fbpx

သီးနှံအာဟာရ ဖြေရှင်းနည်းများ

ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ

ဂေါ်ဖီဟင်းသီးဟင်းရွက်ပင်များတွင် တင်းပုတ်ရောဂါကိုလျှော့ချခြင်း

တင်းပုတ်ရောဂါသည် မြေအောင်းမှိုရောဂါတစ်မျိုးဖြစ်ပြီး ဂေါ်ဖီမျိုးများအားလုံးတွင် ကျရောက်ပါသည်။

၎င်းသည် အပင်တစ်သျှူးများကို ဖြစ်ပွားပြီးရောဂါကျရောက်သည့်အပိုင်းများ၏ ပုံမှန်မဟုတ်သော ကြီးထွားမှုဖြစ်စေရန် လှုံ့ဆော်ပေးပါသည်။ ဤပုံပျက်နေသောတစ်သျှူးများသည် ကြီးထွားမှုကိုသိသိသာသာရပ်တန့်စေပြီး မှိုစပိုးများထုတ်ပေးကာအခြားစိုက်ခင်းများသို့ ပျံ့နှံ့ နိုင်ပါသည်။ မြေကြီးထဲတွင် မှိုစပိုးများသည် ၁၀ နှစ်ကျော် အသက်ရှင်သန်နေထိုင်နိုင်ကြပြီး သီးလှည့်စိုက်ပျိုးသောမည်သည့် ဂေါ်ဖီသီးနှံပင်ကိုမဆို ရောဂါကျရောက်စေပါသည်။

မှိုသတ်ဆေးအချို့ကိုရရှိနိုင်သော်လည်းလုပ်ငန်းဆောင်ရွက်မှုတွင် ကန့်သတ်ချက်များရှိကာနိုင်ငံအများစုတွင် မရရှိနိုင်ပေ။ ခံနိုင်ရည်ရှိသောမျိုးကွဲများမှာလည်းတင်းပုတ်ရောဂါပိုးမျိုးစိတ်အားလုံးကိုခံနိုင်မှုမရှိပါ။


ကောင်းသောသီးလှည့်စနစ် (ခုနစ်နှစ်တစ်ကြိမ်)သည် ရောဂါပိုးရှိသောမြေကြီးမှ ရောဂါ ပြန့်ပွားမှူကိုလျော့ချပေးပါသည်။ ကောင်းမွန်စွာရေထုတ်ပေးခြင်းနှင့် ဂေါ်ဖီမျိုးကွဲအပင်များ၏ ပေါင်းပင်များကိုရှင်းလင်းပေးခြင်းသည် တင်းပုတ်ရောဂါဖြစ်ပွားမှုကိုလျော့နည်းစေရန် ထောက်ခံအကြံပြုထားသောနည်းလမ်းများဖြစ်ပါသည်။


သီးနှံအာဟာရနှင့် ဂေါ်ဖီမျိုးဟင်းသီးဟင်းရွက်ပင်များ၏ တင်းပုတ်ရောဂါ


ကယ်လ်စီယမ်နိုက်ထရိတ်နှင့် ထုံးထည့်ခြင်းတင်းပုတ် မုန်ညင်းဖြူ၊ ဒိန်းမတ်

 


ကယ်လ်စီယမ်နိုက်ထရိတ်မြေသြဇာမှရရှိသော ကယ်လ်စီယမ်အာဟာရသည်လည်း တင်းပုတ်ရောဂါ လျော့နည်းစေရန် အရေးပါပါသည်။ ကယ်လ်စီယမ်နိုက်ထရိတ်အသုံးပြုမှုသည် တင်းပုတ်ရောဂါကျရောက်မှူကို ၉၀ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းထိလျော့ချနိုင်ကြောင်းတွေ့ရှိရပါသည်။


၎င်းနှင့်အတူဘက်စုံကာကွယ်ရေးအစီအစဉ်၏ အစိတ်အပိုင်းတစ်ခုအဖြစ် pH အဆင့်ကို ၇.၂ အထက်တွင်ထားရှိရန် ကယ်လ်စီယမ်ပါရှိသောမြေသြဇာကိုအသုံးပြုပြီးထုံးထည့်ပေးခြင်းသည်လည်း အပင်ရောဂါပိုးများကို နှိမ်နှင်းရန် ကူညီပေးပါသည်။
ကယ်လ်စီယမ်နိုက်ထရိတ်သည် ထုံးထည့်ခြင်းနှင့် နှိုင်းယှဉ်လျှင် ကောင်းသောအကျိုးသက်ရောက်မှုရှိပါသည်။ ထုံးထည့်ခြင်းသည် မြေဆီလွှာတစ်ခုလုံးတွင် pH အဆင့်ကိုတပြေးညီတည်းထားရှိရန် မဖြစ်နိုင်ပါ။


ထို့ကြောင့် ကြီးထွားနေသောအမြစ်သည် pH အဆင့်နည်းနေသောနေရာများကို ဖြတ်ကျော် သွားရောက်နိုင်ပြီး ၎င်းနေရာတွင် တင်းပုတ် မှိုစပိုးများတက်ကြွနိုင်ပါသည်။ ထို့အပြင် အမိုနီယမ်နိုက်ထရိတ်အစား နိုက်ထရိတ်များကိုအသုံးပြုခြင်းဖြင့် မြေကြီးအမြစ်ဇုံရှိ pH ကို မြင်တက်စေပြီး ထိန်းသိမ်းပေးထားပါသည်။ ၎င်းသည် အမြစ်၏မျက်နှာပြင်တွင် ဒိုင်းကာကဲ့သို့ ကာကွယ်ပေးရန်လည်းကူညီပေးပြီး အန္တရာယ်များကိုလည်းလျော့ချပေးပါသည်။


ကယ်လ်စီယမ်နိုက်ထရိတ်နှင့် ထုံးထည့်ခြင်းတင်းပုတ်မြစ် မုန်ညင်းဖြူ၊ အမေရိကန်

ကယ်လ်စီယမ်နိုက်ထရိတ် တင်းပုတ် မုန်ညင်းဖြူ၊ ဗြိတိန်

ဘိုရွန် တင်းပုတ် မုန်ညင်းဖြူ၊ ဗြိတိန်

 


ထို့အပြင် အလွန်ပျော်ဝင်လွယ်သော ကယ်လ်စီယမ်နိုက်ထရိတ်မှ ကယ်လ်စီယမ်သည် တင်းပုတ်ရောဂါကျရောက်မှု အန္တရာယ်ကို လျော့နည်းအောင်ပြုလုပ်ပေးပါသည်။ အခြားမြေသြဇာများနှင့် အခြားကယ်လ်စီယမ်အရင်းအမြစ်များ (ဥပမာ CAN)သည် ကယ်လ်စီယမ်နိုက်ထရိတ်လောက် ထိရောက်မှုမရှိပါ။ စမ်းသပ်မှုအချို့မှ ဖော်ပြချက်အရသတ်မှတ်ထားသောအခြေအနေတစ်ခုတွင် ဘိုရွန်သည်လည်းတင်းပုတ်ရောဂါကိုနည်းပါးအောင် ဆောင်ရွက်ပေးပါသည်။

ဂေါ်ဖီမျိုးသီးနှံများအတွက် ထောက်ခံအကြံပြုထားသော ယာရာမြေသြဇာများ

သင့်ရဲ့ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီသီးနှံမှာ အဟာရချို့တဲ့ခြင်း ရှိနေပါသလား

သင့်ရဲ့ သီးနှံမှာ အဟာရချို့တဲ့ခြင်း ရှိနေပါသလား။ အောက်ပါ ဇယားတွင် သီးနှံအဟာရချို့တဲ့ခြင်းများကို အလွယ်တကူ ရှာဖွေပါ။

N နိုက်ထရိုဂျင်
B ဘိုရွန်
Mn မဂ္ဂနီး
Mo မော်လီဒီနမ်
P ဖော့စဖောရပ်
Mg မဂ္ဂနီစီယမ်
Ca ကယ်လစီယမ်
K ပိုတက်ဆီယမ်
S ဆာလဖာ
Cu ကော့ပါး
Fe အိုင်းရွန်း(သံဓာတ်)
Zn ဇင့်

အားလုံးကို ကြည့်ရန်

မှန်ကန်သောအာဟာရစီမံခန့်ခွဲမှုက ဂေါ်ဖီထုပ်၊ပန်းဂေါ်ဖီ သီးနှံများကို မည်သို့ အကျိုးသက်ရောက်နိုင်သလဲ

ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ သီးနှံအာဟာရဆောင်းပါး အားလုံးကို ကြည့်ရန်


ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅