fbpx

သီးနှံအာဟာရ ဖြေရှင်းနည်းများ

ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ

ဟင်းသီးဟင်းရွက်ဂေါ်ဖီပင်များတွင် ကယ်လ်စီယမ်၊ ဗီတာမင်စီနှင့် ဂလူကိုစီနိုလိတ်အဆင့် တိုးမြှင့်ခြင်း

ဂေါ်ဖီမျိုးရင်းဝင်အပင်များတွင် ဗီတာမင်စီ၊ ကယ်လ်ဆီယမ် နှင့် ဂလူကိုစီနိုလိတ်တို့သည် သိသာထင်ရှားသောကျန်းမာရေးကိုကောင်းမွန်စေသည့် ကွန်ပေါင်းများဖြစ်ကြပါတယ်။


သီးနှံအာဟာရနှင့် ကျန်းမာရေးကိုကောင်းမွန်စေသည့်ကွန်ပေါင်းများ


ကယ်လ်ဆီယမ် (Ca)

 

 

ကယ်လ်ဆီယမ်သည် ဂေါ်ဖီပင်များမှလိုအပ်သောအာဟာရများထဲတွင် တတိယအရေးအကြီးဆုံး အာဟာရဖြစ်ပါတယ်။ ထိုအာဟာရက အရွက်များသန်မာခြင်းနှင့် အပင်အပေါ်ပိုင်းကြီးထွားမှုတို့အတွက် ဆောင်ရွက်ပေးနိုင်ပါတယ်။ အပင် ကြီးထွားမှုသက်တမ်းတလျှောက်လုံးတွင် ထည့်ပေးရန်လိုအပ်ပြီး စုပ်ယူမှုအများဆုံးဖြစ်အောင် ပြုလုပ်ရပါမယ်။ ကယ်လ်ဆီယမ်သည် သီးနှံအရည်အသွေးထိန်းသိမ်းရန်အတွက် အဓိကအခန်းကဏ္ဍမှ လုပ်ဆောင်ပေးပါတယ်။ ဂေါ်ဖီပင်များ၏ စုစုပေါင်းကယ်လ်ဆီယမ်သုံးစွဲမှုပမာဏသည် မြင့်မားသော်လည်း သီးနှံရိတ်သိမ်းချိန်တွင် စိုက်ခင်းထဲမှ ဖယ်ရှားခံမှုသည် အခြားအာဟာရထက်နည်းပါးပါတယ်။



မဂ္ဂနိးစ် (Mn)

 

မဂ္ဂနိးစ်သည် ကလိုရိုဖီလ်ဖြစ်ပေါ်မှု၊ ဆဲလ်ထဲတွင် အောက်ဆိုဒ်ဓာတ်ပြုမှုနဲ့ဗီတာမင်စီပမာဏများပြားရန်တို့အတွက် လိုအပ်ပါတယ်။ ထို့အပြင် ပရိုတိန်း၏ ဇီဝဖြစ်စဉ်နှင့် ပေါင်းစပ်ခြင်းတို့တွင်လည်း ပါဝင်ပါတယ်။ မဂ္ဂနိးစ်ကောင်းမွန်စွာထည့်သွင်းထားသောသီးနှံများတွင် ဗီတာမင်စီ ပမာဏများစွာပါဝင်ပါတယ်။

 

ပိုတက်စီယမ် (K)

လေ့လာတွေ့ရှိချက်များအရ ပိုတက်စီယမ်ထည့်သွင်းမှုသည် သီးနှံ၏ ဗီတာမင်စီပါဝင်မှုကို မြှင့်တင်ပေးပါတယ်။

ဆာလ်ဖာ (S)




ဆာလ်ဖာအာဟာရကောင်းစွာထည့်သွင်းခြင်းသည် လူ့ကျန်းမာရေးကိုကောင်းမွန်စေသော ကွန်ပေါင်းကိုတိုးပွားစေပါတယ်။ ၎င်းတွင် ဖီနိုလစ်ကွန်ပေါင်းနှင့် ဂလူကိုစီနိုလိတ်တို့တွင် ပါဝင်ပါတယ်။ ဆစ်ဖစ် ဆင့်ပွားနှင့် ဖလာဗာနိုဟုခေါ်တွင်သည့် ဖီနိုလစ်ကွန်ပေါင်းများကို နာတာရှည်ရောဂါ များနှင့် ကင်ဆာရောဂါများသက်သာစေရန် ဆက်စပ်ပေးပါတယ်။ ဂလူကိုဆီနိုလိတ် အရသာအတွက်ထည့်သွင်းခြင်းနှင့် စိတ်ဖိစီးမှုကိုခံနိုင်ရန် အပင်၏စွမ်းဆောင်နိုင်စွမ်းကို တိုးမြှင့်ခြင်းတို့သည်လည်း ကင်ဆာဖြစ်ပွားမှုကိုတားဆီးပေးပါတယ်။

သင့်ရဲ့ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီသီးနှံမှာ အဟာရချို့တဲ့ခြင်း ရှိနေပါသလား

သင့်ရဲ့ သီးနှံမှာ အဟာရချို့တဲ့ခြင်း ရှိနေပါသလား။ အောက်ပါ ဇယားတွင် သီးနှံအဟာရချို့တဲ့ခြင်းများကို အလွယ်တကူ ရှာဖွေပါ။

N နိုက်ထရိုဂျင်
B ဘိုရွန်
Mn မဂ္ဂနီး
Mo မော်လီဒီနမ်
P ဖော့စဖောရပ်
Mg မဂ္ဂနီစီယမ်
Ca ကယ်လစီယမ်
K ပိုတက်ဆီယမ်
S ဆာလဖာ
Cu ကော့ပါး
Fe အိုင်းရွန်း(သံဓာတ်)
Zn ဇင့်

အားလုံးကို ကြည့်ရန်

မှန်ကန်သောအာဟာရစီမံခန့်ခွဲမှုက ဂေါ်ဖီထုပ်၊ပန်းဂေါ်ဖီ သီးနှံများကို မည်သို့ အကျိုးသက်ရောက်နိုင်သလဲ

ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ သီးနှံအာဟာရဆောင်းပါး အားလုံးကို ကြည့်ရန်


ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅