fbpx

သီးနှံအာဟာရ ဖြေရှင်းနည်းများ

ကော်ဖီ

စျေးကွက်လိုအပ်ချက်များ

ယနေ့အခါတွင် ကော်ဖီမျိုးစိတ် နှစ်မျိုးကိုအဓိက စိုက်ပျိုးကြပါတယ်။

ကော်ဖီအမျိုးအစားများ

ယနေ့အခါတွင် ကော်ဖီမျိုးစိတ် နှစ်မျိုးကိုအဓိက စိုက်ပျိုးကြပါတယ်။

Coffea arabica” သည် ကမ္ဘာနှင့်အဝန်း စိုက်ပျိုးထုတ်လုပ်သည့် ၈၀% ဝန်းကျင်ရှိပါတယ်။ အရာဘီကာမျိုး (Arabica) သည် ရွက်ပွင့်တော ကုန်းမြင့်ဒေသ အီသီယိုပီးယားနိုင်ငံသည် မူရင်းဒေသဖြစ်ပြီး အရွယ်အလယ်အလတ်ရှိပါတယ်။ အနည်းငယ် ချဉ်သောမြေတွင် ရှင်သန်သော်လည်း ရေအလွန်စိမ့်သော မြေတွင်မရှင်သန်နိုင်ပါ။ ထို့ကြောင့် မြင့်မားသည့်အာဟာရ စနစ်ကို ကြိုက်ကာ မြင့်မားသည့်အထွက်နှုန်းကို ထုတ်လုပ်ပေးပါတယ်။


ဒုတိယအဓိကမျိုးစိတ်မှာ ရိုဘပ်စ်တာမျိုး “Robusta” ဟု အသိများသော “Coffea canephora” ပဲဖြစ်ပါတယ်။ အရွက်ကြီးကာ အပင်အရွယ်အစားလည်း ပို၍ကြီးပြီး အရာဘီကာမျိုး (Arabica)ထက် ပိုမိုအကြမ်းခံပါတယ်။ ကွန်ဂိုမြစ်ဝှမ်း မြေနိမ့်သစ်တောများတွင် ကြီးထွားသော ရိုဘပ်စ်တာမျိုး (Robusta) သည် မြင့်မားသိပ်သည်းသော မိုးသစ်တောများမှ အရွယ်အစားအလယ်အလတ်ရှိတဲ့ သစ်ပင်မျိုးဖြစ်ပါတယ်။ ရှည်လျားသည့်မိုးရာသီနှင့်အတူ တိုတောင်းခြောက်သွေ့တဲ့ ရာသီဥတုတို့ကို အသားကျသော်လည်း မိုးသစ်တော အမှိုက်သရိုက်များထူထပ်သည့် သစ်ရွက်ဆွေးများရှိရန်လိုလည်း လိုအပ်ပါတယ်။ အထွက်နှုန်းနည်းသော အပင်ဖြစ်ပါတယ်။ ကော်ဖီစေ့အရွယ်စားသေးပါတယ်။ မြင့်မားပြီး အဆင့်နိမ့်သော ကဖိန်းဓာတ် ထုတ်ပေးပါတယ်။


အရာဘီကာမျိုး (Arabica) သည် ပင်တည်းဝတ်မှုံကူးကာ ရိုဘပ်စ်တာမျိုး (Robusta)သည် ကပ်လျက်ရှိသောအပင်များမှ ပင်ခြားဝတ်မှုံကူးပါတယ်။ ယေဘုယျအားဖြင့် အရာဘီကာ (Arabica) ကော်ဖီသည် ရိုဘပ်စ်တာ (Robusta) ကော်ဖီ ထက် အနံ့အရသာ ပိုကောင်းပါတယ်။

 

ကော်ဖီပင်


ကော်ဖီပင်ကို ခေါင်မနှိမ်ပါက အမြင့် ၁၀ မီတာရှိပါတယ်။ အချို့နိုင်ငံများတွင် (ဥပမာအားဖြင့် ကော်စကာရီကာတွင်) ကော်ဖီပင်များသည် အမြင့် ၂.၅ မီတာထက် မကျော်ကြပါ။ အသုံးများသော အလေ့အထမှာ ခူးဆွတ်မှုလွယ်ကူစေရန်အတွက် ကော်ဖီပင်ကို သင့်တော်သည့် အမြင့်ကို ထိန်းသိမ်းထားခြင်းဖြစ်ပါတယ်။ ပုံမှန်ခေါင်နှိမ်ပြီး စောင့်ရှောက်ပေးပါက နှစ်၂ဝ နှင့်အထက် ထုတ်လုပ်နိုင်ပါတယ်။


ပျိုးပင်များကို ပျိုးခင်းတွင် မြေတောင်မြှောက်ပေးပါ။ ပျိုးပင်များကို ကြိုတင် အညှောက်ဖောက်ကာ အမြင့် ၂၀ - ၄၀ စင်တီမီတာရောက်၍ ရွှေ့မစိုက်မီတွင် ပျိုးဘောင် သို့မဟုတ် ပလတ်စတစ်ပျိုးအိတ်တွင် မြေဆွေးများထည့် ပြီး စိုက်ပျိုးနိုင်ပါတယ်။ ၂ - ၃ နှစ် ကြာပြီး အပင်စွဲသွားသည်နှင့် ပန်းပွင့်ခြင်း၊ အသီးသီးခြင်းတို့ ပိုမို လျှင်မြန်စွာ ကြီးထွားလာသည်။ အပင်သည်လည်း စီးပွားဖြစ်သီးနှံကို စပြီး ထုတ်လုပ်နိုင်ပါတယ်။


စိုက်ခင်းသစ်တွင် ပွင့်သော အပွင့်များသည် အရွက်များ၏ကြားမှ အပြုံလိုက်ထွက်ကာ စိုစွတ်သည့်ရာသီတွင် ပထမအကြိမ်သိသာစွာ မိုးရွာပြီး ၈ - ၁၂ ရက်အကြာတွင် ပွင့်ပါတယ်။ အပွင့်၏ သက်တမ်းသည် နှစ်ရက်သာကြာပါတယ်။ ပွင့်ဖတ်များ ချသွားကာ အသီးထုတ်လုပ်မည့် မျိုးအိမ်များသာ ကျန်ပါတယ်။


ပန်းပွင့်များမျိုးအောင်ပြီး ၆ -၈ ပတ်ခန့်တွင် ဆဲလ်ပြိုကွဲခြင်းမှ ပင်အပ်ခေါင်းအရွယ် အသီးများကို တွေ့ရမှာပဲ ဖြစ်ပါတယ်။ ယင်းအသီးများသည် ပန်းပွင့်ပြီး ၃-၄လကြာသော ဖွံဖြိုးစဉ်ကာလအတွင်းတွင် ကော်ဖီသီးများအဖြစ် လျင်မြန်စွာ ကြီးထွားလာကြပါတယ်။


ကော်ဖီစေ့အရည်အသွေး


ကော်ဖီဝယ်သူများသည် မှည့်သောကော်ဖီသီးများမှ ကော်ဖီစေ့များကို ရှာဖွေကြပါတယ်။ မမှည့်သေးသော သို့မဟုတ် အမှည့်လွန်သော ကော်ဖီသီးများသည် အလွန်မာပြီး ပြုပြင်စီမံစဉ် အပယ်ခံရပါတယ်။ စိုက်ပျိုးချိန်တွင် ကော်ဖီစေ့များ၏ အပြင်ဖက် အလွှာအားလုံးကို ချွတ်ပစ်ပြီး သယ်ယူပို့ဆောင်ခြင်းမပြုမီ အခြောက် ခံပါတယ်။

ဤအစောပိုင်းအဆင့် ပြုပြင်စီမံခြင်းကို အစို (သို့မဟုတ်) အခြောက် လုပ်ငန်းစဉ်ဖြင့် လုပ်ဆောင်ကြပါတယ်။

အစိုလုပ်ငန်းစဉ်တွင် ခူးဆွတ်ထားသော ကော်ဖီသီးများကို ရေဖြည့်ထားသော သီးသန့်ကန်ထဲတွင် ထားပါတယ်။ မမှည့်သေးဘဲ တစ်ဝက်တစ်ပျက် ခြောက်နေသော ကော်ဖီသီးများ ပေါ်လောပေါ်လာပါက ဖယ်ရှားပစ်ပါ။ ကျောက်ခဲများနှင့် အခြားပစ္စည်းများ နစ်မြုပ်သွားကြပါတယ်။ ကော်ဖီသီးမှည့်များကို ကန်၏ အခြေနားရှိ သင့်တော်သည့် အနက်မှ ဖယ်ရှားပါတယ်။


ထို့နောက် ကော်ဖီသီးအမှည့်များကို ကော်ဖီသီး၏ အနှစ်သားများကို ဖယ်ရှားပေးမည့် အသွားပါ စည် သို့မဟုတ် အချပ်ပြားများပေါ်သို့ ဖြတ်သန်းစေပါတယ်။ နောက်ဆုံးအဆင့် အချဉ်ဖောက်ခြင်း လုပ်ငန်းစဉ်သည် ကော်ဖီစေ့ပတ်လည်က အရည်အလွှာပါးကို ဆွေးမြေ့စေပါတယ်။ ထို့နောက် ရေဆေးပြီးပါက ကော်ဖီစေ့များကို အခြောက်ခံပါတယ်။ နေလှမ်းခြင်းသည် ကော်ဖီစေ့၏ အရောင်နှင့် အနံ့ အရသာကို တိုးစေသော အလင်းရောင်၏ ဓာတုတုံ့ပြန်မှုကို အားပေးပါတယ်။ ဤသို့ နေလှမ်းရန် မဖြစ်နိုင်ပါက ၄င်းတို့ကိုအပူပေးပါ။

သင့်ရဲ့ ကော်ဖီသီးနှံမှာ အဟာရချို့တဲ့ခြင်း ရှိနေပါသလား

သင့်ရဲ့ သီးနှံမှာ အဟာရချို့တဲ့ခြင်း ရှိနေပါသလား။ အောက်ပါ ဇယားတွင် သီးနှံအဟာရချို့တဲ့ခြင်းများကို အလွယ်တကူ ရှာဖွေပါ။

N နိုက်ထရိုဂျင်
B ဘိုရွန်
Cu ကော့ပါး
Fe အိုင်ရွန်း (သံဓာတ်)
Mn မဂ္ဂနီး
Mo မော်လီဒီနမ်
Zn ဇင့်
P ဖော့စဖောရပ်
Mg မဂ္ဂနီစီယမ်
Ca ကယ်လစီယမ်
K ပိုတက်ဆီယမ်
S ဆာလဖာ

အားလုံးကို ကြည့်ရန်

မှန်ကန်သောအာဟာရစီမံခန့်ခွဲမှုက ကော်ဖီ သီးနှံများကို မည်သို့ အကျိုးသက်ရောက်နိုင်သလဲ

ကော်ဖီ သီးနှံအာဟာရဆောင်းပါး အားလုံးကို ကြည့်ရန်


ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅