fbpx

သီးနှံအာဟာရ ဖြေရှင်းနည်းများ

ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ

ဘိုရွန်အာဟာရဓာတ်ချို့တဲ့ခြင်း (B) - ပန်းဂေါ်ဖီ

ဘိုရွန်ဓာတ်ချို့တဲ့ခြင်းလက္ခဏာသည် အရွက်နုများမှ စတင်ပါသည်။


၆၃၈၈- ဘိုရွန်ဓာတ်ချို့တဲ့ခြင်း- ပန်းဂေါ်ဖီ- အဓိကပုံရိပ်


လက္ခဏာဖော်ပြချက်

ဘိုရွန်ဓာတ်ချို့တဲ့ခြင်းလက္ခဏာသည် အရွက်နုများမှ စတင်ပါတယ်။ ချို့တဲ့မှုဆက်ဖြစ်လျှင် အရွက်နုများသည် ဆက်လက်သေးငယ်နေပြီး တောင့်တင်းမာကျောကာ အစိမ်းဖျော့ရောင်ဖြစ်သွားပါတယ်။ အရွက်အနာများသည် နီကျင်ကျင်အရောင် သို့မဟုတ် အညိုရောင်ဖြစ်လာပါတယ်။ အရွက်ရင့်များသည်ကွေးသွားပြီး နီကျင်ကျင်အရောင်ပြောင်းသွားစေပါတယ်။ ပန်းပွင့်ထွက်ခြင်းကို နှေးကွေးစေပြီးပွယောင်းပေါ့ပါးသော ပန်းပွင့်များကိုသာရရှိမှာပဲ ဖြစ်ပါတယ်။ ၎င်းတို့သည် အနည်းနှင့်အများအညိုရောင်ရှိကြပါတယ်။ အရွက်များနှင့် ထူးကဲရွက်အများစုသည် ကွေးနေသောမျက်နှာပြင်သို့ ထိုးဖောက်လာပါတယ်။ အရသာသည် ခါးသက်သက်ဖြစ်ပါသည်။ ပန်းဂေါ်ဖီတွင် ဘိုရွန်ချို့တဲ့ပါက အထွက်နှုန်းကိုများစွာထိခိုက်ပါတယ်။


သဲဆန်သောမြေ၊ ဆားဓာတ်ပါသောမြေ၊ သဘာဝမြေဆွေးနည်းသောမြေ၊ နိုက်ထရိုဂျင်ဓာတ်များနေခြင်း၊ ကယ်လ်စီယမ်ဓာတ်များနေခြင်း၊ အေးပြီးစိုစွတ်သောရာသီဥတုတို့ကြောင့် ပိုမိုဆိုးဝါးစေပါတယ်။


အပင်တစ်သျှူးများတည်မြဲရန်နဲ့ဲ့အပင်ပိုမိုကောင်းမွန်လာရန်၊ သီးနှံပင် သန်မာရန်ကယ်လ်ဆီယမ်နှင့် အတူတကွလုပ်ဆောင်ပြီး ရွက်ဖျားခြောက်ခြင်းနှင့် အတွင်းဘက် အခေါင်းပေါက်ဖြစ်ခြင်း ကဲ့သို့သော အာဟာရပုံစံမမှန်မှု၏သက်ရောက်မှုများကို လျှော့ချခြင်း၊ အမြစ်ဖုထုံးများထွက်လာခြင်းကို လျှော့ချနိုင်ခြင်း၊ သီးနှံအရည်အသွေးနှင့် အထွက်နှုန်းကို ကောင်းစေခြင်းတို့မှာ အရေးကြီးပါတယ်။

ဖြစ်စေသောအကြောင်းရင် ဖော်ပြချက်


ပန်းဂေါ်ဖီတွင် ဘိုရွန်ဓာတ်ချို့တဲ့ခြင်း


မြေဆီလွှာ၏ pH တန်ဘိုးမြင့်တက်လာမှုသည် ပန်းဂေါ်ဖီစိမ်းနှင့် ပန်းဂေါ်ဖီတို့တွင် ဘိုရွန်ဓာတ်ချို့ခြင်းကိုအားပေးပါတယ်။

သင့်ရဲ့ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီသီးနှံမှာ အဟာရချို့တဲ့ခြင်း ရှိနေပါသလား

သင့်ရဲ့ သီးနှံမှာ အဟာရချို့တဲ့ခြင်း ရှိနေပါသလား။ အောက်ပါ ဇယားတွင် သီးနှံအဟာရချို့တဲ့ခြင်းများကို အလွယ်တကူ ရှာဖွေပါ။

N နိုက်ထရိုဂျင်
B ဘိုရွန်
Mn မဂ္ဂနီး
Mo မော်လီဒီနမ်
P ဖော့စဖောရပ်
Mg မဂ္ဂနီစီယမ်
Ca ကယ်လစီယမ်
K ပိုတက်ဆီယမ်
S ဆာလဖာ
Cu ကော့ပါး
Fe အိုင်းရွန်း(သံဓာတ်)
Zn ဇင့်

အားလုံးကို ကြည့်ရန်

မှန်ကန်သောအာဟာရစီမံခန့်ခွဲမှုက ဂေါ်ဖီထုပ်၊ပန်းဂေါ်ဖီ သီးနှံများကို မည်သို့ အကျိုးသက်ရောက်နိုင်သလဲ

ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ သီးနှံအာဟာရဆောင်းပါး အားလုံးကို ကြည့်ရန်


ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅