fbpx

သီးနှံအာဟာရ ဖြေရှင်းနည်းများ

စတော်ဘယ်ရီ

စတော်ဘယ်ရီသီး အရည်အသွေးကို ဘယ်လိုမြှင့်တင်မလဲ

ပိုတက်စီယမ်သည် ဘယ်ရီသီးအသွင်ပြင်လက္ခဏာလှပပြီး ကောင်းမွန်သော အရသာ ရရှိရန်သေချာစေပြီး ဘယ်ရီသီးအရည်သွေးတိုးတက်လာစေပါသည်။

အရည်သွေးကောင်းမွန်ဆုံး ဘယ်ရီသီးများသည် အရွယ်စားညီညာပြီး အနီရောင်တောက်နေသင့်ပါသည်။ အရည်ရွမ်းပြီး မှို သို့မဟုတ် အပျစ်အနာဆာကင်းပြီး အနံ့အရသာ ကောင်းမွန်စေပါသည်။ မျိုးရွှေးချယ်ခြင်းသည် အဓိကကျပါသည်။ မျိုးပေါ်မှုတည်ပြီး ပုံသဏ္ဍန်၊ အရွယ်စား၊ အရသာနှင့် အသားနုညံ့မှု ကြမ်းတမ်းမှု ကွာခြားနိုင်ပါသည်။ လတ်ဆတ်သော စတော်ဘယ်ရီသီးခူးဆွတ်ပြီး ပွင့်ရင်းခံနှင့် ပင်စည်အစိတ်ပိုင်းအနည်းငယ် ခူးဆွတ် သိုလှောင်သင့်ပါသည်။ အရွယ်စားသည် အရေးကြီးပါသည်။ အလွန်ကြီးသော အသီးများသည် ထုတ်ပိုးရန်နှင့် သယ်ယူပို့ဆောင်ရန် ပို၍ခက်ခဲပါသည်။

အသီးအရည်သွေး ကွာခြားချက်အနည်းငယ်သည် ဈေးနှုန်းနှင့် အဆင့်အတန်းကို များစွာထိခိုက်နိုင်ပါသည်။ ထို့ကြောင့် စိုက်ပျိုးသည့် နည်းလမ်းများသည် ထုတ်လုပ်မှုကို အဓိကထားပြီး ကြာရှည်သိုလှောင်နိုင်သော ကောင်းမွန်သည့်အရည်သွေးကို ထိန်းထားရန် လိုအပ်ပါသည်။

ပိုတက်စီယမ်သည် စတော်ဘယ်ရီသီး အနံ့၊ အရသာ နှင့် အရောင်ကို တိုးလာစေခြင်း

ပိုတက်စီယမ်သည် ပင်ငွေ့ပျံမှုနှင့် လေဝင်လေထွက်ပေါက် အဖွင့်အပိတ်ကို ထိန်းညှိပေးခြင်း၊ အစိုဓာတ် ဖိအားများခံရချိန်တွင် ရေအသုံးပြုမှုစွမ်းအားကို ကောင်းမွန်အောင် ကူညီပေးနိုင်ပါသည်။ နိုက်ထရိတ် ရွှေ့လျှားမှုနှင့် တစ်ချို့အမ်ဆိုင်းများ လုပ်ဆောင်မှုအပါအဝင် အပင်တွင်း အစာသိုလှောင်ခြင်းနှင့် သယ်ယူသည့်အတိုင်းတာတွင်လည်း ပိုတက်စီယမ် ပါဝင်ပါသည်။

အသီးတွင်း ဗီတာမင် စီ ပမာဏကိုလည်း ပိုတက်စီယမ်က လွှမ်းမိုးနိုင်ပါတယ်။ ထို့အပြင် ဘယ်ရီသီး အရောင်တက်စေသော အမ်သိုဆိုင်ရာနင် ပမာဏအပေါ် တိုက်ရိုက်အကျိုးသက်ရောက်မှု ရှိပါသည်။

effect of foliar potassium on vitamin c and anthrocyanin level in strawberries

အဓိကအသီးအရည်သွေးလက္ခဏာများဖြစ်သော အသီးအချဉ်ဓာတ်နှင့် သကြားပါဝင်မှု ကို မြှင့်တင်စေရန် ပိုတက်စီယမ် ပမာဏ တဧကမှာ ၂၄၀ကီလိုဂရမ် နှင့် အထက် ထည့်ပေးရန် လိုအပ်ပါသည်။

effect of potassium on fruit acidity and sugar content

အသုံးပြုသည့် ပိုတက်စီယမ်နှုန်းထားများသည် နိုက်ထရိုဂျင်နှင့် ညီညီမျှမျှထည့်ပေးရန်နှင့် ကြီးထွားသည့်အဆင့်အလိုက် ညှိပေးရန် လိုအပ်ပါသည်။ ပင်ပိုင်းကြီးထွားသည့်အဆင့်တွင် ပိုတက်စီယမ်လိုအပ်ချက်ထက် နိုက်ထရိုဂျင် ၂.၅ ဆပိုလိုအပ်ပါတယ်။ သို့ပေမယ့် ထုတ်လုပ်သည့်အဆင့်တွင် N:K အချိုး ၂း၁ သို့ ၁း၁ ထက်ပိုသည့် အချိုးသည် ပို၍သင့်တော်ပြီး အသီးအရည်သွေး ပိုမိုကောင်းမွန်အောင် ကူညီပေးနိုင်ပါသည်။

effect of nk ratio on fruit yield and sugar content

ထိုနည်းတူစွာ ကောင်းမွန်တဲ့အသီးအရသာ၊ ပို၍ကြာရှည်ခံသော အသီးတောင့်တင်းမှုနှင့် အကောင်းဆုံးအထွက်နှုန်း ရရှိဖို့အတွက် ပိုတက်စီယမ်နှင့် ကယ်လ်စီယမ်အချိုးသည်လည်း ညီမျှဖို့အရေးကြီးပါသည်။ ကယ်လ်စီယမ်စုပ်ယူမှု နည်းသည့်နေရာတွင် အသီးမာကြောမှုတိုးစေရန် ပိုတက်စီယမ်ကို မလိုအပ်ဘဲ ပမာဏများများထည့်ပေးခြင်းကို သိတိပြုရန် အရေးကြီးပါသည်။

ပိုတက်စီယမ်သည် ဆားငန်ဒဏ် သို့မဟုတ် ပြင်းထန်သည့်ဖိအားများကို ကောင်းမွန်စေခြင်း

စတော်ဘယ်ရီသည် ဆားငန်ဒဏ်ကို ခံနိုင်ရည်မရှိပါ။ ဆားပါဝင်ဆမြင့်မားသော ပိုတက်စီယမ် ကလိုရိုက်ကို အသုံးပြုရန် မသင့်တော်ပါ။ ပိုတက်စီယမ် ဆာလ်ဖိတ် နှင့် ပိုတက်စီယမ် နိုက်ထရိတ်ပုံစံ အသုံးပြုခြင်းသည် အထွက်နှုန်းကို တိုးစေပါသည်။

effect of potassium form on yield and salinity

ပိုတက်စီယမ်သည် ဆားငန်သည့်အကျိုးသက်ရောက်မှုကို လျှော့နည်းအောင် ကူညီနိုင်ပြီး ဆဲလ်အမြေးပါးပျက်စီးမှုကို လျှော့နည်းစေပြီး အသီးအရည်သွေးကိုထိန်းထားနိုင်ပြီး အထွက်နှုန်းဆုံးရှုံးမှုကို လျှော့နည်းစေပါသည်။

effect of potassium rate on alleviating salt stress

တဖက်သပ်စိမ်ဝင်ခြင်းတိုးလာခြင်းကြောင့် ဖြစ်ပေါ်လာသော ဆီးနှင်းဒဏ် နှင့် ဆဲလ်ပျော်ရည်၏ အေးခဲမှတ်အောက်ကျသွားခြင်း စသည့် ရာသီဥတုဖိအားများ၏ အကျိုးသက်ရောက်မှုများကို အနည်းဆုံးဖြစ်စေရန် ပိုတက်စီယမ်က ကူညီပေးနိုင်ပါသည်။

 

သင့်ရဲ့ စတော်ဘယ်ရီသီးနှံမှာ အဟာရချို့တဲ့ခြင်း ရှိနေပါသလား

သင့်ရဲ့ သီးနှံမှာ အဟာရချို့တဲ့ခြင်း ရှိနေပါသလား။ အောက်ပါ ဇယားတွင် သီးနှံအဟာရချို့တဲ့ခြင်းများကို အလွယ်တကူ ရှာဖွေပါ။

N နိုက်ထရိုဂျင်
B ဘိုရွန်
Cu ကော့ပါး
Mn မဂ္ဂနီး
Zn ဇင့်
P ဖော့စဖောရပ်
Mg မဂ္ဂနီစီယမ်
Ca ကယ်လစီယမ်
K ပိုတက်ဆီယမ်
S ဆာလဖာ
Fe အိုင်းရွန်း (သံဓာတ်)

အားလုံးကို ကြည့်ရန်

မှန်ကန်သောအာဟာရစီမံခန့်ခွဲမှုက သင့် စတော်ဘယ်ရီသီးနှံများကို မည်သို့ အကျိုးသက်ရောက်နိုင်သလဲ

စတော်ဘယ်ရီ သီးနှံအာဟာရဆောင်းပါး အားလုံးကို ကြည့်ရန်


ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅