fbpx

သီးနှံအာဟာရ ဖြေရှင်းနည်းများ

အာလူး

အာလူးအတွင်းဘက်အကွက်များကိုလျော့နည်းစေခြင်း

အတွင်းဘက်သံချေးကွက်သည် (အတွင်းဘက်အစက်အပြောက်ဟုလည်းခေါ်ကြပါသည်) ဇီဝကမ္မအရ အတွင်းဘက်ချွတ်ယွင်းချက်တစ်ခုဖြစ်ပြီး

၎င်းတွင် ဆဲလ်များသေဆုံးမှုကြောင့်အာလူးတွင် အညိုရောင်အကွက်များသည် ဖြစ်ပေါ်လာပါသည်။ အတွင်းဘက်သံချေးကွက်သည်အရိုးတစ်သျှူးရှိသွေးကြောကွင်းအတွင်းမှ အကွက်အားလုံးဖြစ်ပါသည်။

 

သီးနှံအာဟာရနှင့် အာလူးအတွင်းဘက်အစက်အကွက်များ

အတွင်းပိုင်းအစက်အကွက်များသည် အသစ်ဖြစ်ပေါ်သော သို့မဟုတ် ချဲ့ထွက်နေသောဆဲလ်များတွင် ကယ်လ်စီယမ်နည်းပါးသောကြောင့် သို့မဟုတ် ထည့်သွင်းမှုအဆက်ပြတ်ခြင်းတို့ကြောင့် ဖြစ်ပါသည်။ ကယ်လ်စီယမ်သည် ဆဲလ်နံရံများသို့ ဝင်ရောက်လာပြီး ပြန်လည်ဖြန့်ဖြူးမှုကိုမပြုလုပ်နိုင်ပါ။ ထို့ကြောင့် ဆဲလ်အသစ်များ ဖြစ်ပေါ်လာပါက ၎င်းထဲသို့ ကယ်လ်စီယမ်ထည့်ပေးရန် အရေးကြီးပါသည်။ ဆဲလ်များချဲ့ထွင်ခြင်း ဖြစ်လာပါက ကယ်လ်စီယမ်သည် ဆဲလ်များထဲသို့မဝင်ရောက်နိုင်တော့ပါ။ အလွန်နည်းလွန်းသော ကယ်လ်စီယမ်သည် ဆဲလ်များပျက်စီးခြင်း၊ သေဆုံးခြင်းများကို ဖြစ်စေပြီးအကွက်များအဖြစ် မြင်နိုင်ပါသည်။

 

ကယ်လစီယမ်

 

ကယ်လစီယမ်နှင့် အတွင်းသံချေးကွက်

အတွင်းသံချေးကွက် သို့မဟုတ် အတွင်းအညိုကွက်များကဲ့သို့ အတွင်းပိုင်းပုံပျက်မှုများကိုကယ်လ်စီယမ်ကို ကယ်လ်စီယမ် နိုက်ထရိုက်ပုံစံဖြင့် ဘောင်တင်ချိန်နှင့် အာလူးဥစတင်ချိန်တို့တွင် ကောင်းစွာ ဖြည့်တင်းပေးခြင်းဖြင့် လျှော့ချနိုင်ပါသည်။

လေ့လာမှုတစ်ခုကထည့်လိုက်သော ကယ်လ်စီယမ်နှုန်းထား၊ အခွံတွင်ကယ်လ်စီယမ်ပါဝင်မှုနှင့် အတွင်းသံချေးကွက်ဖြစ်ပေါ်မှုတို့ ဆက်စပ်မှုကို ပြသပါသည်။

အတွေ့အကြုံများအရအခွံတွင် ကယ်လ်စီယမ် အနည်းဆုံး ဝ.၁၅ရာခိုင်နှုန်းထားရှိခြင်းသည် အခွံချောမွေ့စေခြင်း၊ ရောဂါဒဏ်ခံနိုင်ခြင်းနှင့် အတွင်းသံချေးကွက်များကိုလျှော့ချခြင်းတို့ကို ဖြစ်စေပါသည်။ အခွံကိုသုံးသပ်လေ့လာခြင်းသည် ရောဂါသို့မဟုတ် အခွံချောမွေ့မှုပြဿနာသည် ကယ်လ်စီယမ်နှင့် သက်ဆိုင်မှုရှိမရှိသိနိုင်ပါသည်။ အာလူးဥထဲတွင် ကယ်လ်စီယမ်ကမာဏအနည်းသာရှိခြင်းသည်လည်းပြောင်းလဲမှုအများကြီးကို ဖြစ်ပေါ်စေပါသည်။

 

ဘိုရွန်


အာလူးဥထဲရှိ ကယ်လ်စီယမ်ပါဝင်မှုတွင် ဘိုရွန်၏သက်ရောက် မှု

 


ပိုတက်စီယမ်၊ ကယ်လ်စီယမ်နှင့် မဂ္ဂနီစီယမ်တို့ကဲ့သို့ ဘိုရွန်သည်လည်းဆဲလ်နံရံအတွက် အရေးကြီးသော ဒြပ်စင်ဖြစ်ပါသည်။ ၎င်းသည် ပက်တင်(pectin)များကြားတွင် ဘိလပ်မြေသဖွယ် ဆောင်ရွက်ပေးပြီးဆဲလ်တစ်ရှူးများအတွက် ပေါင်းစုခြင်းအားကို ဖြစ်စေပါသည်။ ထို့ကြောင့် ဘိုရွန်သည် သိုလှောင် ဂုဏ်သတ္တိအတွက် အကျိုးဖြစ်ထွန်းစေပါသည်။ ဘိုရွန်သည် ကယ်လ်စီယမ်စုတ်ယူမှုကိုအကျိုးရှိစေသောကြောင့် ထည့်သွင်းမှုသည် မျှတသောအာဟာရဖြစ်စေရန်အတွက် အရေးကြီးပါသည်။
စမ်းသပ်မှုမှ အာလူး၏ ကယ်လ်စီယမ်ပါဝင်မှုနှင့် အတွင်းသံချေးကွက်များ ဖြစ်မှုအပေါ်တွင် ဘိုရွန်၏ လွှမ်းမိုးမှုကိုပြသပါသည်။

အတွင်းအကွက်များကိုလွှမ်းမိုးသည့် အခြားစီမံခန့်ခွဲမှုအလေ့အထများ

•ရေထုတ်အားမကောင်းခြင်း၊ ရေထိန်းနိုင်မှုစွမ်းရည်နည်းပါးခြင်းစသည့် ဆိုးရွားသည့်အချက်များရှိသည့် စိုက်ကွင်းကိုရှောင်ရှားရန်

• အရည်အသွေးလက္ခဏာများတိုးမြင့်လာစေရန် ရေသွင်းမှုကိုအစီအစဉ်တကျ ဆောင်ရွက်ခြင်း

 

အာလူးအတွက် ထောက်ခံအကြံပြုထားသောယာရာမြေသြဇာများ

သင့်ရဲ့အာလူးသီးနှံမှာ အဟာရချို့တဲ့ခြင်း ရှိနေပါသလား

သင့်ရဲ့ သီးနှံမှာ အဟာရချို့တဲ့ခြင်း ရှိနေပါသလား။ အောက်ပါ ဇယားတွင် သီးနှံအဟာရချို့တဲ့ခြင်းများကို အလွယ်တကူ ရှာဖွေပါ။

N နိုက်ထရိုဂျင်
B ဘိုရွန်
Mn မဂ္ဂနီး
Mo မော်လီဒီနမ်
P ဖော့စဖောရပ်
Mg မဂ္ဂနီစီယမ်
Ca ကယ်လစီယမ်
K ပိုတက်ဆီယမ်
S ဆာလဖာ
Cu ကော့ပါး
Fe အိုင်းရွန်း(သံဓာတ်)
Zn ဇင့်

အားလုံးကို ကြည့်ရန်

မှန်ကန်သောအာဟာရစီမံခန့်ခွဲမှုက အာလူး သီးနှံများကို မည်သို့ အကျိုးသက်ရောက်နိုင်သလဲ

အာလူး သီးနှံအာဟာရဆောင်းပါး အားလုံးကို ကြည့်ရန်


ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅