fbpx

သီးနှံစိုက်ပျိုးရေးကဏ္ဍရှိ အမျိုးသမီးများ

သီးနှံစိုက်ပျိုးရေးကဏ္ဍရှိ အမျိုးသမီးများ

အမျိုးသမီးများက ကမ္ဘာ့ စိုက်ပျိုးရေး လုပ်သားအင်အားရဲ့ တဝက်နီးပါးခန့်ရှိနေပါတယ်။ ဒါပေမယ့် အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍကို ဖော်ထုတ်ပြသမှု နည်းပါးတာကြောင့် အရင်းအမြစ်တွေ ရရှိရေးကို ထိခိုက်စေပါတယ်။

ယာရာ ရဲ့  Women in Agronomy အစီအစဉ်က ဒီနယ်ပယ်မှာ အမျိုးသမီးများ ပါဝင်လာနိုင်အောင် ဆွဲဆောင်ပြီး စွမ်းဆောင်ရည်မြင့်မား၍ ရေရှည်လုပ်ကိုင်နိုင် တာကြောင့် စိုက်ပျိုးရေးကဏ္ဍမှာ အမျိုးသမီးတွေရဲ့ အသိပညာနှင့် ရပ်တည်နိုင်မှုကို မြှင့်တင်ရန် ရည်ရွယ်ထားပါတယ်။

ရည်ရွယ်ချက်ကတော့ လယ်ယာ စီးပွားရေးမှာ အမျိုးသမီးတွေ ပါဝင်လာနိုင်အောင် လမ်းဖွင့်ပေးဖို့ပဲဖြစ်ပါတယ်။

 

women Women in Agronomy အစီအစဉ်က အသိပညာဗဟုသုတဖလှယ်မှု၊ ကိုယ်ရည်ကိုယ်သွေး ဖွံ့ဖြိုးတိုးတက်လာမှု၊ ကောင်းရာကောင်းကျိုး လမ်းညွှန်ပေးနိုင်မှုနှင့် အယူအဆအလွဲတွေကို ရှောင်လွဲနိုင်မှုစတဲ့ အခွင့်အလမ်းကောင်းတွေ ရရှိလာစေဖို့အတွက်လည်း ကုမ္ပဏီအရာရှိတွေနဲ့ ပူးပေါင်းပြီး စွမ်းဆောင်ရည်အသစ်တွေကို ရရှိလာစေပါတယ်။

အယူအဆအလွဲတွေကို ရှောင်လွဲစေနိုင်တဲ့ ဆောင်ရွက်ချက်တစ်ခုကတော့ “The Courage to Be” စာအုပ်ကို ထုတ်ဝေခြင်းပဲဖြစ်ပါတယ်။ ဒီစာအုပ်မှာ ကုမ္ပဏီရှိ အမျိုးသမီးစွမ်းဆောင်ရည်ကို ပိုမိုသိသာထင်ရှားလာစေရန်၊ လယ်ယာစိုက်ပျိုးရေးကဏ္ဍမှာ သက်မွေးဝမ်းကြောင်းနည်းလမ်းမျိုးစုံ တိုးတက်လာစေရန်နှင့် ဒီကဏ္ဍရှိ မိရိုးဖလာလုပ်ကိုင်ဆောင်ရွက်မှုများကို ပြုပြင်ပြောင်းလဲရန်အတွက် အမျိုးသမီး (၄၃) ဦးအကြောင်းကို အသားပေးဖော်ပြထားပါတယ်။ Download the e-book 'The Courage to Be' (pdf, 9.3 MB)

 

Watch the teaser

 

 

၂၄၀ ဦး

ယနေ့အချိန်တွင် ဘွဲ့ရရှိပြီးသူများ

၁၃၅ ဦး

အစီအစဉ်တွင် ပါဝင်သည့် အမျိုးသမီးများ

၃၄ နိုင်ငံ

ကိုယ်စားပြုပါဝင်သည့် နိုင်ငံများ

အမျိုးသမီးအချင်းချင်း ကူညီပံ့ပိုးခြင်း

women2ယာရာရဲ့ Women in Agronomy အစီအစဉ်က ကုမ္ပဏီမှာ တာဝန်ထမ်းဆောင်နေကြတဲ့ အမျိုးသမီးတွေအတွက် သီးသန့်အခွင့်အရေး ပေးအပ်ထားပါတယ်။ စိုက်ပျိုးရေးနဲ့ဆက်စပ်တဲ့ လုပ်ငန်းခွင်တွေမှာ လုပ်ကိုင်နေကြတဲ့ အမျိုးသမီးတွေရဲ့ ဘဝကို ဖွံ့ဖြိုးတိုးတက်လာစေရန်၊ ရေရှည်လုပ်ကိုင် ဆောင်ရွက်နိုင်ရန်နှင့် အမျိုးသမီးဦးရေ ပိုမိုပါဝင်လာစေရန် ဒီဇိုင်းရေးဆွဲထားတဲ့ ဒီအစီအစဉ်က ဒီနေ့အချိန်အထိ ဘွဲ့ရအမျိုးသမီး စုစုပေါင်း (၂၄၀) ကျော်ဖြင့် တန်ဖိုးမဖြစ်နိုင်တဲ့ အတွေ့အကြုံတွေနဲ့ တိုးတက်လာနေတဲ့ အချင်းချင်းဆက်သွယ်ဆောင်ရွက်နိုင်မှုတွေကို ပံ့ပိုးပေးနိုင်ပါတယ်။

ကမ္ဘာ့လယ်ယာလုပ်သားအင်အားရဲ့ ထက်ဝက်ကျော်ဖြစ်တဲ့ ၄၃% ခန့်ကို ကိုယ်စားပြုနေတဲ့ အမျိုးသမီးတွေက ကျေးလက်စီးပွားရေး၏ အဓိက အရေးကြီးပြီး စားနပ်ရိက္ခာထုတ်လုပ်တဲ့ လုပ်ငန်းစဉ်တစ်ခုလုံးမှာ မရှိမဖြစ် အရေးပါတဲ့ ကဏ္ဍက ပါဝင်နေပါတယ်။ ကုမ္ပဏီမှာ အမျိုးသမီး စိုက်ပျိုးရေးပညာရှင်ပါဝင်တဲ့ ရာခိုင်နှုန်း တိုးလာစေရန်အတွက်လည်း ယာရာ က Women in Agronomy Program မှတဆင့် အမျိုးသမီးများရဲ့ လုပ်ငန်းခွင်တွင် ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ဖြေရှင်းပေးလျက်ရှိပါတယ်။

 

women3

ပိုမိုချိတ်ဆက်ဆောင်ရွက်လာနိုင်ခြင်း

ကိုလံဘီယာနိုင်ငံမှာ စိုက်ပျိုးရေးပညာရှင် (၃၃) ဦးနှင့် နည်းပညာရှင် (၃၃) ဦးတို့က အနီးကပ် ကြီးကြပ်ပေးပြီး အချင်းချင်းပိုမိုချိတ်ဆက်ဆောင်ရွက်ရန် လုပ်ပိုင်ခွင့်အပြည့်အဝပေးခဲ့တာကြောင့် ရလဒ်ကောင်းတွေများရရှိခဲ့တဲ့ ၂၀၂၂ ခုနှစ်မှာတော့ Yara ရဲ့ အဓိကဖြန့်ဖြူးရောင်းချသူ (၁၆) ဦးအထိ တိုးတက်လာခဲ့ပြီး ဒီအစီအစဉ်က ပိုပြီး အောင်မြင်လာခဲ့ပါတော့တယ်။

ကွန်ရက်အဖွဲ့တွေကတဆင့် ကမ္ဘာတစ်ဝှမ်းလုံးမှာရှိနေတဲ့ အမျိုးသမီးစိုက်ပျိုးရေးပညာရှင် အချင်းချင်း ဆွေးနွေးညှိနှိုင်းရန်၊ အသိပညာမျှဝေရန်နှင့် အခြားအမျိုးသမီးတွေနှင့် ဆက်သွယ်ဆောင်ရွက်နိုင်ရန် အတွက် လုံခြုံစိတ်ချရသော နေရာတွေကိုလည်း ဖန်တီးပေးနိုင်ပါတယ်။ အရည်အချင်းရှိတဲ့ အမျိုးသမီးတွေက သူတို့၏ ကျွမ်းကျင်မှုတွေနဲ့ ကိုယ်ရေးအချက်အလက်တွေကို ခေါင်းဆောင်တွေနှင့် အခြားသူတွေကို ထုတ်ဖော်ပြသနိုင်သည့် လမ်းကြောင်းတစ်ခုဖြစ်လာစေနိုင်တဲ့ နည်းလမ်းကောင်းတွေကိုလည်း ဖော်ဆောင်နေပြီးဖြစ်ပါတယ်။

 

Where we are now


ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅