fbpx

Knowledge grows stories

Knowledge grows stories

စိုက်ပျိုး‌ရေးထုတ်ကုန်များ ပိုမိုကောင်းမွန်လာစေရန် မြေဆီလွှာကိုလည်း ဟန်ချက်ညီညီထိန်းသိမ်းကြဖို့လိုအပ်

ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေထုတ်လုပ်ရာမှာ အခြေခံအကျဆုံအချက်ကတော့ ကျန်းမာသန်စွမ်းတဲ့ မြေဆီလွှာ‌ပေါ်မှာစားသောက်ကုန်များ ထုတ်လုပ်ခြင်းဖြစ်ပါတယ်၊၊

စိုက်ပျိုးရေးထုတ်ကုန်တွေ အရည်အသွေးပိုမိုကောင်းမွန်လာစေရေးအတွက် အဓိကကျသည်မှာ မြေဆီလွှာဖြစ်တာ‌ကြောင့် ထုတ်ကုန်တိုးစေရေးဆိုသည်ထက် အဟာရပြည့်၀သောသီးနှံရရှိဖို့နဲ့ မြေဆီလွှာကိုကောင်းမွန်ရေးကို ဦးစားပေးလုပ်ဆောင်ဖို့ လိုအပ်နေပြီဆိုတာကို တောင်သူတွေ အနေနှင့် သိနားလည်လာပြီဖြစ်ပါတယ်။

“လက်မှုလယ်ယာတုန်းကတော့ မိုးစပါး၊နွေစပါးစိုက်ရင် တစ်ဧကအထွက်နှုန်းက တင်း၆၀၊တင်း၇၀ လောက်ပျှမ်းမျှပေါ့၊၊ သက်တမ်းကလည်း တစ်ခါစိုက်ရင် ၄လ၅လလောက်တော့ကြာတယ်၊၊ မိုးစပါးဆိုရင် ၆လလောက်တော့ ကြာတယ်၊၊ နွေရောမိုးရောစိုက်တော့ လူလည်းမနားရဘူး၊၊ မြေလည်းမအားရဘူး၊၊ စိုက်တာတွေကများလာတော့ မြေသြဇာဆုံးရှုံးမှုတွေကလည်း များလာတယ်၊၊ ဒါကြောင့် မြေကိုပြုပြင်မှရတော့မယ်၊ သီးနှံကိုပဲ အစာကျွေးနေလို့မရတော့ဘူး၊၊ မြေကိုအရည်အသွေး တစ်ခုရအောင် ကောင်းမွန်တဲ့မြေမျိုးရရှိအောင် တောင်သူတွေကလုပ်မှရတော့မယ်”

လို့ လှည်းကူးမြို့နယ် စပါးစိုက်တောင်သူ ကိုလှမျိုးက ပြောပါတယ်၊၊

မြေဆီဩဇာကောင်းမွန်ခြင်းဟာ ကျန်းမာသန်စွမ်းပြီး ဖြစ်ထွန်းမှုရှိတဲ့ စိုက်ခင်းတွေရဲ့ အခြေခံ အုတ်မြစ် တစ်ခု ဖြစ်ပါတယ်။ ကောင်းမွန်တဲ့ မြေဆီလွှာဆိုတာဟာ သတ္တုဓာတ်များနဲ့ အဏုဇီဝသက်ရှိတွေရဲ့ ဟန်ချက်ညီမှုကိုပံ့ပိုးပေးနိုင်သလို ဆွေးမြည့်ပျက်စီးနေတဲ့ အော်ဂဲနစ်ဒြပ်စင်တွေကိုလည်း အမြစ်ဆီသို့ ထောက်ပံ့ပေးနိုင်ပါတယ်။ မြေဆီလွှာဟာ သဘာဝအရဆိုရင် အာဟာရဓာတ်တွေ ကြွယ်ဝပြီး သက်ရှိများစွာပါဝင်နေတဲ့အရာဖြစ်တာကြောင့် မြေဆီလွှာကို ရှုပ်ထွေးတဲ့ သက်ရှိစနစ်တစ်ခုလို့ ခေါ်ဆိုကြတာ ဖြစ်ပါတယ်။ 

မြေဆီလွှာမှာ အာဟာရဓာတ်တွေ ကုန်ခမ်းလာခြင်းဟာ သာမန်ကိစ္စလို့ ထင်စရာရှိပါတယ်။ သို့ပေမဲ့ ဒီဖြစ်စဥ်ဟာ လူသားတွေရဲ့ ကျန်းမာရေးအပေါ်မှာ သိသိသာသာ သက်ရောက်မှု ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ အာဟာရဓာတ်ကုန်ခမ်းနေတဲ့ မြေဆီလွှာမှာ စိုက်ပျိုးထားတဲ့ သီးနှံတွေက ကျန်းမာရေးအတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေ လျော့နည်းလာပါတယ်၊၊ ယနေ့ခေတ် ကြုံတွေ့နေရတဲ့ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေရဲ့ အာဟာရတန်ဖိုး ကျဆင်းလာခြင်းဟာ မြေဆီလွှာမှာရှိနေတဲ့ သတ္တုဓာတ်တွေ ကုန်ခမ်းခြင်းကနေ အစပြုတာဖြစ်ပါတယ်။ မြေဆီဩဇာကောင်းပြီး သတ္တုဓာတ်ကြွယ်ဝတဲ့ မြေဆီလွှာသာ မရှိရင် သီးနှံတွေ စိုက်ပျိုးနိုင်မှာ မဟုတ်သလို အာဟာရပြည့်ဝတဲ့ အစားအစာတွေကိုလည်း ထုတ်လုပ်နိုင်မှာ မဟုတ်ပါဘူးဆိုတာကို ယာရာနှင့် ပူးပေါင်းလုပ်ဆောင်နေတဲ့ ယနေ့ခေတ်တောင်သူတွေ ကောင်းစွာသိရှိလာပါပြီ။

“တောင်သူလယ်သမားဘ၀ဆိုတာ လူသားတွေအတွက် စားနပ်ရိက္ခာထုတ်လုပ်ဖို့နဲ့ အဟာရပြည့်၀တဲ့ဆန်စပါးတွေကို စိုက်ပျိုးထုတ်လုပ်ဖို့ဆိုတာ ကျွန်တော်တို့တာ၀န်လို့ မှတ်ယူထားပါတယ်၊၊ ၂၀၁၈လောက်မှာ ယာရာနဲ့တွေ့ပြီးနွေစပါးကို စမ်းသပ်ကွက်လေးလုပ်ခဲ့တယ်၊၊ တင်း၉၀လောက်ထွက်နေတာကနေ တင်း၁၂၀နီးပါးထွက်ခဲ့တယ်၊၊ အခြားကွက်တွေနဲ့ယှဥ်ရင် မြေနဲ့သီးနှံမှာလည်း အားသာချက်တော်တော်များများကိုတွေ့ရလို့ ယာရာကိုအသိအမှတ်ပြုပါတယ်၊၊ တောင်သူတစ်ယောက်အနေနဲ့ကိုယ်စိုက်ပျိုးတဲ့မြေတွေကို ကောင်းမွန်ပြီးတော့ ရေရှည်တည်တံ့ ခိုင်မြဲဖို့အတွက် တာ၀န်ရှိတယ်လို့ မှတ်ယူထားပါတယ်”

လို့ ကိုလှမျိုးက ဆက်လက် ပြောကြားပါတယ်၊၊

နေ့စဥ်စားသုံးနေတဲ့ အစားအစာရဲ့ ၅၀ရာခိုင်နှုန်းကို မြေဆီလွှာမှ ထုတ်လုပ်ပေးနေတာ ဖြစ်ပါတယ်၊၊ လွန်ခဲ့တဲ့နှစ်ပေါင်း (၅၀) ခန့်ကစလို့ စိုက်ပျိုးနည်းပညာထွန်းကားလာပြီးတော့ အစားအစာထုတ်လုပ်မှု ပမာဏတိုးတက်လာပေမယ့် မြေဆီလွှာနဲ့ပတ်ဝန်းကျင်အပေါ် ဆိုးကျိုးများသက်ရောက်ခဲ့ပါတယ်။ ကျန်းမာသန်စွမ်းသော မြေဆီလွှာနဲ့အာဟာရပါဝင်မှုက စိုက်ပျိုးသီးနှံအာဟာရဆိုင်ရာ အရည်အသွေးပေါ် တိုက်ရိုက်သက်ရောက်မှု ရှိတာကြောင့် အမျိူးမျိူးသော စိုက်ပျိုးနည်းစနစ်တွေကို လိုက်နာကျင့်သုံးခြင်းဖြင့် ရေရှည်တည်တံ့တဲ့ မြေဆီလွှာစီမံခန့်ခွဲမှုကို အားပေးရာရောက်ပါတယ်။

မြေဆီလွှာဟာ အစားအစာထုတ်လုပ်မှုရဲ့ အခြေခံအကျဆုံးဖြစ်ပြီး အားလုံးနီးပါးသောသီးနှံပင်ရဲ့ ကြီးထွားဖွံ့ဖြိုးမှုအတွက် အထောက်အပံ့ပေးရာ နေရာလည်းဖြစ်ပါတယ်၊၊ မြေဆီလွှာကို နည်းနိုင်သမျှ အနည်းဆုံးထွန်ယက်ခြင်း၊ မြေဖုံးစိုက်နည်း၊ သီးလှည့်စိုက်ပျိုးခြင်းတွေကို ကျင့်သုံးခြင်းဖြင့်မြေဆီလွှာ ပျက်သုဉ်းခြင်းကိုလျော့ချကာ မြေဆီလွှာကို တိုးတက်ကောင်းမွန်စေပြီး အထွက်နှုန်းတိုးတက်စေ ပါတယ်၊၊ ရေရှည်တည်တံ့သော မြေဆီလွှာစီမံခန့်ခွဲမှုကို လုပ်ဆောင်ခြင်းအားဖြင့် အစားအစာထုတ်လုပ် မှုကို ၅၈ရာခိုင်နှုန်းအထိ တိုးတက်လာစေနိုင်ပါတယ်၊၊


ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅