fbpx

သီးနှံအာဟာရ ဖြေရှင်းနည်းများ

ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ

အာဟာရ လေ့လာ သုံးသပ်ခြင်း

မြေဆီလွှာနဲ့ အပင် တစ်သျှူးများလေ့လာသုံးသပ်ခြင်းကို အာဟာရမညီမျှမှုအတွက် ဆန်းစစ်ရန် ပြုလုပ်သင့်ပါတယ်။

 

 

ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ် သို့မဟုတ် ကယ်လ်ဆီယမ်တို့ ပိုလျှံနေပါက အခြားအဖိုအိုင်ယွန်းများ စုတ်ယူမှုကို လျော့နည်းစေပါတယ်။ ဂေါ်ဖီမျိုးသီးနှံများအတွက် နိုက်ထရိုဂျင်နှင့် ပိုတက်ဆီယမ်၊ ဖော့စ‌ဖောရပ်နှင့် မဂ္ဂနီစီယမ်တို့အတွက် ပုံမှန်အများလိုအာဟာရအချိုးကို ဤနေရာတွင်ကြည့်ရူနိုင်တယ်။ တစ်သျှူးလေ့လာသုံးသပ်ခြင်းသည် သိသာမြင်သာသော ချို့တဲ့မှုလက္ခဏာများနှင့် လက္ခဏာများမဖော်ပြသေးသော မမြင်သာသည့် ချို့တဲ့မှုလက္ခဏာများကိုပါ အတည်ပြုပေးပါတယ်။ တစ်သျှူးများလေ့လာသုံးသပ်ခြင်းအတွက် ရွေးချယ်သည့် တစ်သျှူးအမျိုးအစား၊ နေရာနှင့် အချိန်တို့သည် ဒေသတွင်းကျင့်သုံးသည့် အလေ့အထပေါ် မူတည်ပြီးကွဲပြားပါတယ်။

 


အပင်ငယ်များအတွက် အသက်အရွယ်တူညီသော အရွက်များအားလုံးကို နမူနာယူရပါမယ်။ အလယ်အလတ်ကြီးထွားမှုတွင်ရှိသောအပင်များအတွက် အပေါ်ဘက်အရွက်များကို အမြဲတမ်းယူကြပါတယ်။ အဖူးထွက်လာသည်နှင့်တပြိုင်နက် ထုပ်နေသောအရွက်နှင့် ပြန့်နေသောအရွက် များကိုခွဲခြမ်းစိတ်ဖြာနိုင်ပါတယ်။ အပင်၏ နေရာအနှံ့ကို နမူနာယူရန် ထည့်သွင်းစဉ်းစားရန် အရေးကြီးပါတယ်။


ကွမ်းသီးဂေါ်ဖီထုပ်အရွက်ရှိ နိုက်ထရိုဂျင် ၅၀ ရာခိုင်နှုန်းသည် အဖူးကြီးထွားမှုအတွက် ပြန်လည် ရောက်ရှိသွားပါတယ်။ အဖူးကြီးထွားမှုတလျောက်လုံးတွင် နိုက်ထရိုဂျင်ကိုရည်ရွယ်ပြီး ထည့်ပေးနိုင်ပြီး ၎င်းသည်ဂေါ်ဖီဖူးငယ် အစိမ်းရောင်ဖြစ်အောင် ကူညီပေးနိုင်ပါတယ်။ ဂေါ်ဖီမျိုးသီးနှံပင်များသည် ဆားငန်ဒဏ်ကိုအတော်အသင့် ခံနိုင်ရည်ရှိကြပါတယ်။ ထို့ကြောင့် သီးနှံ၏ အစောပိုင်းကာလတွင် နိုက်ထရိုဂျင်နှုန်းထားမြင့်မားစွာထည့်ပေးနိုင်ပါတယ်။ သို့သော်လည်းအချိန်မှန်ကန်စွာဖြင့် နိုက်ထရိုဂျင်ကိုအကြိမ်ခွဲထည့်ပေးခြင်းက ကြီးထွားမှုကိုသေချာစေပြီး အထွက်နှုန်းကိုတိုးတက်စေပါတယ်။


ဂေါ်ဖီမျိုးသီးနှံပင်များသည် နိုက်ထရိုဂျင်ထည့်သွင်းမှုကို တုံ့ပြန်မှု အလွန်ကောင်းပါတယ်။ ကွင်းဆင်းလေ့လာမှုများအရ လိုအပ်ချက်အများဆုံးအချိန်ကို စနစ်တကျ အတည်ပြုနိုင်ရန်အတွက် နိုက်ထရိုဂျင်ထည့်သွင်းမှု မကြာခဏအလွန်နည်းပါးပါတယ်။


နိုက်ထရိုဂျင်နှင့် အထွက်နှုန်း 

 


ဂေါ်ဖီမျိုးသီးနှံပင်များ၏ စုစုပေါင်းနိုက်ထရိုဂျင်သုံးစွဲမှုသည် တစ်ဟက်တာတွင် ၂၀၀-၄၀၀ ကီလိုဂရမ် ရှိပါတယ်။ သို့သော်လည်း နှုန်းထားတစ်ဟက်တာတွင် ၆၀၀ ကီလိုဂရမ်ထိသည် ပန်းဂေါ်ဖီနှင့် ပန်းဂေါ်ဖီစိမ်းတို့တွင် ပန်းပွင့်အရည်အသွေးဆုံးရှုံးမှုမရှိစေရန် တုံ့ပြန်သည့် အထွက်နှုန်းကိုပေးပါတယ်။ ထိုသီးနှံများတွင် နိုက်ထရိုဂျင်သည် ပင်ပိုင်းကြီးထွားမှုနှင့် အသီးအပွင့်ကြီးထွားမှုတို့ကြားတွင် မျှတမှူဖြစ်စေရန် ဆောင်ရွက်ပေးပါတယ်။


အမြန်နှင့် အနှေးကြီးထွားသော ဂေါ်ဖီမျိုးသီးနှံပင်များ၏ နိုက်ထရိုဂျင်စုတ်ယူမှု

နိုက်ထရိုဂျင် ဂေါ်ဖီပွင့်အထွက်နှုန်းနှင့် အရည်အသွေးပန်းဂေါ်ဖီ (ပိုလန်) နိုက်ထရိုဂျင်အရင်းအမြစ်နှင့် အထွက်နှုန်းတရုတ်ဂေါ်ဖီထုပ် (အမေရိကန်)
အမြင့်ဆုံးအထွက်နှုန်းကိုပေးသော နိုက်ထရိတ် နိုက်ထရိုဂျင် အရင်းအမြစ်မှ ထုတ်ပေးသော ကြီးထွားမှုတိုးတက်လာခြင်းကိုစမ်းသပ်ချက်များမှ အတည်ပြုပေးပါတယ်။

သင့်ရဲ့ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီသီးနှံမှာ အဟာရချို့တဲ့ခြင်း ရှိနေပါသလား

သင့်ရဲ့ သီးနှံမှာ အဟာရချို့တဲ့ခြင်း ရှိနေပါသလား။ အောက်ပါ ဇယားတွင် သီးနှံအဟာရချို့တဲ့ခြင်းများကို အလွယ်တကူ ရှာဖွေပါ။

N နိုက်ထရိုဂျင်
B ဘိုရွန်
Mn မဂ္ဂနီး
Mo မော်လီဒီနမ်
P ဖော့စဖောရပ်
Mg မဂ္ဂနီစီယမ်
Ca ကယ်လစီယမ်
K ပိုတက်ဆီယမ်
S ဆာလဖာ
Cu ကော့ပါး
Fe အိုင်းရွန်း(သံဓာတ်)
Zn ဇင့်

အားလုံးကို ကြည့်ရန်

မှန်ကန်သောအာဟာရစီမံခန့်ခွဲမှုက ဂေါ်ဖီထုပ်၊ပန်းဂေါ်ဖီ သီးနှံများကို မည်သို့ အကျိုးသက်ရောက်နိုင်သလဲ

ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ သီးနှံအာဟာရဆောင်းပါး အားလုံးကို ကြည့်ရန်


ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅