fbpx

သီးနှံအာဟာရ ဖြေရှင်းနည်းများ

စတော်ဘယ်ရီ

စတော်ဘယ်ရီတွင် မြေနှင့် ရေစီမံခန့်ခွဲခြင်း

စတော်ဘယ်ရီသီးနှံတွင် မြေအမျိုးစားလိုအပ်ချက်ဟူ၍ ထူးထူးခြားခြား မရှိပါ။ သို့သော် သွင်းရေနှင့်အတူ မြေသြဇာပေးသည့် စနစ်များတွင် ဆားငန်ဒဏ်ကို အလွန်တုံ့ပြန်သောကြောင့် ဂရုတစိုက် စီမံခန့်ခွဲဖို့ လိုအပ်ပါသည်။

 

စတော်ဘယ်ရီသီးနှံတွင် မြေအမျိုးစားလိုအပ်ချက်

စတော်ဘယ်ရီသီးနှံတွင် မြေအမျိုးစားလိုအပ်ချက်ဟူ၍ ထူးထူးခြားခြား မရှိပါ။ စိုက်ခင်းနှင့် ပေါင်းမိုးဖြင့်စိုက်နည်းများတွင် ရေသွင်းရေထုတ်ကောင်းမွန်သင့်ပြီး အအေးဓာတ်များမရှိစေရန် အနည်းငယ် ပြားနေဖို့လိုအပ်ပါသည်။

ရေထိန်းထားနိုင်မှုစွမ်းရည်ကောင်းသော အာဟာရပြည့်ဝသည့်မြေတွင် အထွက်နှုန်း အနည်းငယ်ပို၍မြင့်မား နေပါသည်။ ထို့အပြင် ပူနွေးပြီး သဲဆန်သောမြေအမျိုးစားတွင် ပန်းပွင့်မှု ပို၍မြန်ပါသည်။ ထိုအခြေနေများတွင် အေးခဲမှုကို ကာကွယ်ရန် ပို၍အရေးကြီးပါသည်။

သဲဆန်သည့်မြေအမျိုးစားသည် ရိတ်သိမ်းခူးဆွတ်ချိန်ကို ပို၍စောစေသော အကျိုးကျေးဇူးများကို ရရှိသောကြောင့် အစောဈေးကွက် မိသောကြောင့် စိုက်ပျိုးတောင်သူများကို ကူညီပေးနိုင်ပါသည်။ ထိုမြေအမျိုးစားများသည် အမြစ်ရောဂါကျရောက်မှုကို လျှောနည်းစေပါသည်။ စတော်ဘယ်ရီတွင် Verticillium wilt နှင့် Rhizoctonia solani  မှိုရောဂါကျရောက်မှု လျှော့နည်းစေရန် အာလူး (သို့) ခရမ်းချဉ် မျိုးနွယ်စိုက်ပျိုးသော မြေများကို ရှောင်ရှားသင့်ပါသည်။ စတော်ဘယ်ရီစိုက်ပျိုးပြီး မြက်စိုက်ပျိုးခြင်းသည် ကျိုင်းကောင် ပိုလောက်ကောင်များ ကျရောက်မှုကိုဖြစ်စေပါသည်။ ထို့ကြောင့် ထိုနှစ်အတွက် စိုက်ချိန်သည် နောက်ကျလေ့ရှိပါသည်။ ထို့အပြင် ပေါင်းထိန်းချုပ်ရန်အတွက် အခွင့်ရေးပို၍ကောင်းပါသည်။

Effect of soil pH on nutrient availability

စတော်ဘယ်ရီပင်သည် မြေချဉ်ငန်ဓာတ်တန်ဖိုး (pH) သည် ၅.၅ မှ ၆.၈ အတွင်း ကြိုက်နှစ်သက်ပါ သည်။ ထို့ကြောင့် ထုံး  ထည့်ပေးခြင်းသည် စတော်ဘယ်ရီတွင် အသုံးပြုလေ့မရှိပါ။ မြေဆွေးပါဝင်မှုမြင့်မားသော မြေတွင်စိုက်ပျိုးသော စတော်ဘယ်ရီသည် မြေချဉ်ငန်ဓာတ်တန်ဖိုး အနည်းငယ်နိမ့်ခြင်းကို ခံနိုင်ရည်ရှိပါသည်။  pH တန်ဖိုး ၅.၅ အောက်ကျသွားလျှင် မဂ္ဂနီစီယမ်၊ ကယ်လ်စီယမ်၊ ဖော့စဖောရပ်နှင့် မော်လီဒီနမ် ရရှိမှုသည်လည်း ကျသွားပါသည်။ ထို့ကြောင့် ထိုအာဟာရဓာတ်များ ထည့်ပေးရပါမည်။ pH ၇ အထက်ရှိနေလျှင် ဇင့်၊ မဂ္ဂနိစ် နှင့် အိုင်းရွန်း ချို့တဲ့မှုတို့ ဖြစ်လာနိုင်ပါသည်။

စတော်ဘယ်ရီတွင် ဆားငန်ဒဏ်များ၏ အကျိုးသက်ရောက်မှု

စတော်ဘယ်ရီသည် ဆားငန်ဒဏ်ကို အလွန်တုံ့ပြန်ပါသည်။

Effect of salinity on strawberry growth


သွင်းရေအားလုံးတွင် ပျော်ဝင်ဆားများ ပါဝင်နေပါသည်။ သို့သော် ပြင်းအားနှင့်ဖွဲ့စည်းပုံ ကွာခြားနိုင်ပါသည်။ ပြင်းအားအမြင့်ဆုံးပါဝင်သော ရေသည် အကြီးမားဆုံးသော ဆားငန်သည့်ပြဿနာများ ဖြစ်စေပါသည်။ သွင်းရေတွင် ဆားငန်မှုသည် စံသတ်မှတ်ထားသော လျှပ်စစ်စီးနိုင်မှု (EC) တန်ဖိုး ၀.၇ m2/cm ထက်ကျော်လွန်နေလျှင် အထွက်နှုန်းဆုံးရှုံးမှုများ ဖြစ်ပေါ်နိုင်ပြီး EC တန်ဖိုး ပို၍မြင့်မားလေ အထွက်နှုန်းများသည် သိသိသာသာလျှော့နည်းသွားပါသည်။

Effect of salinity on yield of soil grown strawberry


ဆားငန်သည့်လက္ခဏာများကို အရွက်အနားများသည် ခြောက်၍အညိုရောင်ပြောင်းသွားခြင်း၊ ကြွတ်ဆတ်သောအရွက်များ၊ အပင်ကြီးထွားမှု နှေးသွားခြင်း သို့မဟုတ် အပင်နှင့်အမြစ်များ သေသွားခြင်း စသည်တို့ကို တွေ့ရလေ့ရှိပါသည်။ သွင်းရေစီမံခန့်ခွဲမှုညံ့လျှင် အမြစ်ပတ်ပတ်လည်တွင် ဆားများစုပုံလာခြင်းကို ဖြစ်စေနိုင်ပါသည်။ ထို့ကြောင့် ဆားများစုပုံသည့်ဧရိယာကို ဆေးကြောပေးရန် အရေးကြီးပါသည်။

Effect of salinity on strawberry fruit weight


အမြစ်ဧရိယာတွင် ဆားငန်သည့်ပမာဏသည် ရေအရည်သွေး၊ မြေသြဇာ နှုန်းထားနှင့် သွင်းရေပေးသည့် ဘောင်အနက်စသည့်တို့နှင့် တိုက်ရိုက်ဆက်စပ်နေပါသည်။ Maas and Hoffman (1977)၏ အောက်ဖော်ပြပါ ပုံသေနည်းကိုအသုံးပြု၍ အထွက်နှုန်း ဆုံးရှုံးနိုင်မှုကို ခန့်မှန်းနိုင်ပါသည်။

Y = 100 - b (ECe - a)

Y= နှိုင်းယှဉ် သီးနှံအထွက်နှုန်း (%)

ECe= မြေကြီးမှထုတ်ယူထားသော ဆားငန်မှု (dS/m)

a= သတ်မှတ်ထားသော အမြင့်ဆုံးပမာဏ

100= အထွက်ရာခိုင်နှုန်း

b= ဆားငန်းဆ ၁ ယူနစ်တိုးတိုင်း အထွက်နှုန်းဆုံးရှုံးမှု ( စတော်ဘယ်ရီအတွက် a= 0.7, b=33.33)

ပုံသေနည်းသည်

Y= 100 – 33.3 (ECe-0.7)

Y = 100 – 33.3 (ECe-0.7)

ဆားပါဝင်များခြင်းကို ပုံမှန်အသုံးပြုသော ရေထက် ၁၀-၂၀ ရာခိုင်နှုန်းပို၍ အသုံးပြုခြင်းဖြင့် ဆေးကြောခြင်းကို ထိန်းချုပ်နိုင်ပါသည်။ ဆားများအမြစ်ဧရိယာအောက် ရောက်အောင် ဆေးကြောရန်အသုံးပြုသော ရေအချိုးသည် စုပုံနေသော ပျော်ဝင်ဆားပမာဏ သယ်ဆောင်သွားခြင်းကို ဆေးကြောနိုင်သည့်အကြောင်းအချက် ဟူ၍ သိရှိထားပါသည်။ တခြားပြဿနာဖြစ်ပေါ်စေနိုင်တဲ့ ရေအစိုဓာတ်ပမာဏထက် ကျော်လွန်မှုကို တစ်ချိန်တည်းပါပဲ အနည်းဆုံးဖြစ်စေရန် လုံလောက်သည့် ဆေးကြောမှုကို ခွင့်ပြုရန် ထိုရေသွင်းသည့် ပမာဏနှင့် အကြိမ်အရေတွက်ကို ထိန်းညှိသင့်ပါသည်။

ဆားပြဿနာတည်ရှိနိုင်သည့် အမျိုးစား (၂) မျိုးရှိပါသည်။ စုစုပေါင်း ဆားငန်မှုနှင့်ဆက်စပ်ခြင်းနှင့် ဆိုဒီယမ် ကလိုရိုက်နှင့်ဆက်စပ်ခြင်းတို့ဖြစ်ပါသည်။ ဆားငန်မှုကြောင့်အကျိုးသက်ရောက်နိုင်ခြင်း (သို့မဟုတ်) ဆားငန်မှုနှင့် ဆိုဒီယမ်နှစ်ခုပေါင်း၍လည်း မြေကြီးပေါ် အကျိုးသက်ရောက်နိုင်ပါသည်။ ဆိုဒီယမ်သည် ပိုတက်စီယမ် နှင့် ကယ်လ်စီယမ်နှင့် ဆန့်ကျင်ဘက် အာနိသင်ရှိပါသည်။ ကလိုရိုက်သည် နိုက်ထရိတ်နှင့် ယှဉ်ပြိုင်ပါသည်။ ထို့ကြောင့် ဆိုဒီယမ်နှင့် ကလိုရင်း ပါဝင်သော ရေနှင့် မြေသြဇာများကို နည်းနိုင်သမျှနည်း သင့်ပါသည်။

ဆားပါဝင်မှု အလွန်မြင့်မားသောမြေကြီးများသည် အပင်မှရေစုပ်ယူမှုကို တားဆီးနိုင်ပါသည်။ ထို့ကြောင့် အရွက်အနားလှောင်ခြင်း၊ အပင်ညှိုးခြင်း၊ အထွက်နှုန်း ဆုံးရှုံးခြင်းတို့ တွေ့ရပါသည်။ မျိုးပေါ်မူတည်ပြီး ဆားငန်ဒဏ် တုံ့ပြန်မှု/ခံနိုင်ရည်ရှိမှုတို့ ကွာခြားနိုင်ပါသည်။

စပ်မြေ (ကြားခံပစ္စည်း) နှင့် မြေမဲ့စိုက်ပျိုးသည့် စနစ်များ

စပ်မြေ နှင် မြေမဲ့စိုက်ပျိုးသည့် စနစ်များသည် လွန်ခဲ့သော နှစ်အနည်းငယ်ကတည်းက ဖွံ့ဖြိုးပြီးသော နည်းစနစ်ဖြစ်ပါသည်။ ဆိုလိုသည်မှာ တိုးတက်လာသော စိုက်ပျိုးထုတ်လုပ်သည့် စနစ်ဖြစ်ပြီး သီးနှံစီမံခန့်ခွဲမှုနှင့် ရိတ်သိမ်းမှု လွယ်ကူစေပြီး အထွက်နှုန်းမြင့်မားပြီး အရည်သွေးပိုမိုကောင်းမွန်စေရန် ဦးတည်နေပါသည်။

ထို့အပြင် ထိုစနစ်များသည် သီးသန့်ထားရှိမှုကို ကူညီပေးပြီး ရောဂါကျရောက်မှုကို အနည်းဆုံးဖြစ်စေပါသည်။ မြေကြီးပိုးသန့်ရန် ခက်ခဲသော သို့မဟုတ် ခွင့်မပြုထားသော နေရာမျိုးတွင် မြေကြီးတွင်စိုက်ပျိုးသော သီးနှံများတွင် ထိုရောဂါပြဿနာသည် ထိန်းချုပ်ရန် ခက်ခဲပါသည်။

Drip irrigation system  Table top production in coir bags 

တလှည့်စီစိုက်ပျိုးသည့် စနစ်တွင် စမ်မြေသုံး၍ ထုတ်လုပ်ခြင်းကို အသုံးပြုပါသည်။ စပ်မြေများတွင် စွမ်းအင်မဲ့ ကျောက်ခဲအပိုင်းစများ၊ မီးတောင်မှထွက်ရှိလာသော ကျောက်တုံးလေးများ၊ သက်ရှိပစ္စည်းစပ်မြေများ ဥပမာ မြေဆွေးပါဝင်မှုများသော မြေများ၊ အုန်းဆံခွံများ စသည်တို့အသုံးပြုပြီး ထုတ်လုပ်ခြင်းတို့ ပါဝင်ပါသည်။ စိုက်ပျိုးသူများသည် စပ်မြေအသုံးမပြုဘဲ အာဟာရလွှာ နည်းပညာများ (NFT) အသုံးပြု ပါသည်။

ထို အလုံပိတ်ထားသည့်စနစ်များသည် ပိုးသန့်ရာတွင် လွယ်ကူပြီး pH နှင့် EC ကို အလွယ်တကူထိန်းချုပ်နိုင်ပါသည်။ အသုံးပြုပြီးသော ရေကို စုဆောင်းပြီး ပြန်လှည်အသုံးပြုခြင်းသည် အာဟာရစွမ်းရည်ကို ကောင်းမွန်အောင် ကူညီပေးနိုင်ပါသည်။

အကောင်းဆုံးသော pH သည် ၅-၆ ကြား ရှိပါသည်။ ထိုတန်ဖိုးအောက် ရောက်လျှင် အမြစ်ထိပ်များကို ထိခိုက်နိုင်ပါသည်။ ပျော်ရည်တွင် အမိုနီယမ်များလျှင် pH တန်ဘိုးသည် လက်မခံနိုင်သည့် ပမာဏသို့ ပြောင်းလည်းသွားနိုင်ပါသည်။ pH တန်ဖိုးနည်းသွားလျှင် မဂ္ဂနိစ်ကဲ့သို့ တချို့အာဟာရဓာတ်များ ရရှိမှု မြင့်မားပြီး အဆိပ်သင့်ခြင်းကို ဖြစ်စေနိုင်ပါသည်။ ဆန့်ကျင်ဘက်အားဖြင့် ကြည့်မည်ဆိုလျှင် အမြစ်ဧရိယာတွင် pHတန်ဖိုး ၇ အထက်မြင့်နေမည်ဆိုလျှင် ဖော့စဖောရပ်၊ မဂ္ဂနိစ်၊ ဇင့်၊ ကော့ပါး နှင့် အိုင်းရွန်းရရှိမှု နည်းသွားပါသည်။

အမိုနီယမ် နိုက်ထရိုဂျင်သည် pH ကိုပြောင်းလည်းနိုင်သောကြောင့် နိုက်ထရိုဂျင်ပုံစံကွာခြားသည့် ပမာဏသည် အရေးကြီးပါသည်။ ယေဘုံယျအားဖြင့် အမိုနီယမ်နိုက်ထရိုဂျင် ၁၄-၂၀ ppm နှင့် အများစုသည် နိုက်ထရိတ် နိုက်ထရိုဂျင်ပုံစံ အမြင့်ဆုံးအသုံးပြုကြပါသည်။

မြေကြီးတွင်စိုက်ပျိုးသည့် သီးနှံနှင့် နှိုင်းယှဉ်လျှင် စပ်မြေပမာဏသည် နည်းသောကြောင့် ဆိုဒီယမ်နှင့် ကလိုရိုက်ပမာဏ မြင့်မားခြင်းသည် စပ်မြေဖြင့်စိုက်ပျိုးသည့်စနစ်တွင် ဆားငန်သည့်ပြဿနာ ကြီးမားစွာ ဖြစ်ပေါ်ပါသည်။

ရေတွင် အမြင့်ဆုံးပမာဏသည်  < ၁.၅ mmol Na/l (၃၅ ppm) နှင့် < ၁.၅ mmol Cl/l (၅၃ ppm) ဖြစ်ပါသည်။ ပြန်လည်အသုံးပြုသည့် စနစ်တွင် သီးနှံမှ စုပ်ယူနိုင်မှုသည် ထိုအမြင့်ဆုံး ပမာဏထက် မပိုသင့်ပါ။ မြေမဲ့စိုက်ပျိုးသည့်စနစ်တွင် အာဟာရအားလုံးပြည့်စုံပါဝင်ရန် လိုအပ်ပါသည်။ အလုပ်နှင့် လုပ်သားအင်အားကို လျှော့ချရန် အာဟာရပျော်ရည်များ ပြင်းအားများသော မိခင်ပျော်ရည်ကို ပြင်ပြီး နောက် ပြင်းအားပျော့အောင်ပြုလုပ်၍ အသုံးပြုသင့်ပါသည်။ မိခင်ပျော်ရည်သည် ၁၀ % (၁၀၀ x ပြင်းအားရှိပြီး သီးနှံနှင့် ဒေသအခြေနေပေါ်မူတည်ပြီး နောက်ဆုံးပျော်ရည်အဖြင့် ၁-၃ g/l နှုန်း ရေရောပြီး ပြင်းအားပျော့ပေးရပါမည်။

A + B Tank fertigation system  Fertigation head unit 

အာဟာရများ၏ ဆန့်ကျင့်ဘက်အာနိသင်များနှင့် အပြန်လှန်တုံ့ပြန်မှုများကြောင့် မိခင်ပျော်ရည် ပြင်းအားအမြင့်ကြီးကို တစ်ကြိမ်တည်း အာဟာရအားလုံးရောဖျော်ရန် မဖြစ်နိုင်ပါ။ ဥပမာအားဖြင့် ကယ်လ်စီယမ်ပါဝင်သော ပစ္စည်းများကို ဖော့စဖိတ် သို့မဟုတ် ဆာလ်ဖိတ် ပါဝင်သော ပစ္စည်းများနှင့် အတူတူ ဖျော်၍မရနိုင်ပါ။ ထို့ကြောင့် ကန် ၂ ကန်ပါသည့်စနစ်- ကန် A နှင့် ကန် B ကို အသုံးပြုကြပါသည်။ EC တန်ဖိုး ပို၍မြင့်မားလေလေ ပျော်ရည်အတွင် အာဟာရပြင်းအား ပိုများလေလေဖြစ်ပါသည်။

တောင်သူများသည် မြေမဲ့ သို့မဟုတ် စပ်မြေအသုံးပြုသည့် စနစ်ကို အသုံးပြုလျှင် အာဟာရပျော်ရည်၏ နေရောင်ခြည်အပေါ်မူတည်ပြီး နောက်ဆုံး EC တန်ဖိုးကို ညှိပေးရန် လိုအပ်ပါသည်။ တိမ်ထူထပ်သည့်နေ့များတွင် ရေစုပ်ယူမှုနည်းသောကြောင့် အာဟာရဓာတ် လုံလုံလောက်လောက်စုပ်ယူနိုင်ဖို့အတွက် ECတန်ဖိုးသည် မြင့်ရန်လိုအပ်ပါသည်။ နေသာသည့် ရက်များတွင် ရေစုပ်ယူမှုများသောကြောင့် EC တန်ဖိုး နည်းသင့်ပါသည်။

အပတ်စဉ် စပ်မြေ၊ ရေအရင်းမြစ်နှင့် ရေစက်များကို ပုံမှန် စစ်ဆေးရန် အရေးကြီးပါသည်။  ထို့နောက် အာဟာရအချိုးမှန်မှန်ကန်ကန် ရရှိရန် ညှိပေးရပါမည်။ တောင်သူများသည် စပ်မြေများ၏ pH နှင့် ECများကို တစ်ပတ်အတွင်း အကြိမ်အရေတွက်များစွာ စစ်ဆေးသင့်ပါသည်။

 

သင့်ရဲ့ စတော်ဘယ်ရီသီးနှံမှာ အဟာရချို့တဲ့ခြင်း ရှိနေပါသလား

သင့်ရဲ့ သီးနှံမှာ အဟာရချို့တဲ့ခြင်း ရှိနေပါသလား။ အောက်ပါ ဇယားတွင် သီးနှံအဟာရချို့တဲ့ခြင်းများကို အလွယ်တကူ ရှာဖွေပါ။

N နိုက်ထရိုဂျင်
B ဘိုရွန်
Cu ကော့ပါး
Mn မဂ္ဂနီး
Zn ဇင့်
P ဖော့စဖောရပ်
Mg မဂ္ဂနီစီယမ်
Ca ကယ်လစီယမ်
K ပိုတက်ဆီယမ်
S ဆာလဖာ
Fe အိုင်းရွန်း (သံဓာတ်)

အားလုံးကို ကြည့်ရန်

မှန်ကန်သောအာဟာရစီမံခန့်ခွဲမှုက သင့် စတော်ဘယ်ရီသီးနှံများကို မည်သို့ အကျိုးသက်ရောက်နိုင်သလဲ

စတော်ဘယ်ရီ သီးနှံအာဟာရဆောင်းပါး အားလုံးကို ကြည့်ရန်


ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅