fbpx

သီးနှံအာဟာရ ဖြေရှင်းနည်းများ

အာလူး

အာလူးပွန်းပဲ့မှုလျာ့နည်းအောင် မည်သို့ပြုလုပ်မည်နည်း

အာလူးထုတ်လုပ်မှုတွင် အာလူးပွန်းပဲ့မှုသည် ပြဿနာကြီးတစ်ရပ်ဖြစ်ပြီး စားသုံးသူများမကျေနပ်ခြင်းအကြောင်း၏ အဓိက အကြောင်းရင်းဖြစ်ကာ စက်ရုံများကို စီးပွားရေးကျဆင်းစေပါသည်။

သီးနှံမရိတ်သိမ်းမီ မှန်ကန်သော အာဟာရ ထည့်သွင်းခြင်းသည် ပွန်းပဲ့မှုဖြစ်ပေါ်ခြင်း အန္တရာယ်ကို လျော့ချနိုင်ပါသည်။ ပိုတက်စီယမ်၊ ကယ်လ်စီယမ်နှင့် ဘိုရွန်တို့တွင် ပွန်းပဲ့မှုကိုလျော့ချနိုင်သော အကျိုးကျေးဇူးများ ရှိပါသည်။

ကယ်လ်စီယမ်သည် အာလူးဥကိုသန်မာစေပြီး ပွန်းပဲ့မှုကို လျော့နည်းစေပါသည်။


အာလူးတွင် ကယ်လ်စီယမ်များပြားစွာ ထည့်သွင်းခြင်းသည် ရိတ်သိမ်းချိန်နှင့် ဆက်လက် သယ်ယူပို့ဆောင်ချိန်တို့တွင် ပွန်းပဲ့မှုဖြစ်ခြင်းကို လျော့နည်းစေပါသည်။ အာလူးမျိုးများတွင် ကယ်လ်စီယမ်စုပ်ယူမှု ကွဲပြားခြားနားပါသည်။ သို့သော်လည်း အမိုနီယမ်နိုက်ထရိတ်အစား ကယ်လ်စီယမ်နိုပ်ထရိတ် အသုံးပြုခြင်းသည်ပွန်းပဲ့ပျက်စီးခြင်းကို လျော့နည်းစေပြီး အချို့မျိုးများတွင် ထက်ဝက်ခန့်သက်သာစေပါသည်။

အမေရိကန်တွင်ပြုလုပ်သော စမ်းသပ်မှုတွင် အမိုနီယမ်နိုက်ထရိတ်အစား ကယ်လ်စီယမ် နိုက်ထရိတ်ကို သုံးစွဲခြင်းသည် အာလူးမျိုးကွဲများ၏ အာလူးဥတွင် ကယ်လ်စီယမ် ပမာဏ များပြားစွာကျန်နေသည်ကို တွေ့ရပါသည်။

 

ဘိုရွန်သည် ကယ်လ်စီယမ်၏ ထိရောက်မှုကို တိုးတက်စေပါသည်။


ဘိုရွန်သည် ဆဲလ်နံရံများတွင် ကယ်လ်စီယမ်တည်မြဲမှုအတွက် ကူညီပေးပြီး ကယ်လ်စီယမ် စုပ်ယူမှုကို အကျိုးပြုပါသည်။ ထို့ကြောင့် မျှတသော အာဟာရဖြစ်ရန်နှင့် ကယ်လ်စီယမ် ထည့်ခြင်းဖြင့် အကျိုးကျေးဇူးတိုးမြင့်လာစေရန် ထည့်သွင်းမှူများသည်အရေးကြီးပါသည်။

ဤစမ်းသပ်မှုမှ ဘိုရွန်သည် အာလူးဥတွင် ကယ်လ်စီယမ်ပါဝင်မှုကို မည်သို့လွှမ်းမိုးထားသည်ကို ဖော်ပြပြီး အာလူးပွန်းပဲ့မှုကိုလည်း လွှမ်းမိုးနိုင်ကြောင်း တွေ့ရှိရပါသည်။

ပိုတက်စီယမ်သည် အာလူးပွန်းပဲ့ခြင်းကို လျော့နည်းစေပါသည်။


ပိုတက်စီယမ်သည်ပွန်းပဲ့ခြင်းကို လျော့နည်းစေပြီး ပိုတက်စီယမ်နှုန်းထားကို မြှင့်ပေးပါက အာလူးပွန်းပဲ့မှုနှုန်းထားကိုလျော့နည်းစေပါသည်။

အင်္ဂလန်နိုင်ငံမှ စမ်းသပ်မှုသည် ပိုတက်စီယမ်ပါဝင်မှုနှင့် အာလူးပွန်းပဲ့မှုဆက်စပ်ခြင်းကို မျိုးပေါင်းများစွာတွင် စမ်းသပ်ပြသပါသည်။


အာလူးပွန်းပဲ့ခြင်းကို လွှမ်းမိုးသည့် အခြားစီမံခန့်ခွဲမှုနည်းလမ်းများ


• အခြောက်ပစ္စည်းထုတ်လုပ်မှုအတွက် လိုအပ်သောမှန်ကန်သည့်မျိုးကို ရွေးချယ်ခြင်း


• ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုများကိုရှောင်ရှားရန် ကောင်းသောအခြေအနေတွင် တူးဖော်ခြင်း


• ရုပ်ပိုင်းဆိုင်ရာထိခိုက်ပျက်စီးမှုနှင့် ပွန်းပဲ့ခြင်း လျော့နည်းရန် ရိတ်သိမ်းချိန်နှင့် အဆင့်ခွဲချိန်တွင် သတိထားဆောင်ရွက်ခြင်း


• အရည်အသွေးဂုဏ်သတ္တိ လက္ခဏာများမြင့်မားစေရန် အစီအစဉ်စနစ်တကျဖြင့် ရေသွင်းခြင်း


• သိုလှောင်ချိန်တွင် အပူချိန်နှင့် စိုထိုင်းဆကို ထိန်းချုပ်ခြင်း

သင့်ရဲ့အာလူးသီးနှံမှာ အဟာရချို့တဲ့ခြင်း ရှိနေပါသလား

သင့်ရဲ့ သီးနှံမှာ အဟာရချို့တဲ့ခြင်း ရှိနေပါသလား။ အောက်ပါ ဇယားတွင် သီးနှံအဟာရချို့တဲ့ခြင်းများကို အလွယ်တကူ ရှာဖွေပါ။

N နိုက်ထရိုဂျင်
B ဘိုရွန်
Mn မဂ္ဂနီး
Mo မော်လီဒီနမ်
P ဖော့စဖောရပ်
Mg မဂ္ဂနီစီယမ်
Ca ကယ်လစီယမ်
K ပိုတက်ဆီယမ်
S ဆာလဖာ
Cu ကော့ပါး
Fe အိုင်းရွန်း(သံဓာတ်)
Zn ဇင့်

အားလုံးကို ကြည့်ရန်

မှန်ကန်သောအာဟာရစီမံခန့်ခွဲမှုက အာလူး သီးနှံများကို မည်သို့ အကျိုးသက်ရောက်နိုင်သလဲ

အာလူး သီးနှံအာဟာရဆောင်းပါး အားလုံးကို ကြည့်ရန်


ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅