fbpx

သီးနှံအာဟာရ ဖြေရှင်းနည်းများ

သရက်

ကယ်လ်ယမ် အာဟာရဓာတ်

သရက်ပင်ကို ကယ်လ်ဆီယမ်ကောင်းကောင်းထည့်ပေးခြင်းဟာ အမြစ်ကြီးထွားမှု၊ အပင်တည်ဆောက်ပုံ နှင့် ကျန်းမာသန်စွမ်းမှုတို့ကို ထောက်ပံ့ပေးနိုင်ပါတယ်။

ရောဂါဒဏ်နှင့် ရေရရှိမှုနည်းတဲ့ ဒဏ်တို့ကို အပင်ကခံနိုင်ရည်ရှိခြင်း၊ ကောင်းမွန်စွာ ထိန်းထားနိုင်မှု နှင့် ဖိအားကင်းလွတ်ခြင်းဟာ ကြီးထွားမှုတို့ကို တိုးတက်စေပါတယ်။ အပူပိုင်းသစ်သီးပင်တွေမှာ အဓိကအခန်းကဏ္ဍဖြစ်တဲ့ ကယ်လ်ဆီယမ်ရဲ့ တာဝန်ဟာ သန်မာတဲ့ဆဲလ်နံရံတွေနဲ့  ဆဲလ်အမှေးပါး ပါဝင်မှုတို့ တည်ဆောက်ရာမှာ ကူညီပေးတာပဲ ဖြစ်ပါတယ်။ အပင်တစ်သျှူးများရဲ့ ဇီဝကမ္မဖြစ်စဉ်တည်မြဲအောင် ထိန်းသိမ်းထားရာမှာ ကူညီဆောင်ရွက်ပေးပါတယ်။ အထူးသဖြင့် အသီးမှာ ပုံစံမမှန်သော ဇီဝကမ္မဖြစ်စဉ်တွေကို လျှော့နည်းစေသလို  အပင်အစောပိုင်းကြီးထွားချိန်မှာ ကယ်လ်ဆီယမ်ကို စုပ်ယူပြီး အမြစ်ကြီးထွားရန်အတွက်လည်း အဓိကအခန်းကဏ္ဍမှ ပါဝင်နေပါတယ်။ ကယ်လ်ဆီယမ်ပမာဏ အနည်းငယ်ကိုသာ အသီးက ရယူပါတယ်။

mango fig 4

mango table 10

သရက်မှာ ကယ်လ်ဆီယမ်ကို ဘိုရွန်နှင့်အတူ အသုံးပြုပေးခြင်းဟာ ကယ်လ်ဆီယမ် ဘိုရွန်မသုံးတဲ့ အပင်ထက် ဝတ်မှုံဖန်ပြွန်ကြီးထွားမှုကို ပိုကောင်းမွန်တာကို သက်သေပြပြီးဖြစ်ပါတယ်  (ပုံ-၅၁)။ ကယ်လ်ဆီယမ်ဟာ နိုက်ထရိုဂျင်အလွန်ကျွံ အသုံးပြုခြင်း သို့ မဟုတ် စုပ်ယူခြင်းတို့ကို ညီမျှအောင် ကူညီပေးနိုင်ပါတယ်။ သရက်မှာ ကယ်လ်ဆီယမ်ပမာဏ အနည်းငယ်ဟာ အသီးတာရှည်အထားခံမှုကို တိုးတက်စေပြီး အတွင်းသားပျက်စီးမှုကို လျော့နည်းအောင် ကူညီပေးနိုင်ပါတယ်။

mango fig 52

အပူပိုင်းသီးနှံအများစုတွင် ကယ်လ်ဆီယမ် ပမာဏရှိနေခြင်းဟာ ပုံစံမမှန်တဲ့ ဇီဝကမ္မစဉ်တွေကြောင့် ဆုံးရှုံးမှုများကို လျှော့နည်းအောင် ကူညီပေးနိုင်ပါတယ်။

သရက်သီးမှာ ကယ်လ်ဆီယမ်ပမာဏဟာ နိုက်ထရိုဂျင်၊ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်ပမာဏနှင့် နိုင်းယှဉ်ကြည့်လျှင် ကယ်လ်ဆီယမ် ပမာဏ အလွန်နည်းခြင်း ပုံစံမမှန်သည့်ဖြစ်စဉ်များ ဖြစ်ပေါ်ခြင်းကို ပိုပြီး ကြီးမားစေပါတယ်။

အနက်ရောင်ဆဲလ်သေချိုမ့်များ နှင့် ဖေ့ာသားကဲ့သို့ တစ်သျှူးများ ဖြစ်ပေါ်ခြင်း

mango fig 53

mango fig 54

 

မှန်ကန်သောအာဟာရစီမံခန့်ခွဲမှုက သရက်သီးနှံများကို မည်သို့ အကျိုးသက်ရောက်နိုင်သလဲ

သရက် သီးနှံအာဟာရဆောင်းပါး အားလုံးကို ကြည့်ရန်


ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅