fbpx

သီးနှံအာဟာရ ဖြေရှင်းနည်းများ

ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ

ဂေါ်ဖီသိုလှောင်အရည်အသွေးနဲ့တာရှည်အထားခံမှု

ကာလကြာရှည်သိုလှောင်ရာတွင် အရည်အသွေးကိုထိန်းထားရန်နှင့် ဈေးကွက်ကာလချဲ့ထွင်ရန် အတွက် လေထုထိန်းညှိသိုလှောင်ခြင်းကိုပိုမိုကျင့်သုံးလာကြပါတယ်။

တခြားသီးနှံတွေနဲ့ နှိုင်းယှဉ်ပါကပန်းဂေါ်ဖီနှင့် ပန်းဂေါ်ဖီစိမ်းတွေက အလွန်ပျက်စီးလွယ်သောကြောင့် ၎င်းတို့ကို အခြားသီးနှံများထက် ကာလတိုသာသိုလှောင်ထားသင့်ပါတယ်။ အရွက်ဝေဆာသော ဂေါ်ဖီမျိုးတွေက ရိပ်သိမ်းချိန်ရှုထောင့်မှကြည့်လျှင် အလျင်စလိုမရှိလှပါဘူး။ ၎င်းတွင် အရွက်၏ အာဟာရသည် အဓိကကျပြီးကောင်းမွန်သောအစိမ်းရောင်၊ သန်မာသောအပင်တို့ကို ဖြစ်ပေါ်စေကာ ဂေါ်ဖီသိုလှောင်အရည်အသွေး နှင့် တာရှည်အထားခံမှုတို့ကို ကူညီပေးပါတယ်။


ဂေါ်ဖီပင်တွေမှာ အာဟာရကိုမှန်ကန်စွာရရှိပါက စိုက်ပျိုးသူများသည် ကောင်းမွန် ဆီလျော်စွာရိပ်သိမ်းနိုင်မည်ဖြစ်ပြီး ဂေါ်ဖီထုပ်၊ ဂေါ်ဖီပွင့်နှင့် အရွက်အရည်အသွေးတို့ကိုကောင်းမွန်စေပါတယ်။ ၎င်းသည် ဈေးကွက်ဝင်အထွက်နှုန်း၊ စံချိန်စံညွှန်း၊ ဈေးနှုန်း၊ အမြတ်အစွန်းတို့ရရှိရန်အတွက် သိသာထင်ရှားစွာသက်ရောက်လျှက် ရှိပါတယ်။


နိုက်ထရိုဂျင်

 


သင့်တင့်သောနိုက်ထရိုဂျင်နှုန်းထားထက် များပြားနေပါက သိုလှောင်အရည်အသွေးကို ဆိုးရွားစွာ သက်ရောက်စေပြီး အသားတင် အလေးချိန်ပါဝင်မှုကို လျော့နည်းစေပါတယ်။ ဂေါ်ဖီထုတ်ရဲ့ သိုလှောင်အရည်အသွေးကိုလျော့ကျစေကာ သိုလှောင်စဉ်ရောဂါကျရောက်မှု (အထူးသဖြင့် ခံနိုင်ရည်မဲ့သောမျိုးများ)တွင် ရောဂါကျကိုတိုးပွားစေပါတယ်။


ပိုတက်ဆီယမ် 


လုံလောက်သောပိုတက်ဆီယမ် ပမာဏကို ထည့်သွင်းပေးခြင်းက လက်ဆတ်သောသီးနှံသိုလှောင်သက်တမ်းရှိအောင် ကူညီပေးနိုင်ပြီး သိုလှောင်ကာလတွင် အစိုဓာတ်လျော့နည်းကာ ဈေးကွက်ဝင်သီးနှံဖြစ်စေရန် ပြုလုပ်ပေးပါတယ်။


မဂ္ဂနီဆီယမ်


မဂ္ဂနီဆီယမ်သည် ဂေါ်ဖီပင်များရဲ့ သိုလှောင်ဂုဏ်သတ္တိများကိုကောင်းမွန်အောင် ပြုလုပ်ပေးပါတယ်။ အခြားသော အဖိုဓာတ်အိုင်ယွန်းများ (K+; NH4+; Ca2+) များပြားနေခြင်းက  မဂ္ဂနီဆီယမ် စုပ်ယူမှုကိုအဟန့်အတား နိုင်ပါတယ်။ ဒါ‌ကြောင့် မဂ္ဂနီဆီယမ်စုပ်ယူမှုအဟန့်အတားကိုကျော်လွှားနိုင်ရန် ဟန်ချက်ညီမျှစွာ ထည့် ပေးရန် အရေးကြီးပါတယ်။ မဂ္ဂနီဆီယမ်ဆားများ (ဥပမာ ကာဗွန်နိတ်၊နိုက်ထရိတ်၊ ဆာလဖိတ်)တွေကကယ်လ်စီယမ်ထက် ပိုုပျော်ဝင်နိုင်ပါတယ်။ သို့သော်လည်း စီးဝင်ပျောက်ဆုံးမှုကို ပိုမိုဖြစ်ပွားစေနိုင်ပါတယ်။ ချို့တဲ့မှုကို ပြန်လည်ထိန်းညှိရန် ရွက်ဖျန်းအရည်ကိုအသုံးပြုပါတယ်။


ဆာ်ဖာ


ဆာ်ဖာသည် ဂေါ်ဖီပင်တွေရဲ့ အရည်အသွေးအတွက် အဓိကအခန်းကဏ္ဍမှ ပါဝင်နေပါတယ်။ ဆာ်ဖာကို ပိုတက်စီယမ် ဆာ်ဖိတ်ပုံစံဖြင့် ထည့်သွင်းခြင်းသည် အဖြူရောင်ဂေါ်ဖီထုပ်များ၏ အသားတင်အခြောက်အလေးချိန်ပါဝင်မှုကို ပိုမိုကောင်းမွန်စေရန် ဆောင်ရွက်ပေးပြီး ၎င်းသည် သိုလှောင်အရည်အသွေးကိုပိုမိုကောင်းမွန်စေပါတယ်။

 

သင့်ရဲ့ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီသီးနှံမှာ အဟာရချို့တဲ့ခြင်း ရှိနေပါသလား

သင့်ရဲ့ သီးနှံမှာ အဟာရချို့တဲ့ခြင်း ရှိနေပါသလား။ အောက်ပါ ဇယားတွင် သီးနှံအဟာရချို့တဲ့ခြင်းများကို အလွယ်တကူ ရှာဖွေပါ။

N နိုက်ထရိုဂျင်
B ဘိုရွန်
Mn မဂ္ဂနီး
Mo မော်လီဒီနမ်
P ဖော့စဖောရပ်
Mg မဂ္ဂနီစီယမ်
Ca ကယ်လစီယမ်
K ပိုတက်ဆီယမ်
S ဆာလဖာ
Cu ကော့ပါး
Fe အိုင်းရွန်း(သံဓာတ်)
Zn ဇင့်

အားလုံးကို ကြည့်ရန်

မှန်ကန်သောအာဟာရစီမံခန့်ခွဲမှုက ဂေါ်ဖီထုပ်၊ပန်းဂေါ်ဖီ သီးနှံများကို မည်သို့ အကျိုးသက်ရောက်နိုင်သလဲ

ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ သီးနှံအာဟာရဆောင်းပါး အားလုံးကို ကြည့်ရန်


ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅