စိုက်ပျိုးခြင်းဆိုင်ရာအခြေခံသဘောတရားများ
သီးလှည့်စိုက်ပျိုးခြင်းသည် တင်းပုတ်ရောဂါ၊ ရွက်ခြောက်ရောဂါ နှင့် မတ်တပ်သေကဲ့သို့သော မြေအောင်း ရောဂါများအားကာကွယ်ရန်အတွက် အရေးပါပါတယ်။
ထိုရောဂါများ အမြစ်မတွယ်စေရန် အမြဲတမ်းအတွက် လက်တွေ့မကျသော်လည်း အနည်းဆုံး ၄-၅နှစ်တစ်ကြိမ် ဂေါ်ဖီမျိုးရင်း အပင်များကို သီးလှည့်စိုက်ပျိုးရန် အကြံပြုလိုပါတယ်။ စိုက်ပျိုးသူများသည် နောက်သီးနှံကို မြန်ဆန်စွာပြောင်းလဲစိုက်ပျိုးပြီး မြေသြဇာထည့်သွင်းခြင်းပုံစံကိုလည်း ထိန်းညှိပေးခြင်းဖြင့် ကြွင်းကျန်အာဟာရအရင်းအမြစ်များကို အသုံးပြုသင့်ပါတယ်။
ပုံမှန်အပင်အရေအတွက်ပါဝင်မှု
အလွန်အသုံးများသောနည်လမ်းမှာ ပျိုးဘောင်တွင် ပျိုးပင်ငယ်များကို ပျိုးခြင်းနည်းဖြစ်ပါသည်။ ထိုနေရာတွင် ၃-၅ ပတ်ထိ စိုက်ပျိုးကြပါတယ်။ တိုက်ရိုက်စိုက်ပျိုးခြင်းသည် အကြီးမြန်သော ရာသီဥတုတွင် တဟုန်ထိုးကြီးထွားခြင်းကို လျော့နည်းစေရန် ကူညီပေးသော်လည်း သီးနှံကြီးရင့်မှည့်မှုကိုအပြောင်းအလဲဖြစ်စေရန် ဖန်တီးကာ ဖြတ်ရန်လိုအပ်သည့် အရေအတွက်ကို တိုးပွားစေပါသည်။
ရွှေ့ပြောင်းစိုက်ပျိုးသောအချိန်တွင် ရွှေ့ပြောင်းမှုထိခိုက်ဒဏ်ကို လျော့နည်းအောင်ပြုလုပ်ရန် အရေးကြီးပါတယ်။ ထို့ကြောင့် စိုက်ပျိုးမြေကို သေချာစွာပြုပြင်ထားပြီး လုံလောက်သောအစိုဓာတ်ရှိရန် သို့မဟုတ် ရေသွင်းနိုင်ရန် ပြုလုပ်ထားရပါမယ်။ မြေကြီး၏အပူချိန်ကို ၁၀ ဒီဂရီ စင်တီဂရီတ် (၅၀ ဒီဂရီဖါရင်ဟိုက်)- (အကောင်းဆုံးမှာ ၁၅ ဒီဂရီ စင်တီဂရီတ် (၅၉ ဒီဂရီဖါရင်ဟိုက်) ထားရှိရမည်ဖြစ်ပါသည်။နေ့အပူချိန် ၃၀ ဒီဂရီ စင်တီဂရီတ် (၈၆ ဒီဂရီဖါရင်ဟိုက်)နှင့်အထက် ရောက်ရှိနေချိန်တွင် ရွှေ့ပြောင်းစိုက်ပျိုးခြင်းကို ရှောင်ကြဉ် ရပါမယ်။
ပင်ကြားတန်းကြားသည် ဂေါ်ဖီအမျိုးအစား၊ ကြီးထွားနှုန်း၊ ခူးဆွတ်သည့်နည်းလမ်းတို့ပေါ်မူတည်ပြီး ကွဲပြားပါတယ်။ အထူးသဖြင့် အကြီးမြန်သော အခြေအနေတွင် အထုပ်ငယ်များကိုသာ ထုပ်ယူလိုပါက ပင်ကြားတန်းကြားကို စိပ်စိပ်ထား၍ စိုက်ပျိုးသင့်ပါတယ်။ပင်ကြားတန်းကြား ကျယ်ကျယ်ထားပါက အထုပ်ကြီးများကို ထုတ်လုပ်ရရှိနိုင်မှာပဲ ဖြစ်ပါတယ်။