ကော်ဖီပင် စီမံခန့်ခွဲရေးနှင့် သီးနှံကာကွယ်ရေး
ကော်ဖီသီးများမှည့်ရာတွင် အထောက်အကူဖြစ်စေရေး လုံလောက်သည့် နေရောင်ခြည်ရရှိမှုကိုလည်း မဖုံးကွယ်စေဘဲ ကော်ဖီပင်၏ ဘေးဘက်တွင် အရိပ်များများရရန် ပင်ကြားတန်းကြားကိုလည်း ချိန်ညှိသင့်ပါတယ်။
ကော်ဖီပင်စီမံခန့်ခွဲရေး
ကော်ဖီသီးများမှည့်ရာတွင် အထောက်အကူဖြစ်စေရေး လုံလောက်သည့် နေရောင်ခြည်ရရှိမှုကိုလည်း မဖုံးကွယ်စေဘဲ ကော်ဖီပင်၏ ဘေးဘက်တွင် အရိပ်များများရရန် ပင်ကြားတန်းကြားကိုလည်း ချိန်ညှိသင့်ပါတယ်။
အပင်စိပ်ခြင်းသည် အပင်သက်တမ်း ပထမ ၅ နှစ်တွင် အထွက်နှုန်း ပိုမိုကောင်းစေသော်လည်း ကောင်းစွာ အပင်စွဲသွားသည့်အခါတွင် အပင်အချင်းချင်း ယှဉ်ပြိုင်မှုဖြစ်စေပါတယ်။ ထုံးစံအားဖြင့် အရာဘီကာမျိုး (Arabica) ကို တစ်ဟက်တာလျှင် ၁၃၅၀ ပင်နှုန်းဖြင့် တစ်ပင်နှင့်တစ်ပင် ၃ မီတာအကွာဖြင့် စိုက်ပျိုးလေ့ရှိကြပါတယ်။ ပိုမိုအကြမ်းခံသော ရိုဘပ်စ်တာမျိုး (Robusta) ကို တစ်ဟက်တာလျှင် အပင် ၁၀၀၀ နှုန်းဖြင့် ပိုပြီး ကျဲကျဲစိုက်ကြပါတယ်။
သို့ရာတွင် ယနေ့ခေတ်၏ အများအပြားထုတ်လုပ်သည့် ထုတ်လုပ်ရေးစနစ်များနှင့်အညီ အရိပ်ပေး၍ စိုက်ပျိုးခြင်းတွင် အပင်ဦးရေအနေဖြင့် ၄,၀၀၀ မှ ၅,၀၀၀ ပတ်လည်စိုက်ပျိုးကြပြီး နေရောင် အပြည့်အဝရပြီး စိုက်ပျိုးသောအခါ အပင်ကို နှစ်တန်းပူးစိုက်ခြင်းဖြင့် အပင် ၁၀,၀၀၀ အထိ စိုက်ပျိုးကြပါတယ်။ လေကြောင့် ထိခိုက်မှုကို လျော့နည်းစေရန် ပိုမိုမြင့်မားသော ကော်ဖီခြံတွင် လေကာပင် တစ်တန်း သို့မဟုတ် သီးညှပ်စိုက်ပျိုးခြင်းကို ကျင့်သုံးလေ့ရှိကြပါတယ်။
အချို့ ပို၍သက်တမ်းရင့်သော ကော်ဖီပင်များက လုံးဝအရိပ်ရတဲ့အခါတွင် ကော်ဖီပင်များကို အရိပ်မမိုးဘဲ စိုက်ပျိုးကြပြီး သီးနှံအထွက်နှုန်း ပိုမိုရရှိစေရန် မြေသြဇာ အသုံးပြုခြင်းမှာ ယခုအခါ အလေ့အထဖြစ်လာကြပြီပဲ ဖြစ်ပါတယ်။
ကောင်းမွန်သော ကော်ဖီထုတ်လုပ်ခြင်းကို ထိန်းသိမ်းရန် ခေါင်နှိမ်ခြင်းသည် မရှိမဖြစ် အရေးကြီးပါတယ်။ နှစ်နှစ်သားတွင် အသီးသီးသောကြောင့် အကိုင်းသစ်ထွက်စေရန် ခေါင်နှိမ်ခြင်းသည် အသီးများများ သီးစေရန်နဲ့ ကော်ဖီအထွက်နှုန်း အမြင့်မားဆုံး ရစေရန်အတွက် အရေးကြီးပါတယ်။
ဖျက်ပိုးနှင့်ရောဂါပြဿနာများ လျော့နည်းစေရန် အပင်ပေါင်းမိုးအတွင်းသို့ အလင်းရောင်နှင့် လေဝင်လေထွက် ရှိစေရန်လည်း အရေးကြီးပါတယ်။ ခေါင်နှိမ်ခြင်းသည် ဆေးဖျန်းရာတွင် ဆေးကို ပိုမိုပျံ့နှံစေပြီး အိုမင်းသော သို့မဟုတ် ရောဂါကျနေသော ကိုင်းခြောက်များကို ဖယ်ရှားနိုင်ကာ ကော်ဖီသီးခူး ဆွတ်ရာတွင် ပိုမိုလွယ်ကူစေပါတယ်။ အထူးသဖြင့် အရာဘီကာ မျိုး (Arabica) သည် နှစ်နှစ်တစ်ခါ သီးလေ့ရှိပြီး ကော်ဖီသီးသည် ချကျနိုင်စွမ်းမရှိသဖြင့် အပင်ကို အတော်အတန် ဖိအားများစေသည်။ ခေါင်နှိမ်ခြင်းနှင့် မြေဆီသြဇာ ကောင်းမွန်စွာထည့်ပေးခြင်းတို့က သီးနှံရာသီတစ်လျှောက် သီးနှံထုတ်လုပ်ရေးကို ထိန်းညှိထားရာတွင် အကူအညီရစေပါတယ်။
ရေသွင်းခြင်း
အဓိကရေသွင်းနည်း ၃ မျိုးရှိပါတယ်။ အခြေကိုရေသွင်းခြင်း၊ ရေပန်းဖြင့် ရေသွင်းခြင်းနှင့် အစက်ချရေသွင်းခြင်းတို့ ဖြစ်ကြပါတယ်။ ဗီယက်နမ်နိုင်ငံတွင် အပင်ခြေကိုရေသွင်းခြင်းနည်းသည် ရေပန်းအစားဆုံး နည်းလမ်းဖြစ်ပါတယ်။ အဘယ်ကြောင့် ဆိုသော် ယင်းနည်းလမ်းသည် ရိုးရှင်းပြီး ဈေးချိုတဲ့ အတွက်ကြောင့်ပဲ ဖြစ်တယ်။ ဤနည်းလမ်းကို အသုံးပြုခြင်းအားဖြင့် အပင်ပတ်ပတ်လည် တစ်ပင်လျှင် ရေလီတာ ၂၀၀ မှ ၆၀၀ ကို သေချာစွာနှင့် ညီမျှစွာဖြင့် ရရှိမှာပဲဖြစ်ပါတယ်။ အပင်တစ်ပင်ပြီး တစ်ပင် ရေသွင်းရန် ကော်ဖီစိုက်ပျိုးသူသည် ရေစုပ်စက်နှင့်ရေပိုက်သာ လိုအပ်ပါတယ်။ ယနေ့ခေတ်တွင် စိုက်ပျိုးရေးတွင် အလုပ်သမားရှားပါးမှုကြောင့် အချို့ စိုက်ပျိုးသူများသည် ရေပန်းဖြင့်ရေသွင်းခြင်းကို ရင်းနှီးမြှပ်နှံလာကြတာကို တွေ့ရပါတယ်။ သို့ရာတွင် ထိုနည်းလမ်းသည် တစ်ခါတစ်ရံတွင် စိုက်ခင်းတစ်ခုတည်းတွင်ပင် ရေသွင်းခြင်းကို မညီမမျှဖြစ်စေ သို့မဟုတ် အကြိမ်ကြိမ် ရေးသွင်းမိခြင်းများ ဖြစ်စေပါတယ်။
သစ်ရွက်အမှိုက်စီမံခန့်ခွဲရေး
ခြောက်သွေ့ချိန်ရှည်လျားသော အချို့ကော်ဖီစိုက်ဧရိယာတို့တွင် ကော်ဖီသစ်ငုတ်တို ပတ်လည်ရှိနေရာတွင် သစ်ရွက်အမှိုက်များကို ထားရှိခြင်းသည် မြေကြီးအစိုဓာတ်ကို ထိန်းသိမ်းရာတွင် အလွန်ထိရောက်သဖြင့် ခြောက်သွေ့သည့် ရာသီအတွင်း ကော်ဖီအမြစ်ကို ကြီးထွားစေပါတယ်။ အခြား ဧရိယာများတွင် ကော်ဖီစိုက်ပျိုးသူများသည် ကော်ဖီသစ်ငုတ်တို ပတ်လည်တွင် ပေါင်းပင်များကိုလည်း ထိန်းသိမ်းထားကြပါတယ်။ သို့ရာတွင် ဤသို့ပြုလုပ်ခြင်းသည် ကော်ဖီပင်နှင့် ပေါင်းပင်များအကြား ယှဉ်ပြိုင်မှုကို ဖြစ်စေမှာပဲ ဖြစ်ပါတယ်။ ထို့ကြောင့် ခြောက်သွေ့ရာသီအတောအတွင်း သစ်ရွက်အမှိုက် ဖုံးထားရန် အကြံပြုချက်ကို ဗီယက်နမ်နိုင်ငံရှိ ရိုဘပ်စ်တာ (Robusta) ကော်ဖီမျိုးစိုက်သည့်ဧရိယာတို့တွင် အသုံးချနိုင်ပါတယ်။
သီးနှံကာကွယ်ရေး
ကော်ဖီသည် များပြားလှသည့်ဖျက်ပိုးနှင့်ရောဂါတို့၏ ဖျက်ဆီးမှုကြောင့် အထွက်ဆုံးရှုံးမှုကို ဖြစ်စေနိုင်သည်။ အထူးသဖြင့် ပိုမို အကြမ်းခံသော ရိုဘပ်စ်တာ မျိုးစိတ် (Robusta) များနှင့် နှိုင်းယှဉ်ပါက အရာဘီကာမျိုး (Arabica) သည် ခံနိုင်ရည်နည်းပါတယ်။ ရွက်ထွင်းပိုး၊ ပိုးစေးနှဲ၊ အကြေးပိုးများနှင့် မွှားများတို့သည် အရွက်များ၊ ပင်စည်များနှင့် အကိုင်းများကို တိုက်ခိုက်ဖျက်ဆီးကြပါတယ်။ သစ်ထိုးပိုးများသည် ပင်စည်များအပြင် အသီးများနှင့်ကိုလည်း တိုက်ခိုက်ဖျက်ဆီးကြကာ နီမတုတ်များသည် အမြစ်များကို တိုက်ခိုက် ဖျက်ဆီးကြပါတယ်။ အထွက်ကို သိသိသာသာဆုံးရှုံးစေသော ရောဂါများတွင် အောက်ပါတို့ ပါဝင်ကြသည်။
သစ်ထိုးပိုးများသည် ကော်ဖီအထွက်ကို လျော့နည်းစေသည်။
ကော်ဖီသံချေးမှိုရောဂါ
သစ်ရွက်မှည့်ပြောက်စွန်းရောဂါ
သစ်ရွက်နုများကို ကြွေကျစေသော သစ်ရွက်သံချေးမှိုရောဂါ (Hemileia vastatrix) သည် နောက်နှစ်တွင် အထွက်နှုန်း သိသိသာသာ လျော့နည်းစေပြီး မျက်ဝန်းညိုစက်ပြောက်ရောဂါ (Cercospora coffeicola) သည်လည်း ကော်ဖီသီးများကို တိုက်ခိုက်ဖျက်ဆီးကာ ဈေးကွက်သို့ ပို့မရအောင် ဖြစ်စေပါတယ်။
ကော်ဖီသီးရောဂါဖြစ်စေစော မှည့်ပြောက်စွန်းရောဂါသည် ကော်ဖီသီးများတွင် အနက်ရောင် နေလောင်ဒဏ်ရာများကို ဖြစ်စေကာ နောက်ဆုံးတွင် ပုပ်သွားပြီး အပင်မှ ကြွေကျသွားကြပါတယ်။
ကော်ဖီတွင် အရေးကြီးသော မှိုရောဂါမှာ ရွက်စက်ပြောက်ရောဂါ [Mycena citricolor (Ojo de Gallo)] ဖြစ်ပါတယ်။ ဤရောဂါများနှင့် အခြားရောဂါများကို ကော့ပါးပါသော မှိုသတ်ဆေးများဖြင့် ကာကွယ်နှိမ်နင်းရန် ကျယ်ပြန့်စွာ အသုံးပြုကြသော်လည်း ဓါတုမှိုသတ်ဆေးများကို ယခုအခါ ပိုမိုအသုံးများလာ သည်ကို အတွေ့ရများပါတယ်။