fbpx

သီးနှံအာဟာရ ဖြေရှင်းနည်းများ

ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ

ဟင်းသီးဟင်းရွက် မုန်ညင်းမုန်လာမျိုးရင်းဝင်များ၏ အရည်အသွေးကို လွှမ်းမိုးခြင်း

အာဟာရကောင်းမွန်ခြင်းသည် အရည်အသွေးမြင့်မားသည့် ဂေါ်ဖီသီးနှံအတွက် မရှိမဖြစ် လိုအပ်သည့် ကြိုတင်သတ်မှတ်ချက် တခုပဲဖြစ်ပါတယ်။

သီးနှံအာဟာရကိုမှန်ကန်စွာရရှိခြင်းဖြင့် စိုက်ပျိုးသူများသည် ရိတ်သိမ်းမှုကိုကောင်းစွာပြုလုပ်နိုင်ကြပြီး အထုပ်၊ အပွင့်နှင့် အရွက်အရည်အသွေးများပိုမိုကောင်းမွန်လာစေပါတယ်။ ၎င်းသည် ဈေးကွက်ဝင်သီးနှံအထွက်နှုန်းတွင် ကောင်းကျိုးသက်ရောက်မှုရှိပြီး စံချိန်စံညွှန်း၊ ဈေးနှုန်းနှင့် အမြတ်အစွန်းများကို ကောင်းမွန်စွာရရှိစေနိုင်ပါတယ်။ သီးနှံအမျိုးအစား၊ ဈေးကွက်နှင့် စိုက်ပျိုးဒေသတွေအပေါ် မူတည်ပြီး အရည်အသွေးသတ်မှတ်ချက်မှာ ကျယ်ပြန့်ပါတယ်။ သီးနှံအာဟာရအတွက် လုပ်ဆောင်ပေးခြင်းဖြင့် တောင်သူတွေရဲ့ ဂေါ်ဖီ၏ ကျစ်လစ်သိပ်သည်းမှု၊ အရွယ်အစား၊ အလေးချိန်၊ အရောင်အဆင်းတို့ကဲ့သို့ ပြင်ပသွင်ပြင် လက္ခဏာကိုလွှမ်းမိုးနိုင် ပါတယ်။

 

ထို့အပြင် ဂေါ်ဖီ၏ သိုလှောင်သည့်အရည်အသွေးကောင်းမွန်ခြင်းဖြင့် သိုလှောင်သက်တမ်းကို တိုးမြှင့်ရန်မှာလည်းအရေးကြီးပါတယ်။ အခြောက်ပါဝင်မှုမြင့်မားခြင်းနှင့် အစိုဓာတ်ဆုံးရှုံးမှု နည်းပါးခြင်းတို့ က သိုလှောင်သက်တမ်းကို ကြာရှည်စေပါတယ်။  ဂေါ်ဖီရှိ သကြားပါဝင်မှုသည် ကျန်းမာရေးအတွက်လိုအပ်သည့် ဒြပ်ပေါင်းများဖြစ်ပေါ်မှုကို အားပေးသော်လည်း ကယ်လ်စီယမ်၊ ဗီတာမင်စီနှင့် ဂလူကိုစီနိုလိတ် ပမာဏပေါ်မူတည်ပြီး အရသာကိုလုပ်ဆောင်ပေးပါတယ်။


ချို့တဲ့မှုကိုအရွက် တစ်သျှူးများအားခွဲခြမ်းစိတ်ဖြာလေ့လာခြင်းဖြင့် သိရှိနိုင်ပါတယ်။ ဂေါ်ဖီစိုက်ပျိုးသူသည် ရိတ်သိမ်းချိန်အတွင်း အခြောက်ပါဝင်မှု၊ သကြားနှင့် ဂလူကိုစီနိုလိတ် တို့ကိုပြုပြင်မွမ်းမံရန် အာဟာရအစီအစဉ်ကို လိုက်ဖက်ညီအောင်ပြင်ဆင်နိုင်သော်လည်း ၎င်းကို အခြားစီမံခန့်ခွဲခြင်ဆိုင်ရာရွေးချယ်မှုများ (အထူးသဖြင့် သီးနှံမျိုးရွေးချယ်မှု)က အလွန်လွှမ်းမိုးနိုင်ပါတယ်။ ရိတ်သိမ်းပြီးနောက် ထိန်းချုပ်ထားသောသိုလှောင်အပူချိန်သည် ကောင်းမွန်သောအရည်အသွေးရှိသည့် ဂေါ်ဖီများကိုထိန်းသိမ်းရန် အရေးပါပါတယ်။

သင့်ရဲ့ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီသီးနှံမှာ အဟာရချို့တဲ့ခြင်း ရှိနေပါသလား

သင့်ရဲ့ သီးနှံမှာ အဟာရချို့တဲ့ခြင်း ရှိနေပါသလား။ အောက်ပါ ဇယားတွင် သီးနှံအဟာရချို့တဲ့ခြင်းများကို အလွယ်တကူ ရှာဖွေပါ။

N နိုက်ထရိုဂျင်
B ဘိုရွန်
Mn မဂ္ဂနီး
Mo မော်လီဒီနမ်
P ဖော့စဖောရပ်
Mg မဂ္ဂနီစီယမ်
Ca ကယ်လစီယမ်
K ပိုတက်ဆီယမ်
S ဆာလဖာ
Cu ကော့ပါး
Fe အိုင်းရွန်း(သံဓာတ်)
Zn ဇင့်

အားလုံးကို ကြည့်ရန်

မှန်ကန်သောအာဟာရစီမံခန့်ခွဲမှုက ဂေါ်ဖီထုပ်၊ပန်းဂေါ်ဖီ သီးနှံများကို မည်သို့ အကျိုးသက်ရောက်နိုင်သလဲ

ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ သီးနှံအာဟာရဆောင်းပါး အားလုံးကို ကြည့်ရန်


ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅