fbpx

သီးနှံအာဟာရ ဖြေရှင်းနည်းများ

ကော်ဖီ

ကမ္ဘာ့ကော်ဖီထုတ်လုပ်မှု

နိုင်ငံပေါင်း ၅၀ ကျော်ကျော်ရှိ ကော်ဖီစိုက်ပျိုးထားသည့် မြေဟက်တာပေါင်း ၁၀.၅ သန်းတွင် နှစ်စဉ် ကော်ဖီစေ့အစိမ်း တန်ချိန် ၇.၇ သန်း ထုတ်လုပ်ပါတယ်။

ကမ္ဘာ့စုစုပေါင်း ကော်ဖီထုတ်လုပ်မှု၏ ၈၅% ခန့်ကို တောင်နှင့်အလယ်အမေရိကက ထုတ်လုပ်ပါတယ်။ ၎င်းတို့အထဲက ၈၅% ခန့်သည် အရာဘီကာမျိုး “Arabica”မျိုး ဖြစ်ပါတယ်။ ကျန်ရှိနေသော ၁၀% ကို အာရှတိုက်က ထုတ်လုပ်ပြီး ၅% ကို အာဖရိကတိုက်က ထုတ်လုပ်ပါတယ်။ ထိုဒေသများတွင် ရိုဘပ်စ်တာမျိုး “Robusta” ကို ပိုမိုကျယ်ပြန့်စွာ စိုက်ပျိုးကြပါတယ်။ ကော်ဖီအများဆုံး ထုတ်လုပ်သည့် နိုင်ငံမှာ ဘရာဇီးနိုင်ငံဖြစ်ပြီး ဟက်တာ ၂.၃ သန်းတွင် တန်ချိန် ၂.၂ သန်း ထုတ်လုပ်ပါတယ်။ စုစုပေါင်းစိုက်ဧက ဟက်တာပေါင်း ၂.၆ သန်း ဟက်တာရှိပြီး တန်ချိန် ဝ.၆ မှ ၁ သန်း ထုတ်လုပ်သော နောက်ထပ် အများဆုံးထုတ်လုပ်နိုင်သော နိုင်ငံများမှာ ဗီယက်နမ်နိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံနဲ့ကိုလံဘီယာနိုင်ငံတို့ဖြစ်ကြပါတယ်။

 


ဘရာဇီးနိုင်ငံသည် ပြည်ပတင်ပို့မှုအားလုံးရဲ့ ၂၉% တင်ပို့နိုင်ပြီး ကော်ဖီ အများဆုံး တင်ပို့သည့် နိုင်ငံပဲဖြစ်ပါတယ်။ ဗီယက်နမ်နိုင်ငံနှင့် ကိုလံဘီယာနိုင်ငံတို့သည်လည်း ကမ္ဘာ့ကော်ဖီပြည်ပတင်ပို့မှု စုစုပေါင်း၏ ၁၆% နှင့် ၁၁% အသီးသီး တင်ပို့သော အဓိက ပြည်ပတင်ပို့သည့် နိုင်ငံတွေပဲ ဖြစ်ကြပါတယ်။


အရာဘီကာ (Arabica) ကော်ဖီကို ‘Brzilian Naturals’ (ဘရာဇီးလူမျိုးတို့၏ သဘာဝထွက်ကုန်များ) နှင့် ‘Columbian Milds’ (ကိုလံဘီယမ်လူမျိုးတို့၏ သိမ်မွေ့မှု) ကဲ့သို့သော ‘သိမ်မွေ့မှု (Milds)’ အဖြစ် ခွဲခြားသိရှိနိုင်သည်။ ကိုလံဘီယာနိုင်ငံ၊ ကော်စတာရီကာနိုင်ငံနှင့် ဂွာတီမာလာနိုင်ငံတို့မှာ ကော်ဖီ (Arabica) ၏ ပိုမိုသေးငယ်သောအချိုး (၂၀% ပတ်လည်) ကို ‘gourmet type’ (အသောက်ကောင်းပုံစံ) အဖြစ် ရောင်းချကြပါတယ်။


ကမ္ဘာနှင့်အဝန်း ပျမ်းမျှကော်ဖီအထွက်နှုန်းသည် တစ်ဟက်တာလျှင် ဝ.၇ တန် ဝန်းကျင်ထွက်သော်လည်း ဥပမာအားဖြင့် ဘရာဇီးနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ ကော်စတာ ရီကာနိုင်ငံ၊ ကိုလံဘီယာနိုင်ငံနဲ့ ဂွာတီမာလာနိုင်ငံတို့ကဲ့သို့သော ကော်ဖီအများအပြားထုတ်လုပ်တဲ့ နေရာတွေမှာ ကော်ဖီစိုက်ပျိုးသူများသည် ပျမ်းမျှအားဖြင့် ကော်ဖီစေ့အစိမ်းအထွက်နှုန်းမှာ တစ်ဟက်တာလျှင် ၁ တန်မှ ၁.၄တန်ခန့် ထုတ်လုပ်နိုင်ပါတယ်။ ဗီယက်နမ်နိုင်ငံ၏ တစ်နိုင်ငံလုံးဆိုင်ရာ ပျမ်းမျှ ရိုဘပ်စ်တာ (Robusta) ကော်ဖီအထွက်နှုန်းမှာ တစ်ဟက်တာလျှင် ၂ တန်ဖြစ်ပါတယ်။ ကော်ဖီ အများဆုံးသောက်သုံးသူများမှာ စကင်ဒီနေးဗီးယန်းလူမျိုးများ ဖြစ်ကြပါတယ်။ နော်ဝေးနိုင်ငံ၊ ဒိန်းမတ်နိုင်ငံနဲ့ ဖင်လန်နိုင်ငံတို့တွင် တစ်နှစ် လူတစ်ဦးလျှင် ကော်ဖီ ၁၀ ကီလိုဂရမ်ကျော် သောက်သုံး ကြပါတယ်။


အနောက်ဥရောပသားများသည်လည်း လူတစ်ဦးလျှင် ကော်ဖီ ၄ ကီလိုဂရမ်မှ ၈ ကီလိုဂရမ်အထိ သောက်သုံးပြီး ကော်ဖီသောက်သုံးမှုနှုန်းမြင့်မားသူများပဲ ဖြစ်ကြပါတယ်။ ၎င်းတို့နှင့် နှိုင်းယှဉ်ကြည့်ပါက အမေရိကန်လူမျိုးများ၊ ကနေဒီယန် လူမျိုးများနဲ့သြစတေးလျ လူမျိုးများသည် ကော်ဖီသောက်သုံးနှုန်း ပိုမိုနည်းတာကို တွေ့ရပါတယ်။ 

သင့်ရဲ့ ကော်ဖီသီးနှံမှာ အဟာရချို့တဲ့ခြင်း ရှိနေပါသလား

သင့်ရဲ့ သီးနှံမှာ အဟာရချို့တဲ့ခြင်း ရှိနေပါသလား။ အောက်ပါ ဇယားတွင် သီးနှံအဟာရချို့တဲ့ခြင်းများကို အလွယ်တကူ ရှာဖွေပါ။

N နိုက်ထရိုဂျင်
B ဘိုရွန်
Cu ကော့ပါး
Fe အိုင်ရွန်း (သံဓာတ်)
Mn မဂ္ဂနီး
Mo မော်လီဒီနမ်
Zn ဇင့်
P ဖော့စဖောရပ်
Mg မဂ္ဂနီစီယမ်
Ca ကယ်လစီယမ်
K ပိုတက်ဆီယမ်
S ဆာလဖာ

အားလုံးကို ကြည့်ရန်

မှန်ကန်သောအာဟာရစီမံခန့်ခွဲမှုက ကော်ဖီ သီးနှံများကို မည်သို့ အကျိုးသက်ရောက်နိုင်သလဲ

ကော်ဖီ သီးနှံအာဟာရဆောင်းပါး အားလုံးကို ကြည့်ရန်


ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅