fbpx

သီးနှံအာဟာရ ဖြေရှင်းနည်းများ

ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ

ကမ္ဘာ့တဝှမ်းစိုက်ပျိုးထုတ်လုပ်မှု

ဂေါ်ဖီထုပ်စိုက်ပျိုးမှုကိုနိုင်ငံပေါင်း ၁၅၀ ၌ စိုက်ပျိုးမြေဧရိယာ ၃.၈ ဟက်တာသန်းတွင် နှစ်စဉ် တန်ချိန်သန်းပေါင်း ၇၀ ခန့်ကိုထုတ်လုပ်ပါတယ်။

ဂေါ်ဖီထုပ်


ဂေါ်ဖီထုပ်စိုက်ပျိုးမှုကိုနိုင်ငံပေါင်း ၁၅၀ ၌ စိုက်ပျိုးမြေဧရိယာ ၃.၈ ဟက်တာသန်းတွင် နှစ်စဉ် တန်ချိန်သန်းပေါင်း ၇၀ ခန့်ကိုထုတ်လုပ်ပါတယ်။ ပန်းဂေါ်ဖီနှင့် ပန်းဂေါ်ဖီစိမ်းထုတ်လုပ်မှုတို့နှင့် နှိုင်းယှဉ်ပါက ကမ္ဘာတစ်ဝန်း ဂေါ်ဖီထုပ်ထုတ်လုပ်မှုက လေးဆကျော်များပြားတာကို တွေ့ရပါတယ်။ တိုးတက်လာသောလူဦးရေ၏ စားသုံးမှုလိုအပ်ချက်နှင့် ပြောင်းလဲလာတဲ့ စားသောက်မှုပုံစံများအရ ဂေါ်ဖီထုပ်ထုတ်လုပ်မှုသည် ၅ နှစ်အတွင်း (၂၀၀၀-၂၀၀၅ အကြား) ၂၀ ရာခိုင်နှုန်းခန့် တိုးတက်မြင့်လားလာတာကို ‌တွေ့ရပါတယ်။

ကမ္ဘာ့အထွက်နှုန်းနဲ့ ထုတ်လုပ်နိုင်မှု

 

ဂေါ်ဖီအများဆုံးထုတ်လုပ်သောနိုင်ငံမှာတရုတ်ဖြစ်ပြီး ကမ္ဘာ့ထုတ်လုပ်မှုရဲ့ ၅၀ ရာခိုင်နှုန်းနီးပါးရှိပါတယ်။ အိန္ဒိယ၊ ရုရှား၊ ကိုးရီးယားတို့က တန် ၃ သန်းထုတ်လုပ်ပြီး ၎င်းနောက်တွင် ယူကရိမ်း၊ ဂျပန်နှင့် အင်ဒိုနီးရှားတို့လိုက်ပါတယ်။

ပန်းဂေါ်ဖီနှင့် ပန်းဂေါ်ဖီစိမ်း

ပန်းဂေါ်ဖီနှင့် ပန်းဂေါ်ဖီစိမ်းတို့ကို ကမ္ဘာတစ်ဝန်း၌ စိုက်ပျိုးမြေဧရိယာ ဟက်တာ ၁.၆ သန်းတွင် နှစ်စဉ် တန်ချိန်သန်းပေါင်း ၂၀ ကိုထုတ်လုပ်ပါတယ်။တရုတ်နှင့် အိန္ဒိယတို့တွင် တနှစ်လျှင် တန်ချိန်ပေါင်း ၈.၉ နှင့် ၆.၇ သန်း အသီးသီးထုတ်လုပ်ကြပါတယ်။ ၎င်းသည် ကမ္ဘာ့ထုတ်လုပ်မှုရဲ့ ၇၄ ရာခိုင်နှုန်း ကိုကိုယ်စားပြုပါတယ်။ ၎င်းတို့နောက်တွင် စပိန်၊ မက္ကဆီကို၊ အီတလီ၊ ပြင်သစ်၊ အမေရိကန်၊ ပိုလန်၊ ပါကစ္စတန်နှင့် အီဂျစ်တို့ရှိပြီး ၎င်းတို့အားလုံး၏ ထုတ်လုပ်မှုမှာ တနှစ်လျှင် တန်ချိန် ဝ.၂ သန်းရှိပါတယ်။

ကမ္ဘာ့အထွက်နှုန်း နဲ့ ထုတ်လုပ်မှု

 

စားသုံးမှု

လူ့ကျန်းမာရေးအတွက် အကျိုးကျေးဇူးရှိခြင်းနှင့် စားသုံးသူများ၏ ရောဂါဒဏ်ခံနိုင်ရည်ရှိသောစားသုံးမှုပုံစံများအကြောင်း အသိဗဟုသုတတိုးပွားလာကြခြင်းကြောင့် ဂေါ်ဖီသီးနှံများကိုစားသောက်မှု ပိုမိုများပြားလာပါတယ်။ တိကျသောကိန်းဂဏန်းဖေါ်ပြချက်များရရှိရန် ခက်ခဲသော်လည်းတရုတ်နိုင်ငံကဲ့သို့ တိုးတက်မှုမြန်ဆန်သောနိုင်ငံများတွင် လူတစ်ဦးရဲ့ပျန်းမျှ ဟင်းသီးဟင်းရွက်များစားသုံးနှုန်းသည် ၃၀၀ ကီလိုဂရမ်ကျော်ထိတိုးတက်နေကြောင်းတွေ့ရှိရပါတယ်။ ၎င်းသည် ကမ္ဘာ့ပျမ်းမျှစားသုံးနှုန်း (၁၀၅ ကီလိုဂရမ်)ထက် အလွန်မြင့်မားနေပါတယ်။ ၎င်းထဲထွင် ဂေါ်ဖီထုပ်သည် သိသာထင်ရှားသောအချိုးအစားတစ်ခုထိ ပါဝင်နေသည်ဟု ယူဆရပါတယ်။

သင့်ရဲ့ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီသီးနှံမှာ အဟာရချို့တဲ့ခြင်း ရှိနေပါသလား

သင့်ရဲ့ သီးနှံမှာ အဟာရချို့တဲ့ခြင်း ရှိနေပါသလား။ အောက်ပါ ဇယားတွင် သီးနှံအဟာရချို့တဲ့ခြင်းများကို အလွယ်တကူ ရှာဖွေပါ။

N နိုက်ထရိုဂျင်
B ဘိုရွန်
Mn မဂ္ဂနီး
Mo မော်လီဒီနမ်
P ဖော့စဖောရပ်
Mg မဂ္ဂနီစီယမ်
Ca ကယ်လစီယမ်
K ပိုတက်ဆီယမ်
S ဆာလဖာ
Cu ကော့ပါး
Fe အိုင်းရွန်း(သံဓာတ်)
Zn ဇင့်

အားလုံးကို ကြည့်ရန်

မှန်ကန်သောအာဟာရစီမံခန့်ခွဲမှုက ဂေါ်ဖီထုပ်၊ပန်းဂေါ်ဖီ သီးနှံများကို မည်သို့ အကျိုးသက်ရောက်နိုင်သလဲ

ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ သီးနှံအာဟာရဆောင်းပါး အားလုံးကို ကြည့်ရန်


ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅