fbpx

ကိုယ်ရေးအချက်အလက် မူဝါဒ

ပုဂ္ဂိုလ်ရေးဆိုင်ရာ လုံခြုံရေး မူဝါဒ

ဤ ယာရာ ပုဂ္ဂိုလ်ရေးဆိုင်ရာ လုံခြုံရေး မူဝါဒ (“ပုဂ္ဂိုလ်ရေးဆိုင်ရာ လုံခြုံရေး မူဝါဒ”) သည် ဤဝဘ်ဆိုက် ("Site") အား သင်အသုံးပြုသည့်အခါဖြစ်စေ သို့မဟုတ် အောက်တွင်ဖော်ပြထားသကဲ့သို့ ကျွန်ုပ်တို့နှင့် အခြားနည်းအားဖြင့် တုန့်ပြန်ဆောင်ရွက်သည့်အခါဖြစ်စေ ယာရာမြန်မာ (“ကျွန်ုပ်တို့”) မှ စုဆောင်းရယူ၍ အသုံးပြုသော ကိုယ်ရေးအချက်အလက်များ အပေါ်တွင် သက်ရောက်ပါသည်။

ယာရာမြန်မာ သည် Site ကို စီမံခန့်ခွဲပြီး Site ကို သင်အသုံးပြုသည့်အခါ သင်၏ ကိုယ်ရေးအချက်အလက်များအား လုပ်ငန်းလုပ်ဆောင်ရာတွင် ထိန်းချုပ်ဆောင်ရွက်ပါသည်။

Site အား သင်အသုံးပြုသည့်အခါဖြစ်စေ သို့မဟုတ် အောက်တွင်ဖော်ပြထားသကဲ့သို့ ကျွန်ုပ်တို့နှင့် အခြားနည်းဖြင့် တုန့်ပြန်ဆောင်ရွက်သည့်အခါဖြစ်စေ ကိုယ်ရေးအချက်အလက်ကို ယာရာ သည် စုဆောင်းရယူခြင်း၊ အသုံးပြုခြင်းနှင့် ဖွင့်ဟဖော်ထုတ်ခင်းတို့ကို မည်သို့ဆောင်ရွက်သည်ကို ဤပုဂ္ဂိုလ်ရေးဆိုင်ရာ လုံခြုံရေး မူဝါဒက ရှင်းပြဖော်ပြပါသည်။

ကျွန်ုပ်တို့သည် အောက်တွင် ဖော်ပြမထားသည့် နည်းလမ်းများဖြင့် သင့်အား တုံ့ပြန်ဆောင်ရွက်လျှင် ထိုတုံ့ပြန်ဆောင်ရွက်မှုနှင့် ဆက်နွယ်လျက်ရှိသော သင်၏ ကိုယ်ရေးအချက်အလက်အား အသုံးပြုခြင်းနှင့် စပ်လျဉ်းသည့် သတင်းအချက်အလက်များဖြင့် ပံ့ပိုးပေးမည်ဖြစ်ပါသည်။

ထပ်မံမေးမြန်းလိုသော မေးခွန်းများရှိပါက This email address is being protected from spambots. You need JavaScript enabled to view it. သို့ ဆက်သွယ်စေလိုပါသည်။

ယာရာ သည် ကိုယ်ရေးအချက်အလက်အား မည်သို့စီမံဆောင်ရွက်သည်နှင့်ပတ်သက်သည့် သတင်းအချက်အလက်များအား ထပ်မံသိရှိလိုပါက နိုင်ငံပေါင်းစုံ ဒေတာအချက်အလက်များ လွှဲပြောင်းရေးဆိုင်ရာ စည်းမျဉ်းများ (Binding Corporate Rules) ၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်သော ဝယ်ယူသူ၊ ပေးသွင်းသူနှင့် လုပ်ငန်းတွဲဖက်လုပ်ကိုင်သူတို့၏ ဒေတာအချက်အလက်အတွက် ယာရာ ၏ ဒေတာအချက်အလက် လုံခြုံရေး ညွှန်ကြားချက်၏ အများပြည်သူဖတ်ရှုနိုင်သည့် ဗားရှင်း (Yara's Data Privacy Directive for Customer, Supplier and Business Partner Data) ကို ဖတ်ရှစေလိုပါသည်။

 

၁။ ကိုယ်ရေးအချက်အလက်အား မည်ကဲ့သို့ နည်းလမ်းများဖြင့် မည်သည့်အချိန်တွင် စုဆောင်းရယူပါသနည်း

Site အား သင်အသုံးပြုသည့်အခါဖြစ်စေ သို့မဟုတ် အောက်တွင်ဖော်ပြထားသကဲ့သို့ ကျွန်ုပ်တို့နှင့် အခြားနည်းအားဖြင့် တုန့်ပြန်ဆောင်ရွက်သည့်အခါဖြစ်စေ သင်နှင့် ပတ်သက်သည့် သတင်းအချက်အလက်ကများကို စုဆောင်းရယူပါသည်။

ကျွန်ုပ်တို့အပေါ် တုံ့ပြန်ဆောင်ရွက်သည့် သင်၏ နည်းလမ်းအပေါ် မူတည်ပြီး သင်၏ သတင်းအချက်အလက်ကို အောက်ပါ အရင်းမြစ်များထံမှ ရယူပါသည် -

  • ကျွန်ုပ်တို့၏ ဝဘ်ဆိုက်များ သို့မဟုတ် မိုဘိုင်း အပလီကေးရှင်းများ - အစဦးကာလတွင် သင်၏ အထောက်အထားကို ဖော်ပြခြင်းမရှိဘဲ Site ကို အသုံးပြုနိုင်ပါသည်။ Site သို့ သွားရောက်သည့်အခါဖြစ်စေ ကျွန်ုပ်တို့နှင့် အခြားနည်းအားဖြင့် တုံ့ပြန်ဆောင်ရွက်သည့်အခါဖြစ်စေ သင်၏ ကွန်ပျူတာနှင့် ကျွန်ုပ်တို့၏ ဝဘ်ဆိုက်နှင့် အပလီကေးရှင်းများအား သင်၏သုံးစွဲမှုတို့နှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို ကွတ်ကီးများအသုံးပြု၍ စုဆောင်းရယူပါသည်။ Site သို့ သွားရောက်သည့်အခါဖြစ်စေ ကျွန်ုပ်တို့နှင့် အခြားနည်းအားဖြင့် တုံ့ပြန်ဆောင်ရွက်သည့်အခါဖြစ်စေ သင်၏ ကွန်ပျူတာနှင့် ကျွန်ုပ်တို့၏ ဝဘ်ဆိုက်နှင့် အပလီကေးရှင်းများအား သင်၏သုံးစွဲမှုတို့နှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို ကွတ်ကီးများအသုံးပြု၍ စုဆောင်းရယူပါသည်။ သင်သည် ကျွန်ုပ်တို့၏ မိုဘိုင်းအပလီကေးရှင်းများကို အသုံးပြုသည့်အခါဖြစ်စေ ဝဘ်ဆိုက် သို့မဟုတ် အပလီကေးရှင်းမှတဆင့် ဆက်သွယ်သည့်အခါတွင်ဖြစ်စေ ဝယ်ယူသူဝန်ဆောင်မှုဆိုင်ရာ ရည်ရွယ်ချက်များအတွက်လည်း ကိုယ်ရေးအချက်အလက်များကို စုဆောင်းရယူပါသည်။ ကွတ်ကီးများနှင့် အလားတူနည်းပညာများနှင့် ပတ်သက်၍ အောက်ပါအခန်းကို ကျေးဇူးပြု၍ ကြည့်ရှုပါ။
  • သင့်ထံမှ တိုက်ရိုက်ရယူခြင်း - သင် ကျွန်ုပ်တို့နှင့် တုန့်ပြန်ဆောင်ရွက်သည့်အခါနှင့် ကျွန်ုပ်တို့၏ ဝဘ်ဆိုက်များပေါ်တွင် ပရိုဖိုင်တစ်ခုအား မှတ်ပုံတင်သည့်အခါ ၊ သတင်းလွှာတစ်စောင်အား လက်မှတ်ထိုးလျှောက်ထားသည့်အခါ၊ ကျွန်ုပ်တို့၏ ဝဘ်ဆိုက်များ သို့မဟုတ် အပလီကေးရှင်းများအနက် တစ်ခုခုသို့ အကောင့်ဝင်ရောက်သည့်အခါ၊ ကျွန်ုပ်တို့၏ အွန်လိုင်း ဝဘ်လျှောက်လွှာများအနက် တစ်ခုကို ဖြည့်သွင်းသည့်အခါ၊ ဝယ်ယူမှုပြုလုပ်သည့်အခါ၊ အော်ဒါ မှာယူမှု ပြုလုပ်သည့်အခါ သို့မဟုတ် ကျွန်ုပ်တို့၏ ပေါ်တယ်လ်များအနက် တစ်ခုခုသို့ သတင်းအချက်အလက်များ တင်သွင်းမှုပြုလုပ်သည့်အခါကဲ့သို့ အချို့သတင်းအချက်အလက်များအား ကျွန်ုပ်တို့ထံသို့ တင်သွင်းသည့်အခါဖြစ်စေ သင့်ထံမှ ကိုယ်ရေးအချက်အလက်ကို တိုက်ရိုက် စုဆောင်းရယူပါသည်။
  • ကျွန်ုပ်တို့က သင့်ထံမှ စုံစမ်းမေးမြန်းမှုကို လက်ခံရရှိသည့်အခါသော်လည်းကောင်း (ဥပမာအားဖြင့် ဝယ်ယူသူ ဝန်ဆောင်မှုနှင့် ဆက်စပ်၍) သင်၏မှာယူမှုများအား လုပ်ငန်းဆောင်ရွက်နေစဉ်သော်လည်း သင်၏ ကိုယ်ရေးအချက်အလက်များကို စုဆောင်းရယူနိုင်ပါသည်။
  • (အချို့သော ဝယ်ယူမှုများနှင့် ဆက်စပ်၍) သတင်းအချက်အလက်အချို့ကို လုပ်ငန်းလုပ်ဆောင်ရန်အတွက် ကျွန်ုပ်တို့အား တရားဝင်အားဖြင့် တောင်းဆိုနိုင်ပြီး တခါတရံတွင် သင်နှင့် စာချုပ်ချုပ်ဆိုမှုကို ဆောင်ရွက်လုပ်ကိုင်နိုင်ရန်အလို့ငှာ အချို့သော သတင်းအချက်အလက်များအား ပံ့ပိုးပေးရန် သင့်အား တခါတရံ တောင်းဆိုရန်ရှိသည်ကို သတိပြုရမည်။
  • အချို့သော အခြေအနေများ၌ ကျွန်ုပ်တို့ ဝဘ်ဆိုက်သို့ လာရောက်သူများ၏ လိုအပ်ချက်များနှင့် ဦးစားပေးနှစ်သက်မှုများကို ကောင်းစွာနားလည်သိရှိနိုင်ရန်အတွက် အွန်လိုင်းစစ်တမ်းကောက်ယူမှုများကို ပြုလုပ်ပါသည်။ စစ်တမ်းတစ်ခုအား စီမံဆောင်ရွက်ခြင်းမပြုမီ သင်၏ ကိုယ်ရေးအချက်အလက်များအား ကျွန်ုပ်တို့က မည်သို့အသုံးပြုမည်ဆိုသည်ကို သင့်အားအကြောင်းကြားမည်ဖြစ်ပါသည်။ စစ်တမ်းတစ်ခုအတွင်း ဝင်ရောက်လုပ်ဆောင်ခြင်းသည် မိမိဆန္ဒအလျောက်သာ ဆောင်ရွက်ရန်ဖြစ်ပြီး သင်သည် စစ်တမ်းအတွင်း ဝင်ရောက်လုပ်ဆောင်ရန်နှင့် လုပ်ငန်းလုပ်ဆောင်ရန်အတွက် သင့်ထံမှ သဘောတူခွင့်ပြုချက်ကို ပံ့ပိုးပေးရန် လွတ်လပ်စွာ ဆောင်ရွက်နိုင်ပါသည်။ သင်သည် This email address is being protected from spambots. You need JavaScript enabled to view it. မှ ကျွန်ုပ်တို့ထံသို့ ဆက်သွယ်၍ စစ်တမ်းကောက်ယူမှုအတွက် သဘောတူခွင့်ပြုချက်ကို မည်သည့်အချိန်၌မဆို ပြန်လည်ရုတ်သိမ်းပိုင်ခွင့်ရှိပါသည်။
  • ကျွန်ုပ်တို့၏ ကုမ္ပဏီများအုပ်စု၊ ကုန်ပစ္စည်းများဖြန့်ချိခွင့်ရကုမ္ပဏီများ၊ လုပ်ငန်းတွဲဖက်လုပ်ကိုင်သူများနှင့် အခြားသော တိုက်ရိုက်ပတ်သက်ခြင်းမရှိသည့် ပြင်ပအဖွဲ့အစည်းများထံမှ ရယူခြင်း - သင်သည် ကုန်ပစ္စည်းတစ်ခုကို ဝယ်ယူသည့်အခါ အရောင်းအဝယ်ပြုလုပ်မှုကို ပံ့ပိုးဖြည့်ဆည်းရန်အတွက် ကျွန်ုပ်တို့၏ ကုန်ပစ္စည်းများဖြန့်ချိခွင့်ရကုမ္ပဏီများထံမှ အရောင်းအဝယ်နှင့် စပ်လျဉ်းသည့် ကိုယ်ရေးအချက်အလက်များကို စုဆောင်းရယူနိုင်ပါသည်။ ကျွန်ုပ်တို့သည် ကုန်ပစ္စည်းများဖြန့်ချိခွင့်ရကုမ္ပဏီများ၊ လုပ်ငန်းတွဲဖက်လုပ်ကိုင်သူများနှင့် အခြားသော တိုက်ရိုက်ပတ်သက်ခြင်းမရှိသည့် ပြင်ပအဖွဲ့အစည်းများထံမှ သတင်းအချက်အလက်များကိုလည်း ဖြည့်သွင်းမှု ပြုလုပ်နိုင်ပါသည်။
  • သင်၏ ကိရိယာမှ ရယူခြင်း - သင်၏ ကိရိယာမှ သတင်းအချက်အလက်များအား ကျွန်ုပ်တို့၏ ပေါ်တယ်လ်များအနက်တစ်ခုခုသို့ တင်သွင်းခွင့်ပြုသည့် ဝန်ဆောင်မှုများကို အသုံးပြုရန်အတွက် သင်သည် လက်မှတ်ထိုးလျှောက်ထားမှုပြုလုပ်ထားပြီးဖြစ်လျှင် သင်၏ ကိရိယာများ သို့မဟုတ် စက်ပစ္စည်းများထံမှ ကိရိယာဆိုင်ရာ အချက်အလက်များကို စုဆောင်းရယူပါသည်။ ကျွန်ုပ်တို့သည် ပံ့ပိုးပေးထားသည့် သင်ဒေါင်းလုဒ်ဆွဲရယူထားသည့် မိုဘိုင်းအပလီကေးရှင်းနှင့် ချိတ်ဆက်ထားသော သင်၏ စမတ်ဖုန်း သို့မဟုတ် အခြားသော တည်နေရာပြကိရိယာထံမှဖြစ်စေ ကျွန်ုပ်တို့ထံတွင် သင်မှတ်ပုံတင်ထားသည့် သုံးစွဲသူပရိုဖိုင်ထံမှဖြစ်စေ တည်နေရာပြအချက်အလက်ကို လက်ခံရယူနိုင်ပါသည်။

 

၂။ ကျွန်ုပ်တို့ စုဆောင်းရယူသည့် သတင်းအချက်အလက်နှင့် ဒေတာအချက်အလက် အမျိုးအစားများ

သင်ဝဘ်ဆိုက်ကို အသုံးပြုသည့်အခါ ဥပဒေအရခွင့်ပြုထားသည့် အတိုင်းအတာအထိ ကိုယ်ရေးအချက်အလက်များနှင့် စက်ပစ္စည်းဆိုင်ရာ သတင်းအချက်အလက်များကို ကျွန်ုပ်တို့က စုဆောင်းရယူပါသည်။ ကိုယ်ရေးအချက်အလက်ဆိုသည်မှာ တစ်ဦးချင်းစီသော အခြေခံအပေါ်တွင်မူတည်ပြီး သင့်အား ခွဲခြားအတည်ပြုရန် အသုံးပြုနိုင်သည့် သတင်းအချက်အလက် သို့မဟုတ် သတင်းအချက်အလက်အပိုင်းအစများ စုပေါင်းထားသည့်အစုကို ဆိုလိုသည်။ သင်အသုံးပြုသည့် ဝန်ဆောင်မှုများနှင့် Site အား သင်အသုံးပြုသည့် နည်းလမ်းအပေါ်မူတည်၍ ကျွန်ုပ်တို့သည် အောက်ဖော်ပြပါ ဒေတာအချက်အလက် အမျိုးအစားများကို စုဆောင်းရယူနိုင်ပါသည် - သုံးစွဲသူအကောင့်တစ်ခုကို သင်ဖန်တီးသောအခါဖြစ်စေ ကျွန်ုပ်တို့၏ အွန်လိုင်း ဝဘ်လျှောက်လွှာများအနက် တစ်ခုခုကို ဖြည့်သွင်းသည့်အခါဖြစ်စေ သင်ပံ့ပိုးပေးသည့် သင်၏ အမည်၊ လိပ်စာနှင့် အီးမေးလိပ်စာ ကဲ့သို့သော ဆက်သွယ်ရမည့် သတင်းအချက်အလက်များ။ ဤသတင်းအချက်အလက်သည် ကျွန်ုပ်တို့က သင့်အား ခွဲခြားအတည်ပြုရန်နှင့် ဆက်သွယ်ဆောင်ရွက်ရန် အသုံးပြုခွင့်ရရှိစေပါသည်။

  • သင့်ထံတွင် မှတ်ပုံတင်ထားသော သုံးစွဲသူအကောင့်ရှိလျှင် သင့်လုပ်ငန်းများ၏ စီမံဆောင်ရွက်မှုများကို ပိုမိုကောင်းမွန်စေရေးအတွက် ကျွန်ုပ်တို့က အထောက်အကူပြုနိုင်ရန် လုပ်ငန်းဆိုင်ရာ ဒေတာအချက်အလက်က အသုံးပြုခွင့်ရရှိစေပါသည်။ ဤတွင် မဖြစ်မနေပါဝင်ရမည်ဟု ကန့်သတ်ထားခြင်းမဟုတ်သော်လည်း အမည်၊ တည်နေရာ၊ သင်၏ လုပ်ငန်းအရွယ်အစားနှင့် သင့်ထံတွင် မှတ်ပုံတင်ထားသော အကောင့်ရှိလျှင် သင့်ထံသို့သာ တိုက်ရိုက်ချိတ်ဆက်ထားသည့် လုပ်ငန်းနှင့် ဆက်စပ်သော အခြားသတင်းအချက်အလက်များ ပါဝင်သည်။
  • ပိုင်ဆိုင်မှု၊ လုပ်ငန်းဆိုင်ရာ သတင်းအချက်အလက်များ - သင်၏ အထွေထွေတည်နေရာ ကဲ့သို့သော သင်စိတ်ဝင်စားမည့် ထုတ်ကုန်ပစ္စည်းများ၊ နည်းပညာများနှင့် ဝန်ဆောင်မှုများကို တရားဥပဒေနှင့်အညီ သင့်အား ပေးစွမ်းရန် သင်သည် မည်သူဖြစ်ကြောင်းနှင့် မည်သည့်အရာကို အလိုရှိကြောင်းတို့အား သိရှိနားလည်ရန် ကျွန်ုပ်တို့အား အထောက်အကူဖြစ်စေသည့် ဆက်ဆံရေးသတင်းအချက်အလက်နှင့် လူဦးရေပျံ့နှံ့နေထိုင်မှုဆိုင်ရာ အခြားသတင်းအချက်အလက်များ။ သင်သည် ကျွန်ုပ်တို့နှင့် တုန့်ပြန်ဆောင်ရွက်သည့်အခါဖြစ်စေ သင့်ထံတွင် မှတ်ပုံတင်ထားသော သုံးစွဲသူ အကောင့်ရှိလျှင်ဖြစ်စေ ကျွန်ုပ်တို့သည် ဤသတင်းအချက်အလက်ကို စုဆောင်းရယူပါသည်။
  • သင်သည် ကျွန်ုပ်တို့ထံတွင် အလုပ်လျှောက်ထားသည့်အခါ သင်၏အလုပ်လျှောက်ထားမှုအား အရည်အချင်းပြည့်မီခြင်းရှိမရှိကို အဆုံးအဖြတ်ပေးမည့် လူသစ်စုဆောင်းခြင်းဆိုင်ရာ သတင်းအချက်အလက်ဖြစ်ပြီး အထွေထွေ ဆက်သွယ်ရန် သတင်းအချက်အလက်၊ ကိုယ်ရေးမှတ်တမ်း၊ သင်၏ ပညာရေး၊ စွမ်းရည်များနှင့် ကျွမ်းကျင်မှုများ၊ အသက်မွေးဝမ်းကြောင်းလုပ်ငန်းနှင့် လုပ်ငန်းအတွေ့အကြုံများနှင့် ရုပ်ပုံ၊ လူမှုဖူလုံရေးနံပါတ်၊ အလုပ်အကိုင်ဆိုင်ရာ လက်မှတ်များ၊ လုပ်ငန်းမှတ်တမ်း၊ ကိုးကားမှုများနှင့် ဆက်စပ်သည့် အခြားနောက်ခံ သတင်းအချက်အလက်များ ကဲ့သို့သော အခြားသတင်းအချက်အလက်။
  • ဝယ်ယူမှုများ၊ မေးမြန်းစုံစမ်းမှုများနှင့် ဝယ်ယူသူအကောင့်များ အပါအဝင် သင်သည် ကျွန်ုပ်တို့အပြင် ကုန်ပစ္စည်းများဖြန့်ချိခွင့်ရကုမ္ပဏီများနှင့် လုပ်ငန်းတွဲဖက်လုပ်ကိုင်သူများအား တုန့်ပြန်ဆောင်ရွက်သည့် နည်းလမ်းနှင့် ပတ်သက်သော အရောင်းအဝယ်ဆိုင်ရာ သတင်းအချက်အလက်။
  • သင်၏ ဝယ်ယူမှုကို ပြည့်စုံစေရန်အတွက်သာ လိုအပ်သည့် ငွေရေးကြေးရေး အကောင့်ဆိုင်ရာ သတင်းအချက်အလက်။
  • သင်ရရှိထားသည့် သင်အပ်နှင်းထားသည့် ခွင့်ပြုချက်များအပေါ် မူတည်ပြီး Site အား သွားရောက်ရန် အသုံးပြုသည့် ကွန်ပျူတာများ၊ ဖုန်းများ သို့မဟုတ် အခြားစက်ပစ္စည်းများနှင့် ပတ်သက်သည့် သတင်းအချက်အလက်များ ကဲ့သို့သော စက်ပစ္စည်းဆိုင်ရာ သတင်းအချက်အလက်နှင့် ခွဲခြမ်းစိတ်ဖြာမှု။ ကျွန်ုပ်တို့သည် သင်၏ စက်ပစ္စည်းများမှတဆင့် လိုက်လျောညီထွေမှုရှိသော ဝန်ဆောင်မှုကို ကျွန်ုပ်တို့က ပံ့ပိုးပေးရာ၌ အထောက်အကူဖြစ်စေရန် အမျိုးမျိုးသော စက်ပစ္စည်းများထံမှ စုဆောင်းရယူထားသည့် သတင်းအချက်အလက်များကို ဆက်စပ်မှုပြုလုပ်နိုင်ပါသည်။ ၎င်းသည် ဥပမာအားဖြင့် သင်၏ IP လိပ်စာ၊ စက်လည်ပတ်ရေးစနစ်၊ ဟာ့ဒ်ဝဲဗားရှင်း၊ စက်ပစ္စည်းဆက်တင်များနှင့် အမျိုးအစားများ၊ စက်ပစ္စည်းသတ်မှတ်မှုစနစ်များ ကဲ့သို့သော လက္ခဏာရပ်များ ဖြစ်နိုင်ပါသည်။ ကျွန်ုပ်တို့သည် သင်၏ မိုဘိုင်းဖုန်းအော်ပရေတာ၏ အမည် သို့မဟုတ် ISP၊ မိုဘိုင်း ကြော်ငြာဆိုင်ရာ ID နှင့် မိုဘိုင်း အပလီကေးရှင်း ID၊ ဘရောက်ဇာ အမျိုးအစား၊ ဘာသာစကား၊ မြေပြင်တည်နေရာ၊ အချိန်ဇုန်နှင့် ရက်စွဲ၊ Site ပေါ်တွင် ရှိနေသည့်အချိန် ကဲ့သို့သော သတင်းအချက်အလက်များကိုလည်း စုဆောင်းရယူနိုင်ပါသည်။ Site ပေါ်၌ ကြာမြင့်တည်ရှိချိန်၊ ဖန်သားပြင်ပေါ်၌ ထက်အောက်ရွေ့လျားခြင်းနှင့် ဝေမျှခြင်းဆိုင်ရာ အပြုအမူတို့နှင့် ပတ်သက်သည့် သတင်းအချက်အလက်များကဲ့သို့ Site ပေါ်တွင် သင်ပြုလုပ်သည့် အပြုအမူနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကိုလည်း စုဆောင်းရယူနိုင်ပါသည်။
  • သင်၏ ကိရိယာ (ဆော့ဝဲ သို့မဟုတ် ဟာ့ဒ်ဝဲ) သို့မဟုတ် သင်၏ကိရိယာနှင့် ကြားခံဆက်သွယ်ထားသည့် စက်ပစ္စည်းမှ ထုတ်လုပ်ထားသော၊ စုဆောင်းရယူထားသော သို့မဟုတ် ၎င်းအတွင်း သိုမှီးထားသော သင်၏ကိရိယာ၏ တည်နေရာ ပါဝင်ရမည်ဟု ကန့်သတ်ထားခြင်းမဟုတ်သော်လည်း ပါဝင်လေ့ရှိသည့် ကိရိယာဆိုင်ရာ ဒေတာအချက်အလက်။

 

၃။ ယာရာ က သင်၏ ကိုယ်ရေးအချက်အလက်များကို မည်သို့ အသုံးပြုသနည်း

ကျွန်ုပ်တို့သည် သင်၏ ကိုယ်ရေးအချက်အလက်များကို အောက်ပါရည်ရွယ်ချက်များအတွက် အသုံးပြုပါသည် -

  • ဝယ်ယူသူဆိုင်ရာ ဝန်ဆောင်မှု - သင်တောင်းဆိုသည့် ထုတ်ကုန်ပစ္စည်းများ၊ နည်းပညာများနှင့် ဝန်ဆောင်မှုများကို ပံ့ပိုးပေးရန်နှင့် ထုတ်ကုန်ပစ္စည်း ပို့ဆောင်ရေး၊ အကြံပြုချက်များနှင့် မွမ်းမံထိန်းသိမ်းမှု ကဲ့သို့သော သင်၏မှာယူမှုနှင့် ဆက်စပ်သည့် အခြားဝန်ဆောင်မှုများကို ပံ့ပိုးပေးရန်ဖြစ်သည်။ ဤတွင် မဖြစ်မနေပါဝင်ရမည်ဟု ကန့်သတ်ထားခြင်းမဟုတ်သော်လည်း ဝယ်ယူသူများ၏ ထုတ်လုပ်မှု၊ အရည်အသွေးနှင့် မြတ်စွန်းနိုင်မှုတို့ကို တိုးတက်ကောင်းမွန်စေရန် သင်၏ စီးပွားရေးလုပ်ငန်းဆိုင်ရာ လုပ်ဆောင်ချက်များနှင့် စပ်လျဉ်း၍ သင်နှင့်အသေးစိတ် ဆက်စပ်နေသည့် ယာရာ ထံသို့ သင်ပံံ့ပိုးခဲ့သော ဒေတာအချက်အလက်များမှ တဖန်ဆင့်ပွားလာသော တစ်ဦးချင်းဆိုင်ရာ အစီရင်ခံစာများ နှင့်/သို့မဟုတ် အကြံပြုချက်များအား မပြတ်ပံ့ပိုးခြင်းသည် အပါအဝင်ဖြစ်သည်။
  • ထုတ်ကုန်ပစ္စည်းနှင့် ဝယ်ယူသူအထောက်အပံ့ - ပြစ်ချက်ရှာဖွေမှုနှင့် ပြုပြင်မွမ်းမံမှုများ၊ ထုတ်ကုန်ပစ္စည်း၏ ဘေးကင်းလုံခြုံမှုနှင့် ပြန်လည်သိမ်းဆည်းမှုများအတွက် အဆင့်မြှင့်တင်မှုများနှင့် ထုတ်ကုန်ပစ္စည်းအား ပိုမိုကောင်းမွန်စေရေး အစီအစဉ်ဆိုင်ရာ ဆက်သွယ်ဆောင်ရွက်မှုများပါဝင်သည့် အထောက်အပံံ့များကို သင့်အား ဖြည့်ဆည်းပံ့ပိုးရန်ဖြစ်ပါသည်။
  • ဈေးကွက်ဖော်ဆောင်ခြင်းနှင့် ဆက်သွယ်ဆောင်ရွက်မှုများ - ဆက်သွယ်ဆောင်ရွက်မှုများ၊ သတင်းအချက်အလက်နှင့် သင့်အား ပစ်မှတ်ထားသည့် ဈေးကွက်ဖော်ဆောင်ရေး ဝေငှမှုများ၊ သတင်းလွှာများ၊ ထုတ်ကုန်ပစ္စည်း၏ သတင်းအချက်အလက်၊ ကုမ္ပဏီ မဂ္ဂဇင်းများ၊ ကတ်တလောက်များ၊ ကြေညာချက်များ သို့မဟုတ် အခမ်းအနားများအတွက် ဖိတ်ကြားမှုများ စသည်တို့ဖြင့် သင့်အား ပံံ့ပိုးရန် အလို့ငှာ ကျွန်ုပ်တို့ အသုံးပြုနိုင်သည့် ပရိုဖိုင်တစ်ခုအား ဖန်တီးခြင်းတို့ပါဝင်သည့် ယာရာ ၏ ထုတ်ကုန်ပစ္စည်းများ၊ နည်းပညာများနှင့် ဝန်ဆောင်မှုများအား တိုက်ရိုက်ဈေးကွက်ဖော်ဆောင်ခြင်း၊ ကျွန်ုပ်တို့သည် သက်ဆိုင်ရာ ဥပဒေများအရ လိုအပ်လျှင် အဆိုပါ ဈေးကွက်ဖော်ဆောင်ရေးလုပ်ငန်းအတွက် သင်၏ သဘောတူခွင့်ပြုချက်ကို ရယူပါမည်။ ကျွန်ုပ်တို့အား This email address is being protected from spambots. You need JavaScript enabled to view it. မှ ဆက်သွယ်ခြင်းအားဖြင့် အဆိုပါမက်ဆေ့ဂျ်များအတွင်းရှိ ညွှန်ကြားချက်များကို လိုက်နာခြင်းအားဖြင့် အီလက်ထရွန်းနစ် ဆက်သွယ်မှုမှတဆင့် သင်သည် မိမိကိုယ်ကို ဈေးကွက်ဖော်ဆောင်ခြင်းဖြစ်စဉ်မှ အချိန်မရွေး နှှုတ်ထွက်နိုင်ပါသည်။
  • လူသစ်စုဆောင်းခြင်း - သင်သည် အလုပ်လျှောက်ထားမှုတစ်ခုကို yara.com ပေါ်တွင် သုံးစွဲနိုင်သော ကျွန်ုပ်တို့၏ အလုပ်လျှောက်ထားခြင်းဆိုင်ရာ ပေါ်တာ်လ်မှဖြစ်စေ အခြားနည်းအားဖြင့် အလုပ်လျှောက်ထားမှုတစ်ခုကို ပေးပို့ခြင်းအားဖြင့်ဖြစ်စေ ယာရာ အလုပ်သမားသစ်များအား စုဆောင်းခြင်းလုပ်ငန်း။ သင်မေးမြန်းထားသည့် နေရာနှင့်ထိုက်တန်သည့် လျှောက်ထားသူဖြစ်ကြောင်းကို ဆုံးဖြတ်ရန် ကျွန်ုပ်တို့သည် သင်ထည့်သွင်းထားသည့် သင်၏ အလုပ်လျှောက်ထားမှုအတွင်းရှိ သတင်းအချက်အလက်များအား အသုံးပြုပါသည်။
  • စစ်တမ်းကောက်ယူမှုများနှင့် အရောင်းမြှင့်တင်ရေး အခမ်းအနားများ - စစ်တမ်းများ၊ သဘောထားခံယူမှုများ၊ မပြတ်အားပေးထောက်ခံသည့် ဝယ်ယူသူဆိုင်ရာ အစီအစဉ်များနှင့် အခြားသော အရောင်းမြှင့်တင်ရေး အခမ်းအနားများ၊ သို့မဟုတ်
  • ကျွန်ုပ်တို့၏ နေ့စဉ်လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များကို စီမံခန့်ခွဲခြင်း - ကျွန်ုပ်တို့၏ ဝဘ်ဆိုက်များနှင့် ဝန်ဆောင်မှုများ၊ စာချုပ်ချုပ်ဆိုမှုဆိုင်ရာ စီမံခန့်ခွဲမှု၊ သရုပ်ခွဲလေ့လာမှု၊ လိမ်လည်မှု ကာကွယ်တားဆီးရေး၊ စုပေါင်းသင်းဖွဲ့မှုဆိုင်ရာ အုပ်ချုပ်မှုကဏ္ဍ၊ အစီရင်ခံစာများ ပြုလုပ်ခြင်းနှင့် တရားဥပဒေကြောင်းအရ တိုင်တန်းမှုတို့အတွက် စီမံခန့်ခွဲခြင်း ကဲ့သို့သော ကဏ္ဍရပ်များအတွက် ဆောင်ရွက်ပါသည်။

 

၄။ သင်၏ ဒေတာအား လုပ်ငန်းဆောင်ရွက်ရန် ယာရာ က မှီခိုအားထားမှု ပြုလုပ်ရသည့် တရားဥပဒေ ကြောင်းဆိုင်ရာ အခြေခံအကြောင်းရင်းမှာ အဘယ်နည်း

  • အချို့အခြေအနေများ၌ သင်နှင့်ပြုလုပ်သည့် စာချုပ်ချုပ်ဆိုမှုတစ်ခုကို ဖြည့်စွမ်းရန်အလို့ငှာ ဤသို့ဆောင်ရွက်ရန် (ဥပမာအားဖြင့် ဝယ်ယူသူဆိုင်ရာ ဝန်ဆောင်မှု သို့မဟုတ် ကျသင့်ငွေတောင်းခံခြင်းဆိုင်ရာ ရည်ရွယ်ချက်များအတွက်) လိုအပ်သည့်အခါဖြစ်စေ ကျွန်ုပ်တို့အနေဖြင့် ဥပဒေအရ ဆောင်ရွက်ရန် (ဥပမာအားဖြင့် မှတ်တမ်း ထိန်းသိမ်းရေး ဝတ္တရားများအား လိုက်နာစောင့်ထိန်းရန်) တောင်းဆိုခြင်းခံရသည့်အခါဖြစ်စေ ကျွန်ုပ်တို့သည် သင်၏ ဒေတာအချက်အလက်များကို လုပ်ငန်းဆောင်ရွက်ပါသည်။
  • ကျွန်ုပ်တို့၏ တရားဝင်သော လုပ်ပိုင်ခွင့်များအရ ဆောင်ရွက်ရန်ရှိသောအခါနှင့် အဆိုပါ လုပ်ပိုင်ခွင့်များသည် ဒေတာ ကာကွယ်မှုနှင့် သက်ဆိုင်သည့် သင်၏ အခွင့်အရေးများကို ယုတ်လျော့စေမှုမရှိသည့်အခါ ကျွန်ုပ်တို့သည် သင်၏ ဒေတာအချက်အလက်များကို လုပ်ငန်းဆောင်ရွက်နိုင်ပါသည်။ ပုံမှန်အားဖြင့် အဆိုပါလုပ်ပိုင်ခွင့်များသည် ဝယ်ယူသူများ၏ စိတ်ကျေနပ်မှုကို တိုးတက်ရရှိစေရန် အလို့ငှာ ကျွန်ုပ်တို့၏ ထုတ်ကုန်ပစ္စည်းများ၊ နည်းပညာများနှင့် ဝန်ဆောင်မှုများကို တိုးတက်မြင့်မားစေရန်နှင့် သင်၏ သီးသန့် ဦးစားပေးနှစ်သက်မှုများနှင့် လိုအပ်ချက်များအတွက် ပြုလုပ်သည့် ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများကို အံဝင်ခွင်ကျဖြစ်စေမည့် လုပ်ပိုင်ခွင့်များဖြစ်ပါသည်။
  • အချို့အခြေအနေများ၌ ကျွန်ုပ်တို့သည် သင်၏ သဘောတူခွင့်ပြုချက်ဖြင့် သင်၏ ဒေတာအချက်အလက်များကို လုပ်ငန်းဆောင်ရွက်ပါသည်။ (ဥပမာအားဖြင့် သတင်းလွှာများ သို့မဟုတ် အခြားဈေးကွက်ဖော်ဆောင်ရေး ပစ္စည်းများအား ကျွန်ုပ်တို့ထံမှ လက်ခံရယူရန် သင်ဆန္ဒပြုသည့်အခါ) အချို့သော ကိစ္စရပ်များတွင် သင်သည် This email address is being protected from spambots. You need JavaScript enabled to view it. သို့ အီးမေးလ်တစ်စောင်ပေးပို့ခြင်းဖြင့် သင်၏ သဘောတူခွင့်ပြုချက်ကို အချိန်မရွေး လွတ်လပ်စွာ ပြန်လည်ရုတ်သိမ်းနိုင်သည်။ ရုတ်သိမ်းမှုမပြုလုပ်မီက သဘောတူခွင့်ပြုချက်အရ ပြုလုပ်ပြီးဖြစ်သော လုပ်ငန်းဆောင်ရွက်မှု၏ တရားဝင်မှုအခြေအနေကို သဘောတူခွင့်ပြုချက်အား ရုတ်သိမ်းခြင်းမှုက သက်ရောက်စေခြင်းမရှိ။

 

၅။ ယာရာ သည် ကိုယ်ရေးအချက်အလက်ကို အဘယ်ကြောင့် ဖွင့်ဟဖော်ထုတ်သနည်း

ကျွန်ုပ်တို့သည် သင်၏ ကိုယ်ရေးအချက်အလက်များအား ယာရာ ၏ ပြင်ပရှိ ဈေးကွက်ဖော်ဆောင်ရေးကုမ္ပဏီများသို့ ရောင်းချခြင်းမရှိပါ။ ကျွန်ုပ်တို့သည့် သင်၏ ကိုယ်ရေးအချက်အလက်များအား အောက်ပါအတိုင်းသာလျှင် မျှဝေနိုင်ပါသည် -

  • သင်၏ သဘောတူခွင့်ပြုချက်အရ ကျွန်ုပ်တို့သည် သင်၏ ကိုယ်ရေးအချက်အလက်များအား ကျွန်ုပ်တို့မှ ကောင်းစွာဂရုပြု ရွေးချယ်ထားသည့် လုပ်ငန်းတွဲဖက်လုပ်ကိုင်သူများထံသို့သာလျှင် မျှဝေနိုင်ပါသည်။
  • ယာရာ ၏ လုပ်ငန်းများကို ဆောင်ရွက်ကြသည့် တိုက်ရိုက်ပတ်သက်ခြင်းမရှိသော ကျွန်ုပ်တို့၏ ပြင်ပမှ ဝန်ဆောင်မှုပံ့ပိုးသူများ သို့မဟုတ် ကျွန်ုပ်တို့ကိုယ်စား ကျွန်ုပ်တို့၏ ညွှန်ကြားချက်များအရ ပုဂ္ဂိုလ်ရေးဆိုင်ရာ မူဝါဒအတွင်း ညွှန်ပြထားသည့် ရည်ရွယ်ချက်များအတွက် ဒေတာအချက်အလက်ဆိုင်ရာ လုပ်ငန်းဆောင်ရွက်သူများထံသို့ မျှဝေနိုင်ပါသည်။
  • လူသစ်စုဆောင်းခြင်း ရည်ရွယ်ချက်များအတွက် သင်၏ အလုပ်လျှောက်ထားမှုအား အကဲဖြတ်ခြင်းအတွက် သင့်ထံမှ တောင်းဆိုမှုတစ်ခုကို ဖြည့်ဆည်းရန် လိုအပ်သည့်အခါဖြစ်စေ သင်နှင့် ချုပ်ဆိုသည့် အလုပ်ခန့်အပ်ခြင်းဆိုင်ရာ စာချုပ်အတွင်းသို့ ဝင်ရောက်ရန်အတွက်ဖြစ်စေ သင်၏ မေးမြန်းစုံစမ်းမှုကို ဖြည့်ဆည်းရန်အတွက် မျှဝေမှုပြုလုပ်ရန်လိုအပ်သည့် အခြားအခြေအနေများအတွင်းဖြစ်စေ ကျွန်ုပ်တို့၏ ထုတ်ကုန်ပစ္စည်းများ၊ နည်းပညာများနှင့် ဝန်ဆောင်မှုများ တိုးတက်ကောင်းမွန်စေရန် ကျွန်ုပ်တို့၏ တရားဝင် လုပ်ပိုင်ခွင့်များအား ဖြစ်ထွန်းအောင်မြင်ရန်အတွက် သရုပ်ခွဲလေ့လာခြင်းနှင့် သုသေသနလုပ်ငန်းတို့အတွက် အဆိုပါ ဖွင့်ဟဖော်ထုတ်မှုကို အတိုင်းအတာတစ်ခုအထိ ပြုလုပ်ရန်လိုအပ်သောအခါဖြစ်စေ ယာရာ အုပ်စုဝင် ကုမ္ပဏီများထံသို့ မျှဝေနိုင်ပါသည်။
  • မည်သည့် လုပ်ငန်း သို့မဟုတ် ပိုင်ဆိုင်မှုကိုမဆို ရောင်းချသော သို့မဟုတ် ဝယ်ယူသော အခန်းအနားရှိ ကျွန်ုပ်တို့အတွက် မျှော်မှန်းနိုင်သော ဝယ်ယူသူ သို့မဟုတ် ရောင်းချသူထံသို့ မျှဝေနိုင်ပါသည်။
  • (သက်ဆိုင်ရာ ဝန်ဆောင်မှုစည်းမျဉ်းတစ်ခုခုကို အတင်းအကျပ်ဆောင်ရွက်စေခြင်း အပါအဝင်) ယာရာ အား (ကာကွယ်ရန်နှင့် ခုခံရန်) မျှဝေနိုင်ပါသည်၊ သို့မဟုတ်
  • ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ တရားရေးဖြစ်စဉ် သို့မဟုတ် ပြည်သူ့အာဏာပိုင်များ သို့မဟုတ် အစိုးရများထံမှ တရားဥပဒေကြောင်းဆိုင်ရာ အကြောင်းပြချက်များအရဖြစ်စေ အတင်းအကျပ်ဆောင်ရွက်စေသည့် အစိုးရ၏ တောင်းဆိုမှုကြောင့်ဖြစ်စေ မျှဝေနိုင်ပါသည်။

ကျွန်ုပ်တို့သည် သင်၏ လုပ်ငန်းအတွက် အကြံပြုချက်များ ပိုမိုကောင်းမွန်လာစေရေး၊ Site အား ဖွံ့ဖြိုးစည်ပင်လာစေရေး၊ ကိရိယာအား ဖွံ့ဖြိုးစေရေး၊ ဖွဲ့စည်းမှုစနစ်ဆိုင်ရာ စီမံကွပ်ကဲခြင်း၊ စာရင်းအင်းအချက်အလက်၊ သုတေသနနှင့် ပိုင်းခြားစိတ်ဖြာခြင်းတို့အတွက် ခြုံငုံရယူထားသည့် ဒေတာအချက်အလက်များကို လုပ်ငန်းတွဲဖက်လုပ်ကိုင်သူများနှင့် ကျွန်ုပ်တို့၏ ကုမ္ပဏီအုပ်စုများထံသို့ အမျိုးမျိုးသော ရည်ရွယ်ချက်များအတွက် အသုံးပြုရန် မျှဝေနိုင်ပါသည်။

သင့်အနေဖြင့် သင်၏ ကိုယ်ရေးအချက်အလက်များကို ပံံ့ပိုးလိုခြင်းမရှိပါက သင်တောင်းဆိုသည့် ထုတ်ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများအား ပံ့ပိုးခြင်းနှင့် ယာရာ က ပေးကမ်းလျက်ရှိသော အခြားထုတ်ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများနှင့် ပတ်သက်၍ အကြောင်းကြားခြင်းတို့ကို ကျွန်ုပ်တို့မှ ပံံ့ပိုးနိုင်မည်မဟုတ်ပါ။

 

၆။ ကွတ်ကီးများနှင့် အလားတူ နည်းပညာများ

ကျွန်ုပ်တို့၏ ဝဘ်ဆိုက်များပေါ်တွင် ကွတ်ကီးများကို အသုံးပြုပါသည်။ ကွတ်ကီးသည် ကျွန်ုပ်တို့၏ ဝဘ်ဆိုက်များသို့ သင်လာရောက်သည့်အခါ သင်၏ကွန်ပျူတာအတွင်း သိုမှီးထားသော သေးငယ်သည့် စာစုဖိုင်တစ်ခုဖြစ်သည်။ ကွတ်ကီးများ သင်၏ ကွန်ပျူတာကို ခွဲခြားအတည်ပြုရာတွင် ကျွန်ုပ်တို့အား အထောက်အကူဖြစ်စေပြီး ကျွန်ုပ်တို့က သင်၏ သုံးစွဲသူအတွေ့အကြုံအား အံဝင်ခွင်ကျဖြစ်အောင် ပြုလုပ်နိုင်စေသည်။

ကျွန်ုပ်တို့၏ ဝဘ်စာမျက်နှာများအား လာရောက်ကြည့်ရှုသူများက မည်သို့သုံးစွဲကြသည်ကို စူးစမ်းလေ့လာရာတွင်လည်း ၎င်းတို့က အထောက်အကူဖြစ်စေသည့်အပြင် ပိုမိုသုံးစွဲနိုင်သော စာမျက်နှာများနှင့် အသုံးဝင်သော အကြောင်းအရာတို့ကို ဒီဖိုင်းပြုလုပ်နိုင်စေသည်။

ကျွန်ုပ်တို့သည် ပင်မကိုယ်ပိုင် ကွတ်ကီးများ၊ ပြင်ပမှရယူသုံးစွဲသော ကွတ်ကီးများနှင့် ပြင်ပမှ ပြုလုပ်သော တောင်းဆိုမှုများကို အသုံးပြုသည်။ ပင်မကိုယ်ပိုင် ကွတ်ကီးများသည် ကျွန်ုပ်တို့ကိုယ်တိုင် ပြင်ဆင်ထားသည့် ကွတ်ကီးများဖြစ်ပြီး ကျွန်ုပ်တို့ ဝဘ်ဆိုက်မှသာလျှင် ဖတ်ရှ၍ ရနိုင်သည်။ မူလအားဖြင့် ပင်မကိုယ်ပိုင် ကွတ်ကီးများကို ဝဘ်ဘရောက်ဇာတိုင်းတွင် အသုံးပြုခွင့်ရှိသည်။ သင်သည် ပင်မကိုယ်ပိုင် ကွတ်ကီးများကို ပိတ်ထားလျှင် စာမျက်နှာ တစ်ခုမှ အခြားတစ်ခုသို့ ရွေ့လျားစဉ်တွင် သင်၏ လုပ်ဆောင်ချက်ကို ဝဘ်ဆိုက်က ခြေရာခံနိုင်မည်မဟုတ်ပေ။ ကျွန်ုပ်တို့သည် ဤကဲ့သို့သော ပင်မကိုယ်ပိုင် ကွတ်ကီးအမျိုးအစားကို အသုံးပြုပါသည်- session၊ http only၊secure နှင့် persistent

တိုက်ရိုက်ပတ်သက်ခြင်းမရှိသော ပြင်ပအဖွဲ့အစည်းများမှ ပြင်ဆင်ထားသော ပြင်ပမှရယူသုံးစွဲသောကွတ်ကီးများအား အဓိကအားဖြင့် ကြော်ငြာဆိုင်ကွန်ယက်များတွင် တွေ့ရသည်။ အခြားဝဘ်ဆိုက်များသို့ သွားရောက်သည့်အခါ ၎င်းတို့သည် အဆိုပါကုမ္ပဏီများနှင့်အတူ စီးပွားရေးလုပ်ငန်းလုပ်ကိုင်လျှင် ၎င်းကွတ်ကီးများသည် ပြန်လည်ဖတ်ရှုမှုကို ပြုလုပ်နိုင်သည်။ ဥပမာအားဖြင့် ကျွန်ုပ်တို့သည် Facebook မှ ကြော်ငြာဆိုင်ရာလုပ်ဆောင်ချက်အတွက် ကွတ်ကီးများကို အသုံးပြုနိုင်သည်။

သုံးစွဲသူတစ်ဦးသည် ပြင်ပကိရိယာတစ်ခုသို့ ပြင်ပမှရယူသုံးစွဲရသည့် တောင်းဆိုမှုများကို ပြုလုပ်သည်။ အဆိုပါတောင်းဆိုမှုများသည် မည်သည့်ကွတ်ကီးများကိုမှ ဖြစ်ပေါ်စေနိုင်ခြင်းမရှိသော်လည်း ၎င်းတို့သည် သတင်းအချက်အလက်များကို ပြင်ပမှရယူသုံးစွဲသော အုပ်စုများထံသို့ လွှဲပြောင်းပေးနေနိုင်သည်။ ဥပမာအားဖြင့် ဝဘ်ဆိုက်များအား ခွဲခြမ်းစိတ်ဖြာမှုပြုလုပ်သည့် တိုးလ်ဖြစ်သော Google Analytics - ၎င်းသည် ပြင်ပမှရယူသုံးစွဲသော တောင်းဆိုမှုများကို အသုံးပြု၍ လုပ်ငန်းဆောင်ရွက်သည်။

သင်၏ ဝဘ်ဘရောက်ဇာရှိ ဆက်တင်များအတွင်းတွင် ကွတ်ကီးများအား စီမံဆောင်ရွက်နိုင်သည်။ကွတ်ကီးများအသုံးပြုခြင်းကို ပိတ်ဆို့ခြင်းသည် ကျွန်ုပ်တို့၏ ဝဘ်ဆိုက်အား ကောင်းမွန်စွာ လုပ်ငန်းဆောင်ရွက်မှုမှ ရပ်တန့်သွားစေမည်ဖြစ်ကြောင်း သတိပြုစေလိုပါသည်။

 

၇။ သင်၏ ရွေးချယ်မှုများ

ကျွန်ုပ်တို့သည် သင်နှင့် ဆက်သွယ်ဆောင်ရွက်မည့်နည်းလမ်းနှင့် ပတ်သက်၍ ရွေးချယ်ခွင့်များ ပေးထားပါသည်။

  • အီးမေးလ် ဆက်သွယ်မှုများ - အဆိုပါမက်ဆေ့ဂျ်များအတွင်း ပံံ့ပိုးထားသော ဖယ်ရှားရေးညွှန်ကြားချက်များအတိုင်း ဆောင်ရွက်ခြင်းဖြင့် ယာရာ ထံမှ အရောင်းမြှင့်တင်ရေး အီးမေးလ် ဆက်သွယ်မှုများ ရရှိနေခြင်းကို ရပ်တန့်နိုင်ပါသည်။ This email address is being protected from spambots. You need JavaScript enabled to view it. မှတဆင့် ကျွန်ုပ်တို့အား ဆက်သွယ်ခြင်းဖြင့် ဆက်သွယ်ခြင်းဖြင့် အရောင်းမြှင့်တင်ရေး အီးမေးလ်ဆက်သွယ်မှုများကိုလည်း ရပ်တန့်နိုင်ပါသည်။

ယာရာ ထံမှ အရောင်းမြှင့်တင်ရေး အီလက်ထရွန်းနစ် ဆက်သွယ်မှုများ ရရှိနေခြင်းကို ရပ်တန့်ရန် သင်၏တောင်းဆိုမှုကို ကျွန်ုပ်တို့က အလေးထားဆောင်ရွက်ပေးသွားမည်ဖြစ်သည်ကို ကျေးဇူးပြု၍ သတိပြုစေလိုပါသည်။ သို့ရာတွင် ဝယ်ယူမှုအား အတည်ပြုသည့် အီးမေးလ်များ ကဲ့သို့သော ဝန်ဆောင်မှုနှင့် ဆက်စပ်သည့် ဆက်သွယ်မှုများကို ကျွန်ုပ်တို့၏ ဝဘ်ဆိုက်များမှ ဆက်လက်ပြုလုပ်နေမည်ဖြစ်သည်။ ထို့ပြင် ကျွန်ုပ်တို့သည် ဝယ်ယူသူ၏ တောင်းဆိုမှုများအား ဖြည့်စွမ်းနိုင်ခြင်းရှိမရှိ သေချာစေရန်နှင့် သီးသန့်မက်ဆေ့ဂျ်များအား ပေးပို့ရန် မှတ်တမ်းရယူခြင်းအတွက် သတင်းအချက်အလက်များကို ထိန်းသိမ်းထားနိုင်သည်။

သင်၏ မိုဘိုင်းကိရိယာ၏ ပုဂ္ဂိုလ်ရေးနှင့် လုံခြုံရေး ဆက်တင်များအတွင်း ချိန်ညှိခြင်းအားဖြင့် သင်၏ မိုဘိုင်းကိရိယာသည် သင်၏တည်နေရာကို ယာရာ ထံသို့ မျှဝေနိုင်ပုံနှင့် သင်၏ မိုဘိုင်းဘရောက်ဇာသည် ကွတ်ကီးများနှင့် အခြားဆက်စပ်သော နည်းပညာများအား ကိုင်တွယ်ဆောင်ရွက်ပုံကို စီမံဆောင်ရွက်နိုင်ကြောင်း သတိပြုမှတ်သားပါ။ သင်၏ဆက်တင်များအား မည်သို့ချိန်ညှိရမည်ကို သင်ယူရန် သင်၏ မိုဘိုင်းဖုန်းဝန်ဆောင်မှုပေးသူမှဖြစ်စေ သင်၏ ကိရိယာအား ထုတ်လုပ်ရောင်းချသူထံမှဖြစ်စေ ပံံ့ံ့ပိုးထားသော ညွှန်ကြားချက်များကို ကျေးဇူးပြု၍ ကိုးကားစေလိုပါသည်။

 

၈။ သင်၏ အခွင့်အရေးများ

သင်သည် ယာရာ မှ ထိန်းသိမ်းထားသော သင်၏ ကိုယ်ရေးအချက်အလက်အား အသုံးပြုရန်၊ ပြုပြင်ရန်၊ ကန့်သတ်ရန်နှင့် ဖျက်သိမ်းပေးရန် တောင်းဆိုမှုပြုလုပ်နိုင်ပြီး အစီအစဉ်တကျပြုလုပ်ထားသော စက်ဖြင့် ဖတ်နိုင်သည့် ပုံစံဖြင့် သင်၏ ကိုယ်ရေးအချက်အလက်မိတ္တူကို လက်ခံရယူရန် အခွင့်အရေးရှိသည်။ သင့်ထံတွင် မှတ်ပုံတင်ထားသော ပရိုဖိုင်တစ်ခုရှိလျှင် သင်သည် Site အား အသုံးပြု၍ ကျွန်ုပ်တို့ထံသို့ ပံံ့ပိုးထားသည့် သတင်းအချက်အလက်များကို မွမ်းမံခြင်း၊ အမှားပြင်ခြင်း သို့မဟုတ် ဖျက်သိမ်းခြင်းတို့ကို အချိန်တိုင်း ပြုလုပ်နိုင်သည်။ ကိုယ်ရေးအချက်အလက်ဆိုင်ရာ လုပ်ငန်းဆောင်ရွက်ခြင်းနှင့် အသုံးပြုခွင့်ရယူရန် တောင်းဆိုမှုတို့နှင့် စပ်လျဉ်းသည့် မေးမြန်းစုံစမ်းမှုများသည် အောက်တွင် ပံ့ပိုးထားသည့် ဆက်သွယ်ရန်နေရာသို့ ညွှန်ကြားခြင်းခံရမည်ဖြစ်သည်။

လုပ်ငန်းလုပ်ဆောင်မှုအချို့ကို ပိတ်ပင်ရန်နှင့် ကျွန်ုပ်တို့က သင်၏ ဒေတာအချက်အလက်အား လုပ်ငန်းလုပ်ဆောင်ရန် သင့်ထံမှ သဘောတူခွင့်ပြုချက်ကို တောင်းခံလာသည့်အခါတွင် ဤသဘောတူခွင့်ပြုချက်ကို ရုတ်သိမ်းရန်အတွက်လည်း အခွင့်အရေးများရှိသည်။ သင်၏ ဒေတာအချက်အလက်များအား ကျွန်ုပ်တို့က (အထက်တွင် ဖော်ပြထားသည့်အတိုင်း) တရားဝင်လုပ်ပိုင်ခွင့်ဖြင့် လုပ်ငန်းလုပ်ဆောင်သည့်အခါတွင်လည်း သင့်အနေဖြင့် ထိုသို့ဆောင်ရွက်ခြင်းအား ကန့်ကွက်ရန် အခွင့်အရေးရှိပါသည်။ ဤအခွင့်အရေးများသည် အချို့သော အခြေအနေများတွင် ကန့်သတ်ခြင်းခံရနိုင်သည်။ ဥပမာအားဖြင့် ကျွန်ုတို့ထံတွင် သင်၏ ဒေတာအချက်အလက်များအား လုပ်ငန်းလုပ်ဆောင်ရန် တရားဝင် လိုအပ်ချက် ရရှိထားသည်ကို ကျွန်ုတို့မှ ပြသနိုင်သည့်အခါတွင်ဖြစ်သည်။

တရားဝင်မှုအရဖြစ်စေ စာချုပ်ပါအချက်များအရဖြစ်စေ ဝတ္တရားများကို လိုက်နာစောင့်ထိန်းရန်အတွက် ကိုယ်ရေးအချက်အလက်များကို လိုအပ်သည့်အခါတွင် အဆိုပါဒေတာအချက်အလက်များဆိုင်ရာ သတ်မှတ်ပြဌာန်းချက်ကို မဖြစ်မနေပြုလုပ်ရမည်ဖြစ်ပြီး အဆိုပါ ဒေတာအချက်အလက်များအား ပံံ့ပိုးခြင်းမရှိလျှင် ကျွန်ုပ်တို့၏ စာချုပ်ပါ ဆက်ဆံရေးအား စီမံခန့်ခွဲရန်ဖြစ်စေ ကျွန်ုပ်တို့အပေါ် ကတိပြုထားသည့် ဝတ္တရားများအား ဖြည့်ဆည်းရန်ဖြစ်စေ ကျွန်ုပ်တို့အနေဖြင့် ဆောင်ရွက်ပေးနိုင်မည်မဟုတ်ပါ။

သင်၏ ကိုယ်ရေးအချက်အလက်များကို သင်နှင့် ကျွန်ုပ်တို့အကြား ချုပ်ဆိုထားသည့် မည်သည့်ဆက်ဆံရေးကာလ အပိုင်းအခြားအတွက်မဆိုဖြစ်စေ ခွင့်ပြုထားသည့် အတိုင်းအတာအထိဖြစ်စေ ၎င်းဆက်ဆံရေးကာလပြီးဆုံးသည့်နောက် ဤသတိပေးချက်အတွင်း ဝန်ဆောင်မှုများအား စတင်လုပ်ဆောင်မှုကို ဆောင်ရွက်ရန် လိုအပ်သော အချိန်ကာလအထိဖြစ်စေ ထိန်းသိမ်းသွားမည်ဖြစ်သည်။ မည်သည့်အချိန်၌မဆို ကျွန်ုပ်တို့ထံသို့ တောင်းဆိုမှုပြုလုပ်ရန်နှင့် သင်၏ သုံးစွဲသူအကောင့်ကို ဖျက်သိမ်းရန် This email address is being protected from spambots. You need JavaScript enabled to view it. သို့ အီးမေးလ်ပေးပို့နိုင်ပါသည်။

 

၉။ သတင်းအချက်အလက် လုံခြုံရေး

ယာရာ သည် သင်၏ ပုဂ္ဂိုလ်ရေးလုံခြုံမှုအတွက် အလေးအနက်ထားပြီး ကိုယ်ရေးအချက်အလက်များကို လုံခြုံစွာ ထိန်းသိမ်းထားရန် ကတိပြုပါသည်။ ကျွန်ုပ်တို့သည် သင်၏ ကိုယ်ရေးအချက်အလက်များအား ပျက်စီးဆုံးရှုံးခြင်း၊ တလွှဲအသုံးပြုခြင်း သို့မဟုတ် တစ်စုံတစ်ရာပြုပြင်ခံရခြင်းတို့မှ ကာကွယ်ရန် သင့်လျော်သည့် နည်းပညာဆိုင်ရာ၊ ရုပ်ဝတ္ထုပိုင်းဆိုင်ရာနှင့် ကောင်းစွာစီမံဆောင်ရွက်ထားသည့် တိုင်းတာချိန်ညှိမှုများကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီးဖြစ်ပါသည်။ ကျွန်ုပ်တို့သည် လုပ်ငန်းလိုအပ်ချက်ရှိသူများကို ကိုယ်ရေးအချက်အလက်အသုံးပြုခွင့် ကန့်သတ်ထားပါသည်။

 

၁၀။ ကိုယ်ရေးအချက်အလက်အား အခြားနိုင်ငံများသို့ လွှဲပြောင်းခြင်း

ကိုယ်ရေးအချက်အလက်အား လုံလောက်သော ကာကွယ်မှုကို ပံ့ပိုးနိုင်ခြင်းမရှိသည့် EEA ပြင်ပရှိ တတိယနိုင်ငံတစ်ခုသို့ လွှဲပြောင်းခြင်းသည် သင့်လျော်သော လုံခြုံရေးစောင့်ရှောက်မှုများ ပံံ့ပိုးသည့်အခါမှသာလျှင် ဖြစ်နိုင်ပါသည်။ ဥပမာအားဖြင့် အီးယူ အဆင့် စာချုပ်များဆိုင်ရာ ဥပဒေအပိုဒ်ခွဲများ (EU Standard Contractual Clauses )အတွင်း ရောက်ရှိလာသည့် နိုင်ငံပေါင်းစုံ ဒေတာအချက်အလက်များ လွှဲပြောင်းရေးဆိုင်ရာ စည်းမျဉ်းများ (Binding Corporate Rules) အားဖြင့်ဖြစ်စေ လက်ခံရယူမည့် အဖွဲ့အစည်းသည် အီးယူ- အမေရိကန် ပုဂ္ဂိုလ်ရေး လုံခြုံမှုဆိုင်ရာ ကာကွယ်မှု (EU-US Privacy Shield) မူဘောင်အရဖြစ်စေ ထောက်ခံချက်ရရှိခြင်းတို့ကဲ့သို့ အခြေအနေ။

အခန်း ၅ အတွင်း ဖော်ပြထားသော အခြားအဖွဲ့အစည်းများထံသို့ သတင်းအချက်အလက်များကို ထုတ်ဖော်ဖွင့်ဟသည့်အရေးနှင့် ပတ်သက်လျှင် အခန်း ၅ ရှိ ဆောင်ရွက်ရန် ရည်ရွယ်သည့် ရည်ရွယ်ချက်များအနက်မှ တစ်ခုကို ဖြည့်စွမ်းမှုပြုနိုင်ရန် အလို့ငှာ ကျွန်ုပ်တို့သည် တခါတရံတွင် EEA ပြင်ပရှိနိုင်ငံတစ်ခုဆီသို့ ကိုယ်ရေးအချက်အလက်အား လွှဲပြောင်းပေးရန် လိုအပ်ပါသည်။ ဥပမာတစ်ရပ်အနေဖြင့် သင်၏တောင်းဆိုမှုကို ဖြည့်ဆည်းရန် အွန်လိုင်းပုံစံတစ်ခုအား ဖြည့်သွင်းရသည့်အခါ ကျွန်ုပ်တို့သည် အမေရိကန်ပြည်ထောင်စု၌ တည်ထောင်ထားသော လုပ်ငန်းလုပ်ဆောင်သည့် ကုမ္ပဏီငယ်တစ်ခုကို အသုံးပြုနိုင်ပါသည်။ ထိုကဲ့သို့သော လွှဲပြောင်းမှုသည် အထက်တွင် ဖော်ပြထားသည့် သင့်တင့်လျောက်ပတ်သော လုံခြုံရေးစောင့်ရှောက်မှုများအား ပံံ့ပိုးထားသည်ဟု သက်သေခံနိုင်သော လွှဲပြောင်းမှုသာဖြစ်ပါလိမ့်မည်။

ဤအကြောင်းအရာနှင့် ပတ်သက်၍ တစ်စုံတစ်ခုသော မေးမြန်းလိုသည့်အချက်များရှိပါက အောက်တွင်ပံ့ပိုးထားသည့် ဆက်သွယ်ရန် လိပ်စာမှတဆင့် ဆက်သွယ်စေလိုပါသည်။

ယာရာ သည် (က) Site သို့မဟုတ် တိကျသော ဝန်ဆောင်မှုများနှင့် စပ်လျဉ်းသည့် မည့်သည့်ကိရိယာကိုမဆို တိုးတက်ကောင်းမွန်စေရန်နှင့် ဖွံ့ဖြိးစည်ပင်စေရန်နှင့် (ခ) Site နှင့် ကိရိယာတို့အား ကောင်းစွာအသုံးပြုနိုင်ရေး ရည်ရွယ်ချက်များအတွက် ခြုံငုံရယူထားသည့် ဒေတာအချက်အလက်များအား တိုက်ရိုက်ပတ်သက်ခြင်းမရှိသည့် ပြင်ပအဖွဲ့အစည်းများ (ပြည်တွင်း နှင့်/သို့မဟုတ် ပြည်ပ) သို့ လွှဲပြောင်းပေးနိုင်သည်။

 

၁၁။ တိုက်ရိုက်ပတ်သက်ခြင်းမရှိသည့် ပြင်ပအဖွဲ့အစည်းများ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ လုံခြုံရေးမူဝါဒ

ဤ ပုဂ္ဂိုလ်ရေးဆိုင်ရာ လုံခြုံရေး မူဝါဒသည် ယာရာ က စီမံဆောင်ရွက်သော ကိုယ်ရေးအချက်အလက်များအား စုဝေးမှု၊ အသုံးပြုမှုနှင့် ဖွင့်ဟထုတ်ဖော်မှုတို့ကိုသာလျှင် ကိုင်တွယ်ဆောင်ရွက်ပါသည်။ ဤဝဘ်ဆိုက်မှ ကျော်ဖြတ်အသုံးပြုနိုင်သည့် အခြားဝဘ်ဆိုက်များတွင် ၎င်းတို့၏ ကိုယ်ပိုင် ပုဂ္ဂိုလ်ရေးဆိုင်ရာ လုံခြုံရေး မူဝါဒများနှင့် ကျင့်သုံးမှုများ ရှိကြသည်။ ကျွန်ုပ်တို့၏ အမှီအခိုကင်းသောကုန်ပစ္စည်းများဖြန့်ချိခွင့်ရကုမ္ပဏီများ၊ ပေးသွင်းသူများနှင့် လုပ်ငန်းတွဲဖက်လုပ်ကိုင်သူများတို့တွင်လည်း ၎င်းတို့၏ ကိုယ်ပိုင်ပုဂ္ဂိုလ်ရေးဆိုင်ရာ လုံခြုံရေးမူဝါဒများနှင့် ကျင့်သုံးမှုများ ရှိကြပါသည်။ တိုက်ရိုက်ပတ်သက်ခြင်းမရှိသော ပြင်ပအဖွဲ့အစည်းများအားလုံးထံသို့ သင်၏ သတင်းအချက်အလက်များအား ပံ့ပိုးခြင်းကိုဖြစ်စေ ပေးကမ်းမှု သို့မဟုတ် အရောင်းမြှင်တင့်ရေးဖြစ်စဉ်၏ အကျိုးအမြတ်အား ရယူခြင်းကိုဖြစ်စေ မဆောင်ရွက်မီ သင်သည် ၎င်းအဖွဲ့အစည်းများက ပံ့ပိုးထားရှိသည့် ပုဂ္ဂိုလ်ရေးဆိုင်ရာ လုံခြုံရေး မူဝါဒများနှင့် ရင်းနှီးအကျွမ်းတဝင်ရှိလာစေရန် ကျွန်ုပ်တို့က တိုက်တွန်းပါသည်။ ပုဂ္ဂိုလ်ရေးဆိုင်ရာ လုံခြုံရေး မူဝါဒအတွက် မြင့်မားသော စံချိန်စံညွှန်းများနှင့် လေးစားသမှုတို့ကို မျှဝေနိုင်သည့် ဝဘ်ဆိုက်များကိုသာ ချိတ်ဆက်နိုင်ရန် ကျွန်ုပ်တို့အနေဖြင့် ကြိုးစားနေသော်လည်း အခြားဝဘ်ဆိုက်များက စီမံခန့်ခွဲထားသည့် အကြောင်းအရာ သို့မဟုတ် ပုဂ္ဂိုလ်ရေးဆိုင်ရာ လုံခြုံရေး မူဝါဒများအတွက် ကျွန်ုပ်တို့အနေဖြင့် မည်သည့်နည်းနှင့်မျှ တာဝန်ယူမည်မဟုတ်ပါ။

 

၁၂။ ဤမူဝါဒအား ပြောင်းလဲမှုများနှင့် ပြင်ဆင်မှုများ

ပုဂ္ဂိုလ်ရေးဆိုင်ရာ လုံခြုံရေးမူဝါဒအား အခြေခံကျသော ပြောင်းလဲမှုများ သို့မဟုတ် သင်နှင့် နှီးနွယ်ပတ်သက်မှုရှိနိုင်ပြီး သင်၏ အခွင့်အရေးများအပေါ် သက်ရောက်မှုရှိနိုင်သော ပြောင်းလဲမှုများကို ပြုလုပ်သည့်အခါ ပြောင်းလဲမှုကို မပြုလုပ်မီ တင်ကြို၍ Site ပေါ်တွင် သီးခြားသတိပေးချက်တစ်ခုအား ထားရှိမည် နှင့်/သို့မဟုတ် အခြားနည်းဖြင့် သင့်အားဆက်သွယ်ပါမည်။

ပြဆိုထားပြီးသော ပြောင်းလဲမှုများကို လိုက်နာ၍ ဝဘ်ဆိုက်အသုံးပြုမှုကို ဆက်လက်ဆောင်ရွက်ရန် ဆန္ဒမရှိပါက သင့်လျော်သည့်အခါ Site အသုံးပြုမှုကို ရပ်နားရမည်ဖြစ်ပြီး This email address is being protected from spambots. You need JavaScript enabled to view it. မှဖြစ်စေ သက်ဆိုင်ရာ ပေါ်တယ်လ်မှတဆင့်ဖြစ်စေ ကျွန်ုပ်တို့ထံ ဆက်သွယ်ပြီး သင်၏အကောင့်အား ပိတ်သိမ်းရန် ယာရာ ထံသို့ တောင်းဆိုပါ။

 

၁၃။ စီရင်ပိုင်ခွင့်နှင့် သက်ဆိုင်ရာ ဥပဒေ

ဤပုဂ္ဂိုလ်ရေးဆိုင်ရာ မူဝါဒအား နော်ဝေနိုင်ငံ၏ ဥပဒေများအရ လွှမ်းမိုးတည်ဆောက်မည်ဖြစ်ပြီး မဖြစ်မနေလိုက်နာရသည့် ဒေသန္တရ ဥပဒေအတွက် ထည့်သွင်းသွားမည်ဖြစ်ကာ နော်ဝေတရားရုံးများ၏ ခြွင်းချက်မပါသော တန်းတူတရားစီပိုင်ခွင့်၏ လွှမ်းမိုးသက်ရောက်မှုခံရမည်ဖြစ်သည်။

၁၄။ မည်သို့ ဆက်သွယ်ရမည်နည်း

ကျွန်ုပ်တို့၏ ပုဂ္ဂိုလ်ရေး လုံခြုံမှုဆိုင်ရာ ကျင့်သုံးဆောင်ရွက်မှုများ သို့မဟုတ် ဤပုဂ္ဂိုလ်ရေးဆိုင်ရာ မူဝါဒနှင့် ပတ်သက်၍ မေးခွန်းများ သို့မဟုတ် သဘောထားမှတ်ချက်များ တစ်စုံတစ်ရာရှိပါလျှင် ကျေးဇူးပြု၍ ကျွန်ုပ်တို့အား ဆက်သွယ်ပါ။ ကျွန်ုပ်တို့ထံသို့ This email address is being protected from spambots. You need JavaScript enabled to view it. မှတဆင့် ရောက်ရှိနိုင်ပါသည်။

သင့်ဒေသရှိ ယာရာ ရုံးသို့ ညွှန်ပြထားသော အီးမေးလ်မှတဆင့်လည်း ကျွန်ုပ်တို့ထံသို့ ဆက်သွယ်နိုင်ပါသည်။

ကုမ္ပဏီ အတွင်းရေးမှူး၊ ယာရာမြန်မာ

သင့်ထံတွင် ဖြေရှင်းမရသော စိုးရိမ်ပူပန်မှုများရှိလျှင် သက်ဆိုင်ရာ ဥပဒေအရဖြစ်စေ ဝယ်ယူသူ၊ ပေးသွင်းသူနှင့် လုပ်ငန်းတွဲဖက်လုပ်ကိုင်သူတို့၏ ဒေတာအချက်အလက်အတွက် ယာရာ ၏ ဒေတာအချက်အလက် လုံခြုံရေး ညွှန်ကြားချက်၏ အများပြည်သူဖတ်ရှုနိုင်သည့် ဗားရှင်းအရဖြစ်စေ ထိုသို့သော စိုးရိမ်ပူပန်မှုများကို ဖြေရှင်းပေးရန် သင့်လျော်သည့် ကြီးကြပ်ရေးအတွက် ဆောင်ရွက်ခွင့်ပြုထားခံရသူထံသို့လည်း အရေးဆိုနိုင်ပါသည်။

သက်ရောက်သည့် ရက်စွဲ- ၂၀၁၈ ခုနှစ် မေလ ၂၅ ရက် / နောက်ဆုံးတည်းဖြတ်မွမ်းမံပြီး- ၂၀၁၈ ခုနှစ် မေလ ၂၅ ရက်


ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅