fbpx

သီးနှံအာဟာရ ဖြေရှင်းနည်းများ

ကော်ဖီ

ကော်ဖီပန်းပွင့်မှု ပိုမိုကောင်းစေခြင်းနှင့် အသီးပိုမိုတင်စေခြင်း

စုစုပေါင်းကော်ဖီအထွက်တိုးစေရန်အတွက် ကော်ဖီ  ပန်းပွင့်ခြင်း၊  ကော်ဖီသီး အသီးတင်ခြင်းတို့ကို သင့်တင့်မျှတအောင် ဆောင်ရွက်ရမယ်။

မျှော်မှန်းထားသည့် ကော်ဖီအထွက်ရရှိရန် မြေသြဇာ ကို ဖြည့်ဆည်းပေးရန် လိုအပ်ပါတယ်။

 

သီးနှံအာဟာရပေးခြင်းက ကော်ဖီပန်းပွင့်ခြင်းနှင့် ကော်ဖီသီးအသီးတင်ခြင်းအပေါ် သက်ရောက်မှု


နိုက်ထရိုဂျင် (N)

ကော်ဖီအထွက်နှုန်းအတွက် နိုက်ထရိုဂျင်၏အရေးပါပုံကို အဓိကကော်ဖီ စိုက်ပျိုး ထုတ်လုပ်သော ဧရိယာများတွင် မြောက်မြားစွာသော စမ်းသပ်စစ်ဆေးခြင်းများဖြင့် အတည်ပြုပြီးဖြစ်ပါတယ်။ အရွက်အများအပြား ရှိနေခြင်းကို ထိန်းသိမ်းခြင်းဖြင့် ကျန်းမာသည့် အရွက်ထုတ်လုပ်ရေးကို မြှင့်တင်ပေးသကဲ့သို့ နိုက်ထရိုဂျင်အာဟာရသည်လည်း ပန်းပွင့်အရေအတွက် အများဆုံးရရှိရာတွင် အရေးပါသော အခန်းကဏ္ဍတွင် ပါဝင်ပါတယ်။

ဖော့စဖောရပ် (P)

ဖော့စ‌ဖောရပ်သည် သဘာဝအားဖြင့် လိုအပ်ချက်နည်းပါးပြီး မြေကြီးထဲတွင် ခိုင်မြဲစွာ တွယ်ကပ်နေပါတတ်ပါတယ်။ ဖော့စဖောရပ်မြေသြဇာအသုံးပြုခြင်းဖြင့် ကော်ဖီသီး အသီးတင်ခြင်းနှင့် အထွက်နှုန်းကို တိုးတက်စေပါတယ်။ ဖော့စဖောရပ်နည်းသော မြေကြီးများတွင် တစ်ဟက်တာလျှင် ဖော့စဖောရပ် ပန်တာအောက်ဆိုဒ် (P2O5) ၁၅၀ ကီလိုဂရမ်အထိ အသုံးပြုပါက ဖော့စဖောရပ်၏ အာနိသင်ကို တွေ့ရတယ်။ သို့ရာတွင် ကျူးဘားနိုင်ငံတွင် ပြုလုပ်ခဲ့သော စမ်းသပ်ချက်ကဲ့သို့ ဖော့စဖောရပ် လွန်ကဲစွာ အသုံးပြုပါက ပိုလျှံဖော့စဖောရပ် ဆွဲယူမှုသည် အခြားအာဟာရဓာတ်များနှင့် ဟန်ချက်မညီဖြစ်ကာ ယင်းကတစ်ဆင့် အထွက်နှုန်းကို လျော့ကျစေပါသည်။

 

ဘိုရွန် (B)

ဘိုရွန်သည် ကာဘိုဟိုက်ဒရိတ်၊ ဇီဝဖြစ်ပျက်မှုနဲ့ဲ့နယူးကလစ်အက်စစ်များ ပေါင်းစပ်ခြင်းနှင့် ဆက်စပ်မှုရှိပါတယ်။ အကျိုးရလဒ်အဖြစ် ဘိုရွန်ချို့တဲ့ပါက အမြစ် ထွက်ခြင်း၊ ပန်းပွင့်ခြင်းနှင့် အသီးတင်ခြင်းတို့ကို နည်းပါးစေပါတယ်။ ဘိုရွန် ရွက်ဖျန်းမြေသြဇာများကို အသုံးပြုသောအခါ အပွင့်မပွင့်မီနှင့် အပွင့်ပွင့်ပြီးနောက် ဇင့်နှင့်ရောစပ် အသုံးပြုပါက ကော်ဖီအထွက်နှုန်း အကောင်းဆုံး ဖြစ်ကြောင်း စမ်းသပ်ချက်များအရ သိရပါတယ်။

သင့်ရဲ့ ကော်ဖီသီးနှံမှာ အဟာရချို့တဲ့ခြင်း ရှိနေပါသလား

သင့်ရဲ့ သီးနှံမှာ အဟာရချို့တဲ့ခြင်း ရှိနေပါသလား။ အောက်ပါ ဇယားတွင် သီးနှံအဟာရချို့တဲ့ခြင်းများကို အလွယ်တကူ ရှာဖွေပါ။

N နိုက်ထရိုဂျင်
B ဘိုရွန်
Cu ကော့ပါး
Fe အိုင်ရွန်း (သံဓာတ်)
Mn မဂ္ဂနီး
Mo မော်လီဒီနမ်
Zn ဇင့်
P ဖော့စဖောရပ်
Mg မဂ္ဂနီစီယမ်
Ca ကယ်လစီယမ်
K ပိုတက်ဆီယမ်
S ဆာလဖာ

အားလုံးကို ကြည့်ရန်

မှန်ကန်သောအာဟာရစီမံခန့်ခွဲမှုက ကော်ဖီ သီးနှံများကို မည်သို့ အကျိုးသက်ရောက်နိုင်သလဲ

ကော်ဖီ သီးနှံအာဟာရဆောင်းပါး အားလုံးကို ကြည့်ရန်


ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅