fbpx

သီးနှံအာဟာရ ဖြေရှင်းနည်းများ

ကော်ဖီ

ကော်ဖီတွင် ကျရောက်သော မျက်ညိုစက်ပြောက်ရောဂါကို လျော့ကျစေခြင်း (Cercospora coffeicola)

မျက်ညိုစက်ပြောက်ရောဂါသည် ကော်ဖီသီးနှံကို ဖျက်ဆီးနိုင်သော မှိုရောဂါတမျိုးပဲ ဖြစ်တယ်။

ကော်ဖီရွက်များမှ ကော်ဖီသီးများသို့ ကူးပြောင်း ဖြစ်ပွားလေ့ရှိကြသည်။ ကော်ဖီသီး ကြီးထွားမှုအဆင့်အားလုံးတွင် မျက်ညိုစက်ပြောက်ရောဂါ ကျရောက်နိုင်ခြေရှိပါတယ်။ အရွက်တွင် မျက်လုံးနှင့်တူသော အဝါရောက် အစက်ပြောက်ငယ်များ စတင်ပေါ်လာပြီး အရွယ်အစားအားဖြင့် ၅ မီလီမီတာထိ ကြီးလာနိုင်ပါတယ်။ နောင်တွင် အစက်အပြောက်၏ အပြင်ဖက်အပိုင်းသည် အညိုရောင်ဖြစ်လာပြီး ဗဟိုသည် မီးခိုးရောင်/အဖြူရောင် ဖြစ်လာပါတယ်။ ရောဂါကျရောက်သော ကော်ဖီစေ့များ ခြောက်ကပ်လာကြပြီး အသီး နှစ်ထုတ်ရာတွင် ခက်ခဲမှုကို ဖြစ်စေပြီး အသီးနှစ်ပေါ်တွင် စက်ဝိုင်းပုံ ဖြစ်လုနီးပါး အစက်အပြောက်ရှိကြပါတယ်။ ကော်ဖီစေ့၏အရည်အသွေးသည် သဘာဝအရ လျော့ကျသွားပါတယ်။


သီးနှံအာဟာရပေးခြင်းနှင့် မျက်ညိုစက်ပြောက်ရောဂါ


ပိုတက်စီယမ် (K)


အီကွေဒေါတွင် စမ်းသပ်ချက်များ၌ အရွက်တစ်သျှူး၏ ဒြပ်စင်အဆင့်များကို တိုးတက်စေရန်အတွက် ပိုတက်ဆီယ၎်ကို အသုံးပြုရာတွင် အဆိုပါ အရွက်တစ်သျှူးများသည် အပင်အရွက်များကို ကြွေနိုင်စေပြီး အသီးများကိုမူ ဈေးကွက်မဝင်၊ အနှစ်ထုတ်၍ မရ ဖြစ်စေနိုင်သော မျက်ညိုစက်ပျောက်ရောက်ဂါ (Cercospora coffeicola)ကို လျော့နည်းစေကြောင်း တွေ့ရှိခဲ့ရပါတယ်။

 

ကယ်လ်ဆီယမ် (Ca)


ထို့အပြင် ပိုတက်ဆီယမ်နှင့် အလားတူပင် ကယ်လ်ဆီယမ်ကို အခြေခံထားသောမြေသြဇာဖြစ်သည့် နိုက်ထရာဘော (Nitrabor) သည် မျက်ညိုစက်ပြောက်ရောဂါကျရောက်မှုကို လျော့နည်းစေကာ အပင်၏ ကျန်းမာရေးအပေါ် သိသာသာ သက်ရောက်မှုရှိသည်ကိုတွေ့ခဲ့ရပါတယ်။

 

ဘိုရွန် (B)


ဘိုရွန်ကို ကော်ဖီသီးမခူးဆွတ်မီပက်ဖျန်းခြင်းသည် ဆိုဒီယမ်ဟိုက်ပိုကလိုရိုဒ်ဖြင့် ပိုးသတ်ခြင်းကို ထပ်ပေါင်းသည်ဖြစ်စေ ထပ်မပေါင်းသည်ဖြစ်စေ ပြုပြင်စီမံမည့် ကော်ဖီစေ့တွင် ကျရောက်တတ်သော မှိုရောဂါများစွာကျရောက်မှုကို လျော့နည်း စေပါတယ်။

ကော်ဖီအတွက် ယာရာမြေသြဇာကို အကြံပြုပါသည်။

သင့်ရဲ့ ကော်ဖီသီးနှံမှာ အဟာရချို့တဲ့ခြင်း ရှိနေပါသလား

သင့်ရဲ့ သီးနှံမှာ အဟာရချို့တဲ့ခြင်း ရှိနေပါသလား။ အောက်ပါ ဇယားတွင် သီးနှံအဟာရချို့တဲ့ခြင်းများကို အလွယ်တကူ ရှာဖွေပါ။

N နိုက်ထရိုဂျင်
B ဘိုရွန်
Cu ကော့ပါး
Fe အိုင်ရွန်း (သံဓာတ်)
Mn မဂ္ဂနီး
Mo မော်လီဒီနမ်
Zn ဇင့်
P ဖော့စဖောရပ်
Mg မဂ္ဂနီစီယမ်
Ca ကယ်လစီယမ်
K ပိုတက်ဆီယမ်
S ဆာလဖာ

အားလုံးကို ကြည့်ရန်

မှန်ကန်သောအာဟာရစီမံခန့်ခွဲမှုက ကော်ဖီ သီးနှံများကို မည်သို့ အကျိုးသက်ရောက်နိုင်သလဲ

ကော်ဖီ သီးနှံအာဟာရဆောင်းပါး အားလုံးကို ကြည့်ရန်


ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅