fbpx

သီးနှံအာဟာရ ဖြေရှင်းနည်းများ

အာလူး

အာလူး၏ အခြောက်ပါဝင်မှုကိုလွှမ်းမိုးခြင်း

အာလူး၏ အခြောက်ပါဝင်မှူသည် အစိုဈေးကွက်နှင့် အာလူးထွက်ကုန်ထုတ်လုပ်ခြင်း နှစ်မျိုးလုံးအတွက် အရေးကြီးပါသည်။

အာလူးဥတွင် အခြောက်အလေးချိန်ပါဝင်မှုသည် ၁၈-၂၀ ရာခိုင်နှုန်း ထက် များပါက အခွံပွန်းပဲ့ခြင်းကို ခံနိုင်ရည်မဲ့ပြီး အာလူးဥများသည် ချက်ပြုတ်သောအခါ အစိတ်စိတ်အမွှာမွှာ ကွဲလွယ်ပါသည်။ သို့သော်လည်း အာလူးထွက်ကုန်ထုတ်လုပ်မှုအတွက် ကောင်းပါသည်။ ကြော်သည့်အရောင်ရရှိရန်အတွက် အခြောက်ပါဝင်မှုသည် အရေးကြီးပြီး ယေဘူယျအားဖြင့် ၂၀-၂၅ ရာခိုင်နှုန်းဟု သတ်မှတ်ထားပါသည်။ နိုက်ထရိုဂျင်၊ ပိုတက်စီယမ်နှင့် မဂ္ဂနီစီယမ်တို့သည် အာလူးဥ၏ အခြောက်ပါဝင်မှုကို လွှမ်းမိုးပါသည်။


သီးနှံအာဟာရနှင့် အာလူးဥ၏ အခြောက်ပါဝင်မှု


နိုက်ထရိုဂျင်

 

အခြောက်ပါဝင်မှုတွင် လွှမ်းမိုးသော နိုက်ထရိုဂျင်

နိုက်ထရိုဂျင်သည် သီးနှံခေါင်ညွန့်ကြီးထွားမှုအတွက် မရှိမဖြစ်လိုအပ်သော အာဟာရဖြစ်ပါသည်။ သို့သော်လည်း အပူအအေးမျှတသော ရာသီဥတုတွင် ကြီးထွားမှု၏ နောက်ပိုင်းအချိန်များ၌ နိုက်ထရိုဂျင် ပိုလျှံစွာထည့်သွင်းခြင်းသည် ရင့်မှည့်မှုကို နောက်ကျစေပြီး ကစီဓာတ်ပါဝင်မှုကိုလည်း လျော့နည်းစေကာ အာလူးထွက်ကုန်ထုတ်လုပ်မှု၏ အရည်အသွေး ကျဆင်းနိုင်ပါသည်။

နော်ဝေနိုင်ငံတွင်ပြုလုပ်သော စမ်းသပ်မှုအရ နောက်ပိုင်းတွင် နိုက်ထရိုဂျင် များပြားစွာထည့်ခြင်းသည် အခြောက်ပါဝင်မှုကို လျော့နည်းစေပါသည်။

 

အာလူးကွဲခြင်း

 

အေးသောရာသီဥတုတွင် နောက်ပိုင်းကြီးထွားမှု များလွန်းလျှင် အရွယ်လွန် အာလူးများ ဖြစ်ပေါ်ပြီး အတွင်းဘက်ကွဲခြင်းများကို ဖြစ်ပေါ်စေသည်။

 

ပိုတက်စီယမ်

 

ပိုတက်စီယမ်ဂရပ်

 

ဒိန်းမတ်နိုင်ငံမှ လေ့လာတွေ့ရှိချက်အရ အခြောက်ပါဝင်မှုသည် SOP(ပိုတက်စီယမ်ဆာလဖိတ်)နှင့် MOP(ပိုတက်စီယမ်ကလိုရိုက်)ထက် ပိုမိုပါဝင်ကြောင်း တွေ့ရှိရပါသည်။


ပိုတက်စီယမ်၏ ပုံစံကလည်း အခြောက်ပါဝင်မှုတွင်အကျိုးသက်ရောက်မှုရှိပါသည်။ ပိုတက်ချ်၏ ဆာလဖိတ် (ပိုတက်စီယမ်ဆာလဖိတ်)သည် ပိုတက်၏ မြူရီယိတ် (ပိုတက်စီယမ် ကလိုရိုက်) ထက်အခြောက်ပါဝင်မှု များပါသည်။ ၎င်းသည် အာလူးထွက်ကုန်များအတွက် လူကြိုက်များသည့် ပုံစံဖြစ်ပါသည်။၎င်းသည် ပိုတက်ချ်၏ မြူးရိယိတ်ထဲတွင်ပါရှိသော ကလိုရိုက်သည် အာလူး၏ အခြောက်ပါဝင်မှုအပေါ်တွင် ဆိုးကျိုးသက်ရောက်စေသောကြောင့် ဖြစ်ပါသည်။
ဒိန်းမတ်နိုင်ငံမှ လေ့လာတွေ့ရှိချက်အရ အခြောက်ပါဝင်မှုသည် SOP(ပိုတက်စီယမ်ဆာလဖိတ်)နှင့် MOP(ပိုတက်စီယမ်ကလိုရိုက်)ထက် ပိုမိုပါဝင်ကြောင်း တွေ့ရှိရပါသည်။

 

မဂ္ဂနီဆီယမ်

 

မဂ္ဂနီဆီယမ် အာလူး

 

 

မဂ္ဂနီဆီယမ် ပါဝင်မှု နည်းပါးခြင်းသည် အာလူး၏ ကစီဓာတ်ပါဝင်မှုကို လျော့နည်းစေပါသည်။ စမ်းသပ်မှူများက မဂ္ဂနီဆီယမ်၏ အာလူးအခြောက်ပါဝင်မှုနှင့် သိပ်သည်းဆတို့အပေါ် ကောင်းကျိုးသက်ရောက်မှုရှိကြောင်း အတည်ပြုပါသည်။

 

အခြောက်ပါဝင်မှုကို လွှမ်းမိုးသော အခြားသီးနှံစီမံခန့်ခွဲမှုနည်းလမ်းများ

 

  • အခြောက်ထုတ်လုပ်မှုအတွက်လိုအပ်ချက်နှင့် ကိုက်ညီအောင် မှန်ကန်သောမျိုးကို ရွေးချယ်ခြင်း
  • ရောဂါကျရောက်နိုင်မှုနည်းသော အရည်အသွေးကောင်းမျိုးများကို ရွေးချယ်ခြင်း
  • ရေထုတ်မကောင်းခြင်း သို့မဟုတ် ရေထိန်းနိုင်အားနည်းခြင်းစသည့် ဆိုးကျိုးများရှိသော စိုက်ကွင်းကို ရှောင်ရှားခြင်း
  • ရောဂါကာကွယ်ဆေးဖြန်းမှူများ ထိရောက်မှုသေချာစေရန်ဆောင်ရွက်ပေးခြင်း
  • အရည်အသွေးလက္ခဏာများပိုမိုများပြားလာစေရန် ရေသွင်းသည့်အစီအစဉ်များ ပြုလုပ်ပေးခြင်း
  • စောစီးစွာရိတ်သိမ်းခြင်းဖြင့် နောက်ပိုင်းရောဂါဝင်ရောက်မှုနှင့် အာလူးပျက်စီးယိုယွင်းခြင်းများအား နည်းပါးစေခြင်း

 

အာလူးအတွက် ထောက်ခံအကြံပြုထားသော ယာရာမြေသြဇာများ

သင့်ရဲ့အာလူးသီးနှံမှာ အဟာရချို့တဲ့ခြင်း ရှိနေပါသလား

သင့်ရဲ့ သီးနှံမှာ အဟာရချို့တဲ့ခြင်း ရှိနေပါသလား။ အောက်ပါ ဇယားတွင် သီးနှံအဟာရချို့တဲ့ခြင်းများကို အလွယ်တကူ ရှာဖွေပါ။

N နိုက်ထရိုဂျင်
B ဘိုရွန်
Mn မဂ္ဂနီး
Mo မော်လီဒီနမ်
P ဖော့စဖောရပ်
Mg မဂ္ဂနီစီယမ်
Ca ကယ်လစီယမ်
K ပိုတက်ဆီယမ်
S ဆာလဖာ
Cu ကော့ပါး
Fe အိုင်းရွန်း(သံဓာတ်)
Zn ဇင့်

အားလုံးကို ကြည့်ရန်

မှန်ကန်သောအာဟာရစီမံခန့်ခွဲမှုက အာလူး သီးနှံများကို မည်သို့ အကျိုးသက်ရောက်နိုင်သလဲ

အာလူး သီးနှံအာဟာရဆောင်းပါး အားလုံးကို ကြည့်ရန်


ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅