fbpx

သီးနှံအာဟာရ ဖြေရှင်းနည်းများ

ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ

ဂေါ်ဖီသီးနှံတွင် ထိပ်လောင်ခြင်းကိုကာကွယ်ခြင်း

ထိပ်လောင်ခြင်းသည် ဂေါ်ဖီသီးနှံများအထုတ်စထုတ်ချိန်တွင် အဓိကပြဿနာဖြစ်ပါသည်။

အဘယ်ကြောင့်ဆိုသော် ၎င်းသည် ရိတ်သိမ်းခါနီး သို့မဟုတ် သိုလှောင်ချိန်နှင့် သီးနှံကြီးထွားပြီးချိန်တွင် ဖြစ်ပေါ်ခြင်းကြောင့် ဖြစ်ပါတယ်။  ထိပ်လောင်ခြင်းကိုအထုတ်၏ အတွင်းအလွှာများတွင် တွေ့ရသောကြောင့် ဂေါ်ဖီထုပ်၏ အလွှာဖတ်များကို မခွာကြည့်ပဲမသိရှိနိုင်ပါ။ ပန်းဂေါ်ဖီနှင့် ပန်းဂေါ်ဖီစိမ်းတို့တွင် ထိပ်လောင်ခြင်းကိုအရွက်နုများ၏ အနားများတွင်လည်း တွေ့ရလေ့ရှိပါတယ်။

ထိပ်လောင်ခြင်းကိုကာကွယ်ခြင်း

 

ကွမ်းသီးဂေါ်ဖီထုပ်သေး၏ အတွင်ဘက်ညိုလာခြင်းနှင့်ဂေါ်ဖီထုပ် အဖြူ၊ အနီနှင့် တရုတ် ဂေါ်ဖီထုပ် တို့တွင် ထိပ်လောင်ခြင်း


ထိပ်လောင်ခြင်းလက္ခဏာသည်အပင်တစ်သျှူးများကွဲထွက်ခြင်းကြောင့် ဖြစ်ပေါ်ပါတယ်။ ဂေါ်ဖီအမျိုးအစားပေါ်မူတည်ပြီး အမျိုးမျိုးကွဲပြားနိုင်ပါတယ်။

အထုပ်ထုတ်သောဂေါ်ဖီများတွင် အတွင်းခေါင်းအလွှာများ၏ အရွက် တစ်ရွက် သို့မဟုတ် နှစ်ရွက်၏ အနားတလျှောက် ကျဉ်းမြောင်းသောနေရာမှ ပိုမိုကျယ်ပြန့်သောနေရာအထိ ဖြစ်ပွားနိုင်ပါတယ်။

တရုတ်ဂေါ်ဖီထုပ်တွင် အစပိုင်းလက္ခဏာသည် အရွက်အနားတွင် အနက်ရောင်အစက်များ ဖြစ်ပေါ်လာပြီး တဖြည်းဖြည်း ထိပ်လောင်ခြင်းအဖြစ်သို့ ရောက်ရှိသွားပါတယ်။ ပန်းဂေါ်ဖီတွင် ဘေးပတ်လည်ရှိ တစ်သျှူးများသို့ပြန့်သွားပြီး အနက်ရောင်အဖြစ် ပြောင်းသွားပါတယ်။

ပန်းဂေါ်ဖီတွင် အရွက်အနားတစ်ဝိုက်မှ တစ်သျှူးများသည် တဖြည်းဖြည်းခြောက်သွေ့သည့်ပုံစံ ဖြစ်လာပြီး ပါးလွှာခြောက်သွေ့လာပါတယ်။ အရွက်နုတွေမှာ ဆဲလ်များသေလာပြီးပုံစံပျက်လာကာ ရိတ်သိမ်းချိန်တွင် ပန်းပွင့်မှခွာလိုက်ရသောကြောင့် အချို့ဈေးများတွင် အရည်အသွေးပြဿနာများကို ကြုံတွေရနိုင်ပါတယ်။

သီးနှံအာဟာရနှင့် ဂေါ်ဖီသီးနှံများ၏ ထိပ်လောင်ခြင်း

ကယ်လ်စီယမ် (Ca)

ထိပ်လောင်ခြင်းသည် ကယ်လ်စီယမ်နှင့် ဘိုရွန်ချို့တဲ့ခြင်းနှင့် သက်ဆိုင်ပါတယ်။ ထိုချို့တဲ့ခြင်းဟာ ရေစီမံခန့်ခွဲမှုညံ့ဖျင်းခြင်း၊ အာဟာရမညီမျှမှုနှင့် အမြစ်ကြီးထွားမှုကိုအတားဆီးခြင်းတို့ကြောင့် ဖြစ်ပါတယ်။ ကယ်လ်စီယမ်နှင့် ဘိုရွန်နှစ်မျိုးလုံး၏ စုပ်ယူမှုနှင့် အပင်တွင်းဖြန့်ဝေမှုကို အပင်အငွေ့ပြန်ခြင်းက ထိန်းချုပ်ထားသောကြောင့်  လေထုစိုထိုင်းဆက ထိပ်လောင်ခြင်းတွင် လွန်စွာသက်ရောက်မှုရှိပါတယ်။ လေထုစိုထိုင်းမှု နည်းပါးခြင်းက အပင်အငွေ့ပျံခြင်းကို ပိုမိုဖြစ်သောကြောင့် ထိုအာဟာရများစုပ်ယူမှုကို ကောင်းမွန်စေပါတယ်။ သို့သော်လည်း အထုပ်အတွင်းရှိအငွေ့ပျံမှု နည်းပါးသောအခါ တစ်သျှူးများအတွင်းသို့ ကယ်လ်စီယမ်နှင့် ဘိုရွန်တို့ သယ်ယူပို့ဆောင်ခြင်းသည် စိုထိုင်းသောလေထုဖြစ်စေရန် အားပေးပါသည်။

 

ကယ်လ်စီယမ်နှင့် ထိပ်လောင်ခြင်းဂေါ်ဖီထုပ် ဂျာမနီရွက်ဖျန်းကယ်လ်စီယမ်နှင့် အတွင်းပိုင်းထိပ်လောင်မှု တရုတ်ဂေါ်ဖီထုပ် နွေဦးနှောင်းပိုင်းရာသီစပိန် ကယ်လ်စီယမ်နှင့် ပိုတက်စီယမ်ဖြန့်ဖြူးမှု ထိပ်လောင်ခြင်းဂေါ်ဖီထုပ် အမေရိကန်

 

ပိုတက်စီယမ် သို့မဟုတ် အမိုနီယမ် အလွန်ကျွံ အသုံးပြုခြင်းက အာဟာရမညီမျှမှုများကို ဖြစ်စေပြီး ကယ်လ်စီယမ်စုပ်ယူမှုကိုတားဆီးကာ ထိုပြဿနာကိုပိုမိုဆိုးရွားစေပါသည်။

 

ကယ်လ်စီယမ်နှင့် ဘိုရွန် ထိပ်လောင်ခြင်းတရုတ်ဂေါ်ဖီထုပ် ထိုင်ဝမ်

 

ကော့ပါး (Cu)

အရွက်အနားများတလျှောက်အဝါရောင်ပြောင်းခြင်း၊ ထိပ်လောင်ခြင်းနှင့် အရွက်များသေခြင်းတို့သည် ကော့ပါးဓာတ်ချို့တဲ့ခြင်း၏ လက္ခဏာများလည်းဖြစ်ပါတယ်။ ၎င်းကို အပင်၏ နုသောအပိုင်းများတွင်ယေဘုယျတွေ့ရလေ့ရှိပြီး ၎င်းနေရာတွင် အရွက်များသည် ထိပ်တွင် အဝါရောင်ဖြစ်သွားပြီးညှိုးသွားပါတယ်။ ချို့တဲ့မှုဆက်လက်ဖြစ်နေပါက အရွက်များလုံး၀ အဝါဖျော့ ရောင်ဖြစ်သွားပြီးတွန့်လိပ်သွားပါတယ်။ ကြာပွတ်အမြီးပုံစံ ဖြစ်ပေါ်နိုင်ပြီး ထိုနေရာတွင် အရွက်ထိပ်သည် သေဆုံးသွားပြီး လိပ်ပြီးရစ်ပတ်နေကာ အဖြူရောင်အဖြစ် ပြောင်းသွားပါတယ်။

ထို့အပြင် နိုက်ထရိုဂျင် အလွန်အကျွံထည့်ပေးလျှင်လည်း (အထူးသဖြင့် ကယ်လစီယမ်နှင့် ပိုတက်စီယမ်ရရှိမှုမျှတခြင်းမရှိလျှင်) ထိုဒြပ်စင်များမလုံလောက်မှုဖြစ်ပေါ်ပြီးထိပ်လောင်ခြင်း ဖြစ်ပေါ်ပါသည်။

ဂေါ်ဖီသီးနှံများအတွက် ထောက်ခံအကြံပြုသောယာရာမြေသြဇာ

သင့်ရဲ့ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီသီးနှံမှာ အဟာရချို့တဲ့ခြင်း ရှိနေပါသလား

သင့်ရဲ့ သီးနှံမှာ အဟာရချို့တဲ့ခြင်း ရှိနေပါသလား။ အောက်ပါ ဇယားတွင် သီးနှံအဟာရချို့တဲ့ခြင်းများကို အလွယ်တကူ ရှာဖွေပါ။

N နိုက်ထရိုဂျင်
B ဘိုရွန်
Mn မဂ္ဂနီး
Mo မော်လီဒီနမ်
P ဖော့စဖောရပ်
Mg မဂ္ဂနီစီယမ်
Ca ကယ်လစီယမ်
K ပိုတက်ဆီယမ်
S ဆာလဖာ
Cu ကော့ပါး
Fe အိုင်းရွန်း(သံဓာတ်)
Zn ဇင့်

အားလုံးကို ကြည့်ရန်

မှန်ကန်သောအာဟာရစီမံခန့်ခွဲမှုက ဂေါ်ဖီထုပ်၊ပန်းဂေါ်ဖီ သီးနှံများကို မည်သို့ အကျိုးသက်ရောက်နိုင်သလဲ

ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ သီးနှံအာဟာရဆောင်းပါး အားလုံးကို ကြည့်ရန်


ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅