fbpx

သီးနှံအာဟာရ ဖြေရှင်းနည်းများ

ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ

ဟင်းသီးဟင်းရွက်ဂေါ်ဖီသီးနှံအမျိုးအစားများ

အဖူးထွက်သောဂေါ်ဖီထုပ် (Brassica oleracea L. (Capitata group) and Brassica rapa subspecies)

အဖူးထွက်သောဂေါ်ဖီထုပ် (Brassica oleracea L. (Capitata group) and Brassica rapa subspecies)

ဂေါ်ဖီထုပ်တွေကို တစ်နှစ်ခံပင်များအဖြစ် စိုက်ပျိုးကြပါတယ်။ အပင်တွေကိုပျိုးပြီးနောက် စိုက်ခင်းထဲရှိ စိုက်ဘောင်တွေမှာ ပြောင်းရွှေ့စိုက်ပျိုးကြပါတယ်။ အောက်ခြေအရွက်တွေဟာ ၂၅ စင်တာမီတာနှင့်အထက် ရှည်လျားကျယ်ဝန်းပြီး သဘာဝအရ ပြန့်နေပါတယ်။ သီးနှံရင့်မှည့်လာတဲ့အခါ ပင်စည်ထိပ်နှင့် ထူထပ်စွာထုပ်ပိုးထားသောအရွက်များပါဝင်သည့် အဖူးထွက်လာပါတယ်။ ရိတ်သိမ်းချိန် သို့မဟုတ် မစားမီအချိန်တွင် အဖူးကိုအုပ်ထားသောအပြင်ဘက်အကျဆုံးအလွှာကိုဖယ်ရှားရပါတယ်။ ဂေါ်ဖီထုပ်များသည် အချင်း ၁၀-၃၀ စင်တီမီတာထိအမျိုးမျိုးရှိပြီးအမျိုးအစားပေါ်မူတည်ပြီး စက်လုံးပုံ၊ လိပ်ခုံးပုံတို့ ရှိကြပါတယ်။

ဂေါ်ဖီထုပ် အမျိုးမျိုးရှိပါတယ်။

အစိမ်းရောင်ဂေါ်ဖီထုပ် (Alba အုပ်စုခွဲ) - အစိမ်းဖျော့ရောင် ကျစ်လစ်သောအဖူးသို့မဟုတ် လုံးဝနီးပါးအဖြူရောင် အရွက်များနှင့် ဖြစ်ပါသည်။ ထိုအမျိုးအစားများကိုချက်ပြုတ်ခြင်း ဂေါ်ဖီချဉ် သို့မဟုတ် အသုပ်တို့အတွက် အသုံးပြုနိုင်ပါတယ်။

အနီရောင်ဂေါ်ဖီထုပ် (Rubra အုပ်စုခွဲ)  - ခရမ်းနီရောင်ဂေါ်ဖီထုပ်ကို အသုပ်အတွက် အသုံးပြုကြပါတယ်။

အရွက်တွန့်ဂေါ်ဖီထုပ်(Sabauda subgroup) - လျော့ရဲရဲသိပ်သည်းနေသော စိမ်းဝါရောင် ဘဲဥပုံဂေါ်ဖီထုပ်တစ်ခုထဲတွင် တွန့်လိမ်နေသောအရွက်များရှိပါတယ်။ ထိုဂေါ်ဖီထုပ်သည် နူးညံ့ပြီးအနံ့ပြင်းထန်မှုမရှိပဲ ချက်ပြုတ်ရန်နှင့် အသုပ် တို့အတွက် သင့်တော်ပါတယ်။

တရုတ်ဂေါ်ဖီထုပ် (Brassica rapavarpekinensis) - ပါးလွှာ၊ ကြွပ်ဆတ်၍ တွန့်နေပြီးခရမ်အရောင် ဒေသထွက် ဂေါ်ဖီထုပ်များထက် ပိုချိုပြီးနူးညံ့ပါတယ်။

တရုတ်ဂေါ်ဖီ Pak choy (Brassica rapavarchinensis) - တရုတ်ဂေါ်ဖီဖြူဟုလည်းခေါ်ပြီး ၎င်းတွင် အစိမ်းရောင်အရွက်များနှင့်အုပ်ထားသောရှည်လျားသော၊ အနံ့မပြင်းသောရိုးတံရှိပါတယ်။

 

ကွမ်းသီးဂေါ်ဖီထုပ်သေး(Brassica oleracea L. Gemmifera group)

ကွမ်းသီးဂေါ်ဖီထုပ်သေး

 ဂေါ်ဖီထုပ်အုပ်စုရှိ ဤအပင်သည် တစ်မီတာအမြင့်ထိမြင့်ပါတယ်။

စားသုံးရသောအပိုင်းသည် သေးငယ် ကျစ်လစ်ပြီး ၂-၅ စင်တီမီတာဂေါ်ဖီထုပ်သေးများဖြစ်ကာ ၎င်းတို့သည် ပင်စည်တလျောက် ရွက်ညှာများတွင် ထွက်ပေါ်ပါတယ်။

ကွမ်းသီးဂေါ်ဖီထုပ်သေးတွေဟာ အူတိုင်ပတ်လည်နှင့် အသေးစားဂေါ်ဖီထုပ်အဖူးတစ်ဝိုက်တွင် အရွက်များဖြင့် ကျစ်လစ်စွာပတ်ထားပါသည်။

 

 

 

ပန်းဂေါ်ဖီ (Brassica oleracea L. Botrytis group)

ပန်းဂေါ်ဖီ Cauliflower (Brassica oleracea L.)

ပန်းဂေါ်ဖီသည် စားသုံး၍ရသော တစ်ဝက်တပျက်ဖွံ့ဖြိုးသောပန်းပွင့်မြောက်မြားစွာပါဝင်သော အပွင့် ဖြစ်ပြီး တစ်နှစ်ခံပင်အဖြစ်စိုက်ပျိုးပါတယ်။

၎င်းသည်ကြီးမားသော အောက်ခံအရွက်များဖြင့်ဖွံ့ဖြိုးစေပြီး ပင်စည်မှထွက်လာသောပန်းပွင့်ကို လုံအောင်မကာနိုင်သော်လည်း ပန်းပွင့်ကိုဝန်းရံထားပါတယ်။ အဖြူရောင်ပန်းပွင့်ကိုနှစ်သက်ကြသော်လည်း ပန်းပွင့်ကိုကာကွယ်ရန်လုံလောက်သောအရွက်များရှိသောမျိုးများကိုထုတ်လုပ်ကြပါတယ်။ ပန်းပွင့်တွေက ကျစ်လစ်ပြီးအဖြူရောင်ရှိကာ မြဲမြံနေစဉ်ခူးယူကြပါသည်။

 

 

 

ပန်းဂေါ်ဖီစိမ်း (Calabrese, Brassica oleracea L. Italicagroup)

ပန်းဂေါ်ဖီစိမ်း (Brassica oleracea L.)

ပန်းဂေါ်ဖီစိမ်း အပင်သည်သန်မာဖြောင့်တန်းစွာကြီးထွားပြီး တစ်နှစ်ခံပင်ဖြစ်ကာ တစ်မီတာရှိရှည်ပါတယ်။

ကြီးမားပြီးပြန့်နေသောအရွက်များလည်းရှိပါတယ်။စားရသောအပိုင်းသည်မရင့်မှည့်သေးသောပန်းပွင့်ခေါင်းဖြစ်ပြီး ပန်းပွင့်များသေးငယ်ပြီးစိမ်းနေချိန်တွင်ခူးဆွတ်နိုင်ပါတယ်။

ဗဟိုအဖူးသည် ၇-၂၀ စင်တီမီတာအချင်းရှိပြီး အတော်အသင့်ပြားပါတယ်။ ၎င်းကိုပင်စည် ၁၅-၂၀ စင်တီမီတာနှင့်အတူဖြတ်ရပါတယ်။

 

 

 

ကိုက်လန် (Brassica oleracea L. var sabellica - Acephalagroup)

အပင်သည်နှစ်နှစ်ခံပင်ဖြစ်သော်လည်းအစားအသောက်အတွက်ကိုက်လန်ကို တနှစ်ခံပင်အဖြစ်စိုက်ပျိုးလေ့ရှိပါတယ်။

မျိုးစိတ်အများစုတွင် ကောက်ကွေးသောအစိမ်းပုတ်ရောင်ရှိကာ ထူးပြီးနူးညံ့သောအရွက်များရှိပါသည်။

၎င်းတို့ကိုဆောင်း သို့မဟုတ် နွေရာသီထုတ်လုပ်ရန် စိုက်ပျိုးနိုင်ပါတယ်။မရောင်းချမီတပင်လုံးကိုဖြတ်၍ တိပေးရပါသည်။

 

 

 

နိုကိုဥ (Brassica oleracea L. Gongylodes group)

နိုကိုဥ (Brassica oleracea L.)

နိုကိုဥကို ဂေါ်ဖီထုပ် အုပ်စုဖြစ်ပြီး မြေကြီးအပေါ်ဘက်တွင် တရုတ်မုံလာကဲ့သို့ ပင်စည်ကြီးထွားမှုအတွက် စိုက်ပျိုးကြပါတယ်။ ရွှေ့ပြောင်းစိုက်ပျိုးလေ့ရှိကြပြီး အရည်အသွေးကောင်းသော ဥကိုရရှိရန်အတွက် လျှင်မြန်စွာကြီးထွားရန်လိုအပ်ပါတယ်။အရွက်များသည် ကြီးမားပြီးကမ္ဘာလုံးပုံသို့မဟုတ် ပြား၍ဥမှထွက်လာကြပြီး ရိတ်သိမ်းချိန်တွင်အချင်းသည် ၅-၈ စင်တီမီတာရှိပါတယ်။

သင့်ရဲ့ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီသီးနှံမှာ အဟာရချို့တဲ့ခြင်း ရှိနေပါသလား

သင့်ရဲ့ သီးနှံမှာ အဟာရချို့တဲ့ခြင်း ရှိနေပါသလား။ အောက်ပါ ဇယားတွင် သီးနှံအဟာရချို့တဲ့ခြင်းများကို အလွယ်တကူ ရှာဖွေပါ။

N နိုက်ထရိုဂျင်
B ဘိုရွန်
Mn မဂ္ဂနီး
Mo မော်လီဒီနမ်
P ဖော့စဖောရပ်
Mg မဂ္ဂနီစီယမ်
Ca ကယ်လစီယမ်
K ပိုတက်ဆီယမ်
S ဆာလဖာ
Cu ကော့ပါး
Fe အိုင်းရွန်း(သံဓာတ်)
Zn ဇင့်

အားလုံးကို ကြည့်ရန်

မှန်ကန်သောအာဟာရစီမံခန့်ခွဲမှုက ဂေါ်ဖီထုပ်၊ပန်းဂေါ်ဖီ သီးနှံများကို မည်သို့ အကျိုးသက်ရောက်နိုင်သလဲ

ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ သီးနှံအာဟာရဆောင်းပါး အားလုံးကို ကြည့်ရန်


ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅