fbpx

သီးနှံအာဟာရ ဖြေရှင်းနည်းများ

ဖရဲ ၊ သခွား

ဖရဲ၊ သခွှားမွှေးမြေသြဇာကျွေးခြင်း

အခြောက်ကျွေးမြေသြဇာများကိုအများအားဖြင့် အပင်မစိုက်ပျိုးမီရောစပ် ထည့်ကျွေးလေ့ရှိပြီး ထို့နောက် သီးနှံပင်များအား အကြိမ်ကြိမ်ခွဲ၍ ကြဲပက်ပေးလေ့ရှိပါသည်။

ထိရောက်မှုမရှိခြင်း၊ ဆုံးရှုံးခြင်းနှင့် မြေကြီးထဲသို့ရောက်ရှိ သွားခြင်းစသည် တို့ကိုကာမိစေရန် အခြောက်ကျွေး မြေသြဇာအစီအစဉ် နှင့်အတူ အများအားဖြင့် ပို၍မြင့်မားသော အာဟာရဓာတ် အချိုးအစားများလည်း လိုအပ်လေ့သည်။


မြေသြဇာကို အရည်ပုံစံဖြင့်ကျွေးခြင်းသည် ရေပေးသွင်းသည့်စနစ်မှတဆင့် အာဟာရများကိုထောက်ပံ့ပေးသည့် စနစ်ဖြစ်ပါသည်။ ထိုစနစ်သည် ရှင်သန် ဖျတ်လတ်နေသောအမြစ်နေရာဆီသို့ မြေသြဇာကိုတိုက်ရိုက်ပို့ ဆောင်ပေးခြင်းအားဖြင့် အာဟာရစွမ်းရည်သတ္တိ အမြင့်ဆုံးကို ရရှိပါသည်။ အစက်ချရေသွင်း စနစ်များသည် အမြစ်များရှင်သန်ကြီးထွားနိုင်သော အစိုဓာတ်ရရှိသည့် နေရာတွင်သာ အစိုဓာတ်ကိုပံ့ပိုးပေးသည်။

၎င်းတို့သည် အပင်တိုင်းအတွက် ပိုမိုညီညာစွာကျွေးခြင်းကိုလည်း သေချာစေပြီး အာဟာရများကို အကောင်းဆုံး စုပ်ယူစားသုံးမှုအတွက် အချိန်မှန်မှန်နှင့် ပမာဏ မှန်မှန်ကျွေး ပေးခြင်းဖြင့် မှန်ကန်သော အာဟာရဓာတ်ကို ရရှိစေသည်။ မြေသြဇာအရည်ကျွေးသည့်စနစ်အောက်တွင် ထုတ်လုပ်မှုကာလ တလျှောက်လုံး၌ အပင်တစ်ပင်၏ အာဟာရလိုအပ်ချက် သင့်တင့်မှန်ကန်စေရန် မှန်ကန်သော အာဟာရအချိုးများကိုထိန်းထားရန်အရေးကြီးပါသည်။


အရေးပေါ်အာဟာရလိုအပ်ချက်ကိုဖြေရှင်းရန် သို့မဟုတ် မြေဆီလွှာမှ သီးခြား သတ်မှတ်ထားသော အာဟာရများ ရရှိနိုင်မှုကို ဟန့်တားထားနိုင်သည့် အခြေအနေများတွင် ရွက်ဖျန်းပုံစံဖြင့် မြေသြဇာကျွေးခြင်းကို အသုံးပြုနိုင် ပါသည်။


မြေသြဇာကျွေးပြီးနောက် အကြိမ်ကြိမ်ခွဲကျွေးသည့်မြေသြဇာ (side-dressed fertilizer) ကိုမြေကြီးထဲသို့ရောထည့်ပါ။ အကြိမ်ကြိမ်ခွဲကျွေးသည့်မြေသြဇာကိုအပင်အောက်ခြေနှင့်ဝေးသောနေရာတွင် မကျွေးသင့်ပါ။ မြေသြဇာကိုအပင်အောက်ခြေနှင့်ဝေးသောနေရာတွင် မကျွေးသင့်ပါ။ မြေသြဇာ အရည်သည် အပင်ပေါက်ကလေးများ၏ ဖွံ့ဖြိုးကြီးထွားမှုကို အားကောင်းစေသည်။

သင့်ရဲ့ ဖရဲ၊သခွားသီးနှံမှာ အဟာရချို့တဲ့ခြင်း ရှိနေပါသလား

သင့်ရဲ့ သီးနှံမှာ အဟာရချို့တဲ့ခြင်း ရှိနေပါသလား။ အောက်ပါ ဇယားတွင် သီးနှံအဟာရချို့တဲ့ခြင်းများကို အလွယ်တကူ ရှာဖွေပါ။

N နိုက်ထရိုဂျင်
B ဘိုရွန်
Mn မဂ္ဂနီး
Mo မော်လီဒီနမ်
P ဖော့စဖောရပ်
Mg မဂ္ဂနီစီယမ်
Ca ကယ်လစီယမ်
K ပိုတက်ဆီယမ်
S ဆာလဖာ

အားလုံးကို ကြည့်ရန်

မှန်ကန်သောအာဟာရစီမံခန့်ခွဲမှုက သင့် ဖရဲ၊သခွား သီးနှံများကို မည်သို့ အကျိုးသက်ရောက်နိုင်သလဲ

ဖရဲ ၊ သခွား သီးနှံအာဟာရဆောင်းပါး အားလုံးကို ကြည့်ရန်


ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅