fbpx

ပညာသင်ဆု လျှောက်လွှာ

စိုက်ပျိုးစီးပွားစီမံခန့်ခွဲမှုသင်တန်းအတွက် ပညာသင်ဆုလျောက်လွှာခေါ်ယူခြင်း

တောင်သူများ အသိပညာတိုးတက်‌စေဖို့ ရည်ရွယ်ထားတဲ့ ယာရာမြန်မာနှင့် Strategy First University တို့ရဲ့ စိုက်ပျိုးစီးပွားစီမံခန့်ခွဲမှုသင်တန်း ပညာသင်ဆုအတွက် လျောက်လွှာခေါ်ယူခြင်း

မင်္ဂလာပါ!
ယာရာဟာ မြန်မာနိုင်ငံတစ်ဝှမ်းရှိတောင်သူမျာအတွက် သဘာပတ်ဝန်းကျင်ကိုထိခိုက်မှုကိုလျော့ချပြီး သီးနှံအာဟာရပြည့်ဝဖို့နဲ့ အထွက်တိုးဖို့ကို ဆောင်ရွက်ပေးရုံသာမက မိမိတို့ရဲ့လုပ်ငန်းခွင်မှာ စီးပွါးရေးဆိုင်ရာ အသိပညာဗဟုသုတတိုးကာ ပိုမိုကောင်းမွန်ပြီး အမြတ်အစွန်းရရှိနိုင်မယ့် စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ဖို့ ရည်ရွယ်ချက်နဲ့ Yara Myanmar နဲ့ Strategy First Universityတို့ ပူးပေါင်းပြီး တောင်သူအကျိုးပြု "စိုက်ပျိုးစီးပွားစီမံခန့်ခွဲမှုသင်တန်း"ကို (၆) ကြိမ်မြောက်အဖြစ် ဖွင့်လှစ်မှာ ဖြစ်ပါတယ်။

ဒီ(၆) ကြိမ်မြောက် သင်တန်းအတွက် သတ်မှတ်အရည်အချင်းကိုက်ညီတဲ့ တောင်သူ (၂၀) ယောက်ကို ရွေးချယ်ပြီး တက်ရောက်ခွင့်ပြုမှာဖြစ်ပါတယ်။ တက်ရောက်ဖို့ ရွေးချယ်ခံရသူတွေအတွက် ယာရာက ပညာသင်ဆုပေးပေးမှာ ဖြစ်ပြီး ရွေးချယ်ခံရသူတွေကတော့ အခမဲ့တက်ရောက်နိုင်မှာ ဖြစ်ပါတယ်ခင်ဗျာ။ သင်တန်းပြီးဆုံးတဲ့အခါမှာတော့ ယာရာမြန်မာနှင့် Strategy First University တို့က သင်တန်းပြီးမြောက်ကြောင်းလက်မှတ် ချီးမြှင့်ပေးမှာ ဖြစ်ပါတယ်။

တက်ရောက်လိုတဲ့ တောင်သူများအနေဖြင့် ဖောင်ကို ဖြည့်ပြီး ဖေဖော်ဝါရီလ (၁၄) ရက်နေ့ နောက်ဆုံးထားပြီး ပို့ပေးရမှာဖြစ်ပါတယ်။ ရွေးချယ်ခံရတဲ့ တောင်သူတွေကို ယာရာမြန်မာက ဆက်သွယ်အကြောင်းကြားပေးမှာ ဖြစ်ပါတယ်ခင်ဗျ။

 

သင်တန်းရောက်ခွင့် လျောက်လွှာပုံစံ

 


ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅