fbpx

သီးနှံအာဟာရ ဖြေရှင်းနည်းများ

ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ

ဟင်းသီးဟင်းရွက် ဂေါ်ဖီသီးနှံတွင် ပင်စည် အခေါင်းပေါက်ဖြစ်ပေါ်မှု ကာကွယ်ခြင်း

ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ၊ ပန်းဂေါ်ဖီစိမ်းတို့တွင် ပင်စည်အခေါင်းပေါက်ဖြစ်ခြင်းသည် ဇီဝကမ္မဖောက်ပြန်ခြင်းပဲ ဖြစ်ပါတယ်။

ကယ်လ်စီယမ်ချို့တဲ့မှု၊ ဘိုရွန်ချို့တဲ့မှုနှင့် နိုက်ထရိုဂျင် အလွန်အကျွံသုံးစွဲမှုတို့နှင့်လည်း မကြာခဏသက်ဆိုင်ပါတယ်။ မိုးများခြင်း၊ အေးသောကာလအပြီးတွင် နွေးလာခြင်းတို့ကြောင့် ကြီးထွားမှုမြန်ဆန်ခြင်းကိုလည်း ကြုံတွေ့ရကာ ပင်စည်အခေါင်းပေါက်များ ဖြစ်ပေါ်လာနိုင်ပါတယ်။ ထိုအခြေအနေတွေမှာ ကြီးထွားမှုသည် မြန်ဆန်သော်လည်း ကယ်လ်စီယမ်နှင့် ဘိုရွန် နှစ်မျိုးလုံးသည် တစ်သျှူးသစ်များတွင် ပျော်ဝင်သွားနိုင်ပါတယ်။ ထိုအခါ ဆဲလ်နံရံတွေရဲ့ ကြံ့ခိုင်မှုနှင့် ဆန့်နိုင်ကျုံ့နိုင်မှုမရှိဖြစ်လာပြီး ဆဲလ်များကွဲထွက်ကာ ပင်စည် အက်ကွဲလာခြင်းကို ဖြစ်စေနိုင်ပါတယ်။


ဂေါ်ဖီပင်များ၏ ပင်စည်တွင် အညိုရောင်ဖြစ်ခြင်း၊ ဖေါ့ဖြစ်ခြင်း၊ ရိခြင်းတို့နှင့်အတူ တစ်သျှူးကွဲထွက်ခြင်းကြောင့် အခေါင်းပေါက်ဖြစ်လာပါတယ်။ ဂေါ်ဖီသီးနှံပင်များတွင် ဘိုရွန်များပြားမှုကိုခံနိုင်ရည်ရှိပြီးအဆိပ်သင့်မှုနည်းပါးပါသည်။

 

သီးနှံအာဟာရနှင့် ဂေါ်ဖီသီးနှံပင်များ၏ ပင်စည်အခေါင်းပေါက်ဖြစ်ပေ်မှု


ကယ်လ်စီယမ်နှင့် ဘိုရွန်ထည့်ပေးခြင်းသည် ပင်စည်ကြီးထွားမှု၊ ဆန့်နိုင်ကျုံ့နိုင်မှုနှင့် သီနှံဖောက်ပြန်ခြင်းကိုလျော့ချမှုတို့အတွက် မရှိမဖြစ်လိုအပ်ပါတယ်။ အာဟာရနှစ်မျိုးလုံးသည် ပင်စည်ကွဲထွက်ခြင်း၊ အခေါင်းပေါက်ဖြစ်ခြင်းတို့ကိုလျော့ချရန် အဓိကကျပြီး ရေရှည်သိုလှောင်ရာတွင် ကောင်းသောလက္ခဏာများကို ဖြစ်ပေါ်စေပါသည်။


ထို့အပြင် နိုက်ထရိုဂျင်ပိုမိုထည့်သွင်းခြင်းဖြင့် တွန်းအားပေးခြင်း (အထူးသဖြင့် ကယ်လ်စီယမ်နှင့် ပိုတက်စီယမ်ရရှိူ မျှတခြင်းမရှိလျှင်လည်း  ထိုဒြပ်စင်များထည့်သွင်းမှု မလုံလောက်မှုကို ဖြစ်စေပြီး ပင်စည်အခေါင်းပေါက်ကို ဖြစ်စေပါတယ်။


ဂေါ်ဖီသီးနှံများ၏ပင်စည်တွင် အညိုရောင်ဖြစ်ခြင်း၊ ဖော့ဖြစ်ခြင်း၊ အူတိုင်ပျက်စီးပြီးရိခြင်းတို့နှင့်အတူ တစ်သျှူးကွဲထွက်ခြင်းကြောင့် အခေါင်းပေါက်ဖြစ်လာပါတယ်။  အာဟာရချို့တဲ့မှုက pH နည်းသောအခါနှင့် မြေချဉ်ပေါက်သောအခါတွင် တွေ့ရတတ်ပါသည်။ ဂေါ်ဖီသီးနှံပင်များ ဘိုရွန်များပြားမှုကိုခံနိုင်ရည်ရှိပြီးအဆိပ်သင့်မှုနည်းပါးပါတယ်။



ဂေါ်ဖီသီးနှံတွင် ပင်စည်အခေါင်းပေါက်ဖြစ်ခြင်းမှ ကာကွယ်ပေးသောအခြားသီးနှံ စီမံခန့်ခွဲမှူ အလေ့အထများ


မြင့်မားသောအပူချိန်တွင် ရုတ်တရက် တဟုန်ထိုးကြီးထွားပြီး သို့မဟုတ် မိုးကြီးသည့်ကာလတစ်ခုအပြီး မြေအစိုဓါတ်ရရှိမှုနည်းပါးပါက ပင်စည်များကွဲထွက်ပြီးတစ်သျှူးများ ပျက်စီးနိုင်ပါတယ်။သီးနှံရာသီကုန်ခါနီး ရေလိုအပ်မှုကိုထည့်သွင်းစဉ်းစားပြီး ရေပေးသွင်းသည့်အစီအစဉ်ကိုလည်း ပြုလုပ်သင့်ပါတယ်။ သို့သော်လည်းရောဂါပိုးများရှင်သန်ပေါက်ပွားနိုင်သည့် အခြေအနေမဖြစ်နေအောင် သတိပြုရန်လိုအပ်ပါတယ်။

သင့်ရဲ့ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီသီးနှံမှာ အဟာရချို့တဲ့ခြင်း ရှိနေပါသလား

သင့်ရဲ့ သီးနှံမှာ အဟာရချို့တဲ့ခြင်း ရှိနေပါသလား။ အောက်ပါ ဇယားတွင် သီးနှံအဟာရချို့တဲ့ခြင်းများကို အလွယ်တကူ ရှာဖွေပါ။

N နိုက်ထရိုဂျင်
B ဘိုရွန်
Mn မဂ္ဂနီး
Mo မော်လီဒီနမ်
P ဖော့စဖောရပ်
Mg မဂ္ဂနီစီယမ်
Ca ကယ်လစီယမ်
K ပိုတက်ဆီယမ်
S ဆာလဖာ
Cu ကော့ပါး
Fe အိုင်းရွန်း(သံဓာတ်)
Zn ဇင့်

အားလုံးကို ကြည့်ရန်

မှန်ကန်သောအာဟာရစီမံခန့်ခွဲမှုက ဂေါ်ဖီထုပ်၊ပန်းဂေါ်ဖီ သီးနှံများကို မည်သို့ အကျိုးသက်ရောက်နိုင်သလဲ

ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ သီးနှံအာဟာရဆောင်းပါး အားလုံးကို ကြည့်ရန်


ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅