ခရမ်းချဉ်စိုက်ပျိုးထုတ်ရေးတွင် မဂ္ဂနီးစ်၏ အခန်းကဏ္ဍ
မဂ္ဂနီးစ်သည် ကလိုရိုဖီးလ်ဖြစ်ပေါ်ခြင်းနှင့် ဆဲလ်များရှိ အောက်ဆိုဒ်ဓာတ် လျှော့ခြင်း ဓာတ်ပြုခြင်းများအတွက် လိုအပ်သည်။
၎င်းသည် အက်စ်ကောဘစ် အက်ဆစ် (ascorbic acid) (Vitamin C) ဖြစ်ပေါ်ခြင်းတွင်လည်း ပါဝင်သည်။
အပင်ကြီးထွားမှုအဆင့်များရှိ မဂ္ဂနီးစ်၏အကျိုးသက်ရောက်မှု
အဆင့် | မဂ္ဂနီးစ်၏အကျိုးသက်ရောက်မှု |
---|---|
အပင်ငယ် | ကောင်းမွန်သော အရွက်အညွန့်ကြီးထွားမှုကို သေချာစေသည်။ |
ပင်ပိုင်းကြီးထွားမှု | အပင်ကြီးထွားမှုကို ရပ်တန့် မနေစေပါ။ |
ခရမ်းချဉ်ကြီးထွားမှုအဆင့်များတွင် နောက်ထပ်ကြည့်ပါ။
ခရမ်းချဉ်မြေသြဇာအစီအစဉ်
ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များက အသေးစိတ်ရှင်းလင်းတင်ပြထားချက်အရ ယာရာ (Yara) ၏ ခရမ်းချဉ်အတွက် အာဟာရပေးခြင်း အစီအမံများသည် သင့်အား အခွအေနေ ကောင်းမွန်သော သီးနှံပင်များကို ရရှိစေနိုင်ပါမည်။
မဂ္ဂနီးစ်အသုံးပြုရေးအတွက် ယေဘုယျလမ်းညွှန်ချက်များ
မြင်ရခဲသောကြောင့် ယာယီအာဟာရချို့တဲ့မှုများကို စိုစွတ်သည့်ရာသီများ သို့မဟုတ် သဲဆန်သောမြေ သို့မဟုတ် မြေချဉ်ငန်ဓာတ်မြင့်သော စိမ့်မြေများတွင် တွေ့ရှိနိုင်သည်။ မဂ္ဂနီးစ်သည် အပင်တွင် ကောင်းးမွန်စွာ မရွေ့လျားနိုင်ပါ။ အာဟာရချို့တဲ့မှုများကို ရွက်ဖျန်းမြေသြဇာများ ပက်ဖျန်းခြင်းဖြင့် အကောင်းဆုံး ကာကွယ်နိုင်သည်။ ယာယီ မဂ္ဂနီးစ်အာဟာရချို့တဲ့ခြင်းကို ‘ပြောက်ကျား ကြီးထွားမှု’ အဖြစ်အသိများပြီး အပင်ကြီးထွားမှုလျှင်မြန်သည့် အပြိုင်းအရိုင်းထွက်ချိန်တွင် မြင်တွေ့နိုင်သည်။
ခရမ်းချဉ် မဂ္ဂနီးစ်အာဟာရချို့တဲ့ခြင်း
ခရမ်းချဉ်သီးများသည် မဂ္ဂနီးစ်အာဟာရချို့တဲ့ခြင်းကို အလွန်ခံနိုင်ရည်နည်းပါသည်။ ရွက်ကြောကြားဧရိယာများတွင် ရွှေရောင်စက်ပြောက်များ ဖွံ့ဖြိုးလာကြပြီး အရွက်ကို ပြောက်ကျားပုံစံဖြစ်စေသည်။ အလွန်သေးငယ်သော ရွက်ကြောများအပါအဝင် ရွက်ကြောအားလုံးနှင့် ရွက်ကြောများတစ်ဝိုက်တွင် စိမ်းမြဲစိမ်းနေသည်။ ရွက်ရိုးများတွင်အလားတူ လက္ခဏာများ ဖွံ့ဖြိုးနိုင်သည်။ အာဟာရချို့တဲ့မှု ပြင်းထန်ပါက နည်းပါးသော ပန်းပွင့်များ သို့မဟုတ် အသီးများသာ ဖွံ့ဖြိုးလာမည်။
ခရမ်းချဉ် မဂ္ဂနီးစ်အဆိပ်သင့်ခြင်း
မဂ္ဂနီးစ်အဆိပ်သင့်ခြင်းကို မြေချဉ်ငန်ဓာတ်နိမ့်သော မြေများ သို့မဟုတ် အက်ဆစ်ဖြစ်စေသော မြေသြဇာများကို အလွန်အကျွံသုံးသော နေရာများတွင် စိုက်ပျိုးထားသည့် ခရမ်းချဉ်သီးနှံများတွင် တွေ့နိုင်သည်။ ပင်စည်များနှင့်ရိုးတံများ အထူးသဖြင့် အဆစ်ဧရိယာများတွင် တစ်ရှူးသေဒဏ်ရာများကို ပြသနိုင်သည်။
ခရမ်းချဉ်သီး မဂ္ဂနီးစ်နှင့်အခြားအာဟာရချို့တဲ့မှုအကြောင်းကို ခရမ်းချဉ် သီးနှံအာဟာရ ပေးခြင်းတွင် ကြည့်ပါ။