fbpx

သီးနှံအာဟာရ ဖြေရှင်းနည်းများ

စတော်ဘယ်ရီ

စတော်ဘယ်ရီအသီးအရေအတွက် တိုးလာစေရန်နည်းလမ်များ

ပန်းပွင့်ဖြစ်ပေါ်မှုနှင့် အသီးတင်မှုကောင်းမွန်ခြင်းတို့ ပေါင်းစပ်ထားခြင်းမှ အသီးအရေအတွက်တိုးလာခြင်းကို ဖြစ်စေပါသည်။

ညီမျှသောအပင်အာဟာရသည် အသီးအရေအတွက်မြင့်မားခြင်းကို သေချာစေပါသည်။ အထူးအဖြင့် ပိုတက်စီယမ်သည် ပန်းပွင့်စတင်ဖြစ်ပေါ်ခြင်းအတွက် အရေးကြီးပြီး ဘိုရွန်နှင့် ဇင့်သည် အသီးတင်ခြင်းနှင့် ပန်းပွင့်ဖြစ်ပေါ်ခြင်း နှစ်မျိုးလုံးကို လွမ်းမိုးနိုင်ပါသည်။

ပိုတက်စီယမ်သည် ပန်းဖူးစတင်ဖြစ်ပေါ်မှုကို ့ဆော်ပေးနိုင်ခြင်း

ပိုတက်စီယမ်အာဟာရသည် ပန်းပွင့်အရေအတွက်ပေါ်တွင် တိုက်ရိုက်အကျိုးသက်ရောက်မှုရှိပြီး အသီးတင်မှုကို ဆက်စပ်သက်ရောက်စေပါသည်။ အသီး တစ်တန်တွင် ၃-၄ ကီလိုဂရမ် ပိုတက်စီယမ်ပမာဏ မြင့်မားခြင်းသည် သန်မာသောကြီးထွားမှု ရရှိရန် လိုအပ်ပါသည်။

effect of potassium on flowering in strawberries

အခြားအာဟာရများနှင့် နိုင်းယှဉ်လျှင်(နိုက်ထရိုဂျင်) ပိုတက်စီယမ်သည် အသီးရင့်မှည့်ချိန်အတွင်း ပြင်းအားပျော့ရန် ခက်ခဲပါသည်။ ထို့ကြောင့် ပိုတက်စီယမ်လုံလုံလောက်လောက်ထည့်ပေးလျှင် အသီးရင့်မှည့်ချိန်တလျှောက် အရောင်ပြောင်းလည်းမှုကို ထိန်းသိမ်းပေးနိုင်ရန် လိုအပ်ပါသည်။ အသီးဖြစ်ပေါ်သည့်အချိန်မှ နောက်ဆုံးရိတ်သိမ်းချိန်အတွင်း အများဆုံးစုပ်ယူသည့်အချိန်ဖြစ်ပါသည်။

nutrient concentration changes during fruit ripening

အသီးတင်ရန် ဘိုရွန်လိုအပ်ချက်

ဘိုရွန်ကောင်းကောင်းထည့်ပေးခြင်းသည် အမြစ်ကြီးထွားမှု၊ ဝတ်မှုန်မျိုးညှောက်ပေါက်မှု၊ အစေ့ဖြစ်ပေါ်မှုနှင့် အသီးတင်မှုအတွက် အရေးကြီးပါသည်။ ဘိုရွန်သည် အမှေးပါးတွင် ပါဝင်မှု၊ ဆဲလ်နံရံတည်ဆောက်မှုကို ထိန်းထားပေးနိုင်ခြင်းတို့အပေါ်  တိုက်ရိုက်သက်ရောက် ပါသည်။

effect of boron on strawberry fruit number

effect of boron on strawberry fruit weight

effect of foliar boron and calcium on yield and quality

 

 

စမ်းသပ်ချက်များသည် အသီးတင်မှု၊ အသီးအရေအတွက် နှင့် အသီးအလေးချိန်ပေါ်တွင် ဘိုရွန်အကျိုးကျေးဇူးများကို သိသိသာသာတွေ့ရခြင်းသည် အထွက်နှုန်းကို ကောင်းမွန်စေရန်ဦးတည်နေပါသည်။ ၎င်းတို့သည် ဝတ်မှုန်ဖြစ်ပေါ်ခြင်းကို ဘိုရွန်လွမ်းမိုးသည့် အစိတ်ပိုင်းပါဝင်သောကြောင့် ဝတ်မှုန်ကူးမှုကို ပို၍ကောင်းမွန်စေပါသည်။

အသီး ၁ တန်တွင် ၅ ကီလိုနှင့် အထက် လိုအပ်ပါသည်။ ပန်းပွင့်နေစဉ်အတွင်း စုပ်ယူမှုတိုးလာခြင်းသည် အသီးတွင်းအကောင်းဆုံးစုဆောင်းမှုကို ဖြစ်စေပါသည်။ ဘိုရွန်လိုအပ်မှုသည် မျိုးပေါ်မူတည်ပြီး ပြောင်းလည်းနိုင်ပြီး အာဟာရကျွေးသည့်အစီစဉ်တွင် ထည့်သွင်းပေးရန် လိုအပ်ပါသည်။

ဇင့်သည် အသီးအရေအတွက် တိုးစေခြင်း

ဇင့်အသုံးပြုခြင်းသည် အပင်တစ်ပင်၏အသီးအရေအတွက်ကို တိုးစေခြင်းသည် အထွက်နှုန်းပိုမိုမြင့်မား စေပါသည်။ သို့သော် အလွန်များခြင်းသည် ပုံစံမမှန်ခြင်းကို ဖြစ်စေပါသည်။

effect of zinc on strawberry yield and quality

ဇင့်သည် တခြား အနည်းလိုအာဟာရများနှင့် နိုင်းယှဉ်လျှင် ပန်းပွင့်နှင့် အသီးအရေအတွက်များ မြင့်မားစေမှုကို ပို၍ တိုးစေပါသည်။ အသီးတွင် ၃၀ ရာခိုင်နှုန်း ပို၍ပါဝင်ပြီး အသီး ၁ တန်ထုတ်လုပ်နိုင်ရန် အပင်မှ ၂.၅ ဂရမ်နှုန်း ရရှိပါသည်။

အရွက်တွင် ဇင့်ပါဝင်မှု ၁၀-၂၀ ပီပီအမ် အောက်နည်းလျှင် ဇင့်ချို့တဲ့မှုကို တွေ့ရပါသည်။ အရွက်တွင်ပါဝင်မှု ၅၀ ပီပီအမ်ထက်များလျှင် ဇင့်ဓာတ်အလွန်များနေပါသည်။ မြေချဉ်ငန်ဓာတ် မြင့်သည့် (pH 7 ထက်မြင့်လျှင်) မြေနှင့် ထုံးဓာတ်ပါဝင်မှုမြင့်သည့် မြေအမျိုးစားများတွင် ဇင့်ချို့တဲ့မှုသည် ပို၍ပြင်းထန်ပါသည်။ အလုံလောက်သော ဇင့်ရရှိနိုင်ချိန်တွင် ဇင့်ရွက်ဖျန်းမြေသြဇာသည် အထွက်နှုန်းကို တိုးစေပါသည်။

 

သင့်ရဲ့ စတော်ဘယ်ရီသီးနှံမှာ အဟာရချို့တဲ့ခြင်း ရှိနေပါသလား

သင့်ရဲ့ သီးနှံမှာ အဟာရချို့တဲ့ခြင်း ရှိနေပါသလား။ အောက်ပါ ဇယားတွင် သီးနှံအဟာရချို့တဲ့ခြင်းများကို အလွယ်တကူ ရှာဖွေပါ။

N နိုက်ထရိုဂျင်
B ဘိုရွန်
Cu ကော့ပါး
Mn မဂ္ဂနီး
Zn ဇင့်
P ဖော့စဖောရပ်
Mg မဂ္ဂနီစီယမ်
Ca ကယ်လစီယမ်
K ပိုတက်ဆီယမ်
S ဆာလဖာ
Fe အိုင်းရွန်း (သံဓာတ်)

အားလုံးကို ကြည့်ရန်

မှန်ကန်သောအာဟာရစီမံခန့်ခွဲမှုက သင့် စတော်ဘယ်ရီသီးနှံများကို မည်သို့ အကျိုးသက်ရောက်နိုင်သလဲ

စတော်ဘယ်ရီ သီးနှံအာဟာရဆောင်းပါး အားလုံးကို ကြည့်ရန်


ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅