fbpx

သီးနှံအာဟာရ ဖြေရှင်းနည်းများ

ကော်ဖီ

မြေကြီးနှင့်ရေလိုအပ်ချက်များ

အကောင်းဆုံးကော်ဖီ စိုက်ပျိုးထုတ်လုပ်ရေးသည် အာဟာရဓာတ်များနှင့် မြေဆွေးပါဝင်မှု ပေါကြွယ်ဝပြီး ရေသွင်းရေထုတ် ကောင်းမွန်သည့် မြေတွင် ဖြစ်ထွန်းပါသည်။

မာကျစ်သော ရွှံ့စေးမြေများ၊ စိမ့်ဝင်တိုက်စားနေသော သဲမြေများ သို့မဟုတ် ကျောက်စရစ်မြေများကို ရှောင်ရှားနိုင်လျှင် အကောင်းဆုံးဖြစ်သည်။


မြေကြီးဖွဲ့စည်းတည်ဆောက်ပုံသည် ကြီးမားသည့် အမြစ်ဇုံကို ဖွံ့ဖြိုးစေသဖြင့် အပင်သည် ခြောက်သွေ့ရာသီအတောအတွင်း ရေကို ရနိုင်ဆဲပင်ဖြစ်သည်။ အမြစ်၏ အနက်သည် မြေကြီးအခြေအနေအပေါ် မူတည်ပါတယ်။ သို့ရာတွင် ရေသောက်မြစ်သည် မြေမျက်နှာပြင်အောက် ၃ - ၄ မီတာအနက်ထိ ရှည်ပါတယ်။ ၎င်းတို့သည် ပင်စည်မှ ၂ မီတာလောက်ဆန့်ထွက်သော ဘေးထွက် အမြစ်များက အထောက်အပံ့ပေးကြပါတယ်။


သို့ရာတွင် အစာစားသုံးသောအမြစ်တွေရဲ့ ၈၀% ကျော်ကျော်သည် ပင်စည်မှ အချင်းဝက် ၁ မီတာအထိ ရှိကာ မြေကြီးအနက် ၂၀ - ၃၀ စင်တီမီတာတွင် ရှိပါတယ်။ အကျိုးရလဒ်အနေဖြင့် အာဟာရဓာတ်စုပ်ယူမှု များစေရန်အလို့ငှာ ဤကျဉ်းသော အမြစ်ဇုံပေါ်သို့ မြေသြဇာအများစုကို အသုံးပြုသင့်ပါတယ်။ ကောင်းမွန်သော ရေနုတ်မြောင်းသည် ပိုလျှံသည့် မိုးရေတွေကိုအမြစ်ဇုံမှ ဝေးရာသို့ ဖယ်ရှားရာတွင် အရေးကြီးပါတယ်။ သင့်တော်သည့် ကော်ဖီထုတ်လုပ်ရေးအတွက် သင့်တော်သည့် မြေကြီးချဉ်ငန်ဓာတ်မှာ ၅.၂ မှ ၆.၃ အထိဖြစ်သည်။ သို့ရာတွင် လက်တွေ့တွင် ကော်ဖီကို မြေကြီးချဉ်ငန်ဓာတ် ၄.၀ အောက်နှင့် ၈.၀ အထက်တွင် စိုက်ပျိုးကြပါတယ်။

 

ကောင်းမွန်သော အာဟာရရှိမှုကို သေချာစေရန် မြေချဉ်ငန်ဓာတ်နိမ့်သော မြေများတွင် ထုံးကျွေးရန် လိုအပ်ပါတယ်။


အစိုဓာတ်ကို ထိန်းသိမ်းရန်၊ သြဂဲနစ်ပစ္စည်းကို တိုးတက်စေရန်နဲ့ဲ့အာဟာရဓာတ်များကို ပြန်လည်အသုံးပြုရန် စိုက်ပျိုးသူများသည် ကော်ဖီသီး အနှစ် မြေဆွေးကို စိုက်ခင်းထဲသို့ ပုံမှန်ကျွေးကာ မြေဖုံးခြင်းကို ကျယ်ပြန့်စွာ ကျင့်သုံးကြပါတယ်။ ကောင်းမွန်စွာ မဆွေးမြေ့သော မြေဆွေးများရှိ အမိုနီယမ်က ပျိုးပင်ငယ်များကို လောင်တတ်သော ပြဿနာများကို ရှောင်ရှားရန် မြေဆွေးများကို ဂရုတစိုက် အသုံးပြုပါ။


ကော်ဖီအတွက် မျှတသည့် ရေလိုအပ်ချက်တိကျမှုကို ခန့်မှန်းခြင်းက အရေးကြီးပါတယ်။ အဘယ်ကြောင့်ဆိုသော် ရေနည်းလွန်းခြင်းက အပင်ညှိုး နွမ်းခြင်း သို့မဟုတ် အခြား အစိုဓာတ်ဖိအားရဲ့ မြင်နိုင်သည့် လက္ခဏာများ မပြဘဲ အပင်ကြီးထွားမှုကို လျော့နည်းစေပါတယ်။ကော်ဖီပင်က အသုံးပြုသော ရေကို အပင်မှ ပင့်ပျံခြင်းနှင့် ရေရေပျံခြင်း အညွှန်းကိန်း အချိုးအဖြစ်ဖော်ပြပါတယ်။ သတ်မှတ်ကိန်း (Kc) ဟုလည်း ခေါ်ကြပါသည်။


သီးနှံစိုက်ပျိုးမှု သုံးစွဲခြင်း၏ လိုအပ်ချက်နဲ့ကိုက်ညီတဲ့ ရေအသုံးချမှုကို ဖြစ်စေသောအမျိုးအစား စီမံခန့်ခွဲမှုရှိသည့် သွင်းရေးစနစ်ကို အသုံးပြုသောအခါမှ သွင်းရေစနစ်၏ အကျိုးပြုမှုကို အပြည့်အဝ ရရှိနိုင်မည်ဖြစ်ပါတယ်။ သီးနှံအထွက်နှုန်းကို မထိခိုက် စေဘဲ ရေကို ချွေတာရန်အတွက် ကောင်းမွန်သော သွင်းရေ စီမံခန့်ခွဲမှု မဟာဗျူဟာ လိုအပ်ပါတယ်။ ထို့အပြင် သွင်းရေကို အတိအကျပြုလုပ်မည့်ကာလကို သတ်မှတ်ခြင်းသည် ရေစီမံခန့်ခွဲရေးထိရောက်မှုဆန်းစစ်ချက်ရဲ့ အဓိကအဆင့်များထဲကတစ်ခုပဲဖြစ်ပါတယ်။ ရေမရှိခြင်းသည် အပင်ညှိုးနွမ်းခြင်း သို့မဟုတ် အခြားသော ရောဂါလက္ခဏာများ မပြဘဲ အပင်ကြီးထွားမှုကို များစွာ လျော့နည်းစေရာ ကော်ဖီခင်းတွင် တိကျသော ရေလိုအပ်မှု ခန့်မှန်းချက်များရှိရန် အရေးကြီးပါတယ်။

သင့်ရဲ့ ကော်ဖီသီးနှံမှာ အဟာရချို့တဲ့ခြင်း ရှိနေပါသလား

သင့်ရဲ့ သီးနှံမှာ အဟာရချို့တဲ့ခြင်း ရှိနေပါသလား။ အောက်ပါ ဇယားတွင် သီးနှံအဟာရချို့တဲ့ခြင်းများကို အလွယ်တကူ ရှာဖွေပါ။

N နိုက်ထရိုဂျင်
B ဘိုရွန်
Cu ကော့ပါး
Fe အိုင်ရွန်း (သံဓာတ်)
Mn မဂ္ဂနီး
Mo မော်လီဒီနမ်
Zn ဇင့်
P ဖော့စဖောရပ်
Mg မဂ္ဂနီစီယမ်
Ca ကယ်လစီယမ်
K ပိုတက်ဆီယမ်
S ဆာလဖာ

အားလုံးကို ကြည့်ရန်

မှန်ကန်သောအာဟာရစီမံခန့်ခွဲမှုက ကော်ဖီ သီးနှံများကို မည်သို့ အကျိုးသက်ရောက်နိုင်သလဲ

ကော်ဖီ သီးနှံအာဟာရဆောင်းပါး အားလုံးကို ကြည့်ရန်


ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅