fbpx

သီးနှံအာဟာရ ဖြေရှင်းနည်းများ

သရက်

အသီးများအတွက် ကယ်လ်ဆီယမ် (Ca) သီးနှံအာဟာရ၏ အရေးပါဝင်မှု

အခုချိန် သရက်ပန်းတွေပွင့်တဲ့ ရာသီရောက်လာပါပြီ။ အရည်သွေးကောင်းတဲ့ သရက်သီးတွေ ထုတ်လုပ်နိုင်ဖို့ ယာရာရဲ့ တောင်သူဦးကြီးတွေ ပြင်ဆင်နေလောက်ပါပြီ။ အသီးအရည်အသွေးကို လွမ်းမိုးနိုင်တဲ့ အရေးကြီးတဲ့ ကယ်လ်ဆီယမ် အာဟာရ အကြောင်းလေး မျှဝေပေးလိုက်ပါတယ်

 

ကယ်လ်ဆီယမ်၏ တာဝန်များ

စိုက်ပျိုးပင်တွေကို Ca လုံလုံလောက်လောက်ထည့်ပေးခြင်းဟာ အမြစ်ကြီးထွားမှု၊ အပင်ဖွဲ့စည်းပုံနဲ့ အပင်ကျန်းမာရေးကို ကောင်းစွာထောက်ပံ့ပေးနိုင်ပါတယ်။ ဒါအပြင် ရောဂါဒဏ် နှင့် ရေငတ်ဒဏ်ကိုလည်း ခံနိုင်ရည်ရှိအောင်ပံ့ပိုးပေးနိုင်သလို အပင်ကောင်းစွာကြီးထွားနိုင်အောင်လည်း Ca အာဟာရက ကူညီပေးနိုင်ပါတယ်။ အထူးသဖြင့် သစ်သီးပင်တွေမှာ Ca ရဲ့ အဓိကအရေးကြီးတဲ့ အခန်းကဏ္ဍကတော့ တောင့်တင်းခိုင်မာတဲ့ အပင်ဆဲလ်နံရံတည်ဆောက်မှု မှာ ပါဝင်နေပါတယ်။ ဒါကြောင့်မလို့ အပင်တစ်သျှူးတွေရဲ့ ဇီဝကမ္မဖြစ်စဉ်တွေ တည်ငြိမ်စွာဖြစ်ပေါ်မှုကို ထိန်းသိမ်းရာမှာ ကူညီနိုင်ပါတယ် (ဥပမာ- အသီးတွေမှာ ဇီဝကမ္မဖြစ်စဉ်များကြောင့် ဖြစ်ပေါ်သော အသီးပုံစံမမှန်ခြင်း)။ အပင်ကြီးထွားမှုရဲ့ အစောပိုင်း အဆင့်တွေမှာ Ca  ကို စုပ်ယူပြီး အမြစ်ကြီးထွားမှုတွင် အဓိကပါဝင်နေပါတယ်။ အသီးက Ca ပမာဏအနည်းငယ် ကိုသာစုပ်ယူနိုင်ပါတယ်။

 

သရက်ပင်တွင် Ca ၏ အခန်းကဏ္ဍ

သရက်တွင် ကယ်လ်ဆီယမ် (Ca) နဲ့ ဘိုရွန် (B) ကျွေးသည့်အပင်နှင့် မကျွေးသည့်အပင်ကို နိုင်းယှဉ်ကြည့်ပါက ကျွေးသည့်အပင်က ဝတ်မှုန်ပြွန်ကြီးထွားမှု ပို၍ကောင်းမွန်တာကို တွေ့ရှိရပါတယ်။ ဒါ့အပြင် Ca ဟာ နိုက်ထရိုဂျင် အလွန်ကျွံအသုံးပြုမှုကိုလည်း ညီမျှစေရန် ကူညီပေးနိုင်ပါတယ်။ သရက်ပင်က Ca ကို ပမာဏနည်းငယ်ရရှိရုံဖြင့် အသီးကြာရှည်ခံမှုကို ထောက်ပံ့ပေးနိုင်သော အတွင်းသား ပျက်စီးမှုကို လျှော့နည်းစေနိုင်ပါတယ်။

 

ကယ်လ်ဆီယမ် ချို့တဲ့သည့် လက္ခဏာ

Ca သည် အပင်တွင်းရွှေ့လျှားမူ အလွန်နည်းသောကြာင့် ချို့တဲ့သည့် လက္ခဏာတွေကို အသစ်ကြီးထွားသည့် တစ်သျှူးများ (ဥပမာ- ကြီးထွားနေသော အရွက်နုများ၊ အဖူးများ သို့ အသီး) တွေမှာ ပထမဆုံး တွေ့ရပါတယ်။ Ca ချို့တဲ့လျှင် အသီးတွင် အတွင်းသားတစ်သျှူးများ ပျက်စီးခြင်းကို ဖြစ်စေပါတယ်။

  • သရက်သီးတွင် အတွင်းသားပျော့ခြင်း
  • သြဇာသီးနှင့် သင်္ဘောသီးတွင် အသီးထိပ်ပုတ်ခြင်း (BER)
  • ဒူးရင်းနှင့် လိုက်ချီးသီးတွင် အသီးကွဲခြင်း
  • မင်းကွပ်သီးတွင် အပြင်နှင့် အတွင်းပိုင်းတွင် အဝါရောင် အစေးထွက်ခြင်း
  • မင်းကွပ်သီးတွင် အတွင်းသားကြည်ခြင်းနှင့်  အသားအဝါရောင်ပြောင်းသွားခြင်း

ကဲအခုလိုဆိုတော့ အသီးတွေမှာ Ca ရဲ့ အရေးပါဝင်မှုကို သိရှိသွားပြီဆိုတော့ အပင်လိုအပ်တဲ့အချိန်မှာ မှန်ကန်အောင်ထည့်ပေးပြီး ခြင်းအားဖြင့် အရည်သွေးကောင်းတဲ့ သီးနှံတွေထုတ်လုပ်နိုင်ဖို့ ယာရာမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

မှန်ကန်သောအာဟာရစီမံခန့်ခွဲမှုက သရက်သီးနှံများကို မည်သို့ အကျိုးသက်ရောက်နိုင်သလဲ

သရက် သီးနှံအာဟာရဆောင်းပါး အားလုံးကို ကြည့်ရန်


ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅