သခွားမွှေး ကြာရှည်အထားခံခြင်း
သခွားမွှေးသီးများကိုသယ်ယူပို့ဆောင်ရာတွင် အနာတရဖြစ်ခြင်းကိုလျှော့ချရန်အတွက် ကွင်းထဲတွင် ထုပ်ပိုးခြင်းသည် အကောင်းဆုံးဖြစ်သည်။
၎င်းတို့ကိုအညှာအဆုံးဖက်ပိုင်းတွင် မည်သည့်အခါမှ စုချည်မထားပါနှင့်။
အထူးသဖြင့် အညှာအဆုံးပိုင်းသည် အားပျော့ပြီးကွဲထွက်နိုင်သည်။
အကောင်းဆုံးသိုလှောင်အပူချိန်များ
သခွားမွှေးများသည် အအေးဒဏ်ကြောင့်လည်းပျက်စီးလွယ်ကြသည်။ ထို့ကြောင့် ကြာရှည်အထားခံရန်အတွက် သိုလှောင်သည့်အပူချိန်ကို အနီးကပ်စောင့်ကြပ်ကြည့်ရှုရန်လိုအပ်သည်။
သီးနှံအာဟာရနှင့်သခွားမွှေးကြာရှည်ခံခြင်း
နိုက်ထရိုဂျင် (N)
ကြီးထွားမှုနောက်ပိုင်းအဆင့်များတွင် နိုက်ထရိုဂျင် အလွန်အကျွံကျွေးခြင်းသည် အခွံပေါ်တွင် အနာအဆာတိုးပွားစေပြီး အသီးပုပ်ခြင်းကို ဖြစ်စေသဖြင့် အသီးအရည်အသွေးကို ပျက်စီးစေနိုင်သည်။ ဤနည်းအားဖြင့် အထွက်နှုန်းမြင့်မားရေးသာမက အသီးအရည်အသွေးကောင်းရရှိရေး လိုအပ်ချက်အတွက် တာဝန်ယူဆောင်ရွက်လျက်ရှိသောနောက်ဆက်တွဲ ဒေသဆိုင်ရာ စမ်းသပ်ကွက်များအနေဖြင့် နိုက်ထရိုဂျင်နှုန်းထား များနှင့် ကျွေးချိန်တို့ကို အတည်ပြုရန်အရေးကြီးသည်။
နိုက်ထရိုဂျင်နှင့် တာရှည်ခံမှုနိုက်ထရိုဂျင်နှင့်အသီးပုပ်များ
ကယ်လ်စီယမ် (Ca)
ကယ်လ်စီယမ်အာဟာရလျော့နည်းမှုသည် မြောက်မြားစွာသောအသီးအရည်အသွေးပြဿနာများကို ဖြစ်ပေါ်စေသည်။ ကယ်လ်စီယမ်အာဟာရလျော့နည်းမှု၏ ပထမဦးဆုံး လက္ခဏာများမှာ သိုလှောင်စဉ်ပျက်စီးသွားခြင်းဖြစ်သည်။ နောက်ပိုင်းတွင် အသီးအတွင်းရှိအစေ့များလျော့နည်းလာပြီး တခါတရံတွင် မျိုးစေ့များမှ အပင်ပေါက်ခြင်းပြဿနာကိုဖြစ်ပေါ်နိုင်သည်။
ဘိုရွန် (B)
ဘိုရွန်သည် ကယ်လ်စီယမ်ရွေ့လျားသွားလာမှုကို ပိုမိုလွယ်ကူချောမွေ့ ရေးအတွက် အရေးပါသည်။ ကယ်လ်စီယမ်ကဲ့သို့ပင် အသီးခွံကောင်းမွန်ရေးအတွက် ထိန်းသိမ်းရာတွင် အဓိကအခန်းကဏ္ဍမှပါဝင်သည်။