fbpx

သီးနှံအာဟာရ ဖြေရှင်းနည်းများ

စတော်ဘယ်ရီ

စတော်ဘယ်ရီအတွက် သီးနှံအာဟာရ အနှစ်ချုပ်

အများလိုအာဟာရနှင့် အနည်းလိုအာဟာရကြား မှန်ကန်တဲ့ ညီမျှမှုသည် စတော်ဘယ်ရီမှ အကောင်းဆုံး အထွက်နှုန်းနှင့် အရည်သွေး ရရှိရန် မရှိမဖြစ်လိုအပ်ပါသည်။ မည်သည့်အာဟာရတစ်မျိုးမျိုး ချို့တဲ့သည့်လက္ခဏာဖြစ်ပေါ်လျှင် အထွက်နှုန်းနှင့် အရည်သွေးကို ကန့်သတ်ရန် လုံလောက်ပါသည်။

ထို့နောက် အာဟာရတစ်မျိုး ရရှိမှုသည် သီးနှံလိုအပ်ချက်များနှင့် ဆက်စပ်နေပါသည်။

စိုက်ပျိုးသူများသည် စိုက်ပျိုးသည့်စနစ် နှင့် အာဟာရစုပ်ယူဖယ်ရှားမှုကို ခန့်မှန်းရန်နှင့် ပြန်လည်အသုံးပြုရန် စိုက်ပျိူးသည့် စပ်မြေများကို သေသေချာချာရွေးချယ်ရန် လိုအပ်ပါသည်။ ကွင်းတွင် စိုက်ပျိုးခြင်းသည် ရိတ်သိမ်းပြီး အရွက်နှင့် ကိုင်းများအားလုံးဖယ်ရှား စိုက်ပျိုးမှုအသစ်တဖန်ပြုလုပ်သည့်နေရာတွင် အာဟာရစုပ်ယူရရှိမှုသည် အာဟာရဖယ်ရှားမှုနှင့် တူညီသည်ဟု ခန့်မှန်းနိုင်ပါသည်။ ထို့ကြောင့် စိုက်ကွင်းတွင်စိုက်ပျိုးလျှင် နှစ်စဉ် မြေသြဇာထည့်ပေးမှုသည် သီးနှံတစ်ရာသီ လိုအပ်ချက် ကောင်းမွန်ပြည့်စုံရန် မြေကြီးမှသိုလှောင်ထားသော ထိုအာဟာရဓာတ်များ ရရှိမှုနှင့် ညီမျှရန်လိုအပ်ပါသည်။

Influence of variety on nutrient uptake

စိုက်ပျိုးသည့်စနစ်နှင့် မျော်မှန်းအထွက်နှုန်းအရ အာဟာရလိုအပ်ချက်ကို ညှိပေးရန် အရေးကြီးပါသည်။ အထွက်နှုန်းမျှော်မှန်းချက်သည် စတော်ဘယ်ရီမျိုးအလိုက် တစ်ချို့အဓိကခြားနားချက်များ ရှိနိုင်ပါသည်။ ဖော်ပြထားသောပုံသည် တစ်ချို့မျိုးများသည် နိုက်ထရိုဂျင်၊ ဖော့စဖောရပ်နှင့် ပိုတက်စီယမ်ကဲ့သို့ တခြားအာဟာရများ နှစ်ဆလိုအပ်ပါသည်။

ဒေသတွင်းစမ်းသပ်ချက်နှင့် လက်တွေ့ရရှိသော အချက်လက်များကို အခြေခံတွက်ချက်ထားသော နုန်းထားများသည် စိုက်ပျိုးသည့်စနစ်လိုအပ်ချက်များ၊ အထွက်နှုန်း အရည်သွေး လက္ခဏာများ၊ စိုက်ပျိုးသည့် မျိုးများနှင့် ကိုက်ညီရန်လည်း အရေးကြီးပါသည်။

စတော်ဘယ်ရီမှ စုပ်ယူရရှိသော အများလိုအာဟာရ

အရေးကြီးသော ကြီးထွားသည့် အဆင့်များကို ထောက်ပံ့ရန် အများလိုအာဟာရအားလုံးကောင်းမွန်စွာ ရရှိရန် လိုအပ်ပါသည်။

Macronutrient uptake of strawberries

စတော်ဘယ်ရီတစ်တန် အထွက်နှုန်းရရှိရန် နိုက်ထရိုဂျင်အာဟာရ ၃-၃.၅ ကီလို နုန်းထား များများလိုအပ်ပါသည်။ ကြီးထွားဖို့အတွက် နိုက်ထရိုဂျင် အဆက်မပြတ်ထည့်ပေးရန်လိုအပ်ပြီး နိုက်ထရိုဂျင် ၅၀ ရာခိုင်နှုန်းသည် အသီးတွင် ညီမျှစုပုံနေပါသည်။ အရွက်တွင် ပမာဏပိုလျှံနေခြင်း နှင့် နောက်ပိုင်းအဆင့်များတွင် ရရှိခြင်းသည် အသီးပျော့စေပြီး ရင့်မှည့်မှုကို နှောက်နှေးစေပါသည်။ ကြီးထွားသည့်ရာသီတစ်လျှောက် ပုံမှန်ကျွေးပေးခြင်းသည် အကောင်းဆုံးနည်းလမ်းဖြစ်ပါသည်။

Macronutrient uptake of strawberries

ဖော့စဖောရပ်သည် အမြစ်နှင့် အရွက်ကြီးထွားမှုကောင်းမွန်သေချာစေရန် အပင်ကြီးထွားသည့် အစောပိုင်းအဆင့်များတွင် အရေးကြီးသော အာဟာရဖြစ်ပါသည်။ တစ်တန်ထွက်ရှိဖို့အတွက် ၀.၅-၁ ကီလို ဖော့စဖောရပ် စုပ်ယူပါသည်။ အသီးကြီးထွားသည့်အချိန်တွင် အခြားအပင်အစိတ်အပိုင်း များတွင် ဖော့စဖောရပ် ပါဝင်မှုလျှော့လာခြင်းသည် အသီးတွင် စုစုပေါင်း ဖော့စဖောရပ်၏ ၄၀ ရာခိုင်နှုန်းခန့် အသီးသို့ ပြန်လည်မျှဝေထားသည်ကို ညွှန်ပြနေပါသည်။

 

Macronutrient partitioning in of strawberries

ပိုတက်စီယမ်သည် နိုက်ထရိုဂျင်လိုအပ်သည့်ပမာဏထက်ပိုပြီး ပမာဏများစွာလိုအပ်ပါသည်။ စုစုပေါင်း သီနှံ၏ ပိုတက်စီယမ်စုပ်ယူမှုသည် တစ်တန်အထွက်ရရှိရန် ၃.၅-၄ ကီလိုခန့် ရှိပါသည်။ ပိုတက်စီယမ် ၆၀ ရာခိုင်နှုန်းနီးပါးသည် ရိတ်သိမ်းချိန် အသီးတွင် တွေ့ရပါသည်။ အများဆုံး ပိုတက်စီယမ်လိုအပ်မှုသည် အသီးဖြစ်ပေါ်ချိန်အစောပိုင်းအချိန်မှ ရင့်မှည့်ချိန်ထိ ဖြစ်ပြီး ထိုအချိန် စုပ်ယူမှုသည် တခြားအာဟာရများ စုပ်ယူမှု ပို၍မြန်ဆန်ပါသည်။

Macronutrient removal in strawberries

ကယ်လ်စီယမ်

ကယ်လ်စီယမ်သည် ပမာဏများစွာလိုအပ်ပါသည်။ ယေဘုယျအားဖြင့် အသီး တစ်တန်အတွက် ၁.၅ ကီလိုဂရမ် လိုအပ်ပါသည်။ အမြစ်၊ အရွက် နှင့် ရိုးတန်များတွင် ကယ်လ်စီယမ် ပမာဏများစွာ တွေ့ရပါသည်။ အသီးသို့ ကယ်လ်စီယမ် ပို့ဆောက်ခြင်းသည် ကန့်သတ်ခံရပါသည်။ အဘယ်ကြောင့်ဆိုသော် ကယ်လ်စီယမ်သည် ရေစုပ်ယူမှုနှင့် အတူ ပါသွားခြင်း၊ ပင်ငွေ့ပျံသည့်အစိတ်အပိုင်း/အင်္ဂါများက သာလျှင် ရေစုပ်ယူနိုင်သောကြောင့် ဖြစ်ပါသည်။ အသီးသို့ ကယ်လ်စီယမ် ကြာရှည်စွာထောက်ပံ့ပေးနိုင်ရန် အသီးအရည်သွေး၊ အသီးမာကြောမှု နှင့် ကြာရှည်အထားခံမှုတို့ကို ထိန်းထားနိုင်ရန် အရေးကြီးပါသည်။

မဂ္ဂနီစီယမ်

မဂ္ဂနီစီယမ် အာဟာရသည် ကယ်လ်စီယမ်လိုအပ်ချက်ထက် နည်းပါသည်။ အပင်ကြီးထွားမှုကို ထောက်ပံ့ရန်လိုအပ်ပါသည်။ အသီးများတွင် မဂ္ဂနီစီယမ်ပါဝင်မှု နည်းပါသည်။ အာဟာရအားလုံးစုပ်ယူမှု အချက်များကို အင်္ဂလိပ်အက္ခရာပုံစံဖြင့် ဖော်ပြထားပါသည်။

စတော်ဘယ်ရီ၏ အနည်းလိုအာဟာရ စုပ်ယူမှု

အနည်းလိုအာဟာရများ အလွန်နည်းသော ပမာဏသည် အပင်ကြီးထွားမှု၊ အထွက်နှုန်း နှင့် အသီးအရည်သွေးကို ထောက်ပံ့ပေးရာတွင် ပါဝင်နေပါသည်။ အနည်းလိုအာဟာရများတွင် အိုင်းရွန်းနှင့် မဂ္ဂနီစ်ဓာတ်များသည် ပမာဏအများဆုံး လိုအပ်သည့် အာဟာရများဖြစ်ပါသည်။

Micronutrient uptake by strawberriesMicronutrient partitioning in strawberries

 

အိုင်းရွန်းနှင့် ကော့ပါးဓာတ်ကို အမြစ်နှင့် ပင်စည်အုံတွင် အများဆုံးတွေ့ရပါသည်။ ဘိုရွန်၊ မဂ္ဂနီစ် နှင့် ဇင့် စသည့်တို့ကို အသီးနှင့် အရွက်တွင် အဓိကတွေ့ရပါသည်။ ဘိုရွန်နှင့် ဇင့်သည် အပင်တစ်သျှူးသစ် ကြီးထွားမှုကို ထောက်ပံ့ပေးရန် နှင့် ထည့်ပေးမှုနည်းလျှင် အသီးပုံစံမမှန်ခြင်းကို ဖြစ်စေပါသည်။ အပင်မှ စုပ်ယူသော ဘိုရွန်နှင့် ဇင့် ၂၀-၃၀ ရာခိုင်နှုန်းသည် အသီးတွင် ရှိနေပါသည်။

 

သင့်ရဲ့ စတော်ဘယ်ရီသီးနှံမှာ အဟာရချို့တဲ့ခြင်း ရှိနေပါသလား

သင့်ရဲ့ သီးနှံမှာ အဟာရချို့တဲ့ခြင်း ရှိနေပါသလား။ အောက်ပါ ဇယားတွင် သီးနှံအဟာရချို့တဲ့ခြင်းများကို အလွယ်တကူ ရှာဖွေပါ။

N နိုက်ထရိုဂျင်
B ဘိုရွန်
Cu ကော့ပါး
Mn မဂ္ဂနီး
Zn ဇင့်
P ဖော့စဖောရပ်
Mg မဂ္ဂနီစီယမ်
Ca ကယ်လစီယမ်
K ပိုတက်ဆီယမ်
S ဆာလဖာ
Fe အိုင်းရွန်း (သံဓာတ်)

အားလုံးကို ကြည့်ရန်

မှန်ကန်သောအာဟာရစီမံခန့်ခွဲမှုက သင့် စတော်ဘယ်ရီသီးနှံများကို မည်သို့ အကျိုးသက်ရောက်နိုင်သလဲ

စတော်ဘယ်ရီ သီးနှံအာဟာရဆောင်းပါး အားလုံးကို ကြည့်ရန်


ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅