fbpx

Knowledge grows stories

Knowledge grows stories

ကမ္ဘာကြီး၏ နှလုံးခုန်သံနှင့် ကျွန်တော်တို့ချိတ်ဆက်ခြင်း

ကုမ္ပဏီရဲ့ ရည်မှန်းချက်အသစ်အတွက် Campaign ကို ပိုမိုတိုးတက်အောင် ဆောင်ရွက်ချိန်မှာတော့ ယာရာ က ကမ္ဘာမြေကြီးမှာ ၂၆ စက္ကန့်စီတိုင်း ဖြည်းဖြည်းလေးနဲ့ ပုံမှန်ခုန်နေတဲ့ နှလုံးခုန်သံတစ်ခု ရှိနေတယ်ဆိုတဲ့ အံ့ဩဖွယ် သိပ္ပံနည်းကျ အချက်အလက်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။

ကမ္ဘာကြီးရဲ့ နှလုံးခုန်သံကို ခံစားမိပါသလား?

Yara ရဲ့ Head of Brand Management ဖြစ်တဲ့ Juliana Xavier က

“ယာရာရေ၊ ဒီနှလုံးခုန်သံဆိုတာ ကမ္ဘာပေါ်ရှိ သက်ရှိတွေရဲ့ စည်းချက်ညီညီ ရှင်သန်လှုပ်ရှားနေကြတဲ့ ကမ္ဘာ့နှလုံးခုန်သံပါပဲ။ ဒါကြောင့်လည်း ကျွန်မတို့ရဲ့ ရည်မှန်းချက်ဖြစ်တဲ့  "သဘာဝပတ်ဝန်းကျင်ကို အကျိုးပြုတဲ့ စားနပ်ရိက္ခာအနာဂတ် (Nature-Positive Food Future)" တစ်ခု ဖြစ်လာစေဖို့အတွက်အတွက် အမှတ်သင်္ကေတတစ်ခု ဖြစ်လာနေပါတယ်”

လို့ ပြောကြားခဲ့ပါတယ်။

ဒီနေ့ခေတ် အစားအစာစနစ်က လူသန်းပေါင်းများစွာကို စားနပ်ရိက္ခာပံ့ပိုးပေးနိုင်ပေမယ့် ကမ္ဘာမြေကြီးကိုတော့ ဝန်ထုပ်ဝန်ပိုးဖြစ်လာစေပါတယ်။ စိုက်ပျိုးရေးစနစ်က ဖန်လုံအိမ်ဓာတ်ငွေ့ ၂၅% ခန့်ကို ထုတ်လွှတ်ပေးနေသလို ရေချို ၇၀% ခန့်ကိုလည်း သုံးစွဲနေရပါတယ်။ ဒီလိုမျိုး စိုက်ပျိုးရေးစနစ်က ဇီဝမျိုးစုံမျိုးကွဲတွေကို ပျောက်ကွယ်နိုင်စေပြီး အာဟာရဓာတ်တွေကိုလည်း ဆုံးရှုံးစေနိုင်ပါတယ်။ တစ်ချိန်တည်းမှာပဲ အစားအစာရဲ့ သုံးပုံတစ်ပုံခန့်ကိုလည်း အလဟသ ဖြစ်စေနိုင်ပါတယ်။ ယာရာ ရဲ့ ရည်မှန်းချက်အသစ်က အစားအစာစနစ်ကို ပြောင်းလဲနိုင်မယ့် အရေးပေါ်လိုအပ်ချက်တွေကို ဖော်ထုတ်ပေးဖို့ပဲဖြစ်ပါတယ်။

ရာသီဥတု ဖောက်ပြန်မှု၊ ရာသီဥတု ပြင်းထန်မှုနှင့် မြေဆီလွှာပျက်ဆီးမှုတို့က စိုက်ပျိုးရေးနှင့် အစားအစာဖူလုံမှုတို့ကို ခြိမ်းခြောက်နေပါတယ်။ ကမ္ဘာ့ကုလသမဂ္ဂ၏ မှတ်တမ်းတွေအရ ကမ္ဘာတဝှမ်းရှိ လူဦးရေ သန်း ၈၀၀ ကျော်က ဆာလောင်မွတ်သိမ်မှုကို ရင်ဆိုင်ခံစားနေကြရတယ်လို့ သိရှိရပါတယ်။

 

သဘာဝပတ်ဝန်းကျင်ကို အကျိုးပြုတဲ့ စားနပ်ရိက္ခာအနာဂတ် (Nature-Positive Food Future) တစ်ခုဖြစ်လာစေမယ့် စီးပွားရေးနည်းလမ်းသစ်။  

ကုမ္ပဏီက ရာသီဥတုနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လိုအပ်ချက်တွေကို ဖြည့်ဆည်းဆောင်ရွက် နိုင်ရေးအတွက် စီးပွားရေးလုပ်ငန်းပုံစံကို ပြုပြင်ပြောင်းလဲပြီး ဒီစိန်ခေါ်မှုတွေကို ဖြေရှင်းနိုင်အောင် လုပ်ဆောင်နေပါတယ်။ ရှေ့ဆက်ဆောင်ရွက်သွားမယ့် ကျွန်တော်တို့ရဲ့ မဟာဗျူဟာဖြစ်တဲ့ သဘာဝပတ်ဝန်းကျင်ကို အကျိုးပြုတဲ့ စားနပ်ရိက္ခာအနာဂတ် (Nature-Positive Food Future) ကလည်း ယာရာ ရဲ့ စဉ်ဆက်မပြတ် ရည်မှန်းချက်ဖြစ်တဲ့ လက်ရှိကြိုးပမ်းအားထုတ်မှုတွေမှာ ပါဝင်နေပါတယ်။

အခြားလုပ်ဆောင်မှုတွေမှာ အစားအစာထုတ်လုပ်ခြင်းနဲ့ အခြားစွမ်းအင်သုံး စက်မှုလုပ်ငန်းတွေက ကာဗွန်ဒိုင် အောက်ဆိုဒ်ဓာတ်ငွေ့ထုတ်လွှတ်မှုကို လျှော့ချနိုင်မယ့် သန့်စင်တဲ့ အမိုးနီးယားနှင့် သဘာဝဓာတ်မြေဩဇာ တွေကို တိုးတက်ထုတ်လုပ်ခြင်း၊ ကောင်းမွန်တဲ့ အာဟာရကို ထိထိရောက်ရောက် ပိုမိုအသုံးပြုနိုင်စေမယ့် သိပ္ပံနည်းပညာ ကဏ္ဍမှာ ရင်းနှီးမြုပ်နှံခြင်း၊ ပြန်လည်တိုးတက်ထွန်းကားလာတဲ့ စိုက်ပျိုးမွေးမြူရေးကဏ္ဍတစ်ခုလုံးကို ကောင်းမွန် စေဖို့ တွန်းအားပေးဆောင်ရွက်ခြင်း၊ သတင်းအချက်အလက် မျှဝေခြင်းနှင့် မြေပြင်သတင်း အချက်အလက်တွေကို စုဆောင်းခြင်းစတဲ့ အချက်တွေကို ရှေ့ဆောင်လုပ်ဆောင်ပြီး ဓာတ်ငွေ့ထုတ်လွှတ်မှုကို လျှော့ချနိုင်စေမည့် သိပ္ပံနည်း ကျ ရည်မှန်းချက်တွေကိုလည်း ချမှတ် အကောင်အထည်ဖော်ခြင်းတို့ ပါဝင်ပါတယ်။

Xavier က

“ယာရာ ရဲ့ တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် အစားအစာစနစ်ပြောင်းလဲအောင် ဆောင်ရွက်တဲ့နေရာမှာ အကျိုးရလဒ်ကောင်းတွေရနိုင်အောင် ကျွန်မတို့ဆောင်ရွက်ရမှာဖြစ်ပြီးတော့ ဒီလိုဆောင်ရွက်ဖို့အတွက်လည်း ကျွန်မတို့မှာ တာဝန်ရှိပါတယ်။ ကျွန်မတို့အားလုံးက လူသားတိုင်းအတွက် အာဟာရဓာတ်ပြည့်ဝသော အစားအစာကို ထုတ်လုပ်ဖြန့်ဖြူးပေးဖို့၊ ကျွန်မတို့ကြောင့် ထိခိုက်ခဲ့ရတဲ့ ကမ္ဘာမြေကြီးကိုလည်း ပိုမိုကောင်းမွန်လာအောင် ဆောင်ရွက်ချိန်မှာ မြေဆီလွှာကို ပြန်လည်ထိန်းသိမ်းဖို့နဲ့ ဓာတ်ငွေ့ထုတ်လွှတ်မှုကို လျှော့ချစေဖို့အတွက် အကောင်းဆုံး ဆောင်ရွက်ကြရမှာပဲဖြစ်ပါတယ်။ အဲဒါတွေက သဘာဝပတ်ဝန်းကျင်ကို ပြန်လည်ကောင်းမွန်စေတဲ့ နည်းလမ်းတွေပဲဖြစ်ပါတယ်”

လို့ ပြောကြားခဲ့ပါတယ်။

ယာရာ ကလည်း ရာစုနှစ်တစ်ခုကျော်ကြာ တောင်သူမျိုးဆက်သစ်တွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီး ကမ္ဘာမြေကို အစားအစာဖူလုံစေဖို့အတွက် တီထွင်ဆန်းသစ်မှု၊ ပိုမိုကောင်းမွန်တဲ့ ဖြေရှင်းနည်းတွေနဲ့ စိုက်ပျိုးရေးဆိုင်ရာ အသိပညာတွေကို မျှဝေပေးခဲ့ပါတယ်။

Xavier က

“ယာရာ က ကမ္ဘာတဝန်းလုံးမှာရှိတဲ့ တောင်သူလယ်သမားဦးရေ သန်း ၂၀ ကျော်နဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်။ စိုက်ပျိုးရေးကို ပိုမိုကောင်းမွန်လာစေပြီး ရေရှည်တည်တံ့ လာစေဖို့အတွက်လည်း အသိပညာဗဟုသုတတွေကို မျှဝေပေးပြီး ဖြေရှင်းနည်းတွေကို ပံ့ပိုးပေးနေပါတယ်။ ကျွန်မတို့ရဲ့ လက်တွေနဲ့ နေ့စဉ်နေ့တိုင်း မြေကြီးတွေကို ထိတွေ့နေကြတာပါ။ ဒါကြောင့် ဒီကမ္ဘာမြေမျက်နှာပြင်အောက်မှာ နှလုံးသွေးခုန်နေတယ်ဆိုတာ သိရှိလာတဲ့အချိန်မှာတော့ ကျွန်မတို့ရဲ့ Campaign အတွက် သိပ်ကိုလှပတဲ့ ဆောင်ပုဒ်တစ်ခုဖြစ်လာတာပါပဲ”

ဆိုပြီးလည်း ပြောဆိုခဲ့တယ်။

 EiKhQ1

သိပ္ပံနည်းကျအချက်တစ်ခုဖြစ်တဲ့ နှလုံးခုန်သံ

ကမ္ဘာတဝန်းလုံးရှိ ငလျင်တိုင်းတာရေးစခန်းတွေက ကမ္ဘာမြေကြီးက ၂၆ စက္ကန့်စီမှာ တစ်ကြိမ် နှလုံးခုန်နေကြောင်း တိုင်းတာသိရှိခဲ့ရပါတယ်။

University of Oslo ရဲ့ Department of Geosciences မှ တွဲဖက်ပါမောက္ခ Lars Eivind Augland က နှလုံးခုန်သံမှာ ကမ္ဘာမြေမျက်နှာပြင်တွင် ပုံမှန်လှုပ်ရှားနေတဲ့ တုန်ခါမှုလေးတွေ ပါဝင်နေတယ်ဆိုတာ ကိုလည်း ရှင်းပြလာပါတယ်။

- Augland က “နှလုံးခုန်သံဆိုတာ အချိန်မှန်မှန်၊ ရှင်းရှင်းလင်းလင်း၊ တိတိကျကျ ထုတ်လွှင့်နေတဲ့ အချက်ပြမှု နည်းနည်းလေးထဲက တစ်ခုပဲဖြစ်ပါတယ်။ အကြောင်းရင်းကို သေချာမသိနိုင်ပေမယ့် သမုဒ္ဒရာလှိုင်းလုံးတွေ၊ မီးတောင်တွေ၊ ပင်လယ်ကြမ်းပြင်အောက် အနည်အလွှာထဲမှာရှိပြီး ရေတွေပြည့်နေတဲ့ အက်ကွဲကြောင်းတွေထဲ တဖြည်းဖြည်းနဲ့ ဖိအားမြင့်လာခြင်းနှင့် ဖိအား လျော့ကျလာခြင်းတွေလိုမျိုး ဖြစ်နိုင်ချေရှိတဲ့ ရှင်းလင်းချက်တွေများစွာလည်း ရှိနေပါတယ်” ဟု ရှင်းပြထားပါတယ်။

- “ဒီတုန်ခါမှုတွေ ပုံမှန်ဖြစ်ပေါ်ပြီးတော့ ဆယ်စုနှစ်များစွာ ဆက်လက်တည်ရှိနေတယ်ဆိုတာက မှတ်သားစရာပါပဲ” ဆိုပြီး သူက ထောက်ပြပြောဆိုထားပါတယ်။

 

ပြည်တွင်းနှင့် ကမ္ဘာအနှံ့ ချိတ်ဆက်ဆောင်ရွက်ခြင်း

ဒီလိုနှလုံးခုန်နှုန်းအချက်ပြမှုတွေက အနောက်အာဖရိက၊ မြောက်အမေရိကနှင့် ဥရောပတို့မှာ သိသာအထင်ရှားဆုံးဖြစ်ပါတယ်။ ဒါပေမယ့် ဒီလိုအချက်ပြမှုတွေကို ကမ္ဘာတဝန်းရှိ ငလျင်တိုင်းတာစက်တွေမှာတော့ နှလုံးနှုန်းတစ်ခုအဖြစ် မှတ်တမ်းတင်ထားနိုင်ပါတယ်။

Juliana Xavier က

“ဒီဒေသတွေမှာ ဖြစ်နေတဲ့ ဖြစ်စဉ်တွေကို တစ်ကမ္ဘာလုံးက သိရှိခံစားနေရတာကြောင့် အကုန်လုံးက မျက်စိပွင့်နားပွင့်ဖြစ်လာနေကြတာပါ။ ကမ္ဘာမြေကြီးရဲ့ နှလုံးခုန်နှုန်းက ကမ္ဘာမြေနဲ့ ကျွန်မတို့ကို ချိတ်ဆက်ပေးပါတယ်”

လို့ ဆိုပါတယ်။

သူမအနေဖြင့်

“ကျွန်မတို့ရဲ့ ရည်မှန်းချက်ကို ယာရာတစ်ခုတည်းအနေနဲ့ အောင်မြင်အောင် ဆောင်ရွက်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ကမ္ဘာမြေရဲ့ နှလုံးခုန်သံက ပိုမိုကောင်းမွန်တဲ့ စားနပ်ရိက္ခာ အလားအလာကောင်းတွေရလာအောင် ဆောင်ရွက်တဲ့နေရာမှာ Yara ရဲ့ ဝန်ထမ်းတွေ၊ လယ်သမားတွေ၊ အစားအစာကုမ္ပဏီတွေဖြစ်ဖြစ်၊ အစိုးရဖြစ်ဖြစ် ပါဝင်ပူးပေါင်းလိုသူတိုင်းကို လှုံ့ဆော်ပေးနိုင်လိမ့်မယ်လို့လည်း မျှော်လင့်ထားပါတယ်။ နှလုံးခုန်သံတိုင်းက သဘာဝပတ်ဝန်းကျင်ကို အကျိုးပြုတဲ့ စားနပ်ရိက္ခာအနာဂတ် (Nature-Positive Food Future) တစ်ခုကို ကောင်းစွာဖြစ်ပေါ်လာစေနိုင်ဖို့အတွက်လည်း ကျွန်မတို့အားလုံး မြန်မြန်ဆန်ဆန် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်နေတယ်ဆိုတာကိုလည်း သတိပေးနေပါတယ်”

လို့ ပြောကြားပါတယ်။


ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅