fbpx

သီးနှံအာဟာရ ဖြေရှင်းနည်းများ

ကော်ဖီ

ကော်ဖီစိုက်ပျိုးထုတ်လုပ်ရာတွင် ရေအသုံးချနိုင်စွမ်း တိုးလာစေခြင်း

မြေသြဇာအပြည့်အဝထောက်ပံ့ပေးထားသော ကျန်းမာပြီး အကြီးမြန်သည့် ကော်ဖီပင်များသည် အမြင့်ဆုံးအထွက်ကို ရရှိရန် ရေကို ပိုမိုအကျိုးရှိစွာ အသုံးပြုသင့်ပါတယ်။

ဤဝက်ဘ်ဆိုက်တွင် ဖော်ပြထားသကဲ့သို့ ယာရာ (Yara)၏ သီးနှံအာဟာရဆိုင်ရာ အကြံပြုချက်များသည် ပင်ငွေ့ပျံခြင်းကို ပိုမိုကောင်းမွန်စေကာ၊ ရေဆုံးရှုံးခြင်း၊ရေငွေ့ပျံခြင်းကို လျော့နည်းစေလျက် အပင်ကြီးထွားမှု အားကောင်းပြီး မြင့်မားသော အထွက်နှုန်းရရှိစေခြင်းဖြင့် ရေကိုထိရောက်စွာ အသုံးပြုနိုင်ရေးအတွက် သီးနှံများကို အထောက်အပံ့ပေးပါတယ်။

မြေသြဇာကို ပုံမှန် အသုံးပြုခြင်းသည် မြေကြီးမှရေကို စုပ်ယူနိုင်စေကာ အမြစ်ထွက််ခြင်းကိုလည်း တွန်းအားပေးပါတယ်။ ကောင်းမွန်စွာရောစပ်ထားသည့် အချိုးညီသော အာဟာရကျွေးခြင်းသည် ရေရှည်တွင် အပင်ဘောင်တစ်လျှောက် အရိပ်ပေးခြင်းဖြင့် မြေကြီးမှ အငွေ့ပျံခြင်းကို လျှော့ချပေးလျက် အရွက်၏ လုပ်ငန်းတာဝန်ဖြစ်သော အလင်းကိုစွမ်းအင်အဖြစ် ပြောင်းလဲခြင်းလုပ်ငန်းကို များစွာ ထိရောက်စေပါတယ်။

(တစ်ဖက်သတ်စိမ့်ဝင်ပျံ့နှံ့ခြင်းကတစ်ဆင့်) ပိုတက်ဆီယမ်နှင့် (ဟိုမုန်းနှင့် ရေပြွန် ချဉ်ငန်ဓါတ်တို့၏ အတွင်းပိုင်းထိန်းသိမ်းခြင်း ရလဒ်အဖြစ်) နိုက်ထရိုဂျင်တို့သည် လေဝင်လေထွက်ပေါက်(Stomata) မှ တဆင့် ကာဗွန်ဒိုင်အောက်ဆိုဒ်ဆွဲယူမှုနှင့် ရေဆုံးရှုံးမှုကို ထိန်းချုပ်ခြင်းတို့ အတွက် အရေးပါကြတယ်။


နောက်ဆုံးတွင် မည်သည့်အာဟာရမှ မပြတ်လတ်စေရန်သေချာသော ပြီးပြည့်စုံပြီး လိုအပ်ချက်နှင့် အံဝင်ခွင်ကျပြုလုပ်ထားသော မြေသြဇာအစီအမံများကို အသုံးပြုခြင်းဖြင့် အထွက်နှုန်းကိုတိုးစေတယ်။ ရွာချလိုက်သောမိုးရေစက်တိုင်းနှင့် အသုံးပြုလိုက်သော သွင်းရေတို့အတွက် သီးနှံများကို ပိုမို ထုတ်လုပ်ပေးနိုင်ပါတယ်။


ရေရှားပါက အဆင့်မြှင့်တင်ပြုပြင်ထားသော ‘ရေကိုအကျိုးရှိစွာ အသုံးချခြင်း’သည် ပို၍အရေးကြီးကြောင်းကို ယာရာက လက်ခံထားပါတယ်။ အမှန်တကယ်တွင် ရေမလုံလောက်သော ဒေသများ၌ နေထိုင်သော လူ ၂.၈ ဘီလီယံမျှ ရှိနေရာ အကန့်အသတ်နှင့် ရှိနေသော ရေအရင်းအမြစ်ကို အကောင်းဆုံးအသုံးပြုခြင်း၏ အရေးပါမှုသည် သဘာဝပတ်ဝန်းကျင် မထိခိုက်စေသော သီးနှံစိုက်ပျိုးထုတ်လုပ်ရေးအတွက် အခြေခံကျပါတယ်။

သင့်ရဲ့ ကော်ဖီသီးနှံမှာ အဟာရချို့တဲ့ခြင်း ရှိနေပါသလား

သင့်ရဲ့ သီးနှံမှာ အဟာရချို့တဲ့ခြင်း ရှိနေပါသလား။ အောက်ပါ ဇယားတွင် သီးနှံအဟာရချို့တဲ့ခြင်းများကို အလွယ်တကူ ရှာဖွေပါ။

N နိုက်ထရိုဂျင်
B ဘိုရွန်
Cu ကော့ပါး
Fe အိုင်ရွန်း (သံဓာတ်)
Mn မဂ္ဂနီး
Mo မော်လီဒီနမ်
Zn ဇင့်
P ဖော့စဖောရပ်
Mg မဂ္ဂနီစီယမ်
Ca ကယ်လစီယမ်
K ပိုတက်ဆီယမ်
S ဆာလဖာ

အားလုံးကို ကြည့်ရန်

မှန်ကန်သောအာဟာရစီမံခန့်ခွဲမှုက ကော်ဖီ သီးနှံများကို မည်သို့ အကျိုးသက်ရောက်နိုင်သလဲ

ကော်ဖီ သီးနှံအာဟာရဆောင်းပါး အားလုံးကို ကြည့်ရန်


ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅