျူနှင့် ရေရှည်တည်တံ့မှုအကြောင်းကို ပိုမိုလေ့လာပါ

ကျွန်တော်တို့၏ ရည်ရွယ်ချက် သီးနှံအာဟာရဆောင်းပါး အားလုံးကို ကြည့်ရန်


ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅