fbpx

သီးနှံအာဟာရ ဖြေရှင်းနည်းများ

အာလူး

အာလူး၏ အာဟာရ အကျဉ်းချုပ်

အများလိုအာဟာရနှင့် အနည်းလိုအာဟာရများကို မှန်ကန်မျှတစွာထည့်သွင်းခြင်းသည် အာလူးမှ အကောင်းဆုံးအဖြေကို ရရှိရန် အရေးပါပါသည်။

အာဟာရတစ်ခုချင်းစီ၏ ချို့တဲ့မှုသည် သီးနှံအထွက်နှုန်းကို ကန့်သတ်မှုဖြစ်စေပြီး အာဟာရတစ်ခုချင်းကို ရရှိမှုသည် သီးနှံလိုအပ်ချက်နှင့် သက်ဆိုင်ပါသည်။ အာဟာရစုပ်ယူ မှုနှင့် ဖယ်ရှားမှုလေ့လာသုံးသပ်မှုမှ ကြီးထွားမှုအဆင့်တစ်ခုချင်းတွင်လိုအပ်သော အာဟာရအမျိုးအစားများနှင့် အာဟာရတစ်ခုချင်းစီ၏ လုပ်ဆောင် ချက်များ ကို ဖေါ်ပြပါသည်။

 

အာဟာရတစ်ခုစီ၏ ချို့တဲ့မှုသည် အထွက်နှုန်းလျော့ကျမှုအတွက် လုံလောက်သော အကြောင်းပြချက် ဖြစ်ပါသည်။


လိုင်ဘစ်၏ အနည်းဆုံးဥပဒေအရ (တစ်ခါတစ်ရံ ရိုးရှင်းစွာ လိုင်ဘစ်၏ ဥပဒေဟုလည်းခေါ်ပါသည်) ကြီးထွားမှုသည် စုစုပေါင်း အရင်းအမြစ်များဖြင့် အဆုံးအဖြတ်ပေးရုံသာမကဘဲ အရှားပါးဆုံး အရင်းအမြစ်ကလည်းအဆုံးအဖြတ်ပေးကာ ၎င်းသည် ကန့်သတ်သည့်အချက် ဖြစ်လာပါသည်။ ၎င်းကို တခါတရံ လိုင်ဘစ်၏ စည်ပိုင်းအဖြစ် သရုပ်ဖော်ပါသည်။ ၎င်းတွင် စည်းပိုင်းထဲရှိ တုတ်တစ်ခုချင်းစီသည် အာဟာရများနှင့် အခြားကန့်သတ်ချက်များအဖြစ် ကိုယ်စားပြုပါသည်။


အများလိုအာဟာရများ


အာဟာရစုပ်ယူမှုသည် ကာလတစ်ခုလုံးတွင် သီးနှံ၏ ကြီးထွားမှုအဆင့်နှင့်လိုက်ပြီး ပြောင်းလဲပါသည်။ ဖယ်ရှားမှုသည် စိုက်ကွင်းတစ်ခုနှင့် တစ်ခု ကွာခြားပြီး အထွက် နှုန်းပေါ်တွင် မူတည်သော်လည်း အာလူးသည် နိုက်ထရိုဂျင်ထက် ပိုတက်စီယမ်ကို ၅၀ ရာခိုင်နှုန်း ပိုမိုစုပ်ယူပါသည်။ အာလူးတစ်တန်တွင် ၃၈.၅ တန် ( တစ်ဧကတွင် ၁၅.၆ တန်) ရှိသော သီးနှံသည် ပိုတက်စီယမ် တစ်ဟက်တာလျှင် ၂၀၀ ကီလိုဂရမ် (တစ်ဧကလျှင်( ၁၇၈ ပေါင်) နှင့် နိုက်ထရိုဂျင် တစ်ဟက်တာလျှင် ၁၂၀ ကီလိုဂရမ် (တစ်ဧက လျှင်( ၁၀၃ ပေါင်) ဖယ်ရှားနိုင်ပါသည်။ ပိုတက်စီယမ်နှင့် နိုက်ထရိုဂျင် နှစ်မျိုးစလုံးကို ပင်ပိုင်းကြီးထွားမှု၊ အာလူးစထွက်ခြင်းနှင့် ကြီထွားခြင်း တလျှောက်လုံးတို့တွင် လိုအပ် ပါသည်။

 

နိုက်ထရိုဂျင်


နိုက်ထရိုဂျင်သည်အရွက်နှင့် အာလူးကြီးထွားမှုအတွက် အရေးကြီးပါသည်။ ပိုတက်စီယမ်ကဲ့သို့ နိုက်ထရိုဂျင်အများအပြားသည် အာလူးဥကြီးထွားချိန်တွင် အရွက်မှ အာလူးထံ ရောက်သွားပါသည်။


ဖော့စဖိတ်


ဖော့စဖိတ်ကို အထူးသဖြင့် အစောပိုင်းကြီးထွားမှုအချိန်များတွင် အမြစ်၊ အာလူးတွဲများအား အားပေးရန်အတွက် ပမာဏအများအပြားလိုအပ်ပြီး နောက်ပိုင်းကြီးထွား မှုကာလတွင် လည်း အာလူးကြီးထွားရန်အတွက် ထပ်မံလိုအပ်ပါသည်။


ပိုတက်စီယမ်


ပိုတက်စီယမ်သည် အထွက်နှုန်းမြင့်မားစေရန် အရေးကြီးပြီး အာလူး၏ တည်မြဲမှုကို ထိန်းသိမ်းပေးပါသည်။ အာလူးတွင် ပိုတက်စီယမ်ကို အလွန်အကျွံသုံးစွဲခြင်းကို ထုံးစံဖြစ်ပါသည်။


ဆာလ်ဖာ

ဆာလ်ဖာကို ကြီးထွားမှုအဆင့်များ အားလုံးတွင် လိုအပ်ပြီး အထူးသဖြင့် ပုံမှန် အကြေးဖတ်ဖြစ်ပွားမှု လျော့နည်းစေရန် လိုအပ်ပါသည်။

ကယ်လ်စီယမ်

ကယ်လ်စီယမ်ကို ပုံမှန်ထည့်ပေးခြင်းသည် အနှောက်အယှက်ကင်းစွာ အရွက်ကြီးထွားမှုအတွက် အရေးပါပါသည်။ အာလူးအရည်အသွေးအတွက် လိုအပ်သော ကယ်လ်စီယမ်ပမာဏ အနည်းငယ်ကို အာလူးဥမှရရှိရန်အတွက် ကယ်လ်စီယမ်မြေသြဇာကို အခြားမြေသြဇာများထက် ပိုမိုလိုအပ်ပါသည်။


မဂ္ဂနီစီယမ်


မဂ္ဂနီစီယမ်သည် ကြီးထွားမှု၏ နောက်ပိုင်းအဆင့် (အထူးသဖြင့် အာလူးကြီးထွားရန်) ( slideshow တွင်ကြည့်ရန်)တွင် ပိုမိုအရေးကြီးပါသည်။ ၎င်းသည် အာလူး အရည် အသွေးထိန်းသိမ်းရန်အတွက် အဓိက တာဝန်ယူပါသည်။


အနည်းလိုအာဟာရများ


အနည်းလိုအာဟာရပမာဏအနည်းငယ်သာ လိုအပ်သော်လည်း သီးနှံထုတ်လုပ်မှု အရည်အသွေးအတွက် မှန်ကန်မျှတမှုသည် အရေးပါပါသည်။

 

ဘိုရွန်


မြောက်မြားစွာသော ကြီးထွားမှုဖြစ်စဉ်များ စောင့်ကြည့်ရန်မလိုပဲ ဆက်သွားနိုင်ရန် ဘိုရွန်ကို ပမာဏအများအပြား လိုအပ်ပါသည်။ ၎င်းသည် ကယ်လ်စီယမ်အသုံးပြုမှု သင့်တော်အောင် ဆောင်ရွက်ခြင်းအတွက်အရေးကြီးပါသည်။


ကော့ပါး


ကော့ပါးကို သိသာသောပမာဏတစ်ခုထိ အသုံးပြုသော်လည်း မြေဆီလွှာအများစုသည် ရေရှည်ဖြည့်ဆည်းပေးရန် လုံလောက်မှုရှိသောကြောင့် ချို့တဲ့မှုများကို တွေ့မြင်ရ မှု ရှားပါးပါသည်။


မဂ္ဂနစ်နှင့် ဇင့်


မဂ္ဂနစ်နှင့်ဇင့်တို့သည် စိုက်ကွက်များအတွက် အရေးကြီးပါသည်။ ဇင့်သည် နိုက်ထရိုဂျင် သဟဇာတဖြစ်မှု၊ ဇီဝဖြစ်ပျက်မှုနှင့် ကစီဓာတ်ဖြစ်ပေါ်မှုတို့အတွက် အဓိက တာဝန်ယူ ပါသည်။


မော်လီဒီနမ်


မော်လီဒီနမ်သည် pH နည်းပါးသောမြေများတွင် အရေးကြီးပါသည်။

သင့်ရဲ့အာလူးသီးနှံမှာ အဟာရချို့တဲ့ခြင်း ရှိနေပါသလား

သင့်ရဲ့ သီးနှံမှာ အဟာရချို့တဲ့ခြင်း ရှိနေပါသလား။ အောက်ပါ ဇယားတွင် သီးနှံအဟာရချို့တဲ့ခြင်းများကို အလွယ်တကူ ရှာဖွေပါ။

N နိုက်ထရိုဂျင်
B ဘိုရွန်
Mn မဂ္ဂနီး
Mo မော်လီဒီနမ်
P ဖော့စဖောရပ်
Mg မဂ္ဂနီစီယမ်
Ca ကယ်လစီယမ်
K ပိုတက်ဆီယမ်
S ဆာလဖာ
Cu ကော့ပါး
Fe အိုင်းရွန်း(သံဓာတ်)
Zn ဇင့်

အားလုံးကို ကြည့်ရန်

မှန်ကန်သောအာဟာရစီမံခန့်ခွဲမှုက အာလူး သီးနှံများကို မည်သို့ အကျိုးသက်ရောက်နိုင်သလဲ

အာလူး သီးနှံအာဟာရဆောင်းပါး အားလုံးကို ကြည့်ရန်


ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅