fbpx

သီးနှံအာဟာရ ဖြေရှင်းနည်းများ

ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ

ပေါင်းပင်၊ ပိုးမွှားနှင့်ရောဂါများ

ဖြုတ်စိမ်းသည် အတက်နှင့်အဖူးသစ်များကိုစားသောက်ပါသည်။

ပိုးမွှားများ

ဖြုတ်စိမ်းသည် အတက်နှင့်အဖူးသစ်များကိုစားသောက်ပါတယ်။ ထိုအခါ အပင်သည် ညှိုးသွားပြီးပုံပျက်ကာကွေးကောက်သွားပါတယ်။ ဖြုတ်စိမ်းသည် ဗိုင်းရပ်ပေါင်းမြောက်မြားစွာကိုသယ်ဆောင်ပြီး ကြီးမားသောပျက်စီးမှုကို ဖြစ်စေပါတယ်။ ဂေါ်ဖီသီးနှံပင်များကိုဖျက်စီးသော ခူကောင်မျိုးပေါင်းများစွာ ကျရောက်လေ့ရှိပါတယ်။ ဂေါ်ဖီထုပ်အကြီးအသေး အဖြူရောင်လိပ်ပြာများ၊ စိန်ကွက်ဖလံ နှင့် ထွာကောင်စိမ်းများကျရောက်တတ်ပါတယ်။ ဂေါ်ဖီသီးနှံပင်များ၏ နူးညံ့ကြွပ်ဆက်သောအရွက်သည် ခရုနှင့် ပက်ကျိများကိုဆွဲဆောင်နိုင်ပါတယ်။ ၎င်းတို့သည် အပင်ငယ်များအားလုံးကိုစားနိုင်ပြီး အပင်ဟောင်းများကို ထိခိုက်စေပါတယ်။ မအေးလွန်းသောရာသီဥတုနှင့် စိုထိုင်းသောရာသီဥတုတွင် ဖျက်ဆီးမှုအများဆုံးဖြစ်ပါတယ်။ လှေး၊ ကျိုင်း၊ ဝိုင်ယာပိုး၊ ပင်ဖြတ်ပိုးတို့သည် ပျိုးပင်ဖွံ့ဖြိုးမှုကိုပျက်စီးစေပါတယ်။

သိုလှောင်မှု

ခူးဆွတ်ချိန်နှင့် သယ်ယူပို့ဆောင်ချိန်တွင် ကိုင်တွယ်မှုသည် အရေးပါပါတယ်။ ပြတ်ရှရာ၊ ပွန်းပဲ့ရာပျက်စီးရာများရှိပါက ရောဂါဝင်ပေါက်များဖြစ်မည်ဖြစ်ပြီး ထွက်ကုန်များ၏ စံညွှန်းကိုကျဆင်းစေနိုင်ပါတယ်။ သီးနှံကိုသန့်ရှင်းစွာမသိုလှောင်ခြင်းသည် သိုလှောင်ရာတွင် များစွာသောပျက်စီးပုတ်သိုးမှုကို ဖြစ်စေပါတယ်။ ၎င်းတို့ထဲတွင် ရေစိုပုပ်ရောဂါ(Sclerotinia), မီးခိုးမှိုပုပ်ရောဂါ (Botrytis cinerea), အော်တာနေးရီးယားရွက်ပြောက်ရောဂါ (Alternaria spp.) နှင့် Erwinia, Pseudomonas, and Xanthomonas အပါအဝင် ဘက်တီးရီးယားမျိုးကွဲများစွာကြောင့် ဖြစ်ပွားသော ဘက်တီးရီးယားပျော့ပုပ်ရောဂါတို့ပါဝင်ပါတယ်။

လေထုကိုထိန်းချုပ်၍သိုလှောင်ခြင်းက ကာလရှည်သိုလှောင်နိုင်သောအရည်အသွေးကို ထိန်းသိမ်းနိုင်ရန် လုပ်ဆောင်မှု ပိုများလာပြီးဈေးကွက်ကာလကိုချဲ့ထွင်နိုင်ပါတယ်။ သို့သော်လည်းအခြားဟင်းသီးဟင်းရွက် သီးနှံများနှင့် နှိုင်းယှဉ်ပါက ပန်းဂေါ်ဖီနှင့် ပန်းဂေါ်ဖီစိမ်းတို့သည် အလွန်ပျက်စီးလွယ်ပြီး ၎င်းတို့ကို ကာလတိုသာသိုလှောင်နိုင်ပါတယ်။

သင့်ရဲ့ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီသီးနှံမှာ အဟာရချို့တဲ့ခြင်း ရှိနေပါသလား

သင့်ရဲ့ သီးနှံမှာ အဟာရချို့တဲ့ခြင်း ရှိနေပါသလား။ အောက်ပါ ဇယားတွင် သီးနှံအဟာရချို့တဲ့ခြင်းများကို အလွယ်တကူ ရှာဖွေပါ။

N နိုက်ထရိုဂျင်
B ဘိုရွန်
Mn မဂ္ဂနီး
Mo မော်လီဒီနမ်
P ဖော့စဖောရပ်
Mg မဂ္ဂနီစီယမ်
Ca ကယ်လစီယမ်
K ပိုတက်ဆီယမ်
S ဆာလဖာ
Cu ကော့ပါး
Fe အိုင်းရွန်း(သံဓာတ်)
Zn ဇင့်

အားလုံးကို ကြည့်ရန်

မှန်ကန်သောအာဟာရစီမံခန့်ခွဲမှုက ဂေါ်ဖီထုပ်၊ပန်းဂေါ်ဖီ သီးနှံများကို မည်သို့ အကျိုးသက်ရောက်နိုင်သလဲ

ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ သီးနှံအာဟာရဆောင်းပါး အားလုံးကို ကြည့်ရန်


ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅