fbpx

သီးနှံအာဟာရ ဖြေရှင်းနည်းများ

ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ

ဈေးကွက်လိုအပ်ချက်များ

အလယ်ဗဟိုကျသော နေရာများတွင် နူးညံ့သောအဖူးတွေက ကြီးမားသော လေခိုနေရာများနဲ့လျော့ရဲရဲ ဖြစ်ပေါ်ပြီး အရွယ်အစားနှင့်နှိုင်းယှဉ်ပါက အလွန်ပေါ့ပါးပါတယ်။

အလွန်လျော့ရဲရဲအဖူးများသည် ရင့်မှည့်မှုမရှိပါ။ အပြင်ဘက်အရွက်ကိုခွာလိုက်သောအခါ ဂေါ်ဖီထုပ်များသည် တူညီသောအရောင်၊ တူညီသောမျိုး၊ ပိုးမွှားကင်းစင်မှု၊ ဆွေးမြေ့မှု၊ အစေ့ရိုးတံဖွံ့ဖြိုးမှုနှင့် အခြားချွတ်ယွင်းချက်များသည် တပြေးညီဖြစ်နေသင့်ပါတယ်။


အရည်အသွေးစံသတ်မှတ်မှုမှာ အလွန်ကျယ်ပြန့်ပါတယ်။ ဥရောပ၊ ကနေဒါ၊ အမေရိက-အောက်ဖော်ပြပါ ဇယားတွင်ဥပမာပြထားသကဲ့သို့ လုံးဝန်းသော ဂေါ်ဖီထုပ်အတွက် အခြေခံစံချိန်စံညွှန်း နှစ်မျိုးရှိပါတယ်။
တင်းနေသောခေါင်းရှိပြီး အတွင်းဘက်တွင် အစိမ်းရောင် ဂေါ်ဖီထုပ်ကို ဂေါ်ဖီချဉ် သို့မဟုတ် ချဉ်ဖတ်ပြုလုပ်ရာတွင် စံသတ်မှတ်ထားသောပစ္စည်းအဖြစ် အသုံးပြုကြတယ်။

ဂေါ်ဖီထုပ်

 

အမေရိကန် နံပါတ် ၁ အမေရိကန် စီးပွားဖြစ်
အမေရိကန် နံပါတ် ၁ တွင် မျိုးကွဲတစ်ခုတွင် ဂေါ်ဖီထုပ်များ ပါဝင်ပါတယ်။ ၎င်းတို့သည် သင့်တင့်သော ကြံ့ခိုင် တောင့်တင်းမှုရှိခြင်း၊ ညှိုးနွမ်းမသွားခြင်း၊ ပွရောင်းရောင်းမရှိခြင်း၊ ကွဲမထွက်ခြင်း တို့နှင့်ပြည့်စုံပြီး ရိသွားခြင်း၊ မျိုးစေ့ ပင်စည်ထွက်နေခြင်း၊ အရောင် ပျက်ခြင်း၊ အေးခဲခြင်း၊ ရောဂါပိုးမွှား၊ စက် ပစ္စည်းများ သို့မဟုတ် အခြားအကြောင်းအရာ များကြောင့် ပျက်စီးခြင်းတို့မှ ကင်းဝေး ပါတယ်။ ပင်စည်ကို ဖြတ်လိုက်ရမည် ဖြစ်သော ကြောင့် ၎င်းသည် အပြင် ဘက်ဆုံးအရွက်များ ထွက်သည့်နေရာမှ တစ်လက်မခွဲထက်ပိုပြီး ထပ်မံထိုးမထွက် နိုင်တော့ပါ။    အမေရိကန်စီးပွားဖြစ်တွင် ဂေါ်ဖီထုပ်များသည် ထူးကဲသည့် အချို့သော အနာ အဆာများအတွက် ခံနိုင်ရည် တိုးပွား လာခြင်း တစ်ခုအတွက်မှလွဲပြီး အမေရိကန် နံပါတ် ၁ စံနှုန်းများနှင့်ကိုက်ညီပါတယ်။အထုပ်များသည် ကျေနပ်စရာကောင်းလောက်အောင် ခိုင်မြဲနေပြီး သေသေသပ်သပ် (အစိမ်းရောင်ဂေါ်ဖီထုပ်) သို့မဟုတ် အတော်အသင့် သေသေသပ်သပ် (ဂေါ်ဖီထုပ်အနီ)ဖြစ်နေပါသည်

 

ကွမ်းသီးဂေါ်ဖီထုပ်

 

အမေရိကန် နံပါတ် ၁   အမေရိကန် နံပါတ် ၂
ကွမ်းသီးဂေါ်ဖီထုပ်များတွင် အရောင် ကောင်းခြင်း၊ ခိုင်မြဲမှုရှိခြင်း၊ ညှိုးနွမ်း မသွားခြင်း၊ ကွဲထွက်မသွားခြင်း၊ ပုတ်မသွားခြင်း၊ အစေ့ထွက်ပင်စည် မထွက် ခြင်း၊ အရောင်ပျက်ခြင်း၊ ဖုန်အညစ်အကြေး များ သို့မဟုတ် အခြားပစ္စည်းများ၊ အေးခဲခြင်း၊ ရောဂါပိုးမွှား၊ စက်ပစ္စည်းနှင့် အခြားအကြောင်း အရာ များကြောင့် အထိအခိုက်ကင်းခြင်း စသည်တို့နှင့် ပြည့်စုံပါတယ်။ ဂေါ်ဖီထုပ် တစ်ခု၏ အချင်းသည် ၂.၅ စင်တီမီတာထက် မသေးငယ်ရန်နှင့် ၆.၅ စင်တီမီတာထက် ပိုမရှည်ရန်လိုအပ်ပါတယ်။    ကွမ်းသီးဂေါ်ဖီထုပ်များသည် အတော်အသင့် အရောင်ကောင်းခြင်း၊ အတော်အသင့် ခိုင်မြဲမှုရှိခြင်း၊ ညှိုးနွမ်းမသွားခြင်း၊ ကွဲထွက်မသွားခြင်း၊ ပုပ်မသွားခြင်း၊ အစေ့ထွက်ပင်စည် မထွက် ခြင်း၊ အရောင်ပျက်ခြင်း၊ ဖုန်အညစ်အကြေး များ သို့မဟုတ် အခြားပစ္စည်းများ၊ အေးခဲခြင်း၊ ရောဂါပိုးမွှား၊ စက်ပစ္စည်းနှင့် အခြားအကြောင်း အရာများကြောင့် အထိအခိုက်ကင်းခြင်း စသည် တို့နှင့် ပြည့်စုံပါတယ်။ အခြားသီးသန့် သတ်မှတ်ချက်မရှိလျှင် ဂေါ်ဖီထုပ် တစ်ခု၏ အချင်းသည် ၂.၅ စင်တီမီတာထက် မသေးငယ် ရန်နှင့် ၆.၅ စင်တီမီတာထက် ပိုမရှည်ရန် လိုအပ်ပါတယ်။

 

ဂေါ်ဖီအမျိုးအစားများထဲတွင် ပန်းဂေါ်ဖီသည် ကိုင်ကွယ်ရာတွင် ဂရုစိုက်မှုအလိုအပ်ဆုံး အမျိုးဖြစ်ပါတယ်။ ပဲ့ကျနေမှုများကြောင့် စံချိန်စံညွှန်းကို ကျဆင်းစေပါတယ်။ ခူးဆွတ်လာသည့် ပန်းပွင့်တွေကို သယ်ယူပို့ဆောင်ရာမှာ ထိခိုက်မှု နည်းနိုင်သမျှနည်းရန်အတွက် အခြားဂေါ်ဖီမျိုး များထက် အပြင်ဘက်အုပ်သည့်အရွက်များများထားပြီး ဖြတ်ရမှာပဲ ဖြစ်ပါတယ်။


အသီးအရွက်ဈေးတွင် လုပ်လေ့လုပ်ထရှိကြသည်မှာ ရင့်မှည့်သော ပန်းပွင့်အရွယ်အစား ၁၅-၂၀ စင်တီမီတာသို့ရောက်ချိန်တွင် အရွက်များကို တိပေပါတယ်။ ပန်းဂေါ်ဖီသည် အလွန်ပျက်စီး ပုပ်သိုးလွယ်ပြီး အအေးခန်းတွင်ပင် ကာလတိုတစ်ခုသာ ထားသိုနိုင်ပါတယ်။ ထို့အပြင် စံချိန်စံညွှန်းသတ်မှတ်မှုသည် ထူးခြားမှုမရှိဘဲသာမန်မျှသာရှိပါတယ်။ ဥရောပတွင် အသိအမှတ် ပြုထားသော စံချိန်စံညွှန်း ၃ မျိုးရှိပါတယ်။

အထူးအတန်းအစားအတန်းအစား ၁အတန်းအစား ၂
အနည်းဆုံးအချင်း ၁၁ စင်တီ မီတာ ရှိသည့် အထူးအရည် အသွေး ရှိသော ပန်းဂေါ်ဖီ ဖြစ်ပါတယ်။ မျိုးကွဲတစ်ခု၏ ပုံသဏ္ဍန်၊ ကြီးထွားမှု၊ အရောင် တို့နှင့် လက္ခဏာ သတ်မှတ်ပါတယ်။ ပန်းပွင့်များသည် ကောင်းစွာ ဖြစ်ထွန်းပြီး ခိုင်မြဲ ကာ ကျစ်လစ်ရပါမယ်။ နူးညံ့ သော အထိအတွေ့ ရှိပါတယ်။ တပြေးညီတည်း အဖြူရောင် သို့မဟုတ် အနည်းငယ် ခရင် အရောင်ရှိပါတယ်။ ၎င်းတို့သည် အနည်းငယ် အပေါ်ယံ လျှပ်လျှက် အနာ အဆာ အနည်းငယ် ရှိသည်မှ လွဲပြီး အနာအဆာကင်းစင်ကာ ကုန်ပစ္စည်း အရည်အသွေး၏ သွင်ပြင် အနေအထားကို ထိခိုက်မှုမရှိဘဲ ထုပ်ပိုးမှုထဲ တွင် အရည်အသွေးနှင့် အနေ အထားကို ထိန်းသိမ်းထား ပါတယ်။ အကယ်၍ ဈေးကွက် တင်ရောင်းချရာတွင် အရွက် နှင့် အကာဖတ်များကို ထည့် မည်ဆိုပါက အမြင်တွင် လတ်ဆတ်နေရန် လိုအပ် ပါတယ်။

 ဤအတန်းအစားတွင် ပန်း ဂေါ်ဖီသည် ကောင်းသော အရည်အသွေးရှိရပါမယ်။ ၎င်း တို့သည် မျိုးကွဲ၏ ထူးခြား သော လက္ခဏာများ ရှိရမှာပဲ ဖြစ်ပါတယ်။ အပွင့်သည် ခိုင် မြဲပြီး နူးညံ့သော အထိအတွေ့ ရှိရပါမယ်။ အဖြူရောင် သို့မဟုတ် ဆင်စွယ်ရောင် သို့မဟုတ် ခရင်ရောင် ရှိရ ပါမယ်။ အမဲကွက်၊ အပွင့် ထိပ်တွင် အထွက်များ ထိုး ထွက်နေခြင်း၊ နှင်းခဲထိထားသောလက္ခဏာ၊ ပွန်းပဲ့ရာ များစသည့် အနာအဆာများ ကင်းစင်ရပါမယ်။ အပွင့်တွင် အနာအဆာ အနည်းငယ်ရှိနိုင် သော်လည်း သွင်ပြင် လက္ခဏာနှင့် အရည်အသွေး ကို ထိခိုက်မှူမရှိဘဲ ထုတ်ပိုးမှု ထဲတွင် အရည်အသွေးနှင့် အနေအထားကို ထိန်းသိမ်း ထားပါတယ်။


- ပုံသဏ္ဍန် သို့မဟုတ် ဖွံ့ဖြိုး မှုတွင် အနာအဆာ အနည်း ငယ် ရှိနိုင်ပါတယ်။
- အရောင်တွင် အနာအဆာ အနည်းငယ်ရှိနိုင်ပါတယ်
- အမွေးထမှုအနည်း ငယ် ရှိပါတယ်

အကယ်၍ ဈေးကွက်တင် ရောင်းချရာတွင် အရွက်နှင့် အကာဖတ်များကို ထည့်မည် ဆိုပါက အမြင်တွင် လတ်ဆတ် နေရန် လိုအပ်ပါတယ်။

 ဤအတန်းအစားတွင် ပန်း ဂေါ်ဖီသည် အဆင့်အတန်း မြင့်မြင့် သတ်မှတ်ချက်တို့နှင့် မကိုက်ညီပါ။ သို့သော်လည်း အထက်တွင် ထားခဲ့သော သတ်မှတ် ချက်များမှ အနည်း ဆုံး ရှိသင့်ရှိအပ်သည့် အနေ အထားများတွင် ကျေနပ် နှစ်သက်ဖွယ် ရှိပါတယ်။ အပွင့် များသည် အနည်းငယ် ပုံပျက် နေကာ အထိအတွေ့တွင် လျော့ရဲရဲ ဖြစ်နေပြီး အဝါရောင် ရှိပါတယ်။ ၎င်းတို့တွင်


- နေလောင်သည့် လက္ခဏာ အနည်းငယ် တွေ့ရတတ် ပါတယ်


- အစိမ်းရောင်ဖျော့ အရွက် ငါးရွက်ထက် ပိုမရှိပါ


- အမွှေးထမှု အနည်းငယ် ရှိပါတယ် (သို့သော်လည်း စိုမနေပါ သို့မဟုတ် ထိလျှင် စေးကပ်မှု ရှိမနေပါ)


၎င်းတို့တွင် အောက်ဖော်ပြပါ အနာအဆာများ ထဲမှ တမျိုးမျိုး တွေ့ရတတ်ပါသည်။ သို့သော်လည်း အရည် အသွေး၊ အနေအထား တို့နှင့် ပတ်သက်ပြီး မရှိမဖြစ်ရှိရမည့် သွင်ပြင်လက္ခဏာကို ထိန်းထား ပါတယ်။


- ပိုးမွှားရောဂါကြောင့် ပျက်စီးထားသည့် လက္ခဏာအနည်းငယ်


- နှင်းခဲကြောင့် အပေါ်ယံမျက်နှာအနည်းငယ်ထိခိုက်မှူ


- အနည်းငယ်ပွန်းပဲ့မှု

 

ပန်းဂေါ်ဖီစိမ်း

အမေရိကန်အကြိုက်အမေရိကန်နံပါတ် ၁အမေရိကန်နံပါတ် ၂
 အမေရိကန်အကြိုက် အဆင့်တွင် သီးခိုင် များရှိပြီး ရင့်မှည့်လွန်ခြင်း၊ အဖူးခိုင် သို့မဟုတ် အရွက်များ အရောင်ပျက်ခြင်း၊ အေးခဲခြင်း ညှိုးနွမ်းခြင်း၊ ဖုန်အမှိုက်နှင့် အခြား ပစ္စည်းများ၊ ပိုးမွှားရောဂါ၊ စက်စ္စည်းနှင့် အခြားအကြောင်း များကြောင့် ဆွေးမြေ့ ပျက်စီး မှုများ ကင်းဝေးပါတယ်။ အခိုင် တစ်ခုတွင် အဖူးအစုအဝေး များမှာ သာမန်အားဖြင့် ကျစ်လစ်နေပါတယ်။ အခိုင် တစ်ခုစီသည် အခြားသီးသန့် သတ်မှတ်ချက်များ မရှိလျှင် အောက်ခြေတွင် သပ်သပ် ရပ်ရပ် ညီညီညာညာ ထွက် လျှက်ရှိပြီး အလွန် တိတိရိရိ ဖြစ်နေပါတယ်။ ရိုးတံတစ်ခု၏ အချင်းသည် ၆ စင်တီမီတာ ထက် မသေးငယ်ပါ။ ရိုးတံ၏ အရှည်သည် ၁၅ စင်တီမီတာ ထက်မတိုပဲ ၂၀ စင်တီမီတာ ထက် ပိုမရှည်ပါ။  အထက်တွင် ဖေါ်ပြထားသည့် အတိုင်း အခိုင်တစ်ခု၏ အဖူးကိုင်း များသည် ယေုယျအားဖြင့် ညီညာစွာ ကျစ်လစ်နေပါတယ်။ အခိုင်တစ်ခုစီမှာ အခြား သီးသန့် သတ်မှတ်ချက်များ မရှိလျှင် အောက်ခြေတွင် သပ်သပ်ရပ်ရပ် ညီညီညာညာ ထွက်လျှက်ရှိပြီး ကောင်းစွာ တိတိရိရိ ဖြစ်နေပါတယ်။ အတိုင်းအတာအတွက် သတ်မှတ်ချက်များမရှိပါ။ သို့သော်လည်း ရိုးတံ၏ အရှည်သည် ၁၂.၅ စင်တီမီတာ ထက် မတိုပဲ ၂၂.၅ စင်တီမီတာ ထက်ပိုမရှည်သင့်ပါ။  အမေရိကန် နံပါတ် ၂ တွင် သီးခိုင် များရှိပြီး ရင့်မှည့် လွန်ခြင်း၊ ပိုးမွှားရောဂါတို့ ကြောင့် ဆွေးမြေ့ ပျက်စီး မှုများ၊ အဖူးခိုင် သို့မဟုတ် အရွက်များ အရောင် ပျက် ခြင်း၊ အေးခဲခြင်း ညှိုးနွမ်းခြင်း၊ ဖုန်အမှိုက်နှင့် အခြား ပစ္စည်းများ၊ စက်စ္စည်း နှင့် အခြား အကြောင်းများ ကြောင့် ပြင်းထန်စွာ ပျက်စီးမှု များကင်းဝေးပါတယ်။ အခိုင်တစ်ခုစီသည် အခြား သီးသန့် သတ်မှတ်ချက်များ မရှိလျှင် အောက်ခြေတွင် အတော်အသင့် တိတိရိရိ ဖြစ်နေပါတယ်။ သာမန်အားဖြင့် အတိုင်း အတာ၊ အရှည် လိုအပ်ချက် သတ်မှတ်ချက်များမရှိပါ။

 

သင့်ရဲ့ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီသီးနှံမှာ အဟာရချို့တဲ့ခြင်း ရှိနေပါသလား

သင့်ရဲ့ သီးနှံမှာ အဟာရချို့တဲ့ခြင်း ရှိနေပါသလား။ အောက်ပါ ဇယားတွင် သီးနှံအဟာရချို့တဲ့ခြင်းများကို အလွယ်တကူ ရှာဖွေပါ။

N နိုက်ထရိုဂျင်
B ဘိုရွန်
Mn မဂ္ဂနီး
Mo မော်လီဒီနမ်
P ဖော့စဖောရပ်
Mg မဂ္ဂနီစီယမ်
Ca ကယ်လစီယမ်
K ပိုတက်ဆီယမ်
S ဆာလဖာ
Cu ကော့ပါး
Fe အိုင်းရွန်း(သံဓာတ်)
Zn ဇင့်

အားလုံးကို ကြည့်ရန်

မှန်ကန်သောအာဟာရစီမံခန့်ခွဲမှုက ဂေါ်ဖီထုပ်၊ပန်းဂေါ်ဖီ သီးနှံများကို မည်သို့ အကျိုးသက်ရောက်နိုင်သလဲ

ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ သီးနှံအာဟာရဆောင်းပါး အားလုံးကို ကြည့်ရန်


ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅