fbpx

သီးနှံအာဟာရ ဖြေရှင်းနည်းများ

စတော်ဘယ်ရီ

စတော်ဘယ်ရီ စိုက်ပျိုးထုတ်လုပ်သည့် စနစ်များ

စတော်ဘယ်ရီသီးအရည်သွေးကောင်းမွန်ပြီး အထွက်နှုန်းမြင့်မားစွာထုတ်လုပ်သည့် ရည်ရွယ်ချက်ပေါ်မူတည်၍ ထုတ်လုပ်သည့် မတူညီသည့် ထုတ်လုပ်သည့်စနစ် အမျိုးမျိုးဖြင့် ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးကြပါသည်။

ထိုအရည်သွေးသည် စျေးကွက်လိုအပ်ချက်များနှင့် လုပ်သားအင်အားရရှိမူပေါ်မူတည်ပြီး လုံလောက်သော ပြောင်းလည်းမှုရှိသည့် အရည်သွေးကို ဆိုလိုပါသည်။

မျိုးပွားသည့် စနစ်များ

စတော်ဘယ်ရီပင်များကို စိုက်ဘောင်မြင့် သို့မဟုတ် ရွှေ့ပြောင်းမစိုက်ပျိုးခင် မတူညီသောနည်းလမ်းများစွာဖြင့် စိုက်ပျိုးကြပါသည်။

စောင့်ဆိုင်းပျိုးဘောင်တွင် ပျိုးသော ပျိုးပင်များကို မြေလျှောက်ကိုင်းများမှ စိုက်ပျိုးပါသည်။ ကြီးပြီးသန်စွမ်းသော အပင်များ ထုတ်လုပ်ရန် စောင့်ဆိုင်းဘောင်တွင် စိုက်ပျိုးပါသည်။ အပင်နားချိန်၊ နွေဦးနှင့် နွေရာသီစိုက်ပျိုးရန် အအေးခန်းသိုလှောင်မှုနှင့်ချိန်ပြီး ရွှေ့ပြောင်းလေ့ရှိပါသည်။

ပျိုးဗန်းပင်များကို နွေရာသီ အလည်တွင် မိခင်ပင်၏ မြေလျှောက်ကိုင်း ထိပ်များမှ ထုတ်လုပ်ပါသည်။ ထိုပျိုးပင်များကို အပူပေးထားသော ဖန်လုံအိမ်များတွင် ပင်စည်အုံအရွယ်စား ၁၇ မီလီမီတာ အချင်းရရှိသည့်အချိန်ထိ စိုက်ပျိုးပါသည်။ ထို့နောက် အစောပိုင်းနှင့် ရာသီတစ်လျှောက်လုံး အကာကွယ်အောက်တွင် စိုက်ပျိုးပါသည်။

သေးငယ်သောထိပ်ဖျားပင်များကို ပျိုးဘန်းပင်ထုတ်လုပ်သည့် စနစ်နှင့် ဆင်တူပါသည်။ သို့သော် သေးငယ်သော ထိပ်ဖျားပင်များကို အမိုးကာအောက် ၄-၅ ပတ်ကြာ မြန်မြန်ကြီးထွားစေပြီး နွေရာသီတွင်ထုတ်လုပ်နိုင်ရန်အတွက် ဆောင်းဦးရာသီအစောပိုင်းတွင် စိုက်ပျိုးပါသည်။

အမြစ်မဲ့မြေလျှောက်ပင် မိခင်ပင်ကို ကွင်းတွင်စိုက်ပျိုးသော အပင်များမှ အမြစ်နှင့် မြေလျှောက်ကိုင်းတို့မှ ထုတ်လုပ်ပြီး နွေဦးအစောပိုင်းမစိုက်ပျိုးခင် အအေးခန်းသိုလှောင်ခန်းတွင် ရွှေ့ပြောင်းထားပါသည်။ မြေလျှောက်ပင်များသည် ပို၍သေးငယ်ပါသည်။ အမြဲထောက်ပံ့ပေးနိုင်သော သီးနှံ ဖြစ်စေရန် အသုံးပြုနိုင်ပါသည်။ မြေလျှောက်ကိုင်းများသည် ပို၍အေးသောဒေသရှိ စိုက်ခင်းတွင် ဆောင်းရာသီတွင်လည်း ရှင်သန်နိုင်ပါသည်။ ၎င်းတို့ကို နွေဦးနှင့် နွေရာသီအစောပိုင်းတွင် စိုက်ပျိုးပါသည်။ ထိုနည်းလမ်းသည် အလွယ်ကူဆုံး ရွေးချယ်ရမည့် နည်းလမ်းဖြစ်သော်လည်း ယေဘုယျအသုံးပြုသည့် နည်းလမ်းမဟုတ်ပါ။

စိုက်ပျိုးသည့် စနစ်များ

စတော်ဘယ်ရီ စိုက်ပျိုးသည့်စနစ်များသည်လည်း ကျယ်ပြန့်ပြန့်ရှိပါသည်။ ကမ္ဘာတစ်ဝှမ်း အများစုသည် ကွင်းပြင်တွင်  စိုက်ပျိုးထုတ်လုပ်နေပါသည်။ စိုက်ခင်းအများစုသည် ကောက်ရိုး သို့မဟုတ် ပလပ်စတစ်ကဲ့သို့ အဖုံးအကာ (mulch) များအသုံးပြုကြပါသည်။ ထို့ကြောင့် ပေါင်းပင်ထိန်းချုပ်နိုင်ခြင်း၊ အစိုဓာတ်ထိန်းထားနိုင်ခြင်း၊ အသီးနှင့် မြေကြီးထိတွေ့မှုကို ထိန်းနိုင်သည့်အတွက် အသီးပျက်ဆီးမှုကို လျှော့နည်းစေခြင်း နှင့် ရိတ်သိမ်းချိန်စောစေခြင်း စသည့် အကျိုးကျေးဇူးများ ရရှိစေပါသည်။

Comparison of strawberry field production systems

ကွင်းပြင်တွင်စတော်ဘယ်ရီစိုက်ပျိုးသည့် အဓိကစနစ်နှစ်ခုမှာ မြေလျှောက်ကိုင်းဖယ်သည့်စနစ် နှင့် မြေလျှောက်ကိုင်းမဖယ်ဘဲစိုက်ပျိုးသည့်စနစ်တို့ ဖြစ်ပါသည်။ တစ်မျိုးစီတွင် အပင်ဦးရေနှင့် စိုက်သည့်နည်းပညာကွာခြားပါသည်။

Strawberry field planting systems

ကွင်းတွင် စတော်ဘယ်ရီစိုက်ပျိုးသည့် စနစ်များ

မြေလျှောက်ကိုင်းဖယ်ပြီးစိုက်ပျိုးသည့်စနစ်တွင် ပင်စည်အုံကို အသီးထုတ်လုပ်ရန် အသုံးပြုပြီး အပင်မှ အသီးထုတ်လုပ်ရန် အားပေးသော မည်သည့်မြေလျှောက်ကိုင်းများကိုမဆို ဖယ်ရှားပေးရပါမည်။

ဒေသအများစုတွင် နေ့တာတုံ့ပြန်မှုမရှိသော မျိုးများကို စိုက်ပျိုးလေ့ရှိပါတယ်။ ထို့အတူ နေ့တာတိုသော ရာသီဥတုတွင် ထိုမျိုးများသည် ဆောင်းရာသီနှင့် နွေရာသီအခြေနေများတွင် ရှင်သန်နိုင်ပါသည်။ အပင်များကို ပလပ်စတစ်ဖုံးအုပ်ထားသော စိုက်ဘောင်မြင့်များတွင် ရွှေ့ပြောင်းစိုက်ပျိုးပါသည်။ ထိုပလပ်စတစ်အဖုံးအကာသည် မြေကြီးကို နွေးစေ၍ ပေါင်းပင်များကို ဖိနှိပ်ထားနိုင်ပြီး ထုတ်လုပ်မှုကို စောစေပါသည်။ စိုက်ဘောင်မြင့်ကို အသုံးပြု၍ စိုက်ပျိုးထုတ်လုပ်ခြင်းသည် ရေစီးဆင်းမှုကို ကောင်းမွန်စေပါသည်။   

Plastic covered hills ready for planting  Straw mulch 

Plastic covered hills ready for planting  Straw mulch

မြေလျှောက်ကိုင်းဖယ်သည့် စိုက်စနစ် အသုံးပြုစိုက်ပျိုးသော စတော်ဘယ်ရီပင်သည် အထွက်နှုန်းမြင့်မားစွာရရှိဖို့ အပင်ဦးရေများစွာ စိုက်ပျိုးကြပါသည်။ စံသတ်မှတ်ထားသော အပင်အရေအတွက်သည် တစ်တန်းစနစ်တွင် တစ်ဧကလျှင် ၂၀,၀၀၀ ပင်ရှိပြီး နှစ်တန်း သုံးတန်း စနစ်တွင် ၃၀,၀၀၀ ပင် ရှိပါသည်။ အထွက်နှုန်းမြင့်မားသော မျိုးများတွင် နေရာကျယ်ကျယ်ပို၍ လိုအပ်ပါသည်။

မြေလျှောက်ကိုင်းမဖယ်ဘဲစိုက်ပျိုးသည့်စနစ် တွင် မိခင်ပင်နှင့် မျိုးပွားပင် (အပင်ငယ်) များကို ဘေးချင်းကပ်လျက်စိုက်ပျိုးပြီး အပင်ကို တန်းကြားကျဉ်းကျဉ်းထဲတွင် သွားအောင် ပုံစံသွင်းထားပါသည်။ နှစ်နှစ်ထက်ကြော်၍ စိုက်ပျိုးလျှင် တစ်ဧကလျှင် ၁၄,၀၀၀ မှ ၁၆,၀၀၀ ခန့်အပင်ဦးရေရှိပြီး ပင်ကြားအကွားအဝေးသည် အပင်သိပ်သည်းမှုကို နည်းစေပါသည်။ ထိုစနစ်သည် ပြုစုစောင့်ရှောက်ရမှု သက်သာခြင်းနှင့် အထွက်နှုန်းလည်း ပို၍နည်း သော်လည်း ကုန်ကျစရိတ်သက်သာပါသည်။ ထို့အပြင် မြေလျှောက်ကိုင်းဖယ်ပြီးစိုက်ပျိုး၍ မဖြစ်နိုင်သော ရာသီဥတုတွင် ကုန်ကျစရိတ်နည်းနည်းဖြင့် စိုက်ပျိုးနိုင်ပါသည်။ နွေရာသီတွင် နေ့တာတုံ့ပြန်မှုမရှိသောမျိုးများကို စိုက်ပျိုးခြင်း နှင့် ပေါင်းမိုးဖြင့် စိုက်ပျိုးခြင်းများဖြင့်  စိုက်ပျိုးရာသီများကို ရှည်စေပါသည်။

Newly planted plastic covered hills  Matted rows are planted at a lower density 

ပေါင်းမိုး နှင့် ဖန်လုံအိမ် အမိုးကာဖြင့် စိုက်ပျိုးခြင်း

ပေါင်းမိုးစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်ခြင်း- အသုံးပြုပြီး စတီးဘောင်များဖြင့် ပါးလွှာသော ပလပ်စတစ်အမျိုးစားကို ထောက်ပံ့ပေးထားပြီး စိုက်ဘောင်များကို အကာကွယ်ပေးထားပါသည်။ ယူရိုပီယမ်နိုင်ငံများနှင့် အမေရိကန်နိုင်ငံများတွင် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုပါသည်။ ထိုစနစ်သည် ရိတ်သိမ်းချိန်ကို ၁လ ခန့်စောစေပြီး ခူးဆွတ်ချိန်ကိုလည်း ကြာရှည်ပါသည်။

ပေါင်းမိုးအမြင့်စနစ်- ပို၍ရှည်သော (မြင့်သော) တည်ဆောက်သည့်ပုံစံဖြစ်ပါသည်။ ထိုစနစ်သည် တခြားသောပါဝင်ပစ္စည်းများဖြစ်သည့် အပူပေးခြင်း၊ အအေးပေးခြင်း စသည်တို့ကို ဆန့်ကျင်ပြီး အလုံပိတ်သည့် တည်ဆောက်မှုပုံစံဖြစ်ပါသည်။ ထို့ကြောင့် ကုန်ကျစရိတ် လျှော့နည်းနိုင်ပါသည်။ အပင်ဦးရေများများဖြင့် စိုက်ပျိုးသည့် စနစ်တွင် အစက်ချရေသွင်းစနစ်နှင့် ပလပ်စတစ်အကာကွယ် အသုံးပြုခြင်းသည် စတော်ဘယ်ရီတွင် ယေဘုယျအသုံးများကြပါသည်။ ပေါင်းမိုး သို့မဟုတ် ဖန်လုံအိမ်အကာကွယ်ဖြင့် စိုက်ပျိုးသည့်စနစ်တွင် စတော်ဘယ်ရီကို များသောအားဖြင့် တစ်ရာသီခံ မြေလျှောက်ကိုင်းဖယ်သည့်စနစ်ဖြင့် တန်းကြား ၃၀ စီတီမီတာ အကွာဝေးဖြင့် တစ်ဘောင်လျှင် ၂-၄ တန်း ဖြင့် စိုက်ပျိုးပါသည်။

တောင်သူများသည် နွေရာသီတွင် အပင်ကိုအေးအောင်ထိန်းထားရန် အဖြူရောင် ပလပ်စတစ်ကို အသုံးပြုပြီး ဆောင်းဦးရာသီတွင် အနွေးဓာတ်ကို ထိန်းထားနိုင်ရန် နှင့် နွေရာသီ အပူချိန်မြင့်စေရန် အမည်းရောင် ပလပ်စတစ်ကို အသုံးပြုပါသည်။ ရေပေးမှုနှင့် မြေသြဇာနှင့် ရေအတူတကွပေးဝေသည့်စနစ် စသည်တို့ကို ပလပ်စတစ်အကာကွယ်အောက်တွင် ထားပြီး အသုံးပြုလေ့ရှိပါသည်။ ပျိုးအိတ်တွင် ကြိုက်နှစ်သက်သော ပွားစာများ သို့မဟုတ် မြေကြီးအရောများ ဖြည့်ထားသော ပျိုးအိတ်တွင် စိုက်ပျိုးနိုင်ပြီး ထိုအိတ်များကို မြေကြီးအပေါ်တွင် ထား၍ စိုက်ပျိုးနိုင်ပါသည်။ သေသေချာချာ ဂရုစိုက် စိုက်ပျိုးသော ဖန်လုံအိမ်အမိုးကာဖြင့် စိုက်ပျိုးခြင်းသည် တစ်မီတာစကွဲတွင် ၁၂ ပင်နှုန်းဖြင့် စိုက်ပျိုးပြီး သက်ရှိပစ္စည်းပါဝင်မှုများသော စပ်မြေများ၊ အုန်းဆန်ခွံများ၊ မြေမဲ့ ကြားခံများ ဥပမာ ပါလိုက် (ဓာတုဖြစ်စဉ်များမဖြစ်ပဲ သဘာဝအားဖြင့် မြေကြီးမှ ရရှိသော ပစ္စည်း) များကို အသုံးပြုပါသည်။

အမြင့်တွင်တင်၍စိုက်ပျိုးသည့်စနစ် - အပင်များကို ပလပ်စတစ်ပျိုးဗန်း သို့မဟုတ် ပိုက်စနစ်ကို သုံးပါသည်။ မြေပေါ်တွင် ၁.၅ မီတာ ဝိုင်ယာမြုတ်ထားခြင်း၊ ရေနှင့်အတူ မြေသြဇာပေးသည့်စနစ်ကို အသုံးပြုသည့်အတွက် အာဟာရများကို အကျိုးရှိရှိ အဆက်မပြတ်ပေးနိုင်ခြင်း၊ အပင်မှ အာဟာရညီမျှ ရှိစေပါသည်။

Plastic tunnel framework  High plastic tunnels 

ပွားစာအသုံးပြု၍စိုက်ပျိုးသည့် စနစ်သည် မှန်ကန်သော အာဟာရများကို မှန်ကန်သည့်အချိန်တွင် လုံလောက်မှုရှိအောင်ပေးနိုင်ခြင်း၊ စိုက်ကွင်းတွင် စိုက်ပျိုးလျှင် မြေကြီးမှ ထိန်ထားခြင်းနှင့် ဆုံးရှုံးခြင်း စသည့်ပြဿနာများ ကြုံတွေ့ရပါသည်။ မြေသြဇာလိုအပ်ချက်သည် ရေအရည်သွေးနှင့် အသုံးပြုသော စိုက်ပျိုးသည့်စပ်မြေမှ အာဟာရ ရရှိနိုင်မှုကို တွက်ချက်ရန်လိုအပ်ပါသည်။

အုန်းဆံခွံ-အုန်းခွံမှရရှိသော စွန့်ပစ်အမျှင်များသည် ပျိုးအိတ်နှင့် ပန်းအိုးများတွင် ပွားစာအဖြစ် အသုံးပြုမှု ပိုများလာပါသည်။ ၎င်းတွင် အမြစ်ကြီးထွားမှုကို ကန့်သတ်ထားနိုင်သော ဆိုဒီယမ် ကလိုရိုက်ကဲ့သို့ ဆားများနှင့် အမှုန်များကို ဖယ်ရှားရန် လိုအပ်ပါသည်။ ထိုအုန်းခွံများသည် သက်ရှိပစ္စည်းပါဝင်မှုများသော စပ်မြေအမျိုးစား များထက် ပို၍ကောင်းမွန်သော၊ ပို၍တာရှည်ခံသော ပွားစာအမျိုးစား ဖြစ်ပါသည်။ ထို့အပြင် ထုတ်လုပ်နိုင်သည့် စွမ်းရည်ပမာဏလည်း မြင့်ပါသည်။ မြေချဉ်ငန်ဓာတ် တန်ဖိုးမှာလည်း အုန်းဆံခွံသည် ပို၍များပါသည်။ အုန်းဆံခွံတွင် pH တန်ဖိုး ၄.၅ မှ ၆ ထိရှိပြီး မြေဆွေးပါဝင်မှုများသော မြေအမျိုးစားတွင် pH တန်ဖိုး ၃.၅ မှ ၄.၅ ရှိပါသည်။ ၎င်းသည် မြေသြဇာနှင့်ရေအတူတူပေးသော အစီစဉ်တွင် ကယ်လ်စီယမ်ပမာဏမြင့်မားသည့် အခြေနေတွင် သဘာဝအရ ပိုတက်စီယမ်ပါဝင်မှုမြင့်မားသော အုန်းဆံခွံတွင် ညီမျှစေရန် လိုအပ်ပါသည်။ အုန်းဆံခွံတွင်ပါဝင်သော ပိုတက်စီယမ်ပမာဏသည် ထုတ်ကုန်အမျိုးစားပေါ်မူတည်၍ ၁.၆-၂ ရာခိုင်နှုန်း ကွာခြားနိုင်ပါသည်။ အုန်းဆံခွံကို ရာသီ (၄) ရာသီလုံးတွင် အသုံးပြုနိုင်ပြီး ထို့ကြောင့် ကွင်းပြင်တွင် စိုက်ပျိုးသော စနစ်တွင် အမြစ်ဘေးပတ်လည်တွင် ရေစီမံခန့်ခွဲမှုကို အလွယ်တကူ ထိန်းချုပ်နိုင်ပါသည်။

ပျိုးအိတ်ဖြင့် စတော်ဘယ်ရီစိုက်ပျိုးခြင်း

ပျိုးအိတ်တွင် စတော်ဘယ်ရီစိုက်ပျိုးချိန်တွင် မြေစောင်ပိုးများဖြစ်သော နီမတုတ်များ နှင့် ကြိုင်းကောင်လောင်းများကို အလုံပိတ်ထားသော ပတ်ဝန်းကျင်တွင် ပိုသတ်ဆေးများ သို့မဟုတ် သဘာဝပိုသတ်ဆေးများကို အကျိုးရှိရှိ အသုံးပြုခြင်းဖြင့် အလွယ်တကူ ထိန်းချုပ်နိုင်ပါသည်။

အပူပေးခြင်း၊ အအေးပေးခြင်း နှင့် အလင်းပေးခြင်း တို့ဖြင့် ကာဗွန်ဒိုင်အောက်ဆိုဒ် ပေးခြင်းကို တွဲ၍အသုံးပြုပေးခြင်းသည် ထုတ်လုပ်မှုတိုးလာရန် ကူညီနိုင်ပြီး ဖန်လုံအိမ်အကာကွယ်ဖြင့် စိုက်စနစ်တွင် ရိတ်သိမ်းနိုင်မည့်အချိန်ကို ကြာရှည်စေပါသည်။ ထိုစနစ်လည်ပတ်ရန် ကုန်ကျစရိတ်မြင့်မားသော်လည်း ပွားစာတုံးများဖြင့် ဖန်လုံအိမ်တွင် စိုက်ပျိုးခြင်းသည် ခူးဆွတ်ရလွယ်ကူပြီး ခူးဆွတ်သည့် ကုန်ကျစရိတ်ကို ကွင်းပြင်တွင်စိုက်ပျိုးသည့် စနစ်ထက် ၃၀-၄၀ ရာခိုင်နှုန်းခန့် လျှော့ချနိုင်ပါသည်။ ထိုစနစ်သည် အသီးအရည်သွေးကို ကောင်းမွန်စေပါသည်။ မြေသြဇာအရည်ပေးသည့်စနစ်နှင့် သီးနှံကာကွယ်ခြင်းကို သေချာစွာပြုလုပ်ပေးနိုင်းခြင်း၊ ပုံမှန်မဟုတ်သည့်အချိန်တွင် ထုတ်လုပ်နိုင်ခြင်း၊ အထွက်နှုန်းပို၍မြင့်မားခြင်းကြောင့် အကျိုးအမြတ်ပိုကောင်းမွန်စေပါသည်။

ပြီးခဲ့သည့် နှစ်များတွင် အပင်မစိုက်ပျိုးခင် မြေကြီးကို အဆိတ်ငွေ့ပေးခြင်းပြုလုပ်ကြပါသည်။ သို့သော် ထိုနည်းလမ်းသည် ပတ်ဝန်းကျင်ကို အဆိတ်ငွေ့သင့်သောကြောင့် တားမြတ်ချက်များ ပိုတိုးလာပါသည်။ မြေကြီးတွင်ရှိသော သက်ရှိလေးများကို အကျိုးသက်ရောက်သည့်အတွက် နိုင်ငံအများစုတွင် ထိုနည်းလမ်းကို ရပ်ဆိုင်းထားပါသည်။

ထိန်းချုပ်ထားသော ပတ်ဝန်းကျင်တွင် စိုက်ပျိုးခြင်း

ကာဗွန်ဒိုင်အောက်ဆိုဒ်သည် ထိန်းချုပ်ထားသော ဖန်လုံအိမ်စိုက်ပျိုးရေးတွင် အပင်ကြီးထွားမှုနှင့် အထွက်နှုန်းကို တိုးတက်စေရန် အသုံးပြုပါသည်။ ပင်ပိုင်းကြီးထွားမှုအပေါ် တိုက်ရိုက်အကျိုးသက်ရောက်ပြီး အမြစ်၊ ပင်စည်နှင့် အရွက်ထုတ်လုပ်မှုကို သိသိသာသာ တိုးလာစေပါသည်။

နောက်ပိုင်းကြီးထွားသည့် အဆင့်တွင် ကာဗွန်ဒိုင်အောင်ဆိုဒ်သည် ပန်းပွင့်မှုကို ကြာရှည်စေပြီး အသီးကြီးထွားသည့် အချိန်အတိုင်းတာကို သိသိသာသာလွမ်းမိုးမှု မရှိပါ။

Effect of carbon dioxide on strawberry dry matter

ကာဗွန်ဒိုင်အောက်ဆိုဒ်ပမာဏ ၆၀၀ ပီပီအမ် အထိ အပင်အာဟာရဓာတ်သုံးစွဲမှုကောင်းမွန်အောင် ကူညီပေးနိုင်ပြီး တောင်သူများသည် မြေသြဇာသုံးစွဲမှုကို တိုးပေးသင့်ပါသည်။

ကာဗွန်ဒိုင်အောက်ဆိုဒ်ထိန်းချုပ်ထားသော လေထုသည် ရေအသုံးပြုမှုစွမ်းရည်ကိုလည်း ကောင်းစေပါသည်။

ထို့အပြင် ဖန်လုံအိမ်စိုက်ပျိုးမှုတွင် ကာဗွန်ဒိုင်အောက်ဆိုဒ်အသုံးပြုခြင်းသည် အသီးတွင် သကြားပါဝင်မှု တိုးလာစေပြီး အသီးအရည်သွေးကို ကောင်းမွန်အောင် ကူညီပေးနိုင်ပါသည်။

အထူးသဖြင့် အာဟာရ ကန့်သတ်ချက်မရှိသည့်အခြေနေတွင် အထွက်နှုန်းမြင့်မားသည့် အဖြေကို ရရှိပါသည်။

 

သင့်ရဲ့ စတော်ဘယ်ရီသီးနှံမှာ အဟာရချို့တဲ့ခြင်း ရှိနေပါသလား

သင့်ရဲ့ သီးနှံမှာ အဟာရချို့တဲ့ခြင်း ရှိနေပါသလား။ အောက်ပါ ဇယားတွင် သီးနှံအဟာရချို့တဲ့ခြင်းများကို အလွယ်တကူ ရှာဖွေပါ။

N နိုက်ထရိုဂျင်
B ဘိုရွန်
Cu ကော့ပါး
Mn မဂ္ဂနီး
Zn ဇင့်
P ဖော့စဖောရပ်
Mg မဂ္ဂနီစီယမ်
Ca ကယ်လစီယမ်
K ပိုတက်ဆီယမ်
S ဆာလဖာ
Fe အိုင်းရွန်း (သံဓာတ်)

အားလုံးကို ကြည့်ရန်

မှန်ကန်သောအာဟာရစီမံခန့်ခွဲမှုက သင့် စတော်ဘယ်ရီသီးနှံများကို မည်သို့ အကျိုးသက်ရောက်နိုင်သလဲ

စတော်ဘယ်ရီ သီးနှံအာဟာရဆောင်းပါး အားလုံးကို ကြည့်ရန်


ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅