fbpx

သီးနှံအာဟာရ ဖြေရှင်းနည်းများ

စတော်ဘယ်ရီ

စတော်ဘယ်ရီ သီးနှံအာဟာရကျွေးသည့် နည်းဗျူဟာများ

စတော်ဘယ်ရီစိုက်ပျိုးထုတ်လုပ်ရာာတွင် အသုံးပြုလေ့ရှိသည့် နည်းဗျူဟာများသည် အာဟာရနှင့် ရေကို ကောင်းစွာစီမံခန့်ခွဲခြင်းအားဖြင့် ဘယ်ရီသီးအထွက်နှုန်း နှင့် အရည်သွေးအမြင့်မားဆုံးရရှိစေရန် ဖြစ်ပါသည်။

အပင်မစိုက်ပျိုးခင်

အပင်မစိုက်ပျိုးခင်မြေပြင်ခြင်းသည် မြေခံမြေသြဇာထည့်ပေးရန် အကောင်းဆုံးအခြေအနေကို ပေးစွမ်းပါသည်။ အပင်သစ်စိုက်ပျိုးသည့် မြေလျှောက်ကိုင်းနှင့် မြေကြီးတွင်းထည့်ပေးသော မြေသြဇာ တိုက်ရိုက်ထိတွေ့ခြင်းသည် အမြစ်များကို ထိခိုက်ပျက်စီးစေပြီး ဆောင်းတွင်းမတိုင်ခင် သီးနှံစတင်ဖြစ်ပေါ်မှုကို ဖြစ်စေပါသည်။ ထို့ကြောင့် မြေသြဇာများကို ကောက်ရိုး သို့မဟုတ် ပလပ်စ အဖုံးကာများ မအုပ်ခင် မြေကြီးနှင့် မြေသြဇာများ သမအောင် ရောမွေပေးရမည် ဖြစ်ပါတယ်။ မြေသြဇာများကို စိုက်ဘောင်ပြင်ဆင်ချိန်အတွင်း ထည့်ပေးနိုင်ပြီး အပင်စိုက်သည့်အတန်းများနှင့် မျက်နှာပြင်အကြား ၅-၁၀ စီတီမီတာအကွာ ထည့်ပေးရပါမည်။

အပင်စိုက်ပြီးချိန်

ကောက်ရိုးများကို အဖုံးအကာအဖြင့်အသုံးပြုလေ့ရှိသည့် စိုက်ခင်းများတွင် မြေသြဇာကို ကျဲပက်အသုံးပြုလေ့ရှိသော်လည်း ပလပ်စတစ် အဖုံးအကာကိုအသုံးပြု၍စိုက်ပျိုးသော စိုက်ခင်းများတွင် အသုံးပြုလေ့မရှိပါ။

အပင်စိုက်ကျင်းတွင်း မြေသြဇာထည့်ပေးလျှင် အပင်ကိုထိခိုက်ပျက်စီးစေပြီး အဆိပ်သင့်မှုကို ဖြစ်စေပါသည်။ ထိုအဆိပ်သင့်မှုကို ရှောင်ရှားရန်အတွက် တစ်ချို့တောင်သူများသည် ပလပ်စတစ်အဖုံးအကာကို အပေါက်ဖောက်ပြီး ပင်စည်နှင့် မြေသြဇာကျွေးသည့်နေရာအကြား ၁၀-၁၅ စီတီအကွာဝေး ကျွေးပေးလေ့ရှိပါတယ်။ မြေသြဇာလျှောက်လမ်းနှင့်ကပ်၍စိုက်ပျိုးမယ်ဆိုရင် အကျိုးသက်ရောက်မှုနည်းစေပါသည်။ အဘယ်ကြောင့်ဆိုသော် ဆုံးရှုံးမှုဖြစ်စေပါတယ်။ ထို့ကြောင့် မြေသြဇာကျွေးသည့်အချိန်တွင် သွင်းရေနှင့်အတူ ရော၍အသုံးပြုသည့်နည်းလမ်း (fertigation)ကို ညွှန်းထားပါသည်။

အာဟာရပျော်ရည် အသုံးပြုသည့်နည်းလမ်း

ထိုနည်းလမ်းသည် ပလပ်စတစ် အဖုံးအကာအောက် တွင်ရှိသော ရေသွင်းသည့်နည်းစနစ် သို့မဟုတ် အပင်စိုက်သည့် ပွားစာအပေါ်တွင် ပိုက်လိုင်းဖြင့် ရေပေးသည့်စနစ်၊ အပင်ကိုတိုက်ရိုက်ပေးသည့် နည်းလမ်း စသည့်ရေပေးသည့် စနစ်များနှင့်အတူ အပင်အာဟာရများတပါတည်း ကျွေးသည့်စနစ်ဖြစ်ပါသည်။ ထိုစနစ်သည် အပင်ကြီးထွားသည့်ရာသီတစ်လျှောက်လုံး ရည်ပျော်မြေသြဇာများကို အသုံးပြုဖို့ခွင့်ပြုထားပါပြီး တစ်ချိန်တည်းမှာပဲ သီးနှံအတွက် ရေညီမျှမှုကို ထိန်းထားပေးနိုင်ပါတယ်။

အစက်ချရေပေးစနစ်သည် စတော်ဘယ်ရီသီးနှံစိုက်ပျိုးရာတွင် အကျိုးရှိဆုံး ရေပေးသည့် နည်းလမ်းဖြစ်ပါသည်။ ထိုစမ်းသပ်ချက်တွင် အကောင်းဆုံးရေ အသုံးပြုမှုဖြစ်သည့် အစက်ချရေပေးစနစ်သည် စိုက်ခင်းမျက်နှာပြင်ရေသွင်းသည့်စနစ်ထက် အထွက်နှုန်း တုံ့ပြန်မှု ၂၀ ရာခိုင်နှုန်း ပိုတိုးတာကို တွေ့ရှိရပါသည်။ အစက်ချရေပေးသည့်စနစ်တွင် မြေသြဇာထည့်ပေးခြင်းသည် မြေသြဇာကျဲပတ်ခြင်း နှင့် ရေပေးခြင်းတို့ကို ခွဲခြားလုပ်ဆောင်ခြင်းထက် အကျိုးကျေးဇူးများစွာ ရရှိပါသည်။ အသုံးပြုသော အာဟာရကို အကျိုးရှိရှိအသုံးချခြင်းသည် ၄၀ ရာခိုင်နှုန်း အထွက်နှုန်း တုံ့ပြန်မှု ရရှိသည်ကို ပြသနေပါသည်။

Effect of irrigation on strawberry yield

မြေသြဇာနှင့်ရေကိုအတူတကွ အသုံးပြု စိုက်ပျိုးသည့်မြေတွင် မြေကြီးအစိုဓာတ်ပမာဏကို (Field capacity) အပင်တွက်ပြည့်ဝမှု နှင့် အနီးတဝိုက် နှင့် အမြင့်ဆုံး စိုစွတ်သည့် အဝန်းဝိုင်းနေရာ ရှိနေရန် ထိန်းထားဖို့ အရေးကြီးပါသည်။ ၎င်းတို့သည် အမြစ်ဧရိယာအတွင်း မြေသြဇာစုပုံပြီး ပြင်းအားမြင့်မားခြင်းကို ရှောင်ရှားနိုင်ရန် ကူညီပေးပါသည်။ မြေကြီးခြောက်သွားခြင်းသည် အမြစ်ဧရိယာတွင် မြေသြဇာပြင်းအားများခြင်းကို ဖြစ်စေပါသည်။

ဘိုင်ကာဗွန်နိပ် ပမာဏများသည့် ရေကို ရှောင်ရှားခြင်းသည် ဖော့စဖိတ်၊ ဆာလ်ဖိတ် (သို့) ကယ်လ်စီယမ် ပေါကြွယ်ဝသော မြေသြဇာများမှ အနည်ကျခြင်းနှင့် အစက်ချပိုက်များ ပိတ်သည့် အန္တရာယ်များကို လျှော့နည်းအောင် ကူညီပေးပါသည်။ သွင်းရေတွင် ဘိုင်ကာဗွန်နိပ် ပမာဏမြင့်မားလျှင် ရေကို ငန်သည့်ပမာဏကို လျှော့ကျပြီး စွမ်းအင်မဲ့ရေ ဖြစ်သွားစေရန် အက်စစ်ကို အသုံးပြုသင့်ပါသည်။

Effect of fertiliser application method on yield

ထိုနည်းလမ်းသည် သွင်းရေတွင် မြေသြဇာ မထည့်ခင်နှင့် ထည့်ပြီးချိန်များတွင် အသုံးပြုသည့် နည်းလမ်းဖြစ်ပါသည်။ ၎င်းသည် အာဟာရဓာတ်များ အမြစ်ဧရိယာ/ဇုန်သို့ ဆင်းရန် ကူညီပေးပြီး ရေပေးသည့်နေရာတွင် မြေသြဇာများ စုပုံခြင်း နှင့် မြေကြီးတွင်မြေသြဇာများ စုပုံခြင်းတို့ကို ရှောင်ရှားနိုင်ပါသည်။ အပင်ပွားစာများနှင့် စိုက်ပျိုးသည့်စနစ်တွင် ရေနှင့်အတူမြေသြဇာထည့်ပေးခြင်းသည် အနီးကပ်ထိန်းချုပ်နိုင်သည့် စနစ်ဖြစ်ပါသည်။

ရွက်ဖျန်းမြေသြဇာ အသုံးပြုခြင်း

ရွက်ဖျန်းမြေသြဇာ အသုံးပြုခြင်းသည် အာဟာရချက်ခြင်းလိုအပ်သည့်အချိန်တွင် အသုံးပြုပါသည်။ ထိုစနစ်သည် အပင်ကို အာဟာရတိုက်ရိုက်ပေးနိုင်ပြီး အရွက်နှင့်အသီးများပေါ်တွင် မှီခိုနေနိုင်ပါသည်။ ကွင်းပြင်တွင် စိုက်ပျိုးသော စိုက်ခင်းများတွင် မြေကြီးမှ ထည့်ပေး၍ အကျိုးသက်ရောက်မှု နည်းသည့် အချိန်တွင် ရွက်ဖျန်းမြေသြဇာသုံးသည့် စနစ်ကို အသုံးပြုလေ့ရှိပါသည်။ ထို့အပြင် အပင်သည် အသီးအစောသီးချိန်နှင့် ကြီးထွားချိန်အတွင်း ဖိအားတစ်ခုခု ခံစားချိန်တွင်လည်း ရွက်ဖျန်းမြေသြဇာကို အသုံးပြုလေ့ရှိပါသည်။

သင့်ရဲ့ စတော်ဘယ်ရီသီးနှံမှာ အဟာရချို့တဲ့ခြင်း ရှိနေပါသလား

သင့်ရဲ့ သီးနှံမှာ အဟာရချို့တဲ့ခြင်း ရှိနေပါသလား။ အောက်ပါ ဇယားတွင် သီးနှံအဟာရချို့တဲ့ခြင်းများကို အလွယ်တကူ ရှာဖွေပါ။

N နိုက်ထရိုဂျင်
B ဘိုရွန်
Cu ကော့ပါး
Mn မဂ္ဂနီး
Zn ဇင့်
P ဖော့စဖောရပ်
Mg မဂ္ဂနီစီယမ်
Ca ကယ်လစီယမ်
K ပိုတက်ဆီယမ်
S ဆာလဖာ
Fe အိုင်းရွန်း (သံဓာတ်)

အားလုံးကို ကြည့်ရန်

မှန်ကန်သောအာဟာရစီမံခန့်ခွဲမှုက သင့် စတော်ဘယ်ရီသီးနှံများကို မည်သို့ အကျိုးသက်ရောက်နိုင်သလဲ

စတော်ဘယ်ရီ သီးနှံအာဟာရဆောင်းပါး အားလုံးကို ကြည့်ရန်


ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅