fbpx

သီးနှံအာဟာရ ဖြေရှင်းနည်းများ

စတော်ဘယ်ရီ

စတော်ဘယ်ရီသီး အခြေခံစိုက်ပျိုးသည့်နည်းစနစ်

စတော်ဘယ်ရီစိုက်ပျိုးသောတောင်သူများအတွက် အဓိကရည်ရွယ်ချက်သည် အရည်သွေးမြင့်မားပြီး အထွက်ကောင်းမွန်စေရန် စိုက်ပျိုးရေးအခြေခံသည့်အချက်များစွာရှိပါတယ်။

ထိုအချက်များအားလုံးသည် ထိကျသည့်စိုက်ပျိုးနည်းစနစ်များနှင့် မြေကြီး/ရာသီဥတုအခြေအနေများ ဖြစ်ပါတယ်။ 

စတော်ဘယ်ရီကြီးထွားရန်လိုအပ်ချက်များ

စတော်ဘယ်ရီမျိုးများတွင် အေးသောရာသီဥတုနှင့် ဆီးနှင်းဒဏ် သို့မဟုတ် အပူချိန်မြင့်မားသည့်ဒဏ် နှင့် ခြောက်သွေ့သည့်ဒဏ်တို့ကို ခံနိုင်ရည်ရှိသော စတော်ဘယ်ရီသီးတွင် မျိုးကွဲများစွာရှိပါသည်။ မျိုးကွဲများတွင် အအေးဒဏ်၊ ပန်းပွင့်ချိန်နှင့် ရင့်မှည့်သည့်ကာလတို့မှာ အများကြီးကွာခြားနိုင်ပါသည်။ အအေးပိုင်းဒေသနှင့် မြေထဲပင်လယ်ရာသီဥတုများတွင် ၂၈ နှင့် ၆၀ ကြားတွင် အများဆုံး ထုတ်လုပ်သည့်ကာလဖြစ်ပြီး နွေလည်ပိုင်းတွင် ၁၅-၃၀ ဒီဂရီ စင်တီဂရိတ်ကြား ရည်မှန်းထားပါသည်။

စတော်ဘယ်ရီသည် ရေကို ပုံမှန်ပေးဖို့လိုအပ်ပါသည်။ အသီးစတင်ဖြစ်ပေါ်သည့် အချိန်နှင့် အသီးကြီးထွားသည့်အချိန်သည် (ပွင့်ဖတ်ကြွေပြီး အသီးကြီးသည့်အဆင့်အထိ) အရေးကြီးဆုံးအချိန်ဖြစ်ပါသည်။ သို့သော် အရွက်ဧရိယာလျှော့သည့်အချိန်၊ အစာချက်လုပ်သည့်နှုန်းနှင့် အထွက်နှုန်းတွင်လည်း ထိခိုက်နိုင်ပါသည်။ ရေငတ်သည့် ဒဏ်ဖန်တီးပေးသည့်အခြေနေသည် ၆၀ ရက်သားအချိန်၊ ပန်းပွင့်နောက်ပိုင်းအဆင့်များတွင်  ရေပေးသွင်းမှုလျှော့နည်းခြင်းသည် ပန်းပွင့်နှင့် အသီးအရေအတွက်ကို တိုးစေပါသည်။ ပြောင်းပြန်အားဖြင့် ရေအလွန်သုံးလျှင် အသီးပုံစံမမှန်ခြင်းကို ဖြစ်စေပါသည်။

Malformed fruit  Malformed fruit 

အသီးပုံစံမမှန်ခြင်း

အပူချိန်အလွန်မြင့်မားလျှင် အပင်ကြီးထွားမှုအပေါ် ဆိုးကျိုးထိရောက်နိုင်ပြီး အစာချက်လုပ်မှုနှင့် အထွက်နှုန်းအပေါ်သိသိသာသာ ထိခိုက်စေနိုင်ပါတယ်။ အပူချိန် ၂၅'C ထက်မြင့်မားပါက အသီးတင်မှု၊ စုစုပေါင်းပျော်ဝင်ပစ္စည်းပါဝင်မှု ကိုလျော့နည်းစေပြီး အကြီးထွားမှုကို မြန်ဆန်စေပါသည်။ အပူချိန်မြင့်ခြင်းသည် အသီးအရွယ်စားသေးငယ်စေပြီး အပင်တစ်သျှူးပျက်ဆီးမှုကို ဖြစ်စေပါသည်။ ဒါ့အပြင် အသီးပျော့ပြီး အသီးမျက်နှာပြင်အနီးတွင် ပျက်စီးမှုများ ဖြစ်စေပါသည်။

Strawberry plant botany

ဝတ်မှုန်ကူးခြင်းကို ပျား၊ ပိတုန်းကဲ့သို့ အင်းဆက်ပိုးကောင်များမှ ဖြစ်ပေါ်ပါသည်။ ၎င်းတို့သည် သီးနှံအထွက်တိုးစေရန် စိုက်ခင်းအတွင်း ထိုပိုးကောင်းလေးများ ထည့်ပေးလေ့ရှိပါသည်။ ရာသီဥတုအေးသည့်အခြေနေနှင့် ဘိုရွန်မရှိသည့်အခြေနေ၊ အပူချိန် မြင့်သည့် နိမ့်သည့်အခြေနေ၊ ပိုးမွားရောဂါကျရောက်သည့် အခြေနေတွင် ဝတ်မှုန်ကူးမှုကို ညံ့ဖျင်းစေသည့်အတွက် အသီးပုံစံမမှန်ခြင်းကို ဖြစ်စေပါသည်။ဝတ်မှုန်ကူးမှု ညံ့ဖျင်းသောကြာင့် စတော်ဘယ်ရီသီးပုံစံပျက်ခြင်းသည် အောက်ဇင်ဟော်မုန်းဖြစ်ပေါ်မှုကို ဟန့်တားခြင်းခံရသောကြောင့် ဖြစ်ပါသည်။ သို့သော်လည်း အောက်ဇင်ကို ပေးနိုင်သော်လည်း အသီးမှည့်သည့်ဖြစ်စဉ်ကို ဆိုးကြိုးထိခိုက်စေပါသည်။

စတော်ဘယ်ရီသီး ကြီးထွားသည့် အဆင့်များ

စတော်ဘယ်ရီသီးသည် နှစ်ရှည်နွယ်ပင်အမျိုးစားဖြစ်ပြီး ရာသီပြီးဆုံးသည့်အခြေနေတွင် အပင်အပေါ်အစိတ်ပိုင်းများ ခြောက်သွားပါသည်။ ထို့ကြောင့် စီးပွားဖြစ်အနေဖြင့် တစ်ရာသီ သီးနှံအဖြစ် စိုက်ပျိုးပါသည်။ ပင်မ ပင်စည် (သို့) အပင်အရွက်များ၊ အမြစ်၊ ပင်စည်တု နှင့် ပန်းခိုင်တို့ ကိုထောက်ပံ့ထားသည့် ပင်စည်ရင်း (ပုံ ၁) နှင့် အဓိကကြီးထွားသည့်အဆင့်များ (ပုံ ၂)။ အပင်ကြီးထွားမှုကို ပတ်ဝန်းကျင်ဆိုင်ရာ အချက်များက လွမ်းမိုးထားပါသည်။ သိသာသည့်အချက်များမှာ လင်းတာနှင့် အပူချိန်ဖြစ်ပါသည်။

Strawberry growth stages

သင့်ရဲ့ စတော်ဘယ်ရီသီးနှံမှာ အဟာရချို့တဲ့ခြင်း ရှိနေပါသလား

သင့်ရဲ့ သီးနှံမှာ အဟာရချို့တဲ့ခြင်း ရှိနေပါသလား။ အောက်ပါ ဇယားတွင် သီးနှံအဟာရချို့တဲ့ခြင်းများကို အလွယ်တကူ ရှာဖွေပါ။

N နိုက်ထရိုဂျင်
B ဘိုရွန်
Cu ကော့ပါး
Mn မဂ္ဂနီး
Zn ဇင့်
P ဖော့စဖောရပ်
Mg မဂ္ဂနီစီယမ်
Ca ကယ်လစီယမ်
K ပိုတက်ဆီယမ်
S ဆာလဖာ
Fe အိုင်းရွန်း (သံဓာတ်)

အားလုံးကို ကြည့်ရန်

မှန်ကန်သောအာဟာရစီမံခန့်ခွဲမှုက သင့် စတော်ဘယ်ရီသီးနှံများကို မည်သို့ အကျိုးသက်ရောက်နိုင်သလဲ

စတော်ဘယ်ရီ သီးနှံအာဟာရဆောင်းပါး အားလုံးကို ကြည့်ရန်


ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅