fbpx

သီးနှံစိုက်ပျိုးရေးကဏ္ဍရှိ အမျိုးသမီးများ

စိုက်ပျိုးရေးလုပ်ငန်းတွေမှာ စနစ်တကျစီမံခန့်ခွဲတက်စေဖို့ ယာရာနဲ့ Strategy First တို့ ပူးပေါင်းပြီး တောင်သူအကျိူးပြုသင်တန်းဖွင့်

မြန်မာနိုင်ငံတစ်၀ှမ်းရှိတောင်သူများ စိုက်ပျိုးရေးအသိပညာ ပိုမိုတိုးတက်လာစေရန်အတွက် ယာရာြမန်မာနဲ့ Strategy First Universityတို့ ပူးပေါင်းပြီး တောင်သူအကျိုးပြု စိုက်ပျိုးစီးပွားစီမံခန့်ခွဲမှုသင်တန်းကို စတင်ဖွင့်လှစ်လိုက်ပြီဖြစ်ပါတယ်၊၊

တောင်သူမိတ်ဆွေတို့အနေနဲ့ မိမိတို့ရဲ့လုပ်ငန်းခွင်မှာ စီးပွားရေးဆိုင်ရာအသိပညာ ဗဟုသုတတိုးပြီး ပိုမိုကောင်းမွန်တဲ့အမြတ်အစွန်းရရှိမယ့် စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်နိုင်ဖို့ ရည်ရွယ်ချက်နဲ့ "Agriculture Business Management - စိုက်ပျိုး-စီးပွား စီမံခန့်ခွဲမှုသင်တန်း" ကို ယခုနှစ် ဖေဖော်ဝါရီလ (၁၀) ရက်နေ့ကစပြီး Strategy First University နဲ့အတူ ပူးပေါင်းသင်ကြားပေးနေတာ ဖြစ်ပါတယ်၊၊

အဲဒီစိုက်ပျိုးစီးပွားစီမံခန့်ခွဲမှုသင်တန်းကို ၂၀၂၃ ခုနှစ် တစ်နှစ်တာပတ်လုံး ပြုလုပ်သွားမှာဖြစ်ပြီး သင်တန်းအရေအတွက် ၄ကြိမ်ပြုလုပ်မည်ဖြစ်ပြီးတော့ သင်တန်းအပတ်စဥ်တစ်ခုလျှင် တစ်လခန့် ကြာမြင့်တယ်လို့ သိရပါတယ်၊၊

ဒီသင်တန်းကို ယာရာမြန်မာက ကြိုတင်ရွေးချယ်ထားတဲ့ တောင်သူ‌တွေနဲ့ စတင်ခဲ့တာဖြစ်ပြီး အွန်လိုင်းကနေတစ်ဆင့် သင်ကြားပေးတဲ့ ပုံစံနဲ့ ပြုလုပ်ပေးနေတာ ဖြစ်ပါတယ်၊၊ သင်တန်းမှာ စိုက်ပျိုးရေးနဲ့ပတ်သက်တဲ့ စီးပွားစီမံဘာသာရပ်တွေကို တစ်ကြိမ်တည်း ပြုလုပ်တာမဟုတ်ပဲ အသုတ်ခွဲပြီးပြုလုပ်သွားမှာဖြစ်လို့ အသုတ်တစ်ခုမှာ အတန်းချိန် (၄) ခုပါပါတယ်။ ဒါကြောင့် နောက်အသုတ်တွေမှာ တက်ရောက်ဖို့ စိတ်ဝင်စားသူတွေအနနဲ့ ယာရာ မြန်မာကိုမက်ဆေ့ပို့ပြီး မေးမြန်းဆက်သွယ်နိုင်‌ကြောင်းကိုလည်း သတင်းကောင်းပါးထားပါတယ်၊၊

စိုက်ပျိုး-စီးပွားစီမံခန့်ခွဲမှု သင်တန်းကနေတစ်ဆင့် တောင်သူအယောက် ၁၀၀ ကို သင်တန်းပို့ချပေးဖို့ ရည်ရွယ်ထားပြီးတော့ တက်ရောက်ဖို့ရွေးချယ်ခံရသူတွေအတွက် ယာရာကပညာသင်ဆုပေးမှာ ဖြစ်ပြီး ရွေးချယ်ခံရသူတွေကတော့ အခမဲ့ တက်ရောက်နိုင်မှာဖြစ်သလို သင်တန်း ပြီးဆုံးတဲ့ အခါမှာလည်း ယာရာမြန်မာနဲ့ Strategy First University တို့က သင်တန်းပြီးမြောက်ကြောင်းလက်မှတ် ချီးမြှင့်ပေးမှာ ဖြစ်ပါတယ်။ ဒီသင်တန်းကနေတစ်ဆင့် နောင်အနာဂတ်မှာ စိုက်ပျိုးရေး လုပ်ကိုင်မယ့် လူငယ်တောင်သူတွေက သီးနှံစျေးကွက်နဲ့ပတ်သက်တဲ့ စီးပွားရေးဘာသာရပ်တွေ ပိုမိုအသိအမြင်ပိုမိုပွင့်လင်းလာပြီး စိုက်ပျိုးရေးကဏ္ဍ ပိုမိုတိုးတက်လာဖို့ ရည်ရွယ်ထားတာြဖစ်လို့ ယာရာမြန်မာက ဒီသင်တန်းကို ပြုလုပ်ပေးခြင်း ဖြစ်ပါတယ်။

ယာရာမြန်မာအနေနဲ့ တောင်သူဘ၀အကျိုးစီးပွား‌ရေရှည်တိုးတက်ဖို့ကို ရည်ရွယ်ပြီးသင်တန်းတွေ ပေးနေတာဖြစ်သလို မြန်မာနိုင်ငံကို စတင်၀င်ရောက်လာချိန်မှာလည်း တစ်နိုင်ငံလုံးအတိုင်းအတာ အနေနဲ့ တောင်သူအကျိုးပြုအစီအစဥ်တွေဖြစ်တဲ့ အသိပညာပေးဟောပြောပွဲတွေ မြေဆီမြေသြဇာ စနစ်တကျ အသုံးပြုပုံ၊ မြေအနေအထားထိန်းညှိရေးအစီအစဥ်တွေကို ကွင်းဆင်းအသိပညာပေးနေတဲ့ အဖွဲ့အစည်းကြီးတစ်ခုဖြစ်ပါတယ်၊၊

အားလုံးလည်းသိတဲ့အတိုင်းပဲ ယာရာမြန်မာဟာ သီးနှံအာဟာရပြည့်ဝဖို့နဲ့ အထွက်တိုးဖို့ကို ဆောင်ရွက်ပေးရုံသာမက တောင်သူမိတ်ဆွေများ အသိပညာတိုးတက်ပြီး အကျိုးအမြတ်များဖို့လည်း ဆောင်ရွက်ပေးနေတဲ့ အဖွဲ့အစည်းကြီးတစ်ခု ဖြစ်တာ ကြောင့် မိတ်ဆွေတောင်သူများ သီးနှံအာဟာရ ဗဟုသုတတွေတိုးပွားပြီး အကျိုးအမြတ်မြင့်မားစေနိုင်ဖို့အတွက် သီနှံအာဟာရဗဟုတပေးရေး အစီအစဥ်တွေကို ယာရာကအမြဲမျှ‌‌ဝေပေးလျက်ရှိပါတယ်၊၊

ကျွန်တော်တို့ရဲ့ မဟာဗျူနှင့် ရေရှည်တည်တံ့မှုအကြောင်းကို ပိုမိုလေ့လာပါ

ကျွန်တော်တို့၏ ရည်ရွယ်ချက် သီးနှံအာဟာရဆောင်းပါး အားလုံးကို ကြည့်ရန်


ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅