ခရမ်းချဉ်စိုက်ပျိုးထုတ်လုပ်ရေးတွင် မိုလီဒီနမ်အာဟာရ၏ အခန်းကဏ္ဍ
မိုလီဒီနမ်သည် နိုက်ထရိတ်ဓာတ်လျှော့ပစ္စည်း၏ အရေးပါသောအစိတ်အပိုင်းတစ်ခု ဖြစ်သဖြင့် နိုက်ထရိုဂျင် ဇီဝတွင်းဖြစ်ပျက်မှုနှင့် ရောင်ခြယ်ပစ္စည်းများနှင့် ကလိုရိုဖီးလ်တို့ ဖြစ်ပေါ်ခြင်းတို့တွင်ပါဝင်သည်။
ကြီးထွားမှုအဆင့်များရှိ မိုလီဒီနမ်၏ အကျိုးသက်ရောက်မှု
အဆင့် | မိုလီဒီနမ်၏ အကျိုးသက်ရောက်မှု | |
အပင်ငယ် | ကောင်းမွန်သော အညွန့်ကြီးထွားမှုကိုသေချာစေသည်။ | |
ပင်ပိုင်းကြီးထွားမှု | ကြီးထွားမှုရပ်တန့် မနေစေဖို့ အရေးကြီးသည်။ |
ခရမ်းချဉ် ကြီးထွားမှုအဆင့်များတွင် နောက်ထပ်ကြည့်ပါ။
ခရမ်းချဉ် မြေသြဇာအစီအမံ
ကျွန်ုပ်တို့၏ကျွမ်းကျင်ပညာရှင်များက အသေးစိတ်ရှင်းလင်းတင်ပြထားချက်အရ ယာရာ (Yara) ၏ခရမ်းချဉ်အတွက် အာဟာရပေးခြင်းအစီအစဉ်သည်သင့်အား အခြေနေကောင်းမွန်သောသီးနှံပင်ကို ရရှိစေနိုင်ပါမည်။
မိုလီဒီနမ်အသုံးပြုခြင်းအတွက်ယေဘုယျလမ်းညွှန်ချက်များ
အခြားတစ်နည်းကဲ့သို့ အာဟာရများနှင့်နှိုင်းယှဉ်ရာတွင် မိုလီဒီနမ်သည်အလွန်နည်းပါးသော ပမာဏသာလိုအပ်သည်။ ငန်သောမြေများထက် ချဉ်သောမြေများတွင်အာဟာရချို့တဲ့မှုကိုပိုမိုတွေ့ရသည်။
ခရမ်းချဉ်မိုလီဒီနမ် ချို့တဲ့မှုများ
မိုလီဒီနမ်အာဟာရချို့တဲ့မှုသည် သက်တမ်းအိုသောအရွက်များ (အရွက်ရင့်များ) တွင် ရွက်ကြောများအကြားစက်ပြောက်ဆဲလ်သေခြင်းအဖြစ် စတင်သည်။ အသေးဆုံးရွက်ကြောများလည်း ဆဲလ်သေခြင်းဖြစ်လာကြသည်။ အရွက်များ၏အဖျားများအပေါ်သို့ ကွေးသွားကြသည်။ တိုးလာသောပြင်းထန်သည့် အာဟာရချို့တဲ့မှုများနှင့် အတူဆဲလ်သေဧရိယာများသည် တစ်သျှူးသေစက်ပြောက်များဖြစ်လာသည်။ အရွက်သေခြင်းကိုဖြစ်စေသည့် အရွက်များသည် ရွက်ထိပ်မှစ၍သေသည်။ ပန်းပွင့်ဖွံ့ဖြိုးခြင်းကိုအဟန့်အတားဖြစ်စေပြီး အထွက်ကို ဆိုးရွားစွာလျော့ကျစေသည်။
ခရမ်းချဉ်မိုလီဒီနမ်နှင့်အခြားအာဟာရများချို့တဲ့ခြင်းအကြောင်းကို ခရမ်းချဉ်သီးနှံ အာဟာရပေးခြင်းတွင် နောက်ထပ်ကြည့်ပါ။