fbpx

သီးနှံအာဟာရ ဖြေရှင်းနည်းများ

ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ

မြေဆီလွှာနှင့်ရေ စီမံခန့်ခွဲခြင်း၊ အများလိုအာဟာရဓာတ်များစုပ်ယူခြင်းနှင့် ဖယ်ထုတ်ခြင်း

မြေဆီလွှာသည် ကောင်းစွာတည်ဆောက်ထားရန်လိုပြီး ကြီးထွားမှုနှင့် အထွက်နှုန်းကိုအမြင့်ဆုံးဖြစ်စေရန် မြေဆီသြဇာထက်သန်နေရပါမယ်။

သီးနှံပင်များကို မျိုးစေ့မှစိုက်ပျိုးပါက ပျိုးဘောင် အခြေအနေသည် အရေးကြီးပါတယ်။ နူးညံ့ပြီးကျစ်လစ်သောမျိုးစေ့ဇုန်တစ်ခုက အပင်ပေါက်နှုန်းအကောင်းဆုံးနှင့် ကောင်းသောစတင်ဖြစ်ထွန်းမှုဖြစ်အောင် အားပေးပါတယ်။ ကျစ်သောမြေများသည် ဂေါ်ဖီမျိုးသီးနှံပင်များအထွက်နှုန်းကောင်းမွန်ရန် သင့်တော်ပြီးမြေဆီလွှာတည်ဆောက်ပုံကောင်းမွန်ရန်လည်း ဆောင်ရွက်ပေးပါတယ်။


ဂေါ်ဖီသီးနှံသည် မြေဆီလွှာ၏ မြေချဉ်ငန်ဓာတ် (pH) သည် မချဉ်မငန်သောအခြေအနေတွင် စိုက်ပျိုးလျှင် ဖြစ်ထွန်းမှု အကောင်းဆုံးဖြစ်ပါတယ်။ ဓာတ်သတ္တုပါရှိသောမြေကြီးများအတွက် အကောင်းဆုံး pH သည် ၆.၅ ဖြစ်ပြီးအော်ဂဲနစ်မြေကြီးများအတွက် အကောင်းဆုံးpHသည် ၅.၅ ဖြစ်ပါတယ်။ pH သည် ၅.၅ ထက်နည်းပါးပါက မလိုအပ်သောအပြင်းစားသတ္တုများဖြစ်သည့် ကဒ်မီယမ်နှင့် အလူမီနီယမ်တို့ကို အပင်ကရရှိမှု ပိုများသော်သည်း ဖော့စပရပ်၊ ပိုတက်စီယမ်၊ ဆာလ်ဖာ၊ ကယ်လ်စီယမ်၊ မဂ္ဂနီစီယမ်နှင့် မိုလီဒီနမ်တို့ရရှိနိုင်မှုများကျဆင်းလာပါတယ်။


အဓိကစိုက်ပျိုးထုတ်လုပ်သည့်ဒေသများတွင် ရေသွင်းခြင်းသည် အရေးပါသော်လည်း ရေသည် ပန်းပွင့်နှင့် အထုပ်များတွင် ရောဂါကျရောက်ရန်အားမပေးသဖြင့် အထူးသဖြင့် သီးနှံသိမ်းချိန်နီးကပ်လာသောအခါ ဂရုစိုက်ရန် လိုအပ်ပါတယ်။ ၎င်းသည် အလျှင်အမြန်ကြီးထွားမှုကိုဖြစ်စေပြီး အာဟာရမညီမျှမှုကိုဖြစ်စေကာ ပင်စည်အခေါင်းပေါက် ဖြစ်ခြင်းနှင့် ကွဲခြင်းတွေကို ထူးသဖြင့် အပူချိန်မြင့်ချိန်တွင် ဖြစ်ပေ် နိုင်ပါတယ်။

ဂေါ်ဖီသီးနှံအတွက်မြေကြီးရုပ်ပိုင်းဆိုင်ရာထိခိုက်မှု၊ ရောဂါပိုးမွှားကျရောက်မှုနဲ့ဲ့ပုံမမှန်မှုများမရှိဘဲအထုပ်နှင့် ပန်းပွင့်ထုတ်လုပ်မှုကို မြှင့်တင်ရန်အတွက် ရေစီမံခန့်ခွဲမှု- အထူးသဖြင့် မရိတ်သိမ်းမီ ၃-၄ ပတ်အလိုတွင် ဂရုစိုက်ရန်လိုအပ်ပါတယ်။ ဂေါ်ဖီသီးနှံများတွင် ဆားငန်ဒဏ်ကိုခံနိုင်ရည် ရှိပါတယ်။ အတော်အသင့်ဆားငန်ဓာတ်ရှိသောရေကိုအသုံးပြုနိုင်ပြီး အာဟာရအစီအစဉ်အတွက် အာဟာရမညီမျှမှုကိုထည့်သွင်းစဉ်းစာရန် လိုအပ်ပါသည်။ ပုံမမှန်မှုများ၏ အန္တရာယ် (ထိပ်လောင်ခြင်း)ကိုကာကွယ်ရန် ကယ်လစီယမ်ရရှိမှုကို ထိန်းသိမ်းထားရမည်ဖြစ်ပြီး ကောင်းသောအရည်အသွေးကိုထုတ်လုပ်နိုင်မည်ဖြစ်ပါသည်။

သင့်ရဲ့ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီသီးနှံမှာ အဟာရချို့တဲ့ခြင်း ရှိနေပါသလား

သင့်ရဲ့ သီးနှံမှာ အဟာရချို့တဲ့ခြင်း ရှိနေပါသလား။ အောက်ပါ ဇယားတွင် သီးနှံအဟာရချို့တဲ့ခြင်းများကို အလွယ်တကူ ရှာဖွေပါ။

N နိုက်ထရိုဂျင်
B ဘိုရွန်
Mn မဂ္ဂနီး
Mo မော်လီဒီနမ်
P ဖော့စဖောရပ်
Mg မဂ္ဂနီစီယမ်
Ca ကယ်လစီယမ်
K ပိုတက်ဆီယမ်
S ဆာလဖာ
Cu ကော့ပါး
Fe အိုင်းရွန်း(သံဓာတ်)
Zn ဇင့်

အားလုံးကို ကြည့်ရန်

မှန်ကန်သောအာဟာရစီမံခန့်ခွဲမှုက ဂေါ်ဖီထုပ်၊ပန်းဂေါ်ဖီ သီးနှံများကို မည်သို့ အကျိုးသက်ရောက်နိုင်သလဲ

ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ သီးနှံအာဟာရဆောင်းပါး အားလုံးကို ကြည့်ရန်


ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅