fbpx

သီးနှံအာဟာရ ဖြေရှင်းနည်းများ

ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ

ဂေါ်ဖီစိုက်ပျိုးထုတ်လုပ်ရာတွင် ရေအကျိုးရှိစွာအသုံးချနိုင်စွမ်းကို တိုးမြင့်လာခြင်း

ကျန်းမာသန်စွမ်းသော ကြီးထွားမှုမြန်သည့် ဂေါ်ဖီပင်ကို မြေသြဇာအပြည့်အ၀ သုံးစွဲခြင်းသည်

ရေကိုပိုမိုအကျိုးရှိစွာသုံးစွဲခြင်းအားဖြင့် အထွက်နှုန်းကိုကောင်းမွန်စေပါတယ်။

ရေကိုအကျိုးရှိစွာအသုံးချနိုင်စွမ်း


ကျန်းမာသန်စွမ်းပြီး ကြီးထွားမြန်တဲ့ ဂေါ်ဖီပင်ကို မြေသြဇာအပြည့်အ၀ သုံးစွဲပေးခြင်းအားဖြင့် ရေကိုပိုမိုအကျိုးရှိစွာသုံးစွဲနိုင်ပြီး အထွက်နှုန်းကိုကောင်းမွန်စေပါတယ်။ ယာရာရဲ့သီးနှံအာဟာရထောက်ခံအကြံပြုချက်တွေက (ဝက်ဘ်ဆိုက်တွင်ဖော်ပြထားသကဲ့သို့) သီးနှံပင်များအတွက် အားကောင်းသောကြီးထွားမှုနှင့် အထွက်နှုန်းကောင်းခြင်းတို့ကို အားပေးပြီး ရေကိုအလေအလွင့်မရှိ အသုံးပြုနိုင်ရန် ကူညီပေးနိုင်ပါတယ်။


ပုံမှန်မြေသြဇာအသုံးပြုခြင်းက အမြစ်ထွက်နှုန်းကိုအားပေးပြီး မြေကြီးထဲမှ ရေကိုကောင်းမွန်စွာစုတ်ယူနိုင်ရန် ဆောင်ရွက်ပေးပါတယ်။


အပင်အာဟာရကို ကောင်းမွန်မျှတအောင် ကျွေးပေးခြင်းအားဖြင့် အရွက်၏စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်ပြီး ပင်းပိုင်းကြီးထွားမှုကို ပိုမိုသန်မာမှုကိုဖြစ်စေပါတယ်။ ဒါကြောင့်မလို့  အပင်အရိပ်များက ‌‌မြေကြီးမှ ရေငွေ့ပျံဆုံးရှုံးခြင်းကို လျော့ချပေးနိုင်ပါတယ်။


ပိုတက်ဆီယမ် (၎င်း၏စိမ့်ဝင်ပျံ့နှံ့ခြင်းလုပ်ငန်းစဉ်မှတဆင့်)နှင့် နိုက်ထရိုဂျင် (ဟိုမုန်းနှင့် ရေကြောစည်း၏ pHတို့ အတွင်းဘက်တွင် လှည့်ပတ်ခြင်းကြောင့်ရလာသောရလာဒ်အဖြစ်) တို့က လေရှူပေါက်ကိုဖြတ်ပြီး ကာဗွန်ဒိုင်အောက်ဆိုဒ်စုတ်ယူမှုနှင့် ရေဆုံးရှုံးမှုကို ထိရောက်စွာ ထိန်းချုပ်ပေးရန် နဲ့ ပုံမှန်ဖြစ်စေရန်  အရေးကြီးတဲ့ အာဟာရတွေဖြစ်ပါတယ်။


နောက်ဆုံးတွင် ပြည့်စုံပြီး စနစ်တကျ စီမံထားတဲ့ မြေသြဇာအစီအစဉ်ကို အသုံးပြုပြီး အာဟာရပြည့်စုံအောင် ရရှိနိုင်ရန် ဆောင်ရွက်ပေးပြီး ရရှိသော မိုးရေချိန်မီလီမီတာတိုင်း (သို့မဟုတ်) သွင်းရေတို့ကို ပိုမိုအကျိုးရှိအောင်အသုံးပြုနိုင်တဲ့အတွက် အထွက်နှုန်းတိုးစေပါတယ်။ 


ရေထိရောက်စွာအသုံးပြုနိုင်မှု တိုးတက်ကောင်းမွန်လာခြင်းက ရေရှားပါးသည့်နေရာများအတွင် အလွန်အရေးကြီးကြောင်း ယာရာမှအသိအမှတ်ပြုထားပါတယ်။လူဦးရေ (၂.၈) ဘီလီယံနေထိုင်သည့် ရေရှားပါးသည့်ဒေသများတွင် ကန့်သတ်ချက်ရှိသည့် အရင်းအမြစ်များကို အကျိုးရှိရှိ အသုံးပြုခြင်းအားဖြင့် ရေရေည်တည်တံ့တဲ့ သီးနှံထုတ်လုပ်မှုအတွက် အမှန်တကယ် အခြေခံကျသောအချက်ပဲဖြစ်ပါတယ်။

သင့်ရဲ့ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီသီးနှံမှာ အဟာရချို့တဲ့ခြင်း ရှိနေပါသလား

သင့်ရဲ့ သီးနှံမှာ အဟာရချို့တဲ့ခြင်း ရှိနေပါသလား။ အောက်ပါ ဇယားတွင် သီးနှံအဟာရချို့တဲ့ခြင်းများကို အလွယ်တကူ ရှာဖွေပါ။

N နိုက်ထရိုဂျင်
B ဘိုရွန်
Mn မဂ္ဂနီး
Mo မော်လီဒီနမ်
P ဖော့စဖောရပ်
Mg မဂ္ဂနီစီယမ်
Ca ကယ်လစီယမ်
K ပိုတက်ဆီယမ်
S ဆာလဖာ
Cu ကော့ပါး
Fe အိုင်းရွန်း(သံဓာတ်)
Zn ဇင့်

အားလုံးကို ကြည့်ရန်

မှန်ကန်သောအာဟာရစီမံခန့်ခွဲမှုက ဂေါ်ဖီထုပ်၊ပန်းဂေါ်ဖီ သီးနှံများကို မည်သို့ အကျိုးသက်ရောက်နိုင်သလဲ

ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ သီးနှံအာဟာရဆောင်းပါး အားလုံးကို ကြည့်ရန်


ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅