fbpx

သီးနှံအာဟာရ ဖြေရှင်းနည်းများ

ကော်ဖီ

အာဟာရဓာတ်ဆိုင်ရာအကျဉ်းချုပ်

အားသွန်ခွန်စိုက်လုပ်ပြီး နေရောင်အပြည့်အဝအောက်တွင် စိုက်ပျိုးပါက ကော်ဖီပင်များအတွက် အာဟာရဓာတ်မြင့်မားစွာလိုအပ်ပါတယ်။

ပုံမှန်အားဖြင့် ပထမ ၂ နှစ်အရွယ် အပင်နုစဉ် အတောအတွင်း မြေသြဇာလိုအပ်ချက်နည်းပါတယ်။ အမှန်တကယ်တွင် ဤအဆင့်၌ အရွက်ညွန့်ကြီးထွားမှုနှင့် အမြစ်ကြီးထွားမှုတို့ကို အချိုးမညီ ဟန်ချက်ပျက်တတ်သဖြင့် နိုက်ထရိုဂျင်အလွန်အကျွံမသုံးရန် အရေးကြီးပါတယ်။


ပုံမှန်အားဖြင့် ၃ နှစ်နှင့် နောက်ပိုင်း ကော်ဖီသီးအထွက်နှုန်းအများဆုံးအချိန်တွင် အာဟာရအသုံးချနှုန်း မြင့်မားပါတယ်။ ဤအဆင့်တွင် ခူးဆွတ်ထားသော ကော်ဖီသီးမှ အဆီဖယ်ရှားခြင်းသည် အကောင်းဆုံးဖြစ်ပါတယ်။ တောင်စောင်းတွင် စိုက်ပျိုးပြီး မိုးရေချိန် အများအပြား ရနိုင်သော ကော်ဖီပင်များတွင် မြေမျက်နှာပြင်မှ ရေစီးခြင်းနှင့် အာဟာရဓာတ်ဆုံးရှုံးခြင်းက အဓိက ပြဿနာဖြစ်နိုင်ပါတယ်။


ကော်ဖီသီးအနှစ်ကို ပြန်လည်အသုံးပြုကာ ခေါင်နှိမ်ခြင်းဖြင့် မြေဖုံးခြင်းသည် အာဟာရဓာတ်များကို ပြန်လည်အသုံးပြုစေသော်လည်း အပင်၏လိုအပ်ချက်ကို ရောက်ရှိရန် သင့်တော်သည့် မြေသြဇာအသုံးပြုရန် လိုအပ်နေဆဲပဲဖြစ်ပါတယ်။ အသုံးများသော အလေ့အထမှာ သင့်တော်သည့် အပင်ကြီးထွားမှုကို ထိန်းသိမ်းထားရန် စိုက်ပျိုးရာသီတစ်လျှောက်လုံး အထူးသဖြင့် နိုက်ထရိုဂျင်နှင့် ပိုတက်ဆီယမ် မြေသြဇာကို မကြာခဏ အသုံးပြုခြင်းပဲဖြစ်တယ်။


အများလိုအာဟာရဓာတ်များ


နိုက်ထရိုဂျင်နှင့်ပိုတက်ဆီယမ်တို့သည် ပမာဏအတူတူလိုအပ်ပါတယ်။ နှစ်မျိုးစလုံးကိုစုပ်ယူရန် အပင်ကြီးများတွင် တစ်ဟက်တာလျှင် ၁၅၀ကီလိုဂရမ်မှ ၂၅၀ကီလိုဂရမ်ကြား ထည့်ပေးရန် လိုအပ်ပါတယ်။


နိုက်ထရိုဂျင်သည် ထုတ်လုပ်စွမ်းအားကောင်းသော ပင်ပိုင်းဆိုင်ရာ ကြီးထွားမှုနှင့် မြင့်မားသောအထွက်နှုန်းအတွက် မရှိမဖြစ်အရေးကြီးပါတယ်။ အရွက်သစ်ကြီးထွားစဉ်နှင့် ပန်းပွင့်နေစဉ် ကာလအတွင်း စိုက်ပျိုးရာသီအစောပိုင်းတွင် အာဟာရဓာတ် စုပ်ယူနိုင်ပါတယ်။ စိုက်ပျိုးရာသီတစ်လျှောက်လုံး နိုက်ထရိုဂျင် အမြဲကျွေးရန် လိုအပ်သော်လည်း အပင်ဖွံ့ဖြိုးမှု နောက်ပိုင်းအဆင့်များတွင်မူ နိုက်ထရိုဂျင် အများအပြားသုံးစွဲမှုက ကော်ဖီစေ့အရွယ်အစားကို သေးငယ်စေပါတယ်။


ပိုတက်ဆီယမ်အများဆုံး အသုံးပြုခြင်းက နိုက်ထရိုဂျင် အသုံးပြုခြင်းထက် နောက်ကျပါတယ်။ ပိုတက်ဆီယမ်သည် ကော်ဖီသီးကြီးထွားစဉ် ကာလအတွင်း အထူးအရေးကြီးပါတယ်။ ခူးဆွတ်ချိန်တွင် တစ်ဟက်တာလျှင် ပိုတက်ဆီယမ် ၅၀ ကီလိုဂရမ်ကျော်ကို ကော်ဖီသီးအနှစ်တွင် တွေ့ရပါတယ်။ လက်တွေ့တွင် ကော်ဖီသီးသန့် စိုက်ပျိုးပြီး မိုးရေချိန်မြင့်မားသော ကော်ဖီစိုက်ဧရိယာများရှိ မြေသြဇာအစီအစဉ်များတွင် တစ်နှစ်လျှင် နိုက်ထရိုဂျင်နှင့်ပိုတက်ဆီယမ်အား တစ်ဟက်တာလျှင် ၂၅၀ ကီလိုဂရမ်မှ ၄၅၀ ကီလိုဂရမ်တွင်း အသုံးပြုကြပါတယ်။ မြေကြီးတွင် ပိုတက်ဆီယမ်အဆင့် မြင့်လျှင်ဖြစ်စေ ကော်ဖီရွက်များတွင် နိုက်ထရိုဂျင်ဓာတ် မြင့်လျှင်ဖြစ်စေ မြေသြဇာကို အနည်းငယ်သာ အသုံးပြုနိုင်ပါတယ်။ ပိုတက်ဆီယမ်အသုံးပြုခြင်းကို ကယ်လ်ဆီယမ်နှင့် မဂ္ဂနီဆီယမ်တို့ကို ဟန်ချက်ညီအောင် အသုံးပြုရန် သတိထားဖို့ လိုပါတယ်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့ထဲက တစ်ခုခုကို အလွန်အကျွံသုံးပါက အခြားအာဟာရဓာတ်များစုပ်ယူခြင်းကို အဟန့်အတားဖြစ်စေနိုင်ပါတယ်။

 


ပုံမှန်နှစ်စဉ်ကြီးထွားမှုကိုအထောက်အကူဖြစ်စေရန် တစ်ဟက်တာလျှင် ဖော့စ်စဖောရပ်စ်ပန်တာအောက်ဆိုဒ် (P2O5) ၂၅ကီလိုဂရမ်နှင့်အတူ ဖော့စ်စဖောရပ်ပမာဏအနည်းငယ်သာလိုအပ်ပါတယ်။ အမြစ်ကြီးထွားမှု တိုးတက်စေရန်ဖော့စ်စဖောရပ်သည် အထူးသဖြင့်ပျိုးထောင်စဉ်၊ အပင်စွဲအောင်ပြုလုပ်သည့်အဆင့်အတောအတွင်းနှင့်ပန်းမပွင့်မီအရေးကြီးပါတယ်။


ရွက်ဖျန်းမြေသြဇာအသုံးပြုခြင်းအပါအဝင် မြေသြဇာအသုံးပြုခြင်းက မြေကြီးတွင် တွယ်ကပ်မိနေတဲ့ဖော့စ်စဖောရပ်ရှိနေရန် အရေးကြီးပါတယ်။ ဤအခြေနေတွင် တစ်နှစ်ကို တစ်ဟက်တာလျှင် ဖော့စ်စဖောရပ် ကီလို ၁၀၀ အသုံးပြုနိုင်ပါတယ်။ စုစုပေါင်းလိုအပ်ချက်အရ ကယ်လ်ဆီယမ်သည် တတိယအရေးအကြီးဆုံး အာဟာရဓာတ်ဖြစ်ပါတယ်။ ဖြစ်ထွန်းသောအပင်ကြီးထွားမှု နှင့် အရည်အသွေးရှိသော ကော်ဖီသီး ထုတ်လုပ်ရေးအတွက် တစ်ဟက်တာလျှင် ၇၅ ကီလိုဂရမ်နဲ့ဲ့၁၀၀ ကီလိုဂရမ် အကြားလိုအပ်ပါတယ်။


ရင့်မှည့်ခြင်းနှင့် ကော်ဖီစေ့တည်ချိန်တွင် ကယ်လ်ဆီယမ်စုပ်ယူခြင်းက ဆက်လက်တည်ရှိပါတယ်။ ကယ်လ်ဆီယမ်နှင့် နှိုင်းယှဉ်ပါက မဂ္ဂနီဆီယမ်နှင့် ဆာလ်ဖာတို့ကို ပမာဏပိုမိုနည်းပါးစွာလိုအပ်ပြီး တစ်ဟက်တာလျှင် ၃၀ - ၆၀ ကီလိုဂရမ်နှင့် ၁၄- ၂၀ ကီလိုဂရမ် အသီးသီးတို့ဖြစ်ကြပါတယ်။ အဓိကအားဖြင့် မဂ္ဂနီဆီယမ်နှင့် ဆာလ်ဖာစုပ်ယူခြင်းသည် ရင့်မှည့်သည့်အဆင့်တွင် လိုအပ်ပါတယ်။


အနည်းလိုအာဟာရဓာတ်များ


ကောင်းမွန်သော အပင်ကြီးထွားမှုကို ရရှိရန် အနည်းလိုအာဟာရဓာတ် အများကြီးထဲတွင် သံ၊ မဂ္ဂနီးစ်၊ ဇင့်၊ ကော့ပါးနှင့် ဘိုရွန်တို့သည် အဓိက ဒြပ်စင်များ ဖြစ်ကြပါတယ်။


မဂ္ဂနီးစ်နှင့်အတူ အပင်ကြီးထွားမှုအတွက် သံဓာတ်ကိုလည်း တစ်နှစ်လျှင် တစ်ဟက်တာတွင် အများဆုံးပမာဏ ၂၀၀၀ ဂရမ် လိုအပ်ပါတယ်။


တစ်နှစ်ကို တစ်ဟက်တာလျှင် ပမာဏ ၂၀၀ - ၅၀၀ ဂရမ်ထိသာ အနည်းငယ်ငယ်မျှသာ လိုအပ်သော်လည်း ဘိုရွန်နှင့် ဇင့်တို့သည် သီးနှံအရည်အသွေးကို တိုးတက်စေရာတွင် အရေးကြီးသော အခန်းကဏ္ဍတွင် ပါဝင်ကြပြီး အပွင့်ပွင့်နေစဉ်နှင့် အသီးတင်စဉ်တွင် လုံလုံလောက်လောက် ထောက်ပံ့ပေးရန် အရေးကြီးပါတယ်။ မြေကြီးအမျိုးအစားအရ အမှန်တကယ်အသုံးပြုသည့်နှုန်းထား ကွဲပြားနိုင်ပါတယ်။ တစ်နှစ်ကို တစ်ဟက်တာလျှင် ဘိုရွန် ၃ ကီလိုဂရမ်နှင့် ဇင့် ၆ ကီလိုဂရမ်အထိ လိုအပ်နိုင်ပါတယ်။


ကော်ဖီသီးတွင် အနည်းလိုအာဟာရဓာတ် စုပ်ယူခြင်းသည် တစ်ဟက်တာလျှင် ၃၀ - ၁၁၀ ဂရမ်အကြား အတော်အတန်နည်းပါးသော်လည်း ဤအရာကို အစားထိုးရန်လိုအပ်ပြီး စိုက်ခင်းက ကိုင်းဖြတ်များကို ဖယ်ရှားပါက လိုအပ်ချက် မြင့်တက်လာပါမယ်။ အချိုးကျအားဖြင့် အသီးအနှစ်ထက် အစေ့တွင် သံဓာတ်ကို ပိုမိုတွေ့ရသဖြင့် အသီးအနှစ်ကို မြေဖုံးအဖြစ် စိုက်ပျိုးရာတွင် ပြန်လည်ထားရှိလျှင်ပင် သင့်တော်သည့် အပင်ကြီးထွားမှုအတွက် အတော်အတန်များသော သံဓာတ်ကို လိုအပ်ဆဲဖြစ်ပါတယ်။ ကော်ဖီသီးရင့်မှည့်စဉ်အတောအတွင်း အနည်းလိုအာဟာရဓာတ်များတွင် အထူးသဖြင့် မဂ္ဂနီးစ် စုပ်ယူခြင်းသည် အများဆုံးပဲ ဖြစ်ပါတယ်။

 

သင့်ရဲ့ ကော်ဖီသီးနှံမှာ အဟာရချို့တဲ့ခြင်း ရှိနေပါသလား

သင့်ရဲ့ သီးနှံမှာ အဟာရချို့တဲ့ခြင်း ရှိနေပါသလား။ အောက်ပါ ဇယားတွင် သီးနှံအဟာရချို့တဲ့ခြင်းများကို အလွယ်တကူ ရှာဖွေပါ။

N နိုက်ထရိုဂျင်
B ဘိုရွန်
Cu ကော့ပါး
Fe အိုင်ရွန်း (သံဓာတ်)
Mn မဂ္ဂနီး
Mo မော်လီဒီနမ်
Zn ဇင့်
P ဖော့စဖောရပ်
Mg မဂ္ဂနီစီယမ်
Ca ကယ်လစီယမ်
K ပိုတက်ဆီယမ်
S ဆာလဖာ

အားလုံးကို ကြည့်ရန်

မှန်ကန်သောအာဟာရစီမံခန့်ခွဲမှုက ကော်ဖီ သီးနှံများကို မည်သို့ အကျိုးသက်ရောက်နိုင်သလဲ

ကော်ဖီ သီးနှံအာဟာရဆောင်းပါး အားလုံးကို ကြည့်ရန်


ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅