fbpx

သီးနှံအာဟာရ ဖြေရှင်းနည်းများ

ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ

ဂေါ်ဖီမျိုးရင်းပင်များ ကျစ်လစ်မှု၊ အရွယ်အစား၊ အလေးချိန်၊ အရောင်အသွေးတို့ ပိုမိုကောင်းမွန်ခြင်း

ဂေါ်ဖီမျိုးရင်းပင်တွေရဲ့ အထုပ်ကျစ်လစ်မှု၊ အရွယ်အစား၊ အလေးချိန်နှင့် အရောင်တို့ရဲ့ ဈေးကွက်လိုအပ်ချက်နှင့် အရည်အသွေးကွဲပြားမှု

ဂေါ်ဖီအမျိုးအစားအပေါ်မူတည်ပြီး အရည်သွေးပြောင်းလည်းမှုများရှိနိုင်ပါတယ်။  သို့သော် ၎င်းတို့တွင် ယေဘုယျကျသော အရည်အသွေးသတ်မှတ်ချက်များရှိပါတာကို တွေ့ရှိရပါတယ်။ အထုပ်အရွယ်အစား၊ အလေးချိန်နဲ့ အရောင် ညီညာပြီး မြေကြီးနှင့် ရောဂါကင်းစင်ခြင်းတို့ကလည်း လက်ကားကုန်သည်တွေနဲ့ စားသုံးသူတွေရဲ့ ကြိုက်နှစ်သက်တဲ့ အရေးကြီးသည့် လက္ခဏာတွေပဲ ဖြစ်ပါတယ်။


သီးနှံအာပာာရ နှင့် ဂေါ်ဖီ ကျစ်လစ်မှု၊ အရွယ်အစား၊ အလေးချိန်နှင့် အရောင်အရည်အသွေး


နိုက်ထရိုဂျင် (N)

နိုက်ထရိုဂျင်အာဟာရက အပင်ကြီးထွားရန် လုပ်ဆောင်ပေးပြီး အရွက်တွေကောင်းစွာကြီးနိုင်ရန်အတွက် နိုက်ထရိုဂျင်ကို ပြည့်ပြည့်ဝဝထည့်ပေးရန် လိုအပ်ပါတယ်။ အရွက်များ ကောင်းစွာကြီးထွားခြင်းက အဖူးနှင့် အပွင့်တို့အတွက် လုံလောက်သော အာဟာရကိုပေးစွမ်းနိုင်ပြီး ကောင်းမွန်တဲ့ ကြီးထွားမှုကို ရရှိစေပါတယ်။ သင့်တင့်သော နိုက်ထရိုဂျင် နှုန်းထားကို ထည့်ပေးခြင်းအားဖြင့် ကောင်းမွန်သော အရွက်နှင့်အထုပ်အချိုးကို ရရှိပြီး အကောင်းဆုံး အရည်အသွေးရှိသော ကျစ်လစ်သည့်ပန်းပွင့် သို့မဟုတ် ဂေါ်ဖီထုတ်တွေကို ရရှိနိုင်မှာပဲ ဖြစ်ပါတယ်။


မှန်ကန်သော နိုက်ထရိုဂျင် အာဟာရက သီးနှံအရောင်အသွေးကို ကောင်းမွန်စေပြီး ပန်းဂေါ်ဖီစိမ်းတွင် အညိုရောင်အကွက်များဖြစ်ပေါ်မှုကို တားဆီးပေးကာ ဈေးကွက်အရည်အသွေးကို ကောင်းမွန်စေပါတယ်။


ပိုတက်ဆီယမ် (K)

ပိုတက်ဆီယမ်အာဟာရက အပင်ကြီးထွားမှုပမာဏကို တိုးမြှင့်စေနိုင်ပြီး ဂေါ်ဖီထုပ်အလေးချိန်နဲ့ဲ့ထွက်နှုန်းကို တိုးတက်ရရှိစေပါတယ်။ ပိုတက်ဆီယမ် နဲ့ နိုက်ထရိုဂျင် ထည့်ပေးမှုကို မျှတစွာထည့်ပေးရန် လိုအပ်ပါတယ်။ ပိုတက်စီယမ်သည် ရိပ်သိမ်းချိန်တွင် သီးနှံအရွယ်အစားမညီညာမှုကို လျော့နည်းအောင် ကူညီပေးပြီး အထုပ်နှင့် ပန်းပွင့်များ၏ သိပ်သည်းမှုကို ထိန်းသိမ်းပေးပါတယ်။


ဆာလ်ဖာ (S)

ဆာလ်ဖာသည် အစိမ်းရောင်ဖြစ်ပေါ််သော ကလိုရိုဖီးလ်ဖြစ်ပေါ်မှုအတွက် လိုအပ်သော အင်ဇိုင်းနှင့် အခြားပရိုတိန်းတွေရဲ့ အရေးကြီးသော အစိတ်အပိုင်းပဲ ဖြစ်ပါတယ်။ သီးနှံရာသီတလျှောက်လုံး ဆာလ်ဖာကိုလည်း ပုံမှန်ထည့်သွင်းရန် လိုအပ်ပါတယ်။ သို့သော်လည်း ဆာလ်ဖာနှင့် နိုက်ထရိုဂျင် ထည့်သွင်းမှု ကိုက်ညီမှုရှိစေရန် အထူးသတိပြုရမှာပဲ ဖြစ်ပါတယ်။ နိုက်ထရိုဂျင်ထည့်သွင်းမှုများပြားပါက ဆာလ်ဖာ စုတ်ယူမှုကို ဟန့်တားပါတယ်။ 

သံဓာတ် (Fe)

ဂေါ်ဖီများတွင် သံဓာတ်သည် အနည်းလိုအာဟာရဓာတ်များထဲတွင် ပမာဏအများဆုံးလိုအပ်သော အာဟာရတမျိုး ဖြစ်ပါတယ်။ (တတန်တွင် သံဓာတ် ၈၀-၉၀ ဂရမ်ပါဝင်ပြီး ဘိုရွန်နှင့် ဇင့်တို့ထက် လေးဆကျော်ပိုမိုများပြားစွာ ပါဝင်တာကို တွေ့ရပါတယ်) ။ ၎င်းသည်အန်ဇိုင်း၊ ဂေါ်ဖီ အပွင့် အထုပ်အရွယ်အစားနဲ့ အလေးချိန်ကောင်းမွန်စေရန်၊ ပရိုတိန်းအစိတ်အပိုင်းအဖြစ် အပင်ဇီဝဆကမ္မဖြစ်စဉ်အတွက် အရေးကြီးပါတယ်။

 

သင့်ရဲ့ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီသီးနှံမှာ အဟာရချို့တဲ့ခြင်း ရှိနေပါသလား

သင့်ရဲ့ သီးနှံမှာ အဟာရချို့တဲ့ခြင်း ရှိနေပါသလား။ အောက်ပါ ဇယားတွင် သီးနှံအဟာရချို့တဲ့ခြင်းများကို အလွယ်တကူ ရှာဖွေပါ။

N နိုက်ထရိုဂျင်
B ဘိုရွန်
Mn မဂ္ဂနီး
Mo မော်လီဒီနမ်
P ဖော့စဖောရပ်
Mg မဂ္ဂနီစီယမ်
Ca ကယ်လစီယမ်
K ပိုတက်ဆီယမ်
S ဆာလဖာ
Cu ကော့ပါး
Fe အိုင်းရွန်း(သံဓာတ်)
Zn ဇင့်

အားလုံးကို ကြည့်ရန်

မှန်ကန်သောအာဟာရစီမံခန့်ခွဲမှုက ဂေါ်ဖီထုပ်၊ပန်းဂေါ်ဖီ သီးနှံများကို မည်သို့ အကျိုးသက်ရောက်နိုင်သလဲ

ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ သီးနှံအာဟာရဆောင်းပါး အားလုံးကို ကြည့်ရန်


ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅