အာဟာရအကျဉ်းချုပ်
အများလိုအာဟာရဓာတ်များ
ဟင်းသီးဟင်းရွက် ဂေါ်ဖီမျိုးများတွင် ကြီးထွားမှုပုံစံများကွဲပြားကြပါတယ်။
ထို့ကြောင့် ဂေါ်ဖီမျိုးတယူနစ် အထွက်နှုန်းကိုထုတ်လုပ်ရန် ဂေါ်ဖီမျိုးများအကြား အာဟာရလိုအပ်ချက်မှာ ကြီးမားစွာကွဲပြားခြားနားတာကို တွေ့ရှိရပါမယ်။
အပင်မှစုပ်ယူသောအာဟာရနှင့် ခူးဆွတ်ချိန်တွင် စိုက်ခင်းမှဖယ်ထုတ်လိုက်သည့် အာဟာရပမာဏအချိုး
အများလိုအာဟာရစုပ်ယူမှုနှင့် သီးနှံရိပ်သိမ်းချိန်တွင် ဖယ်ရှားလိုက်သောအာဟာရအချိုး
ပန်းဂေါ်ဖီစိမ်းကိုရိပ်သိမ်းတဲ့အခါ သီးနှံ စုစုပေါင်းအစိုအလေးချိန်ရဲ့ ၂၀ ရာခိုင်နှုန်းကိုသာ ဖယ်ထုတ်ပါတယ်။ ထို့အတူ ကွမ်းသီးဂေါ်ဖီထုပ်တွင် ရိပ်သိမ်းပစ္စည်း၏ ၃၀ ရာခိုင်နှုန်းထက် နည်းပါးပါတယ်။
အများလိုအာဟာရစုတ်ယူမှု ပန်းဂေါ်ဖီစိမ်း
ဂေါ်ဖီထုပ်နှင့် နိုကိုဥတို့တွင် ရိတ်သိမ်းချိန်၌ အနည်းဆုံးအပင်၏ ၅၀ ရာခိုင်နှုန်း နှင့် အများဆုံး ၇၀ ရာခိုင်နှုန်း ကိုဖယ်ရှားခံရပါတယ်။ ဂေါ်ဖီမျိုးသီးနှံများသည်အာဟာရ လိုအပ်မှုမြင့်မားပါတယ်။
ဥပမာပန်းဂေါ်ဖီစိမ်းတွင် ပန်းပွင့်ဖွံ့ဖြိုးမှုစတင်ချိန် နိက်ထရိုဂျင်၊ ပိုတက်စီယမ်၊ ကယ်လ်ဆီယမ် စုပ်ယူမှုသည် တစ်နေ့လျှင် ၃ ကီလိုဂရမ်အထက်ရှိပါတယ်။
နိုက်ထရိုဂျင်ကို ပမာဏအများအပြားလိုအပ်ပြီး ကြီးထွားမှုနှင့် အထွက်နှုန်းကောင်းစေရန် ကူညီပေးနိုင်ပါတယ်။ အဓိကနိုက်ထရိုဂျင်လိုအပ်ချိန်သည် အရွက်အများဆုံးထွက်သောအချိန်ပဲ ဖြစ်ပါတယ်။ ဂေါ်ဖီသီးနှံမျိုးပေါ်မူတည်ပြီး နိုက်ထရိုဂျင်လိုအပ်ချက် ကွာခြားသော်လည်း တစ်တန်တွင် ၁.၆ ကီလိုဂရမ်မှ ၁.၇ ကီလိုဂရမ် ကြားထဲတွင်ရှိပါတယ်။
အမြစ်ကြီးထွားမှုကောင်းစေရန်နှင့် ပင်ပိုင်းကြီးထွားမှုကိုအရှိန်အဟုန် ကောင်းစေရန် ဖော့စဖောရပ်ကို အစောပိုင်းအချိန်များတွင် ထည့် ပေးရန်လိုအပ်ပါတယ်။ ဂေါ်ဖီသီးနှံမျိုးများသည် သီးနှံအစိုတစ်တန်တွင် ဝ.၃၃ ကီလိုဂရမ်မှ ဝ.၆၇ ကီလိုဂရမ်ကြားသုံးစွဲကြပါတယ်။
ပိုတက်ဆီယမ် ကိုပမာဏအပြားအပြားလိုအပ်ပါတယ်။ ယေုယျအားဖြင့်နိုက်ထရိုဂျင်ထက် ပိုများပါတယ်။ ဂေါ်ဖီသီးနှံမျိုးပေါ်မူတည်ပြီး စုစုပေါင်းအပင်၏ လိုအပ်ချက်သည် တစ်တန်တွင် ၂.၇-၅.၁ ကီလိုဂရမ်ဖြစ်ပါတယ်။ သိသာထင်ရှားသောပမာဏတစ်ခုသည် သီးနှံများမှ ဖယ်ရှားခံရပါသည် (ဂေါ်ဖီထုပ်ရိတ်သိမ်းချိန်ကဲ့သို့)
ကယ်လ်ဆီယမ် သည် စတုတ္ထအရေးအကြီးဆုံးအများလိုအာဟာရဓာတ်တမျိုးဖြစ်ပါတယ်။ ၎င်းသည်လည်း ပန်းဂေါ်ဖီစိမ်းအတွက် တစ်တန်တွင် ၂.၂ ကီလိုဂရမ်လိုအပ်ပြီး ဂေါ်ဖီထုပ်အတွက် တစ်တန်တွင် ၂.၄ ကီလိုဂရမ် လိုအပ်ပါတယ်။ ကယ်လ်ဆီယမ်အလိုအပ်ဆုံးအချိန်သည် အဖူးစထွက်ချိန်ပဲ ဖြစ်ပါတယ်။ ကယ်လ်ဆီယမ်အများစုကို အရွက်ဖွံ့ဖြိုးမှုအတွက် သုံးစွဲသော်လည်း ကယ်လ်စီယမ် ပမာဏအနည်းငယ်ကို ရိတ်သိမ်းထားသောအဖူး၊ အပွင့်များတွင်တွေ့ရပြီးနှင့် သီးနှံအရည်အသွေးနှင့် သိုလှောင်မှုလက္ခဏာများရှိရန် ကူညီပေးနေသောအရွက်များတွင် တွေ့ရှိရပါတယ်။
မဂ္ဂနီဆီယမ် ကိုအခြားသီးနှံများထက် အနည်းငယ်သာ လိုအပ်ပါတယ်။ သီးနှံပေါ်လိုက်ပြီးဖယ်ရှားမှုသည် တစ်တန်တွင် ဝ.၁-ဝ.၃ ကီလိုဂရမ်ရှိပါတယ်။
အနည်းလိုအာဟာရဓာတ်များ
အဓိကအနည်းလို အာဟာရဓာတ်များ
အများဆုံးအသုံးပြုသော အဓိကအနည်းလိုအာဟာရဓာတ်များမှာ သံဓာတ်၊ ဘိုရွန်၊ ဇင့်နှင့် မဂ္ဂနီးစ် တို့ဖြစ်ပါတယ်။
မြေဆီလွှာနှင့် အရွက်တစ်သျှူးများသုံးသပ်ခြင်းကို အာဟာရမညီမျှမှုများကိုဆန်းစစ်ရန်အတွက် အသုံးပြုသင့်ပါတယ်။ အာဟာရအချိုးကျမှန်ကန်စွာရရှိခြင်းဖြင့် အထွက်နှုန်းနှင့် အရည်အသွေးကိုတိုးမြှင့်နိုင်ပါတယ်။ ၎င်းသည် အထူးသဖြင့် အဖိုအိုင်ယွန်များအတွက် အရေးကြီးပါတယ်။ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ် သို့မဟုတ် ကယ်လ်ဆီယမ်ကို ပိုလျှံစွာထည့်သွင်းထားပါက အခြား အဖိုအိုင်ယွန်းများစုပ်ယူမှုကိုလျော့နည်းစေပါတယ်။