fbpx

ယာရာအကြောင်း

ယာရာအကြောင်း

ယာရာ၏ အသိပညာဗဟုသုတ၊ ထုတ်ကုန်များနှင့် နည်းပညာများသည် တောင်သူလယ်သမားများ၊ ဖြန့်ဖြူးရောင်းချသူများနှင့် လုပ်ငန်းဆိုင်ရာဖောက်သည်များ၏ စီးပွားရေးအကျိုးအမြတ်များကို တိုးပွားလာစေခဲ့ပြီး တစ်ချိန်တည်းမှာပင် ကမ္ဘာကြီး၏ အရင်းအမြစ်များ၊ အစားအစာများနှင့် သဘာဝပတ်ဝန်းကျင်တို့ကို ပိုမို ထိန်းသိမ်းစောင့်ရှောက်နိုင်ခဲ့ပါသည်။

ယာရာ၏ မြေသြဇာများ၊ သီးနှံအာဟာရ ဖြည့်စွက်နည်းများနှင့် နည်းပညာများသည် သီးနှံအထွက်နှုန်းများ တိုးပွားစေပြီး ထုတ်ကုန်များ၏ အရည်အသွေး မြင့်မားစေသည့်အပြင် စိုက်ပျိုးရေးလုပ်ငန်းများမှ သဘာ၀ ပတ်ဝန်းကျင်အတွက် ဘေးထွက်ဆိုးကျိုးများကိုလည်း လျော့ချပေးနိုင်ပါသည်။ ယာရာ၏ စက်ရုံ၊ အလုပ်ရုံ နှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ နည်းပညာများသည် စက်ရုံနှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများမှ ထွက်ရှိသော စွန့်ပစ်ပစ္စည်းများကို ကုန်ပစ္စည်းပေါင်းများစွာ ထုတ်လုပ်ရာတွင် အဓိက ပါဝင်ပစ္စည်းများအဖြစ် ပြန်လည်အသုံးပြုခြင်းအားဖြင့် လျှော့ချပေးနိုင်သောကြောင့် လေထုကို ပိုမိုသန့်စင်ပေးနိုင်ပါသည်။ ယာရာသည် ၎င်းတို့၏ ဝန်ထမ်းများ၊ ဆက်စပ်လုပ်ငန်းများနှင့် လူ့အဖွဲ့အစည်းပေါင်းများစွာအတွက် လုံခြုံစိတ်ချနိုင်ရေး အလေးထားမြှင့်တင်သည့် အလေ့အထတစ်ခုကို အစဉ်အဆက် လက်ဆင့်ကမ်း ထိန်းသိမ်းလာခဲ့ပါသည်။

ဥရောပနိုင်ငံများရှိ တွေ့ကြုံနေရသော ငတ်မွတ်ခေါင်းပါးမှု ပြဿနာကို ဖြေရှင်းရန်အတွက် ၁၉၀၅ ခုနှစ်တွင် စတင် တည်ထောင်ခဲ့ပြီး ယနေ့တွင် ယာရာသည် ကမ္ဘာနိုင်ငံ အနှံ့အပြားတွင် ဝန်ထမ်းပေါင်း ၁၆,၀၀၀ ကျော်နှင့် နိုင်ငံပေါင်း ၁၆၀ တွင် ဖြန့်ဖြူးရောင်းချလျက်ရှိသည်။

 

ယာရာအကြောင်းကို ထပ်မံ ရှာဖွေနိုင်ပါသည်

 

ဆန်းသစ်တီထွင်မှု

ဒီဂျစ်တယ်လယ်ယာ စိုက်ပျိုးရေး၊ လည်ပတ်နေတဲ့ စီးပွားရေး၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုကို လျော့ချပေးတဲ့နည်းပညာ။

ယာရာတွင်  ဆန်းသစ်တီထွင်မှုကို ရည်ရွယ်ချက် တစ်ခုဖြင့်ယုံကြည်သည်။

သဘာဝ ပတ်ဝန်းကျင်

ရေရှည်တည်တံ့ရေးဟာ ကျွန်ုပ်တို့ လုပ်နေတဲ့အရာ၏ အရေးပါသော အစိတ်အပိုင်းတစ်ခုဖြစ်ပါသည်။ ထို့ကြောင့် ကုလသမဂ္ဂ၏ ရေရှည်တည်တံ့ခိုင်မြဲသော ဖွံဖြိုးတိုးတက်ရေး ရည်မှန်းချက်များကို ကျွန်ုပ်တို့ စီးပွားရေးပုံစံ၏ တစ်စိတ်တစ်ပိုင်း တစ်ရပ်အဖြစ် သတ်မှတ်ခဲ့သည်။

ယာရာကို တစ်ချက်ကြည့်ရုံမျှဖြင့်

ကျွန်ုပ်တို့၏ ဝန်ထမ်း ၁၇၀၀၀ ကျော်သည် ဆင်းရဲနွမ်းပါးမှု လျော့ချရန်၊ သန်း ၃၀၀ သောလူများကို အစားအစာရရှိစေရန် နှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများကို ေ လျာ့ကျစေရန် ဘယ်လို ဘယ်လိုလုပ်ဆောင်နသလဲ ကြည့်ပါ။

ကျွန်ုပ်တို့၏ သမိုင်း

ယာရာကို ၁၉၀၅ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ဥရောပတစ်ဝှမ်းတွင် အငတ်ဘေးဆိုက်ရောက်ခြင်းမှ ကာကွယ်ရန် ကူညီပါဝင်ညီခဲ့သည်။


ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅